အရွယ်ရောက်အမျိုးသမီးတိုင်း လစဉ်ကြုံတွေ့နေရတာကတော့ ဓမ္မတာရာ သီစက်ဝန်းပါပဲ။ တစ်လတစ်ခါကြုံတွေ့ ရတဲ့ သွေးဆင်းတာနဲ့ ပတ်သက်ပြီး ဘယ်လောက်သိသလဲ လေ့လာကြည့်ကြရအောင်။
၁။ ပုံမှန်ရာသီသွေးဆင်းရင် ဘယ်နှရက် ကြာတတ်လဲ။
(က) နှစ်ရက်ကနေ သုံးရက်
(ခ) သုံးရက်ကနေ ငါးရက်
(ဂ) ခြောက်ရက်ကနေ ရှစ်ရက်
၂။ ရာသီသွေးဆင်းတဲ့အခါ သွေးပမာဏ ဘယ်လောက်ဆုံးရှုံးလေ့ရှိသလဲ။
(က) စားပွဲတင်ဇွန်း နှစ်ဇွန်းစာ (ခ) ကော်ဖီခွက် သုံးပုံတစ်ပုံစာ (ဂ) ကော်ဖီခွက် တစ်ခွက်စာ
၃။ ပုံမှန်လာနေကျ ရာသီမလာပါက ကိုယ် ဝန်ရှိလို့သော်လည်းကောင်း၊ ရောဂါရှိလို့ သော်လည်းကောင်းကြောင့်သာ ဖြစ်ပါ တယ်။
(က) မှန် (ခ) မှား
၄။ ရာသီစလာစဉ်အခါမှာ ခန္ဓာကိုယ်ရှိ ဘယ်အစိတ်အပိုင်းတွေ ကိုက်ခဲနေ တတ်ပါသလဲ။
(က) ခြေလက်တွေ(ခ) ဗိုက်နဲ့ ခါး (ဂ) ဗိုက်
၅။ ပုံမှန်ဓမ္မတာစက်ဝန်းကြာချိန်က –
(က) ၂၁ရက် (ခ) ၂၈ရက်(ဂ) ၃၅ရက် (ယ) အပေါ်ကရက်အကုန်လုံး
၆။ ဘယ်အရာက ရာသီလာစဉ်ကိုက်ခဲမှု နွမ်းနယ်မှုကို ပိုဆိုးစေနိုင်သလဲ။
(က) လေ့ကျင့်ခန်းလုပ်ခြင်း (ခ) စိတ်ဖိစီးမှု(ဂ) ချောကလက်
၇။ ပုံမှန်အားဖြင့် အမျိုးသမီးတစ်ယောက် ရဲ့ဘဝမှာ ရာသီစက်ဝန်းဘယ်နှခါလောက် ကြုံတွေ့ဖူးမလဲ။
(က) ၂၀ဝ(ခ) ၄၅၀(ဂ) ၆၅၀(ယ) ၁၀ဝဝ
၈။ ဓမ္မတာရာသီတစ်ခုနဲ့တစ်ခုအကြား သွေးဆင်းတာက ရောဂါလက္ခဏာလို့ အမြဲယူဆရမလား။
(က) မှန် (ခ) မှား
၉။ ရာသီလာတဲ့အခါမှာ သွေးတုံးသွေးခဲ လေးတွေ ကျလာတာပုံမှန်ပဲလား။
(က) မှန် (ခ) မှား
၁၀။ ရာသီလာစဉ် လိင်ဆက်ဆံရင် ကိုယ်ဝန်မရတတ်ဘူးဆိုတာမှန်လား။
(က) မှန် (ခ) မှား
၁၁။ ရာသီသွေး အညိုရောင်ဖြစ်နေတာ ပုံမှန်ပဲလား။
(က) မှန် (ခ) မှား
၁၂။ ဘယ်အရာက ရာသီမလာခင် ကိုက် ခဲနာကျင်မှုတွေကို သက်သာစေနိုင်ပါသလဲ။
(က) ချောကလက် (ခ) လေ့ကျင့်ခန်း (ဂ) ဝိုင်
အဖြေတွေကိုတော့ Good Health Journal အမှတ်(…) က စာမျက်နှာ (၄) မှာ ဖတ်ရှုနိုင်ပါတယ်။
ဒေါက်တာနုမြတ်သိင်္ဂီဦး