ဒီနွေရာသီမှာ ဘာတွေဂရုတစိုက် လိုက်နာဖို့လိုလဲ

ဆောင်းရာသီကုန်ဆုံးလို့ နွေရာသီ ကို ဝင်ရောက်တော့မှာဖြစ်တာကြောင့် နွေရာသီရောက်တဲ့အခါ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘာတွေ ဂရုပြုလိုက်နာဖို့ လိုအပ်သလဲဆိုတာကို ရေးသားလိုက်ရပါ တယ်။

မျက်လုံးကို ကာကွယ်ရန်
နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်း လွန်ရောင်ခြည်က သင့်အသားအရေကို ထိခိုက်စေနိုင်သလို သင့်မျက်လုံးကို လည်း ထိခိုက်စေနိုင်ပါတယ်။ ခရမ်းလွန် ရောင်ခြည်ကြောင့် သင့်မျက်လုံးတိမ်စွဲ တာ၊ မျက်လုံးအတွင်း ဖိအားများတာတွေ ဖြစ်နိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်အေ နဲ့ ဘီနှစ်ခုစလုံးကို ရာနှုန်းပြည့်နီးပါးကာ ကွယ်ပေးနိုင်တဲ့ နေကာမျက်မှန်တပ်ဆင် ပြီး သင့်မျက်လုံးထိခိုက်မှုကို ကာကွယ် နိုင်ပါတယ်။ မျက်မှန်ရဲ့ မှန်အရွယ်အစား က အနည်းငယ်ကြီးမှသာ မျက်လုံးဘေး ဘက်တွေကိုပါ ခရမ်းလွန်ရောင်ခြည် ဒဏ်က ကာကွယ်ပေးနိုင်မှာပါ။

အရေပြားကို ကာကွယ်ရန်
အမေရိကန်နိုင်ငံမှာ တစ်နှစ်ကို လူ ပေါင်းနှစ်သန်းကျော် အရေပြားကင်ဆာ ဖြစ်ပွားတာကိုတွေ့ရပါတယ်။ နေရောင် ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်က သင့်အရေပြားကို ဆိုးကျိုးဖြစ်စေပြီး အ ရေပြားကင်ဆာ ဖြစ်စေပါတယ်။ နွေရာ သီလို အပူရှိန်ပြင်းတဲ့အချိန်မှာ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း နေပူထဲမထွက်သင့်ပါဘူး။ အပြင်ထွက် မယ်ဆိုရင် ထီး ဒါမှမဟုတ် ဦးထုပ် ဆောင်းပါ။ နေကာမျက်မှန်တပ်ပြီး လေဝင်လေထွက်ကောင်းတဲ့ လက်ရှည် အင်္ကျီ ပွပွချောင်ချောင်ကို ဝတ်ဆင်ပါ။ SPF အနည်းဆုံး ၁၅ ဆပါဝင်တဲ့ နေ ရောင်ကာခရင်မ်ကို လိမ်းပါ။ တကယ်လို့ သင့်အရေပြားမှာ နေလောင်ဒဏ်ရာရရှိ ပါက နေလောင်ထားတဲ့ အရေပြားပေါ်ကို လက်ဖက်ခြောက်ဖတ်နဲ့ အုံပေးပါက အရေပြား အေးမြနေစေပါတယ်။ ရှား စောင်းလက်ပပ်အတွင်းသား ဂျယ်လီကို လည်း လိမ်းပေးနိုင်ပါတယ်။

အစာအဆိပ်သင့်ခြင်းမှ ကာကွယ်ရန်
နွေရာသီက တခြားရာသီဥတုတွေ ထက် အစာအဆိပ်သင့်တာ အဖြစ်ပိုများ ပါတယ်။ CDC ရဲ့ ခန့်မှန်းချက်အရ တစ်နှစ်ကို အစာအဆိပ်သင့်သူပေါင်း ၇၆ သန်းလောက် ရှိတယ်လို့ ဆိုပါတယ်။ အပူချိန်မြင့်တာရယ်၊ အစားအသောက် တွေကို သန့်ရှင်းစွာ မထားရှိတာတွေ ကြောင့် နွေရာသီမှာ အစာအဆိပ်သင့်တာ ပိုမိုဖြစ်ပွားရတာပါ။ အစားအသောက် တွေကို ချက်ပြုတ်ပြီးတဲ့အခါ သန့်ရှင်း သပ်ရပ်စွာ ထားသိုပါ၊ ရေခဲသေတ္တာထဲ ထည့်ထားပြီး စားခါနီးမှ နွှေးစားပါ။ မချက်မပြုတ်ဘဲ အစိမ်းစားတာ၊ မကျက် တကျက် ချက်ပြုတ်စားသောက်တာတွေ ကို ရှောင်ပါ။

ပင်ပန်းနွမ်းနယ်မှုမှ ကာကွယ်ရန်
ပူပြင်းလှတဲ့ နွေရာသီမှာ ခန္ဓာကိုယ် တွင်း ရေဓာတ်ပြည့်ဝနေဖို့ လိုပါတယ်။ ရေဓာတ်မလုံလောက်ပါက ကျန်းမာရေး ကို ထိခိုက်စေပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်မပြည့်ဝတာ၊ ချွေးထွက်များတာ၊ အိပ်ရေးမ၀တာ၊ စိတ်ဖိစီးမှုများတာတွေ ကြောင့် ပင်ပန်းနွမ်းနယ်မှုတွေကို နွေရာ သီမှာ အများဆုံး ရင်ဆိုင်ရတတ်ပါတယ်။

ရေဓာတ်ဆုံးရှုံးခြင်းမှ ကာကွယ်ရန်
အရက်အလွန်အကျွံသောက်သူ တွေ၊ လေ့ကျင့်ခန်းပြင်းထန်စွာ လုပ်ရတဲ့ အားကစားသမားတွေ၊ ပူပြင်းလွန်းတဲ့ပတ် ဝန်းကျင်မှာ အလုပ်လုပ်ရသူတွေ၊ ဝမ်း ပျက်ဝမ်းလျှောနေရသူတွေဟာ ရေဓာတ် ပိုမိုလိုအပ်ပါတယ်။ ခန္ဓာကိုယ်မှာ ရေ ဓာတ်လိုအပ်တဲ့အခါ သင် ရေဆာလာပါ တယ်။ ရေဓာတ်ပိုမိုလိုအပ်လာပြီဆိုရင် တော့ နှုတ်ခမ်းခြောက်တာ၊ အာခေါင် ခြောက်တာ၊ ခေါင်းမူးတာ၊ မောပန်းတာ၊ နုံးတာ၊ ကြွက်သားတွေ အားနည်းတာ၊ ဆီးမသွားတာ၊ ချွေးမထွက်တာတွေ ဖြစ် နိုင်ပါတယ်။

– အရည်ရွှမ်းတဲ့ အသီးအနှံတွေ စားသုံး ပါ။ နွေရာသီရဲ့ ရာသီပေါ်သီးနှံဖြစ်တဲ့ ဖရဲ သီးမှာ ရေဓာတ်များစွာပါဝင်တာကြောင့် လတ်လတ်ဆတ်ဆတ်စားသုံးပါ။
– သင်က ဆိုဒါ၊ စပါကလင်ကို ကြိုက်နှစ် သက်ပါက သောက်သုံးနိုင်ပါတယ်။ အ လွန်အကျွံတော့ မသောက်သင့်ပါ။
– လေ့ကျင့်ခန်းမလုပ်ခင် ရေသောက်ပါ။ နွေရာသီမှာ လေ့ကျင့်ခန်းပြင်းပြင်းထန် ထန် မလုပ်သင့်ပါ။
– နွေရာသီမှာ ခရီးသွားလာမယ်ဆိုရင် ရေဘူးဆောင်သွားပါ။
– သင့်အလုပ်စားပွဲမှာ အဆင်သင့် သောက်သုံးနိုင်အောင် ရေအပြည့်ဖြည့် ထားတဲ့ ရေတစ်ခွက်ထားပြီး သောက်ပေး ပါ။
– ရေအတိုင်း မကြာခဏ မသောက်သုံး ချင်ပါက ရေထဲကို သံပရာသီးစိတ်လေး ညစ်ပြီး ရေသောက်ချင်စိတ်ကို သံပရာ ရနံ့နဲ့ ဆွဲဆောင်နိုင်ပါတယ်။
– သွားလေရာကို ရေဘူးဆောင်သွားတာ က သင်ရေဆာတိုင်း သောက်မိနေတာ ကြောင့် ရေဓာတ်ပြည့်ဝနေစေပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *