ထိုင်းအမျိုးသားတစ်ဦးမှာ ဒူးရင်းသီးစားရင်း ဝိုင်သောက်ရာမှသေဆုံး

ထိုင်းအမျိုးသားတစ်ဦးဟာ သူငယ်ချင်းလုပ်သူက သတိ ပေးနေတဲ့ကြားကနေ ဒူရင်းသီးနဲ့ဝိုင်ကိုတွဲစားပြီးတဲ့နောက် နာ ရီအနည်းငယ်အကြာမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ အသက် ၄၈ နှစ်အရွယ်အမျိုးသားကို ပတ္တယားက ဘတ်စကား မှတ်တိုင်တစ်ခုအနီးမှာ သေဆုံးနေတာကို တွေ့ရှိခဲ့ရတာပါ။ အ လောင်းဘေးနားမှာ ဝိုင်ပုလင်းအလွတ်နဲ့အတူ ဒူးရင်းသီးထည့် စားတဲ့ဖော့ဘူးတစ်ဘူးကို တွေ့ရှိခဲ့ရပါတယ်။ လုပ်ဖော်ကိုင်ဖက် တွေရဲ့အဆိုအရ သေဆုံးသူအမျိုးသားဟာ ဘတ်စကားစောင့်ရင်းစားမယ်လို့ရည်ရွယ်ပြီး ဒူးရင်းသီးနဲ့ဝိုင်ကို ဝယ်လာခဲ့တာ ဖြစ် ပါတယ်။ သူငယ်ချင်းဖြစ်သူက ဒူးရင်းသီးနဲ့ ဝိုင်တွဲစားရင် သေ တတ်တယ်လို့ သတိပေးခဲ့ပေမယ့် လက်မခံခဲ့တာကြောင့် သေ ဆုံးရတာဖြစ်ပါတယ်။ (AP,22.8.19) အေးယုနိုင်

Post Author: Good Health Journal