ထရိုင်ဂလစ်စရိုက်များနေသူတွေ ဘာတွေရှောင်ဖို့ လိုလဲ

ဆရာဝန်က သင့်သွေးထဲမှာ ထရိုင်ဂလစ်စရိုက်တွေ များနေတယ်လို့ ပြောတဲ့အခါ ဘာတွေရှောင်ရတော့မလဲဆိုတာက မေးခွန်းတစ်ခုဖြစ်လာပါတယ်။ ထရိုင်ဂလစ်စရိုက်က သွေးတွင်းမှာတွေ့ရတဲ့အဆီဖြစ်ပြီး များနေရင်တော့ နှလုံးနဲ့သွေးကြောရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။ သွေးတွင်းမှာ ထရိုင်စလစ် စရိုက်တွေများနေရတဲ့ အဓိကအကြောင်းက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ စားသုံးတာကြောင့်ပါ။

ကစီဓာတ်များသော ဟင်းသီးဟင်းရွက်

ဟင်းသီးဟင်းရွက်တွေက ကျန်းမာရေးနဲ့ ညီ ညွတ်တယ်ဆိုပေမယ့် သွေးတွင်းမှာ ထရိုင် ဂလစ်စရိုက်တွေ များနေပြီဆိုရင်တော့ ကစီဓာတ်များတဲ့ ဟင်းသီးဟင်းရွက် တွေကို ကန့်သတ်စားသုံးသင့်ပါ တယ်။ အာလူး၊ မျောက်ဥ၊ ပဲအမျိုး မျိုး၊ ပြောင်းဖူး စတာတွေက ကစီ ဓာတ်များတဲ့ ဟင်းသီးဟင်းရွက်တွေ ဖြစ်ပါတယ်။

သစ်သီးတွေ
သစ်သီးတွေမှာ အမျှင်ဓာတ်များတဲ့အပြင် အင်တီအောက်ဆီးဒင့်၊ ဗီတာ မင်နဲ့ သတ္တုဓာတ်တွေ များစွာပါဝင်ပါတယ်။ ဒါ့အပြင် သကြားဓာတ်ဖြစ်တဲ့ ဖရက်တို့စ်လည်း များစွာပါဝင်ပါတယ်။ ဖရက်တို့စ်သကြားက ဆွတ်ဆွတ်ဖြူ အောင်လုပ်ထားတဲ့ သကြားထက် ကျန်းမာရေးအတွက် ပိုသင့်တော်တယ် ဆိုပေမယ့် များရင်တော့ ထရိုင်ဂလစ်စရိုက်အဖြစ် ပြောင်းသွားနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းထရိုင်ဂလစ်စရိုက်များနေသူတွေအနေနဲ့ သစ်သီး စားသုံးမယ်ဆိုရင် တစ်နေ့ကို ၂-၃ စိတ်ထက် ပိုမစားသင့်ပါဘူး။

ါးသေတ္တာဘူး

ငါးသေတ္တာဘူးကို တစ်ပတ်နှစ်ရက်၊ နှစ်ကြိမ်သာ စားဖို့ ကျန်းမာရေးအဖွဲ့က ထောက်ခံထားပါတယ်။ ဆားနဲ့ ဆီများတာကြောင့် ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ သွေးတွင်းမှာ ထရိုင်ဂလစ် စရိုက်တွေ များလာ စေပါတယ်။ ဒါကြောင့် ငါးသေတ္တာဘူး ဝယ်တဲ့ အခါ ဘူးမှာပါတဲ့အညွှန်း ကို သေချာကြည့်ပြီး ဆီနဲ့ ဆားပါဝင်မှု နည်း တာကို ရွေးဝယ်ဖို့ လို ပါတယ်။

ပြုပြင်ထားသော ကောက်နှံတစ်ခုလုံးစာ
ကောက်နှံတစ်ခုလုံး ပါဝင်စာ တွေက ဗီတာမင်ဘီအုပ်စု၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တွေအပြင် အမျှင်ဓာတ် တွေလည်း များစွာပါဝင်လို့ ကျန်းမာ ရေးနဲ့ သင့်တော်ပါတယ်။ ဒါပေမဲ့ တခြားတစ်ဖက်မှာတော့ အဆင့်ဆင့် ပြုပြင်ပြောင်းလဲမှုတွေ လုပ်လိုက်မယ် ဆိုရင် ပါဝင်ပစ္စည်းတွေလျော့နည်း သွားပြီး ကယ်လိုရီတွေသာ ရလာစေ ပါတယ်။ ဒါကြောင့် ထရိုင်ဂလစ်စရိုက် များနေသူတွေ မစားသင့်ပါဘူး။ ပီဇာ၊ ဒိုးနတ်၊ ကိတ်မုန့်၊ ဘီစကစ်၊ ပေါင်မုန့်ဖြူနဲ့ ခေါက်ဆွဲတွေ ပြုပြင်ထားတဲ့ ကောက်နှံတစ်ခုလုံး ပါဝင်စာတွေဖြစ်လို့ သွေးတွင်းထရိုင် ဂလစ်စရိုက်ကို များစေပါတယ်။

အရက်
အရက်ကို အမျိုးသမီးတွေ တစ်နေ့ တစ်ခွက်နဲ့ အမျိုးသားတွေ တစ်နေ့နှစ်ခွက် အလွန်ဆုံးသာ သောက်သင့်ပါတယ်။အဲဒီ ထက်လွန်ကဲပြီး သောက်သုံးမယ်ဆိုရင် ကျန်း မာရေးကို ထိခိုက်စေနိုင်ပါတယ်။ သွေးတွင်း ထရိုင်ဂလစ်စရိုက်ပမာဏကို များစေတဲ့အပြင် တခြား ကျန်းမာရေးနဲ့ လူမှုရေးပြဿနာတွေ များစွာကိုလည်း ဖြစ်နိုင်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal