ထိရောက်မှုရှိတဲ့ Skincare Routine ပိုင်ဆိုင်နိုင်စေဖို့ …

ဒီနေ့ခေတ်မှာ အလှကုန်ပစ္စည်း တွေကိုနေရာအနှံ့မှာ အမှတ်တံဆိပ်မျိုးစုံ အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်။ ဟို အမှတ်တံဆိပ်ကောင်းနိုးနိုး၊ ဒီအမှတ် တံဆိပ်ကောင်းနိုးနိုးနဲ့ ရွေးရခက်တာ ကိုလည်း ပျိုမေတိုင်းကြုံတွေ့ဖူးမှာပါ။ အသုံးပြုနေတဲ့အလှကုန်တွေက အသား အရေအတွက် လိုက်ဖက်ကိုက်ညီမှုရှိရဲ့ လား၊ တကယ်ကော ကောင်းကျိုးပေးရဲ့ လား၊ အသားအရေနဲ့ မတည့်ဖြစ်နေလား ဆိုတာကိုလည်း ဆန်းစစ်ကြည့်ဖို့လိုပါ တယ်။

စာရေးသူကိုယ်တိုင်လည်း အလှ ကုန်အတော်များများကို အသုံးပြုခဲ့ပေ မယ့် ပြန်လည်မဆန်းစစ်မိတာကြောင့် ကိုယ်ရဲ့ အသားအရေနဲ့မတည့်တဲ့အလှ ကုန်တွေထပ်ဝယ်မိတာ၊ အသားအရေနဲ့ ကိုက်ညီတဲ့ အလှကုန်ဝယ်မိပေမယ့် အ သုံးပြုရမယ့်အချိန်မှားသုံးမိနေတာတွေဖြစ်ခဲ့ဖူးပါတယ်။ အမှန်တ ကယ်ထိရောက်တဲ့ ရလဒ်ရ ဖို့ဆိုတာကတော့ သင် ရွေးချယ်တဲ့အလှ ကုန်က သင် ရဲ့အသားအ ရေနဲ့လည်း ကိုက်ညီဖို့လိုသလို အသုံးပြုနည်း၊ အ သုံးပြုချိန် မှန်ကန်ဖို့လည်း လိုပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ အလှကြိုက်တဲ့ ပျိုမေတို့ တစ်နေ့တာမှာ အသုံးပြုတဲ့ အလှကုန်တွေက အသားအရေကို အ ကျိုးပြု၊ မပြုဆိုတာကို ဆန်းစစ်နိုင်ဖို့ ရေးပေးလိုက်ပါတယ်။

ကြော်ငြာကောင်းတိုင်း မျက်စိမှိတ်ပြီး မဝယ်လိုက်ပါနဲ့
ဒါကတော့ ပထမတစ်ချက်ပါ။ အလှ ကုန်စပြီး ဝယ်မယ်ဆိုတာနဲ့ ကြော်ငြာထဲ မှာ ချောမွတ်နေအောင်လိမ်းပြတာကို ကြည့်ပြီး တန်းမဝယ်လိုက်ပါနဲ့။ တစ် ယောက်နဲ့တစ်ယောက် အသားအရေ မတူညီကြသလို အသုံးတည့်ပုံချင်းလည်း မတူညီနိုင်ပါဘူး။ တခြားတစ်ယောက်နဲ့ တည့်ပေမယ့် သင်နဲ့တည့်ချင်မှ တည့်နိုင် တာမျိုးလည်း ရှိပါတယ်။
ဒါကြောင့် နိုင်ငံတကာအသိအမှတ် ပြုထားတဲ့ အလှကုန်အမှတ်တံဆိပ်မျိုး၊ လူအများစုမှာအသုံးပြုတဲ့အခါ ဘေးကင်း တဲ့အလှကုန်မျိုး၊ လူအများစုအသား အရေနဲ့တည့်တဲ့ အလှကုန်မျိုးဖြစ်စေဖို့ အရေးကြီးပါတယ်။ အလှကုန်အမှတ် တံဆိပ်အတုနဲ့ အစစ်ကိုလည်း သေချာခွဲ ပါ။ အလှကုန်ရွေးချယ်တဲ့အခါ အရေ အတွက် (Quantity) ထက် အရည်အ သွေး (Quantity) ကို ဦးစားပေးရွေးဝယ်ပါ။

စမ်းသပ်ဆဲကာလ ကိုယ်တိုင်သတ်မှတ်ပါ
ဒါက သင်ရွေးချယ်ပြီး ဝယ်လာတဲ့ အလှ ကုန်ဟာ သင်ရဲ့အသားအရေအတွက် တကယ်ကော အကျိုးထိရောက်မှုရှိရဲ့လား ဆိုတာကိုစမ်းသပ်ဖို့ အချိန်ကာလ တစ်ခုသတ်မှတ်ပါ။ သူများကောင်း တယ်ပြောတာနဲ့ တစ်ခါတည်း အ များကြီးမဝယ်လာပါနဲ့။ စမ်းလိမ်း ကြည့်ဖို့ Travel Size အသေးရှိရင် အသေးကိုအရင် စမ်းသပ် အသုံးပြု ပါ။ ဒီအချက်က အရေးကြီးပါတယ်။ ဒီအတွက် Re­cord လုပ်ဖို့ မှတ်စု စာအုပ်တစ်ခုထားရှိပါ။

_ Re­cord စာအုပ်ထဲမှာ နေ့စဉ် သင်အသုံးပြုတဲ့ အလှကုန် တွေကို ရက်စွဲ၊ အချိန် အတိ အကျရေးမှတ်ပါ။ သင် Ski­n­care Treatment တစ်ခုခု သွားလုပ်တယ်ဆိုရင်လည်း အဲဒါကိုလုပ်တဲ့ရက်စွဲမှာထည့် ရေးပါ။ နေ့စဉ်မှာ ထူးခြားမှု တစ်ခုခုရှိ မရှိကိုပါ ပြန်ပြီး ဆန်းစစ်ပါ၊ ရှိရင်ရေးမှတ်ပါ။

_ တစ်ခါတလေမှာ သင်ရဲ့ အ သားအရေ ပိုပြီး အဆီပြန်လာ တာ၊ ပိုပြီး Sen­sitive ဖြစ် လာတာ၊ ဝက်ခြံထွက်လာတာ၊ အဆီဖုတွေ ထွက်လာတာ ဘာကြောင့် မှန်းမသိဖြစ်ဖူးမှာပါ။ ဖြစ်တော့မှ အသုံး ပြုတဲ့အလှကုန်တွေထဲက ဘယ်ဟာ ကြောင့်မှန်းမသိဖြစ်ရင် ဘာလုပ်လို့ လုပ်ရမလဲ မသိနိုင်ပါဘူး။

_ တစ်နေ့တာအသုံးပြုတဲ့ အလှကုန်တွေ ကို Record စာအုပ်ထဲမှာ ရေးမှတ်ထား မယ်ဆိုရင် ဘယ်နေ့ကတော့ ဘယ်အ ချိန်မှာဘာလိမ်းလိုက်တယ်၊ ဘာနဲ့ရော လိမ်းလိုက်မိတယ်၊ ဘာ Treatment လုပ်လိုက်မိတယ်၊ နေပူထဲသွားမိတယ်၊ ဖုန်မှုန့်တွေနဲ့ထိတွေ့မိတယ် စသဖြင့် သေချာသိနေမှ သင်ရဲ့အသားအရေအ တွက်ထိရောက်တဲ့ အလှကုန်ဟုတ်မဟုတ် ဆိုတာကို ဆန်းစစ်နိုင်မှာဖြစ်ပါတယ်။

_ ဒီထက်မက အသေးစိတ် ကိုယ့်ကိုယ် ကိုယ်ပြန်ပြီး Record မှတ်ချင်သေးရင် သင်တစ်နေ့စာ စားတဲ့ အစားအစာတွေ ကိုပါ ရေးမှတ်နိုင်ပါတယ်။ ဝက်ခြံထွက် တတ်တဲ့ အသားအရေအတွက်ဆိုရင် ဒီလိုရေးမှတ်တာက အကျိုးများပါတယ်။

_ သင်စားမိတဲ့ အစားအစာကြောင့် ဝက်ခြံ ထွက်တာလား၊ သင်အသုံးပြုတဲ့ အလှ ကုန်ကြောင့်လား၊ သင်သွားတဲ့ ပတ်ဝန်း ကျင်ကြောင့်လား၊ သောက်ဆေးတွေ ဘာတွေသောက်နေလဲ စတာတွေက အစ တစ်နေ့စာတစ်နေ့ ရေးမှတ်သွားပြီး ပြန်လည်ဆန်းစစ်နိုင်ပါတယ်။

_ တချို့အလှကုန်တွေက သင့်အသားအ ရေအတွက်ကိုက်ညီပေမယ့် သင်အသုံး ပြုနည်းမှားနေတာ(ဥပမာ-တခြားအလှ ကုန်နဲ့ရောလိမ်းတာ၊ ညလိမ်းရမှာကို မနက်မှာလိမ်းတာ)တွေကြောင့် ထိ ရောက်မှုမရှိတာမျိုးလည်း ဖြစ်တတ်ပါ တယ်။

_ ဒါကြောင့် သင့်ကိုယ်သင်အားကိုးပြီး ကိုယ် တိုင်ထိရောက်တဲ့ ဆန်းစစ်မှု Record မျိုး လုပ်ဆောင်ဖြစ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ရွေးချယ်မှု မှန်ကန်ပြီး
ထိရောက်တဲ့ Skincare Routine ကို ပိုင်ဆိုင်နိုင်ပါစေ

Darliko

Post Author: Good Health Journal