ဒီမိုးကြောင့်ရွှဲရွှဲစိုခဲ့ရင်

မိုးရာသီမှာ မိုးမိတာက ဖြစ်နေကျဆိုပေ မယ့်၊ အအေးမိပြီး ဖျားတဲ့အခါ ကျောင်းပျက်တာ၊ အလုပ်ပျက်တာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မဖျားနာအောင် သင့်ဘက်က မိုးမိရင်လိုက်နာရ မယ့် လေးချက်ရှိပါတယ်။

(၁) အဝတ်အစားချက်ချင်းလဲပါ
မိုးရေစိုထားတဲ့ အဝတ်အစားတွေကိုအမြန် ဆုံးလဲပါ။ တကယ်လို့ သင့်အနေနဲ့ အလုပ်အသွား ဒါမှမဟုတ် ကျောင်းအသွားမှာ မိုးစိုနိုင်ခြေရှိရင် အဝတ်အပို တစ်စုံထည့်သွားပါ။ အိမ်အပြန်မိုးစို တာ ဆိုရင်တော့ အိမ်ရောက်တာနဲ့ ရေစိုဝတ်ကို ချက်ချင်းလဲပါ။ တစ်ကိုယ်လုံးမစိုဘူး ဆိုပြီးတော့ လည်းမပေါ့ပါနဲ့။ ချွေးထွက်ရင်တောင် ချွေးနဲ့အ အေးပတ်ပြီးဖျားနာတတ်ပါသေးတယ်။ ဒါကြောင့် အဝတ်စိုတွေကို ချက်ချင်းချွတ်ပြီး ရေနွေးနဲ့ ရေ အမြန်ချိုးပါ။

(၂) ဆံကေသာခြောက်အောင်ထားပါ
ခေါင်းမှာ မိုးရေတွေရွှဲလာတယ်၊ ပြန်သန့် သွားအောင် ခေါင်းကို အေးဆေးလျှော်မယ်ဆို တာမျိုး မလုပ်ပါနဲ့။ မလျှော်တာကအကောင်းဆုံး ဖြစ်ပြီး လျှော်မယ်ဆိုရင်တောင် ရေနွေးနွေးနဲ့ ခပ် မြန်မြန်သွက်သွက်လျှော်ပါ။ ခေါင်းအစိုကြီးနဲ့ သူ့ ဘာသာသူ ခြောက်သွားမယ်ဆိုပြီးလည်း မထား ပါနဲ့၊ အမြန်ခြောက်အောင်လုပ်ပါ။

(၃) အကြောလျှော့လေ့ကျင့်ခန်းလုပ်ပါ
မိုးအေးရင် အသက်အရွယ်မရွေး ထုံတာ၊ ကျဉ်တာ၊ ကိုက်ခဲတာကို ခံစားရတတ်ပါတယ်။ အပြင်းအထန်အလေးတုံးတွေမပြီး လေ့ကျင့်ခန်း လုပ်ဖို့ မတိုက်တွန်းချင်ပေမယ့် ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားလေးကို မိနစ် ၂၀ လောက် လုပ်ပေးပါ။ ခန္ဓာကိုယ် ကြွက်သားတွေပျော့ပျောင်း အောင် အကြောလျှော့ပေးတာက သွေးလည် ပတ်မှုကို ကောင်းစေပြီး ခုခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

(၄) ပူပူနွေးနွေးစားသောက်ပါ
မိုးအေးအေးမှာ ပူနွေးတဲ့ အစားအစာတွေ စားပေးပါ။ မိုးမိပြီး အအေးပတ်မှာစိုးရင် အသား စွပ်ပြုတ်၊ အသီးအရွက်စွပ်ပြုတ်လိုမျိုး သောက် ပေးပါ။ ပျားရည်၊ သံပရာပါဝင်တဲ့ လက်ဖက်ရည် ကြမ်းသောက်ပေးပါ။ သူတို့မှာပါဝင်တဲ့ ဗီတာမင် စီက မဖျားနာအောင် ကာကွယ်ပေးနိုင်ပါတယ်။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *