ဒီမိုးကြောင့် မဖျားနာစေလို….

ကျန်းမာတဲ့ကလေးဟာ အပျော်ရွှင်ဆုံး လူ သားတစ်ဦးပါ။ မကျန်းမာရင် မပျော်ရွှင် နိုင်သလို၊ စိတ်သွားတိုင်းလည်း ကိုယ်မပါ နိုင်တော့ပါဘူး။ မိုးတွင်းကာလလို စိုစွတ် အေးမြတဲ့ ရာသီဥတုဟာ ကလေးတွေ အတွက် အအေးမိဖျားနာတာတွေ အ လွယ်တကူဖြစ်စေတတ်တဲ့ အချိန်ကာ လလည်းဖြစ်ပါတယ်။ ဒီအတွက် ဖေဖေ မေမေတို့အနေနဲ့ အရမ်းကြီးစိတ်မပူပါနဲ့၊ မိုးတွင်းမှာ ကလေးငယ်တွေ ဖျားနာခြင်း ကင်းဝေးအောင် ဒီအချက်(၅)ချက်ကို လုပ်ဆောင်ပေးပါ။

၁။ ကိုယ်ခံစွမ်းအားမြှင့်တင်မယ်

အအေးမိတာ၊ ဖျားနာတာတွေ မ ဖြစ်အောင် အရေးကြီးဆုံး နံပါတ်တစ် အချက်က ကိုယ်ခံစွမ်းအားမြှင့်တင်ထား ဖို့လိုပါတယ်။ ကိုယ်ခံစွမ်းအားမြင့်စေပြီး ရောဂါအမျိုးမျိုး ကာကွယ်ပေးနိုင်ဖို့ မဖြစ်မနေ မှီခိုရမယ့် ဗီတာမင်တစ်မျိုးက ဗီတာမင် စီ ပါ။ ဗီတာမင် စီ ကထိပ်တန်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုလည်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်တွင်း တစ်သျှူး တွေရဲ့ ဖွံ့ဖြိုးမှု၊ ပြန်လည်ပြုပြင်မှု၊ အ ရေပြား၊ သွားနဲ့ အရိုးတွေရဲ့ ကျန်းမာရေး အတွက် အထောက်အကူပြုပါတယ်။ ဗီတာမင် စီ ဖြည့်စွက်ဆေး တိုက်ကျွေး တာ၊ ဗီတာမင် စီ ပါဝင်တဲ့ စားစရာတွေ (အချဉ်အသီးအနှံတွေ၊ ခရမ်းချဉ်သီး၊ စတော်ဘယ်ရီ၊ ငရုတ်ပွသီး၊ ကီဝီသီး၊ ပန်းမုန်လာ) ကျွေးတာတွေ လုပ်ဆောင် ပေးပါ။

၂။ ကျန်းမာရေးနဲ့ညီညွတ်တာစားမယ်

ကျန်းမာရေးနဲ့ ညီညွတ်အောင် စား တဲ့အခါ အိမ်မှာ သန့်သန့်ရှင်းရှင်း ပြင် ဆင်ချက်ပြုတ်တာကို ဦးစားပေးလုပ်စေ ချင်ပါတယ်။ အချိန်မရလို့ဆိုပြီး ကလေး တွေကို အသင့်စားအစာတွေ၊ ရယ်ဒီမိတ် တွေ မကျွေးပါနဲ့၊ အာဟာရတန်ဖိုးနည်းပါး ပြီး ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက် အထောက် အကူမဖြစ်စေပါဘူး။ အိမ်မှာချက်ပြုတ် တဲ့အခါမှာလည်း ဟင်းသီးဟင်းရွက်တွေ ကို သေချာသန့်စင်အောင် ဆေးကြော တာ၊ သား၊ ငါးတွေကို သေချာ ကျက် အောင် ချက်ပြုတ်တာ၊ ဆီနဲ့ ဆားလျှော့ ချက်တာတွေလုပ်ဆောင်ပါ။ ယင်နားစာ၊ လမ်းဘေးစာတွေ စားတာကို ရှောင်ပါ။

၃။ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်မယ်

ကျန်းမာရေးကောင်းဖို့ တစ်ကိုယ် ရေသန့်ရှင်းရေးကလည်း အရေးပါပါ တယ်။ ကလေးတွေကို အစာမစားမီနဲ့ အစာစားပြီးတိုင်း လက်ကိုဆပ်ပြာနဲ့ သန့် စင်အောင်ဆေးကြောခိုင်းပါ။ အိမ်မှာခွေး လေး၊ ကြောင်လေးတွေ မွေးထားရင် သူ တို့နဲ့ ဆော့ကစားထိတွေ့ပြီးတိုင်း လက် ဆေးခိုင်းပါ။ ကျောင်းကနေ ပြန်ရောက် တိုင်း လက်တွေ၊ ခြေထောက်တွေ သေ ချာသန့်စင်အောင် ဆေးတဲ့ အလေ့အ ကျင့်လေးလုပ်ပေးပါ။ ခြေသည်း၊ လက် သည်းတွေ ရှည်နေရင် ညှပ်ပေးပါ။

၎။ ခြင်ကိုက်မခံရအောင်နေမယ်

မိုးတွင်းမှာ သွေးလွန်တုပ်ကွေး ရော ဂါဖြစ်နိုင်ခြေကလည်း ရှိပြန်တော့ ခြင် အန္တရာယ်ကာကွယ်ထားဖို့လည်း လိုပြန် ပါတယ်။ ဒီအတွက် ဆေးမှုတ်၊ ဆေးဖျန်း တာ၊ ဆေးခတ်တာ၊ ခြင်ထောင် ဆေးစိမ် တာ၊ ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်တာ တွေ လုပ်ဆောင်ပေးပါ။ ကလေးတွေကို အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ပွပွ ချောင်ချောင်တွေ ဝတ်ဆင်ပေးပါ။

၅။ စွမ်းအင်ပြည့်ဝအောင်အိပ်စက်မယ်

ကလေးတွေကို အိပ်ချိန်အပြည့်ရှိ အောင် စောစော အိပ်ရာဝင်တဲ့ အလေ့ အကျင့်လုပ်ပေးထားပါ။ အိပ်ချိန်နားနီး ရင် ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ စခ ရင်ကြည့်တာတွေကို မလုပ်စေပါနဲ့။ ဖေ ဖေ၊ မေမေတို့ ကိုယ်တိုင်ကလည်း က လေးအတွက် စံပြပုဂ္ဂိုလ်တွေဖြစ်အောင် နေထိုင်ပြုမူပေးပါ။ ကလေးငယ်တွေ ဆို တာ လူကြီးတွေလုပ်တာကို လိုက်အတု ခိုးတတ်လို့ပါ။

 ထူးဒါလီကိုကို(MPharm)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *