ဒူးနဲ့တံတောင်မည်းနေတာကြောင့် မီနီစကတ်နဲ့ အင်္ကျီလက်ပြတ်လေးတွေ ၀တ်ဖို့ မ၀ံ့မရဲ ဖြစ်နေရင်

လက်ပြတ်အင်္ကျီလေးတွေ၊ မီနီစကတ်လေးတွေ ၀တ်မယ်ဆိုရင် ဒူးတွေ၊ တံတောင်ဆစ်တွေ မည်းနေတော့ ဘယ်လိုဝတ်ရဲပါ့မလဲနော်။ ဒါကြောင့် ဒူးလေးတွေ တံတောင်လေးတွေ ဖြူလာစေဖို့ အိမ်တွင်းနည်းလမ်းတချို့ကို ဖော်ပြပေးလိုက်ပါရစေ။

ဘာကြောင့်ဖြစ်ရတာလဲ
ဒီလိုဖြစ်ရတာဟာ ဆဲလ်သေတွေ ထပ်နေလို့ပါတဲ့။ ဒါကြောင့်လည်း အသားမာလို တင်းတင်းကြီးတွေနဲ့ မည်းနေတာရတာပါ။ ဒီဧရိယာတစ်ဝိုက် ပွတ်တိုက်မှုများတာ (ဥပမာ ဒူးတံတောင်ထောက်မိတာ များရင်)နဲ့ နေရောင်ခံတာ များတာကြောင့်လည်း ဆဲလ်သေတွေစုပုံလာပြီး မည်းလာရတာဖြစ်ပါတယ်။ ဆပ်ပြာနဲ့ ရေအထပ်ထပ်သုံးပြီး ပွတ်တိုက်ရင်တော့ မည်းနေတာတွေကို သက်သာစေမယ်လို့ ထင်ရပေမယ့် ဒါက အပေါ်ယံမည်းနေတာကိုသာ ပျောက်သွားစေတာဖြစ်ပါတယ်။ ဆဲလ်သေတွေ လျော့ကျသွား အောင်တော့ အခုဖော်ပြပေးမယ့် အိမ်တွင်းနည်းလမ်းတွေနဲ့ ပြုလုပ်ကြည့်စေချင်ပါတယ်။

♥ သကြားနှင့်သံလွင်ဆီ
ဒီနည်းလမ်းက ဆဲလ်သေတွေကို ဖယ်ရှားပေးတာရော အစိုဓာတ်ထိန်းတာရော နှစ်မျိုးစလုံး အသုံးဝင်ပါတယ်။
ပြုလုပ်နည်း
♦ သကြားနဲ့ သံလွင်ဆီကို ဆတူရောစပ်ပါ။
♦ ရလာတဲ့ အနှစ်ကို မည်းနေတဲ့ဒူးနဲ့ တံတောင် နေရာတွေမှာ ငါးမိနစ်ခန့် ပွတ်လိမ်းပါ။
♦ မိနစ် ၂၀ ခန့်ထားပြီး ရေဆေးချပါ။

♥ ရှောက်သီးနှင့်ပျားရည်
ဒီနှစ်မျိုးရောစပ်တာက ဒူးမည်းတံတောင်မည်း ပြဿနာတွေအပြင် တခြားပြဿနာအတော်များများကိုပါ ဖြေရှင်းပေးနိုင်ပါတယ်။ ရှောက်ရည်က သဘာဝကြေးချွတ်ပစ္စည်းပါဝင်ပြီး ပျားရည်ကတော့ အစိုဓာတ်ထိန်းပစ္စည်း မြောက်မြားစွာ ပါရှိတာကြောင့်ပါ။
ပြုလုပ်နည်း
♦ ရှောက်သီးတစ်လုံးကို အရည်ညှစ်ကာ ပျားရည် စားပွဲဇွန်းတစ်ဇွန်းစာနဲ့ ရောစပ်ပါ။
♦ ရလာတဲ့အရည်ကို မည်းနေတဲ့ဧရိယာပေါ်မှာ လိမ်းကာ မိနစ် ၂၀ ခန့် ထားပါ။
♦ အဲဒီနောက်မှာတော့ ရေဆေးချလိုက်ရင် ချက် ချင်း သင့်အသားအရေဟာ ၀င်းပလာပါလိမ့်မယ်။

♥ ရှောက်ရည်နှင့်ကုလားပဲမှုန့်
ရှောက်ရည်နဲ့ ကုလားပဲမှုန့်အရောအစပ်ကလည်း ဒီပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။
ပြုလုပ်နည်း
♦ ကုလားပဲမှုန့်နဲ့ရှောက်ရည်ကို လုံလောက်စွာ ထည့်ပြီး ပျစ်နှစ်နေအောင် သမပါ။ ရလာတဲ့အနှစ်ကို မည်းနေတဲ့ ဒူးနဲ့ တံတောင်ပေါ်မှာ လိမ်းပြီး ညင်သာစွာ ပွတ်လိမ်းပေးပါ။
♦ ခြောက်သွေ့အောင် ထားပြီးနောက်မှာ ရေ ဆေးလိုက်ပါ။

♥ သစ်သီးများ
ရှောက်ရည်မှာ သဘာဝကြေးချွတ်ပစ္စည်း ပါဝင်သလိုပဲ ခရမ်းချဉ်သီးနဲ့ စပျစ်သီးမှာလည်း ပါဝင်ပါသတဲ့။ သူတို့ဟာ ဒူးနဲ့တံတောင်ပေါ်က အမည်းအစက်အပြောက်တွေနဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။
ပြုလုပ်နည်း
♦ ခရမ်းချဉ်သီး ဒါမှမဟုတ် စပျစ်သီးတွေကို ကြိတ်စက်မှာ ကြိတ်ပါ။
♦ ပြီးရင် ဒူးနဲ့တံတောင်ပေါ်က အမည်းရောင် အထပ်ထပ်တွေပေါ်လိမ်းကာ ခြောက်အောင်ထားပါ။
♦ သင် မျှော်မှန်းတဲ့အခြေအနေရောက်တဲ့အထိ နေ့စဉ် ပြုလုပ်ပေးနိုင်ပါတယ်။

♥ ရှလကာရည်နှင့် ဒိန်ချဉ်
ဒီနှစ်မျိုးစလုံးက ကြေးချွတ်တာရော အစိုဓာတ် ထိန်းတာအတွက်ပါ အသုံးဝင်ပါတယ်။
ပြုလုပ်နည်း
♦ စားပွဲဇွန်းတစ်ဇွန်းစာ ရှလကာရည်ကို မလိုင်မပါ ဒိန်ချဉ်တစ်ခွက်စာနဲ့ ရောစပ်ကာ သမအောင် မွှေပါ။
♦ ရလာတဲ့ အရောအစပ်ကို မည်းနေတဲ့ ဒူးနဲ့တံတောင်ပေါ်လိမ်းကာ စက်ဝိုင်းသဏ္ဌာန်နှိပ်နယ်ပေးပါ။
♦ ခြောက်အောင် ထားပြီးနောက် ရေဆေးချပါ။ ဒီလိုလုပ်ပေးတာကြောင့် သင့်အသားအရေကို နူးညံ့ ချောမွေ့လာစေပြီး လင်းလက်လာစေပါလိမ့်မယ်။

♥ ရှားစောင်းလက်ပပ်ဂျဲလ်
ရှားစောင်းလက်ပပ်ဟာ နေလောင်တာလိုမျိုး အရေပြားပြဿနာတွေအတွက် အကောင်းဆုံးပါ။ ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အသားအရေပျက် စီးတာနဲ့ ရေဓာတ်ခန်းခြောက်အသားအရေတွေကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။
ပြုလုပ်နည်း
♦ ရှားစောင်းလက်ပပ်ထဲက အနှစ်ကို ခြစ်ယူပါ။
♦ အဲဒီအနှစ်ကို မည်းနေတဲ့ ဒူးနဲ့တံတောင်ပေါ် ညင်သာစွာ လိမ်းပြီး စက်ဝိုင်းသဏ္ဌာန်နှိပ်နယ်ပါ။
♦ နေ့စဉ်ပြုလုပ်ပေးပါက လိုချင်တဲ့ရလဒ် ဖြစ်လာပါလိမ့်မယ်။

♥ သံလွင်ဆီနှင့် အခြားသဘာဝအဆီများ
ဒူးနဲ့တံတောင်ဆစ်မှာ မည်းနေတယ်ဆိုတာက အဒီနေရာက အရေပြားတွေခြောက်သွေ့နေတာ ကြောင့်ဆိုတာ သတိရပါ။
ပြုလုပ်နည်း
♦ နှမ်းဆီ ဒါမှမဟုတ် အုန်းဆီကို မည်းနေတဲ့ဧရိ ယာတစ်ဝိုက် လိမ်းပါ။
♦ နေ့စဉ် တစ်နေ့ တစ်ကြိမ် ပြုလုပ်ပေးပါ။

♥ မုန့်ဖုတ်ဆော်ဒါ
မုန့်ဖုတ်ဆော်ဒါကို ဒူးမည်းတံတောင်မည်း ပြဿနာတွေအပြင် တခြားအရေပြားပြဿနာတွေအတွက်လည်း သုံးကြပါတယ်။
ပြုလုပ်နည်း
♦ မုန့်ဖုတ်ဆော်ဒါစားပွဲဇွန်း တစ်ဇွန်းစာကို နွား နို့အလုံအလောက်ထည့်ပြီး ပျစ်နှစ်နေအောင် နယ်ပါ။
♦ ရလာတဲ့အနှစ်ကို ဒူးနဲ့တံတောင်ဆစ်မှာ လိမ်း ပြီး စက်ဝိုင်းသဏ္ဌာန် နှိပ်နယ်ပါ။
♦ ခြောက်အောင်ထားပြီးမှ ရေဆေးချပါ။
♦ နေ့စဉ် တစ်နေ့ တစ်ကြိမ် လိုချင်တဲ့ရလဒ်ဖြစ်လာ တဲ့အထိ ပြုလုပ်ပါ။ နွားနို့က အသားအရေကို နူးညံ့ စိုပြည်စေပြီး မုန့်ဖုတ်ဆော်ဒါကတော့ မည်းနေတဲ့ အရေးပြားကို ကြေးချွတ်ပေးကာ လင်းလက်လာစေ နိုင်ပါတယ်။

♥ နနွင်း နွားနို့နှင့် ပျားရည်
ဒီသုံးမျိုးအရောအစပ်က သင့်ဒူးနဲ့တံတောင် ဆစ်က မည်းနေတာတွေအတွက် ပြုပြင်ပေးနိုင်ပါ တယ်။ နွားနို့က အရောင်ချွတ်ပေးပြီး နနွင်းက သဘာဝပိုးသတ်အာနိသင် ပါဝင်ကာ ပျားရည်က အ စိုဓာတ်ထိန်းပေးနိုင်ပါတယ်။
ပြုလုပ်နည်း
♦ ပျားရည်၊ နွားနို့နဲ့ နနွင်းအနည်းငယ်ကို ရော စပ်ပြီး သမအောင်မွှေပါ။
♦ ရလာတဲ့အရောအစပ်ကို မည်းနေတဲ့ဧရိယာ တစ်ဝိုက်မှာ လိမ်းကာ စက်ဝိုင်းသဏ္ဌာန်နှိပ်နယ်ပါ။
♦ မိနစ် ၂၀ ခန့်ထားပြီး ကြက်သီးနွေးရေနဲ့ ဆေး ကြောပါ။ ၀င်းလက်လာစေမယ့်အပြင် ဆဲလ်သေတွေ ကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။

♥ နေရောင်ကာခရင်မ်
ဒူးမည်းတံတောင်မည်းဖို့ အလွယ်ဆုံးက နေရောင်ခြည်ဒဏ်ခံရတာပါပဲ။ သင်ဟာ နေရောင်နဲ့ ထိ တွေ့မှုများတဲ့သူဆိုရင် နေရောင်ကာခရင် များများ လိမ်းရမှာ ဖြစ်ပြီး နာရီအနည်းငယ်ကြာတိုင်း တစ် ကြိမ် ထပ်လိမ်းသင့်ပါတယ်။ SPF များများပါတဲ့ နေ ရောင်ကာခရင်မ်ကို လိမ်းဖို့ မမေ့နဲ့နော်။ သူက အ တိုင်းအတာတစ်ခုအထိ ဒူးမည်းတံတောင်မည်း ပြဿနာကို ကာကွယ်ပေးနိုင်ပါတယ်။

ဆူးမြာ

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *