ဒီဆေးတွေ ကလေးတွေကို မတိုက်ပါနဲ့

– အက်စပရင်လို အကိုက်အခဲ၊ ဖျားနာ ပျောက်ဆေးတွေကို အသက် ၁၂ နှစ် အောက် ကလေးတွေမှာ ကိုယ့်သဘောနဲ့ ကိုယ် မတိုက်ပါနဲ့။ ရေးရောဂါစု (Reye’s syndrome) လို့ ခေါ်တဲ့ ဦးနှောက် ရောင်ရမ်းတာနဲ့ အသည်းပျက်စီးတာ ဖြစ်စေနိုင်ပါတယ်။
– ကလေးအသက် သုံးလအောက်မှာ ပါရာစီတမော တိုက်လို့မရပါဘူး။ ကလေး အသက် ခြောက်လအောက်မှာလည်း အိုင်ဗျူပရိုဖန် တိုက်လို့မရပါဘူး။
– ချောင်းဆိုးပျောက်ဆေးတွေကို အ သက်သုံးနှစ်အောက် ကလေးတွေမှာ တိုက်လို့ မရပါဘူး။ လူကြီးတွေမှာ ဆေး အာနိသင်ရရှိပေမယ့် ကလေးတွေမှာ ဆေးအာနိသင်မပြတဲ့အပြင် အသက် သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။
– ကလေးတွေမှာ ခေါင်းမူးတာက ခဏ လေးနဲ့ ပြန်ပျောက်သွားနိုင်ပါတယ်။ ကလေးက ခေါင်းမူးပြီးအန်တာ၊ ရေ ဓာတ်ခန်းခြောက်တာ ဖြစ်လာတယ်ဆို ရင် ဆေးခန်း၊ ဆေးရုံကိုသွားပါ။ ဆေး ကောင်တာမှာ ဝယ်လို့ရတဲ့ ခေါင်းမူး၊ ခေါင်းကိုက်ပျောက်ဆေးတွေ အလွယ် တကူ မတိုက်ပါနဲ့။
– လူကြီးသောက်တဲ့ဆေးတွေ ကလေး ကိုတိုက်ရင် နည်းနည်းခွဲတိုက်တာ၊ ဖဲ့ တိုက်တာတွေ မလုပ်ပါနဲ့။ ဆေးတွေက အသက်အရွယ်၊ ကိုယ်ခန္ဓာအချိုးအစား၊ ရောဂါအခြေအနေပေါ်မူတည်ပြီး ဆေး ပမာဏကွဲသွားတာမို့ လွယ်လွယ်ကူကူ တိုက်လို့ မရပါဘူး။ အထူးသဖြင့် ကလေး တွေရဲ့ အသက်အလိုက်အတွက် သီး သန့်ထုတ်ထားတဲ့ ဆေးပမာဏမျိုး ဖြစ်ဖို့ လိုပါတယ်။
– ဒိတ်လွန်သွားတဲ့ဆေး၊ အရောင်ပြောင်း သွားတဲ့ ဆေးတွေကို ဘယ်တော့မှ ဘယ် သူ့ကိုမှ မတိုက်ပါနဲ့။ ရက်စွဲကို သေချာ ကြည့်ပြီး ဒိတ်လွန်တာနဲ့ လွှင့်ပစ်လိုက်ပါ။

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *