ဒူးနာခြင်းသက်သာစေသောအစာအာဟာရ

ဒူးနာခြင်းဆိုသည်မှာ
အသက်လေးဆယ့်ငါးနှစ်ကျော်၊ ငါးဆယ်ထဲဝင်လာပြီဆိုတာနဲ့ လူအတော် များများဟာ ဒူးနာတဲ့ပြဿနာခံစားလာ ရတာကို တွေ့ရပါတယ်။ ဒူးနာတာဟာ ဒူးဆစ်ရောင်ရမ်းတာ၊ ရောဂါပိုးတွေ ဝင်တာ အနာတရတစ်ခုခုဖြစ်ပြီး ဒူးအရိုး ရဲ့အရွတ်တွေစုတ်ပြဲသွားတာ၊ တစ်ခါတ လေမှာတော့ ဘာအကြောင်းကြောင့်မှန်း မသိဘဲ နာနေတာ၊ အရိုးပွရောဂါဖြစ်လို့ ဒူးနာတာစတာတွေကြောင့် ဖြစ်နိုင်ပါ တယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ဒူးနာတယ် ဆိုရင်ပဲ လမ်းလျှောက်တာ၊ သွားလာရ တာခက်ခဲနိုင်ပါတယ်။ တချို့ဆိုရင် လမ်း နည်းနည်းလျှောက်ရုံနဲ့ ခြေထောက်တွေ တအားနာပြီး ရောင်တာက အကြီးကြီး ဖြစ်လာတာမျိုးတွေလည်း တွေ့ရပါတယ်။

ဒူးနာခြင်းအတွက် အာဟာရများ
ဒူးဆစ်ရောင်ရမ်းနာကျင်တဲ့ ဝေဒ နာခံစားနေရသူတွေအတွက် အကောင်း ဆုံးအစာတစ်မျိုးကတော့ နနွင်းဖြစ်ပါ တယ်။ နနွင်းထဲမှာ ဓာတ်တိုးဆန့်ကျင်ဂုဏ် သတ္တိရှိတဲ့ ဃကမခကာငည ဓာတ်တစ်မျိုးပါ ဝင်တာကြောင့် နနွင်းကိုသင့်တင့်သလို စားပေးမယ်ဆိုရင် ရောင်ရမ်းတာကို လျော့ကျစေပါတယ်။ ဆရာမတို့နိုင်ငံမှာ အများအားဖြင့် ဟင်းချက်တဲ့အခါ နနွင်း မှုန့်အသုံးများတာကြောင့် ဒါဟာ ဒူးဆစ် ကျန်းမာရေးကို အထောက်အကူပြုပါ တယ်။ ဒါပေမဲ့ အခုနောက်ပိုင်း နနွင်းတွေ ကို ဆန်မှုန့်တွေဘာတွေနဲ့ စီးပွားရေးဆန် ဆန်ရောလိုက်တာကြောင့် တကယ့်နနွင်း အစစ်ရဲ့ အာနိသင်ထိထိမိမိမပါတော့တာ မျိုး တွေ့ရပါတယ်။ ဒီတော့ ဖြစ်နိုင်ရင် နနွင်းမြစ်တွေ ဝယ်၊ ကိုယ့်ဘာသာကိုယ် အခြောက်လှန်း၊ အမှုန့်ကြိတ်စားပါ။

သံလွင်ဆီ
ဒူးဆစ်ကျန်းမာရေးနဲ့ပတ်သက်လို့နောက်ထပ် အသုံးဝင်တဲ့ အစာတစ်မျိုးက တော့ သံလွင်ဆီဖြစ်ပါတယ်။ သံလွင်ဆီ ကို ဒူးဆစ်မှာလိမ်းပြီး နှိပ်နယ်ပေးတာဖြစ် ဖြစ်၊ ဟင်းချက်စားတဲ့အခါ ထည့်တာပဲဖြစ် ဖြစ် အသုံးပြုပေးရင် ရောင်ရမ်းတာကို အတော်လေး သက်သာစေနိုင်တယ်လို့ သိရပါတယ်။ သံလွင်ဆီကိုသောက်တာ မျိုးလည်း လုပ်နိုင်ပါတယ်။ သံလွင်ဆီမှာ အဓိကပါဝင်တဲ့ အင်တီအောက်ဆီးဒင့် ဓာတ်ကတော့ အော်လီယိုကန်သော်ဆိုတဲ့ ဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ဒီဓာတ်ဟာ ခန္ဓာကိုယ်ထဲကနာကျင်မှုကို ဖြစ်စေတဲ့ အင်ဇိုင်းတွေထွက်တာကို လျော့နည်းစေ နိုင်တာကြောင့် သံလွင်ဆီကို ဒီအတိုင်း သောက်ပေးမယ်ဆိုရင် တစ်ရက် သုံးဇွန်း ခွဲသောက်နိုင်ပါတယ်။ အဲဒီလိုသောက် ပေးတာဟာ အိုင်ဗျူပရိုဖန်ဆိုတဲ့ အကိုက် အခဲပျောက်ဆေးနဲ့ ဂုဏ်သတ္တိချင်းတူပါ တယ်။ အရွက်သုပ်တဲ့အခါထည့်တာ၊ အ သားတွေချက်တဲ့အခါ ထည့်ချက်တာမျိုး လုပ်ပေးနိုင်ပါတယ်။ အဓိကတော့ တစ် ရက်ကို သုံးဇွန်းခွဲစားသုံးဖို့ပါ။

ပင်စိမ်းရွက်
အဆစ်အမျက်ရောင်ရမ်းတာကို လျော့နည်းစေပြီး နာကျင်တာကိုလည်း သက်သာစေပါတယ်။ ပင်စိမ်းမှာအဓိကပါ ဝင်တဲ့ အင်ဇိုင်းအမည်ကတော့ ယူဂျီနော ဖြစ်ပါတယ်။ ဒီတော့ ပင်စိမ်းကို စားမယ် ဆိုရင် အသားတွေ သုပ်စားတာ၊ တခြား ဟင်းသီးဟင်းရွက်တွေကို အသုပ်လုပ် စားတာမျိုးမှာ ထည့်စားနိုင်ပါတယ်။

အခြားအစားအစာများ
ဒူးဆစ်နာတာကို သက်သာစေတဲ့ တခြားအစားအစာတွေထဲမှာ ပန်းဂေါ်ဖီ စိမ်းဆိုရင် အရိုးအဆစ်တွေ ပျက်စီးတာ ကိုကာကွယ်ပေးပြီး ရောင်ရမ်းတာကို သက်သာစေပါတယ်။ ကြက်သွန်နီလည်း များများ စားသင့်ပါတယ်။ ဘာလို့လဲဆို တော့ကြက်သွန်နီမှာ အရိုးကျန်းမာရေးအ တွက် သိသိသာသာ အထောက်အကူပြု တဲ့ဓာတ်တစ်မျိုးဖြစ်တဲ့ ကွာစီတင် ပါဝင် တာကြောင့် ကြက်သွန်နီများများစားတဲ့ သူတွေမှာ အရိုးရောင်ရမ်းလို့ ခံစားရတဲ့ ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။ ချင်းမှာလည်း ရောင်ရမ်းမှုကိုလျော့နည်း စေတဲ့ ဂုဏ်သတ္တိတွေရှိပါတယ်။ ဒါ ကြောင့် အသားဟင်းတွေချက်တဲ့အခါ ချင်းထည့်ချက်ပေးပါ။

ပန်းသီးအနီ
အခွံအနီရောင်ရှိတဲ့ ပန်းသီးမှာ လည်း အင်တီအောက်ဆီးဒင့်တွေအများ အပြား ပါဝင်တာကြောင့် အရိုးကျန်းမာ ရေးအတွက် အထောက်အကူပြုပါတယ်။ ကြက်သွန်နီမှာ ပါဝင်တဲ့ ကွာစီတင်ဓာတ် ဟာ ပန်းသီအနီထဲမှာပါဝင်တဲ့အပြင် အန်သိုဆိုင်ယန်နင်လို့ခေါ်တဲ့ ဓာတ်တစ် မျိုးလည်း ပါဝင်တာကြောင့် အရိုးအဆစ် ရောင်ရမ်းတာကို သက်သာစေနိုင်ပါ တယ်။ ဒီတော့ ဒူးမကောင်းဘူးလို့ မိမိ ကိုယ်မိမိသံသယရှိတဲ့သူတွေအနေနဲ့ ပန်း သီးအနီတစ်နေ့တစ်လုံးစားပေးပြီး ဒူးဆစ် ကျန်းမာအောင် ကြိုတင်ကာကွယ်နိုင်ပါ တယ်။

ငါးနှင့် အခွံမာအစေ့အဆန်များ
ဆယ်လ်မွန်ငါး၊ မက်ကရယ်ငါးနဲ့ ဆာဒင်းငါးတွေကလည်း အိုမီဂါ ၃ ဖက် တီးအက်စစ်ပါဝင်တာကြောင့် အဆစ်အ မျက်ရောင်ရမ်းတာ၊ တောင့်တင်းတာ တွေကို လျော့ပါးစေပါတယ်။ လိမ္မော်ရောင် ရှိတဲ့အသီးအနှံတွေဖြစ်တဲ့ မုန်လာဥနီ၊ ကန် စွန်းဥတွေမှာလည်း ဗီတာမင်အေနဲ့ ဘီ တာ ကယ်ရိုတင်းဓာတ်တွေ ပါဝင်တာ ကြောင့် အရိုးအဆစ်အတွက် အရမ်းအ ကျိုးပြုတာကြောင့် စားဖြစ်အောင် စား သင့်ပါတယ်။ ပြုတ်စားတာ၊ ချက်စားတာ တွေပြုလုပ်နိုင်ပါတယ်။ ကန်စွန်းဥဆိုရင် ပြုတ်ထားတာတွေကို ခြေလိုက်ပြီး သံ လွင်ဆီဆမ်းစားတာမျိုး လုပ်နိုင်ပါတယ်။
အခွံမာအစေ့အဆန်တွေကတော့ ခန္ဓာကိုယ်ကျန်းမာစေတဲ့အင်တီအောက် ဆီးဒင့်တွေအပြင် ပျက်စီးသွားတဲ့ အရိုး တစ်သျှူးတွေကို ပြုပြင်ပေးနိုင်တဲ့ ဂုဏ် သတ္တိရှိပါတယ်။ ဒါကြောင့် အရိုးအဆစ် နာနေတဲ့သူတွေအနေနဲ့ အခွံမာအစေ့အ ဆန်တွေ စားရပါမယ်။ ဖရုံစေ့တို့လို၊ ဗာဒံ စေ့တို့လိုမျိုးလည်း စားနိုင်ပါတယ်။
ဘယ်ရီသီးတွေမှာတော့ အန်သိုဆိုင် ယာနင်လို့ခေါ်တဲ့ ဓာတ်တွေပါဝင်တာ ကြောင့် ဒူးနာတာနဲ့ရောင်ရမ်းတာတွေကို သက်သာစေပါတယ်။ ဒီတော့ စတော် ဘယ်ရီသီးလိုမျိုး ဘယ်ရီသီးတွေကို ဒီအ တိုင်းစားတာ၊ ဖျော်ရည်လုပ်သောက်တာ၊ ဒိန်ချဉ်စားတဲ့အခါ ရောစားတာမျိုး ပြု လုပ်နိုင်ပါတယ်။

ဒူးနာခြင်း ဝေဒနာ သက်သာစေရန်
ဒူးနာတာသက်သာချင်ရင် လေ့ကျင့် ခန်းတွေဘာတွေလုပ်တဲ့အခါ အရင်ဆုံး သွေးပူလေ့ကျင့်ခန်း၊ အကြောလျှော့တာ မျိုး လုပ်ပေးပါ။ လေ့ကျင့်ခန်းတွေကိုပြင်း ပြင်းထန်ထန်လုပ်တာမျိုးလည်း ရှောင်ပါ။ ပြေးတာ၊ တင်းနစ်ကစားတာတို့ကိုဖြစ်နိုင် ရင် ရှောင်သင့်ပါတယ်။ ရေကူးတာ၊ စက် ဘီးစီးတာတွေကိုတော့ အချိန်အရမ်းအ ကြာကြီးမဟုတ်ဘဲ လုပ်နိုင်ပါတယ်။ အဓိက ကတော့ ကိုယ်အလေးချိန်လျှော့ရမှာဖြစ် ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေး ချိန်ကို ဒူးကပင့်ထားရတာဖြစ်တဲ့အတွက် တတ်နိုင်ရင် အလေးချိန်လျှော့ချပေးရ ပါမယ်။ ဖိနပ်စီးတဲ့အခါမှာလည်း သတိ ထားပါ။ ဒေါက်ဖိနပ်တွေ ရှောင်သင့်ပါ တယ်။
အိပ်တဲ့အခါမှာလည်း ခါးအောက် မှာ ခေါင်းအုံးအသေးတစ်လုံး၊ ဒူးအောက် မှာ ခေါင်းအုံးအသေးတစ်လုံးထည့်ပြီး အိပ် ပေးတာက ဒူးနာသက်သာစေပါတယ်။ ထိုင်နေတာက အကောင်းဆုံးဆိုပေမယ့် မတ်တတ်ရပ်တဲ့အခါမျိုးမှာ ခြေထောက် နှစ်ချောင်းလုံးပေါ်ကို ခန္ဓာကိုယ်ရဲ့အ လေးချိန်က မျှမျှတတရှိနေဖို့လိုပါတယ်။ ဆိုလိုတာကခြေထောက်တစ်ချောင်းပေါ် ကိုပဲ အားပြုပြီး ရပ်တာမျိုး၊ မှီပြီး မတ် တတ်ရပ်တာမျိုး မလုပ်သင့်ပါဘူး။ ဒူးအ ရမ်းနာလို့ ရေခဲအုပ်မယ်ဆိုရင်လည်း တစ် နာရီအတွင်း ၁၅ မိနစ်လောက်ပဲ အုပ်ပါ။

အကြံပြုချက်
အခုနောက်ပိုင်း ဒူးနာတဲ့လူနာတွေ အတော်များလာပါတယ်။ ဆရာမဆီလာ တဲ့ ဒူးနာတဲ့လူနာတွေကိုတော့ အဓိက ကိုယ်အလေးချိန်ပဲ ချခိုင်းပါတယ်။ ဒူး နာတာကို ပေါ့ပေါတန်တန်တော့ မထား သင့်ပါဘူး။ နည်းနည်းပဲနာနာ၊ များများ ပဲနာနာ သက်ဆိုင်ရာဆရာဝန်တွေနဲ့ တိုင် ပင်ပြီး ကုသမှုခံယူပါ။ ကြိုတင်ကာကွယ် တာကတော့ အကောင်းဆုံးဖြစ်လို့ ကိုယ် အလေးချိန်ထိန်းထားတာ၊ ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းတွေလုပ်ပေးတာ၊ လိုအပ်တဲ့ အာဟာရတွေမှီဝဲတာမျိုး ပြု လုပ်သင့်ပါတယ်။

ဒေါက်တာဝင်းဝင်းမြင့်
အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *