အလှကြိုက်တဲ့ပျိုမေတို့အနေနဲ့ကတော့ ဘယ်ရာသီသတုမျိုးပဲဖြစ်ဖြစ်အလှဆုံးပြင်ဆင်ခြယ်သချင်မှာပါ။ ဒါပေမဲ့ Full Makeup တွေ On ပြီး အပြင်ထွက်တဲ့အခါမှာမိုးရွာချရင် ထီးဆောင်းထား ရင်တောင် မိုးစက်တွေမျက်နှာကို လာစဉ်တတ်သလို၊ ကားပေါ်က အတက်အဆင်းမှာလည်းမိုးရေတွေ မျက်နှာကိုလာစဉ်နိုင်ပါတယ်။ ဒီအခါ အိုင်းရှဲဒိုးပျံ့သွားတာမျိုး၊ မိတ်ကပ်ကွက်သွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒီတစ်ပတ်မှာ အလှကြိုက်တဲ့ ပျို မေတို့အတွက် မိုးတွင်းမှာ အလှဆုံးဖြစ်နေအောင် မိတ်ကပ်ပြင်ဆင်ခြယ်သရာ မှာ အသုံးဝင်မယ့် Tips တွေကို ရေးပေး လိုက်ပါတယ်။
Primer
မိတ်ကပ်မလိမ်းခင်အရေးကြီးတဲ့ အ ချက်ကPrimer ပါ။ မိတ်ကပ်တွေ အလွယ်တ ကူမပျံ့ဖို့၊ မကွက်ဖို့ကို သူက အဓိက စွမ်း ဆောင်ပေးနိုင်ပါတယ်။ မျက်နှာအရေပြားပေါ် ကို မိတ်ကပ်တိုက်ရိုက်လိမ်းတာထက် ပရိုင်မာ (Primer) ကို ခံလိမ်းတာက မိတ်ကပ်သားစွဲ ကပ်စေဖို့ အခံတစ်ခုရသွားသလို မျက်နှာအ ရေပြားနဲ့ မိတ်ကပ်တိုက်ရိုက်မထိတွေ့တော့ အရေပြား ပျက်စီးတာ သက်သာစေပါတယ်။ ဒါကြောင့် ကွာလတီကောင်းတဲ့ မိတ်ကပ် ပရိုင်မာ (Primer) တစ်မျိုး ရှာဝယ်ထားသင့် ပါတယ်။
BB Cream
မိုးတွင်းအတွက် Recomment ပေးချင် တဲ့ မိတ်ကပ်အမျိုးအစားက BB Cream ပါ။ မိတ်ကပ်အထူကြီးလိမ်းဖို့က ရွှဲရွှဲစိုမယ့်မိုးတွင်း နဲ့ မလိုက်ဖက်တတ်ပါဘူး။ မိုးရာသီက စိုစွတ် ထိုင်းမှိုင်းတဲ့အတွက် မိတ်ကပ်ပျံ့တာ၊ ကွက် တာတွေအလွယ်တကူ ဖြစ်နိုင်ပါတယ်။ BB Cream တွေကတော့ ပါးလွှာတဲ့ မိတ်ကပ်အမျိုး အစားဖြစ်ပြီးတော့ သဘာဝကျကျလှပနေစေ မှာပါ။
Concealer
Concealer ကလည်း အပြစ်အနာအဆာ မရှိတဲ့အလှအပကို ပိုင်ဆိုင်ဖို့ ဆောင်ထားသင့် တဲ့ အရာတစ်ခုဖြစ်ပါတယ်။ သူက မျက်ကွင်း ညိုတာ၊ အမည်းစက်တွေနဲ့ ဝက်ခြံအမာရွတ် တွေကို ဖုံးအုပ်ပေးနိုင်ပါတယ်။ BB Cream တစ်မျိုးတည်းနဲ့ မလုံလောက်ရင် လိုအပ်တဲ့ နေရာလေးတွေကိုပဲ Concealer အသုံးပြု ပေးပါ။
Loose Powder
အိပ်ဆောင်အနေနဲ့ Loose Powder လေးရှိမယ်ဆိုရင် အချိန်အခါမရွေး အလှမ ပျက်စေတော့ပါဘူး။ မိုးရာသီက စိုစွတ်မှု ကြောင့် အဆီပြန်လွယ်သူတွေဆိုရင် မျက်နှာ က ပိုပြီး အဆီထွက်နိုင်သလို ပုံမှန်အသားအရေ ရှိသူတွေမှာလည်း မျက်နှာမှာ အဆီပြန်တာမျိုး ကြုံရတတ်ပါတယ်။ ဒီအခက်အခဲကို ဖြေရှင်းဖို့ Loose Powder ရှိပါတယ်။ အဆီပြန်လာတဲ့ မျက်နှာပြင်ပေါ် Loose Powder ခပ်ပါးပါးပုတ် ပေးလိုက်ပါ၊ အဆီတွေစုပ်သွားပြီး မိတ်ကပ် တွေလည်း ပြန်ညီပြီး ချောမွေ့သွားပါလိမ့်ပါ။
Eyelid Primer
မိတ်ကပ်အပြည့်လိမ်းမယ်လို့ ရည်ရွယ် ထားရင်တော့ အိုင်းရှဲဒိုးတွေအလွယ်တကူမပျံ့ သွားအောင် Eyelid Primer ကိုအသုံးပြုဖို့ လို ပါလိမ့်မယ်။ အိုင်းရှဲဒိုးကို အမှုန့်ပုံစံပြုလုပ်ထား တာကို ရွေးချယ်ပါ၊ ခရင်မ်ပုံစံပြုလုပ်ထားတဲ့ အိုင်းရှဲဒိုးတွေက မိုးရာသီရဲ့ စိုထိုင်းမှုကြောင့် ပျံ့လွယ်ပါတယ်။
Eye Liner
မျက်လုံးလေးထင်းနေအောင် အိုင်းလိုင် နာကလည်း မပါမဖြစ် အရေးကြီးပါတယ်။ မိုး ရာသီအတွက် အသင့်တော်ဆုံး အိုင်းလိုင်နာ ကတော့ အရည်ပုံစံအိုင်းလိုင်နာပါ။ သူကအ ရောင်တောက်တောက် ထင်ထင်ရှားရှားပေး နိုင်ပါတယ်။ ဂျယ်လ်ပုံစံအိုင်းလိုင်နာက ပျံ့ လွယ်စေလို့ မိုးရာသီနဲ့ မကိုက်ညီပါဘူး။
Mascara
မျက်တောင်လေးတွေရှည်လျား ကော့ ညွတ်နေဖို့ မျက်တောင်ကော့ဆေး (Mascara) ရွေးချယ်တဲ့အခါ ရေစိုခံအမျိုးအစား Water-proof ကို ရွေးချယ်ပါ။ မိုးရေစဉ်ခဲ့ သည်ရှိသော် မျက်လုံးတစ်ဝိုက် အနက်ရောင် တွေမပျံ့တော့ အလှမပျက်တော့ဘူးပေါ့။
Lips
နှုတ်ခမ်းနီအတွက်ဆိုရင်တော့ အမျိုးအစားစုံစုံလင်လင်ရှိတဲ့အထဲမှာ ကြိုက်နှစ်သက် ရာ အမျိုးအစား(Matte, Gloss, Tint) ဆိုး နိုင်ပါတယ်။ နှုတ်ခမ်းသား နူးညံ့နေဖို့ဆိုရင် ဘယ်နှုတ်ခမ်းနီမဆို မဆိုးခင်မှာ အောက်က Lip Balm ဒါမှမဟုတ် ရေနံဂျယ်လီကို ပါးပါး လေးတစ်ထပ်ခံဆိုးပေးပါ။
Darliko