ထူးချွန်ထက်မြက်တဲ့အနာဂတ်ခေါင်းဆောင်လေးတွေဖြစ်အောင် ပျိုးထောင်ရအောင်

ကိုယ့်သားသမီးကိုယ် ထူးချွန်ထက် မြက်စေလိုတာ မိဘတိုင်းရဲ့ မျှော်လင့် ချက်ပါ။ ကလေးတွေငယ်ရွယ်စဉ်မှာ မိဘ တွေအနေနဲ့ အဓိကပံ့ပိုးပေးဖို့လိုအပ်တာ က အစားအသောက်နဲ့ ကစားတာကို မှန်ကန်စွာပြုလုပ်တတ်စေဖို့ပါ။ မိဘတွေ က အစားအသောက်ကို မှန်ကန်စွာကျွေး မွေးပေမယ့် လှုပ်ရှားမှုမရှိတဲ့၊ ကစားခုန် စားမရှိတဲ့ ကလေးငယ်တွေက ကျန်းမာ ရေးနဲ့မညီညွတ်ဘဲ အဝလွန်တဲ့ ကလေး ငယ်တွေဖြစ်လာနိုင်ပါတယ်။ အဝလွန် တာရဲ့နောက်ကွယ်က ကျန်းမာရေးပြဿ နာတွေကအများကြီးပါ။ တက်ကြွလန်း ဆန်းတဲ့ကစားနည်းတွေနဲ့ သူတို့စိတ် တိုင်းကျ လှုပ်ရှားကစားတာဟာ ကလေး ငယ်ရဲ့ကိုယ်ကာယနဲ့ဉာဏ်ရည်ကို ဖွဲ့ဖြိုး စေမယ့် နည်းလမ်းတွေထဲကတစ်ခုပါပဲ။ အစားအစာနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ ညီမျှနေမယ်ဆိုရင်တော့ဉာဏ်ရည်ဉာဏ် သွေးထက်မြက်ပြီး ထူးချွန်တဲ့ အနာဂတ် ခေါင်းဆောင်လေးတွေဖြစ်လာမှာပါ။

အာဟာရပြည့်အောင်စားပါစေ
ကလေးကို အစားအသောက်တွေနဲ့ ပတ်သက်ပြီး သိပ်မကန့်သတ်ပါနဲ့။ ရှေး အယူအဆမှားတွေနဲ့ ဟိုဟာ မစားရဘူး၊ ဒီဟာနဲ့ မတည့်ဘူးဆိုပြီး ပြောဆိုတာတွေ သိပ်မလုပ်ပါနဲ့။ သတိထားရမှာကအသင့် ပြုလုပ်ထားတဲ့ အစားအစာမဟုတ်ဘဲ သဘာဝအစားအစာတွေ၊ သဘာဝ အရ ချိုနေတဲ့အသီးအနှံတွေ၊ ပျား ရည်၊ အသီးအနှံနဲ့အစေ့အဆန် တွေ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ ကိုကျွေးနိုင်ပါတယ်။ ကလေး အနေနဲ့ ဓာတ်မတည့်မှုဖြစ်စေတဲ့ အစား အစာမရှိဘူးဆိုရင်တော့ ပင်လယ်စာကို လည်း ကျွေးနိုင်ပါတယ်။ တချို့ကလေး တွေမှာ ပင်လယ်စာ၊ မြေပဲ၊ ပန်းဝတ်မှုန် စတာတွေနဲ့ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အတွက် သတိထားစောင့်ကြည့်ဖို့တော့ လိုပါတယ်။ အာဟာရ ပြည့်ဝနေတာက ကလေးရဲ့ ကိုယ်ကာယနဲ့ဉာဏ်ရည်ဉာဏ် သွေးထက်မြက်စေဖို့ အများကြီး အ ထောက်အကူပြုပါတယ်။

ယောဂကျင့်ပါ
ယောဂလေ့ကျင့်ခန်းကို လူကြီးတွေ သာမကဘဲ ကလေးငယ်တွေမှာလည်း လေ့ကျင့်နိုင်ပါတယ်။ ယောဂလေ့ကျင့် ခန်းကိုလေ့ကျင့်တာကြောင့် ကလေးငယ် ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုပြီး မှတ်ဉာဏ်စွမ်းအားကိုလည်း တိုးစေနိုင်ပါတယ်။ ယောဂလေ့ကျင့်ခန်း တွေကို ပုံမှန်လေ့ကျင့်ပေးတာကြောင့် အာရုံကြောရဲ့ လုပ်ဆောင်ချက်တွေကို အများကြီးအထောက်အကူပြုပါတယ်။ ဒါ့အပြင် ကလေးငယ်ရဲ့ စိတ်အာရုံကို လန်းဆန်းနေစေလို့ မှတ်သားနိုင်စွမ်းတွေ ကောင်းစေပါတယ်။ ကလေး စာမကျက် ခင်အချိန်မှာ ယောဂလေ့ကျင့်ခန်းကို မိနစ် ၂၀ ပြုလုပ်ပါက စာတွေကို မှတ် သားနိုင်စွမ်း ပိုကောင်းစေပါတယ်။

အိပ်ရာဝင်ပုံပြင်ပြောပါ
ညအိပ်ရာဝင်ခါနီးမှာ ကလေးငယ် တွေကို ပုံပြင်ပြောပြပေးတာမျိုး၊ ပုံပြင်စာ အုပ်ဖတ်စေတာမျိုးတွေက ကောင်းစွာ အိပ်ပျော်စေနိုင်တဲ့အပြင် ကလေးငယ်ရဲ့ မှတ်ဉာဏ်စွမ်းအားကိုလည်း မြင့်မားလာ စေနိုင်တယ်လို့ လေ့လာမှုတွေကဆိုပါ တယ်။ ညအိပ်ရာဝင်ခါနီး ပုံပြင်ဖတ်ပြီး အိပ်စက်တဲ့ ကလေးငယ်တွေအနေနဲ့ မနက်နိုးထလာချိန်မှာ စာကျက်မယ်ဆို ရင် ပုံမှန်ထက် စာကျက်နိုင်၊ မှတ်နိုင်မှု ပို ကောင်းစေပြီး သင်ယူနိုင်မှုစွမ်းရည်တွေ လည်း မြင့်မားစေနိုင်တယ်လို့ ဆိုပါတယ်။ ညအိပ်ရာဝင်ခါနီးမှာကလေးငယ်ကို စိတ် ဓာတ်ခွန်အားဖြစ်စေပြီး၊ ပျော်ရွှင်ဖွယ်ရာ ကောင်းတဲ့ စာအုပ်မျိုးတွေနဲ့ ရသမျိုးစုံ ပါဝင်တဲ့ စာအုပ်တွေကိုဖတ်ပြပေးပါ။ ကလေးငယ်ကြိုက်နှစ်သက်တဲ့ ပုံပြင်စာ အုပ်တွေကို ပုံမှန်ဖတ်ပြပေးရင်း ညအိပ် ရာဝင်ပါစေ။

ကစားပါစေ
ကလေးကို ကစားချိန်ရှိပါစေ။ သိပ် ဆော့တာပဲလို့မညည်းလိုက်ပါနဲ့။ ကလေး ရဲ့ကစားချိန်ကို သီးသန့်တောင်သတ်မှတ် ပေးထားသင့်ပါတယ်။ ပန်းခြံလိုနေရာနဲ့ ကစားကွင်းလိုနေရာမျိုးမှာ ကစားတာက အိမ်ထဲမှာ ကစားတာထက် ကလေးကို ပိုပြီးသန်မာစေပါတယ်။ ကလေးငယ် ကစားတာကြောင့် အားအင်ကုန်ခန်းမယ်လို့ မထင်လိုက်ပါနဲ့။ စွမ်းအင်တွေ ပိုမိုရရှိစေ ပြီး ဖိစီးမှုတွေလျော့ပါးသွားတာကြောင့် မှတ်ဉာဏ်စွမ်းအားကို မြင့်မားလာစေပါ တယ်။ ကလေးငယ်ခန္ဓာကိုယ် ပုံမှန်ဖွံ့ဖြိုး ကြီးထွားစေဖို့အတွက် ကစားတာက လည်း ကူညီနိုင်ပါတယ်။ ကလေးငယ် အန္တရာယ်ကင်းကင်း ဆော့ကစားနိုင် အောင် ကစားကွင်း၊ ပန်းခြံနဲ့ ခြံဝန်းကျယ် တွေထဲမှာ ကစားပါစေ။

စိတ်ဖိစီးမှုကင်းပါစေ
လေ့လာမှုတွေအရ ကလေးငယ် တွေမှာ စိတ်ဖိစီးမှုတွေများလွန်းတာက ကလေးမှတ်ဉာဏ်ကို ထိခိုက်စေနိုင်တယ် လို့ဆိုပါတယ်။ မိသားစုအိမ်တွင်းရေးပြဿနာတွေ၊ ရိုက်နှက်ဆုံးမခံရတဲ့ ကလေးတွေနဲ့ အ မိန့်တွေအောက်မှာကြီးပြင်းလာရတဲ့ ကလေးငယ်တွေဟာ သူတို့ဘ၀နေထိုင် မှုတွေမှာပါ နာတာရှည်စိတ်ကျန်းမာရေး ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ပုံဆွဲ တာ၊ ဆေးရောင်ခြယ်တာ၊ အရုပ်ဆက် တာစတဲ့ စိတ်တည်ငြိမ်စေမယ့် ကစား နည်းလေးတွေကို ကစားပါစေ။

ဂိမ်းကစားပါ
ဂိမ်းကို အချိန်နဲ့ သတ်မှတ်ပေးထား ပြီး ကစားပါစေ။ တစ်ချိန်လုံး ဂိမ်းကစားနေ တာကတော့ ကလေးငယ်ရဲ့မှတ်ဉာဏ်ကို ပိုမိုထိခိုက်စေပြီး လှုပ်ရှားမှုလည်း နည်း သွားစေပါတယ်။ ဂိမ်းကစားနည်းတွေကို လည်း ဗဟုသုတရစေပြီး ဉာဏ်သုံးပြီး ကစားရတဲ့ ဂိမ်းမျိုးတွေကို မိဘက ရွေး ချယ်ဆော့ကစားခိုင်းပါ။ ကွန်ပျူတာနဲ့ ဖုန်းနဲ့ဆော့ရတဲ့ ဂိမ်းတွေကို ကြည့်ပြီးလို့ မိနစ် ၂၀-၃၀ ကြာရင် ကလေးမျက်လုံး ကိုအနားပေးဖို့လိုပါတယ်။ အဆက်မ ပြတ်လှုပ်ရှားနေတဲ့ဂိမ်းနဲ့ ကာတွန်းခွေ တွေကြောင့် ကလေးမျက်လုံး ထိခိုက်စေ နိုင်တာကြောင့် မိနစ် ၃၀ ပြည့်တိုင်း ခဏ လောက်နားခိုင်းပါ။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *