ဓမ္မတာလာနေစဉ် ကိုယ်အလေးချိန် မြင့်တက်ခြင်း

မိန်းကလေးအများစုက ဓမ္မတာလာနေစဉ်မှာ ပုံမှန်ထက် ပိုဝလာတယ်၊ မြန်မာ ဝတ်စုံလိုမျိုး ကိုယ်နဲ့ကွက်တိကျတဲ့ အင်္ကျီဝတ်တတ်သူတွေဆိုရင် ပိုကျပ်လာတယ်လို့ ခံစားရတတ်တာက ပုံမှန်အနေအထားပါ။ ဒါကိုမှ စိတ်မသက်မသာ ဖြစ်နေသူတွေ အတွက် ဓမ္မတာလာနေစဉ်မှာ ကိုယ်အလေးချိန်မြင့်တက်ရတဲ့အကြောင်းရင်းတွေနဲ့ ဘယ်လိုရှောင်ကြဉ်ရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ဓမ္မတာလာစဉ် ကိုယ်အလေးချိန်မြင့်တက်ရသည့် အကြောင်းရင်း

ရေစုဆောင်းမှုများလာခြင်း
ဓမ္မတာလာစဉ်မှာ ကိုယ်အလေးချိန်မြင့်တက်ရတဲ့ အဓိက အကြောင်းရင်းက ရေဓာတ်တွေ စုဆောင်းမှုများလာတာကြောင့် ဖြစ်ပါတယ်။ ဓမ္မတာလာစဉ်ကာလအ တွင်းမှာ ခန္ဓာကိုယ်က ရေတွေကို အများအပြား စုပ်ယူလေ့ရှိပါတယ်။ ဒီအခြေအနေကို နိနာa (ဖောရောင်တာ)လို့ ခေါ်ပါတယ်။ ဓမ္မတာလာစဉ်ကာလမှာ ဟော်မုန်းတွေ အတက်အကျ အလွန်များပြားတဲ့အတွက် ဖောရောင်ရတာဖြစ်ပါတယ်။ အဓိကအ ချက်ကတော့ ပရိုဂျက်စတုန်းပမာဏတွေ ရုတ်တရက်ကျဆင်းသွားတာကြောင့်ပါ။

ဓမ္မတာအကြိုဝေဒနာခံစားရခြင်း (PMS)

များသောအားဖြင့် အမျိုးသမီးတွေအနေနဲ့ ဓမ္မတာလာခါနီး တစ်ပတ်၊ နှစ်ပတ် အလိုမှာ ဓမ္မတာအကြိုဝေဒနာခံစားရတတ်ပါတယ်။ လက္ခဏာအများစုကတော့ အစာ စားချင်စိတ်များလွန်တာ၊ လေပွတာ၊ စိုးရိမ်စိတ်များတာနဲ့ စိတ်ဓာတ်ကျတာတွေ ခံစား ရတတ်ပါတယ်။ ဒီလိုဖြစ်တာကြောင့် အစာတွေကို ပိုမိုစားသုံးတတ်ပြီး အထူးသဖြင့် အငန်နဲ့ အချိုကဲလွန်းတဲ့အစားအစာမျိုးတွေကို ရွေးချယ်စားသုံးတတ်ကြပါတယ်။ ဒီအတွက် ဓမ္မတာစလာစဉ်မှာ ကိုယ်အလေးချိန် ငါးပေါင်လောက် မြင့်တက်လာပါတယ်။

ပုံမှန်လေ့ကျင့်ခန်းကို မလုပ်တော့ခြင်း
အမျိုးသမီးအများစုက ဓမ္မတာအကြိုဝေဒနာခံစားရချိန်မှာ ပုံမှန်လေ့ကျင့်ခန်း လုပ်တာကို ရပ်တန့်လိုက်တတ်ကြပါတယ်။ လေ့ကျင့်ခန်းရပ်လိုက်တာကြောင့် အဆီ တွေ စတင်ပြီး စုဆောင်းလာတာ၊ ရေပိုမိုစုဆောင်းလာတာတွေ ဖြစ်ပြီး ကိုယ်အလေးချိန် မြင့်တက်လာတာဖြစ်ပါတယ်။

အစာအိမ်နှင့်အူလမ်းကြောင်းပြဿနာဖြစ်ခြင်း
ဓမ္မတာလာစဉ်မှာ အမျိုးသမီးအများစုက ဝမ်းချုပ်တာ၊ အစာမကြေတာနဲ့ လေပွ တာတွေ ဖြစ်တတ်ကြပါတယ်။ အစာခြေစနစ်က ကောင်းကောင်းအလုပ်မလုပ်တော့ တာကြောင့် ဇီဝရုပ်ဖြစ်စဉ်လည်း နှေးကွေးသွားပါတယ်။ ဒါကြောင့် အဆီတွေက နေရာတကာမှာ စုဆောင်းမှုများလာပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွင်း စိတ်ဖိစီးမှု တွေ များလာတာကြောင့် ရောင်ရမ်းမှုတွေဖြစ်လာပြီး ရောင်ရမ်းမှုကြောင့် ကိုယ်အ လေးချိန်မြင့်တက်လာပါတယ်။

အစာစားချင်စိတ်လွန်ကဲခြင်း
အစာစားချင်စိတ်တွေ လွန်ကဲလာတဲ့အတွက် ဓမ္မတာလာစဉ်ကာလမှာ ကိုယ် အလေးချိန်မြင့်တက်လာတာဖြစ်ပါတယ်။ ဓမ္မတာအကြိုဝေဒနာခံစားရချိန်မှာ စိတ်ဖိစီး မှုတွေ များပြားလာပြီး စိတ်ဖိစီးမှုကြောင့် အချိုနဲ့ အငန်ကဲလွန်းတဲ့အစားအစာစားချင် စိတ်တွေ ဖြစ်ပေါ်လာပြီး ပိုမိုစားသုံးမိတတ်ပါတယ်။ ဒီလိုဖြစ်တာကြောင့် သွေးတွင်း သကြားဓာတ်တွေ မြင့်တက်လာပြီး ရေဓာတ်စုဆောင်းမှုလည်း များပြားလာပါတယ်။

မဂ္ဂနီဆီယမ်ပမာဏ လျော့ကျသွားခြင်း
ဓမ္မတာစက်ဝန်းမစတင်ခင်မှာပဲ ခန္ဓာကိုယ်အတွင်းက မဂ္ဂနီဆီယမ်ပမာဏက လျော့ကျသွားပါတယ်။ ဒီလိုဖြစ်တာကြောင့် အင်ဆူလင်တွေလည်း လျော့နည်းသွားပြီး ဂလူးကို့စ်ကို စားချင်စိတ်တွေ ပိုမိုဖြစ်ပေါ်လာပါတယ်။ အချိုဓာတ်လွန်ကဲတဲ့အစားအ စာတွေကို ပိုမိုစားသုံးချင်လာတဲ့အတွက် ကိုယ်အလေးချိန်မြင့်တက်လာရတာပါ။
မမျိုးဥအိမ်တွင် ရေအိတ်တည်သည့် လက္ခဏာစုရှိခြင်း (PCOS)
အမျိုးသမီး ငါးယောက်မှာ သုံးယောက်နှုန်းဟာ Polycystic Ovarian Syndrome လို့ ခေါ်တဲ့ မမျိုးဥအိမ်မှာရေအိတ်တည်တဲ့လက္ခဏာစု ရှိတတ်ကြပါတယ်။ များသောအားဖြင့် အဝလွန်တာ ဒါမှမဟုတ် ဇီဝရုပ်ဖြစ်စဉ်အနှောင့်အယှက်ဖြစ်တာမျိုးတွေကို တွေ့ရတတ်ပါတယ်။

ဓမ္မတာလာစဉ် ကိုယ်အလေးချိန်မမြင့်တက်စေရန် ကာကွယ်နိုင်မည့်နည်းလမ်းများ

ကြိုတင်ကြံစည်ပါ
သင်ရဲ့ ဓမ္မတာစက်ဝန်းအကြောင်းနဲ့ ခန္ဓာကိုယ်က ဟော်မုန်းအပြောင်းအလဲကို တုံ့ပြန်မှုအကြောင်းတွေ သင်နားလည်သွားပြီဆိုရင် ဓမ္မတာလာစဉ်မှာ ကိုယ်အလေး ချိန်မြင့်တက်ရတဲ့အကြောင်းရင်းတွေကို ကာကွယ်နိုင်ပါတယ်။

သင်ရဲ့ မီးဖိုချောင်ထဲမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အသီးအနှံတွေ၊ သကြား ပါဝင်မှုနည်းတဲ့မုန့်တွေကိုပဲ စုဆောင်းထားပါ။ ဒါမှဗိုက်ဆာလာရင် အချိုဓာတ်၊ အငန် ဓာတ်လွန်ကဲတဲ့အစားအစာတွေကို မစားမိမှာ ဖြစ်ပါတယ်။

ကော်ဖီမသောက်ပါနှင့်
ဓမ္မတာလာစဉ်မှာ ဓမ္မတာအကြိုဝေဒနာခံစားရရင် ကော်ဖီမသောက်ပါနဲ့။

ရေများများသောက်ပါ
ရေသောက်တာကြောင့် ဆဲလ်တွေမှာ ရေဓာတ်တွေ ပြည့်ဝနေပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ကာ ဇီဝရုပ်ဖြစ်စဉ် ပြန်လည်ကောင်းမွန်သွား နိုင်ပါတယ်။
ဒါကြောင့် ဓမ္မတာမလာခင်နဲ့ လာနေစဉ်အတွင်း ကိုယ်အလေးချိန်မြင့်တက်မှုမရှိ အောင် ကာကွယ်နိုင်ပါတယ်။

အစာနပ်မရှောင်ပါနှင့်
တစ်နေ့ကို အစာ ငါးကြိမ်၊ ခြောက်ကြိမ်လောက် စားပေးပါ။ မနက်စာ၊ နေ့လယ် စာ၊ ညစာအပြင် အဆာပြေစာကို နှစ်ကြိမ်လောက် စားပေးရပါမယ်။ ဒီလိုစားတာကြောင့် ဇီဝရုပ်ဖြစ်စဉ်တွေ ပြန်လည်ကောင်းမွန်ပြီး ဟော်မုန်းလည်း ညီညွတ်မျှတမှုရှိသွားကာ စိတ်ကျေနပ်မှုရှိသွားပါတယ်။

ဆားလျှော့စားပါ
အငန်လွန်ကဲတဲ့အစားအစာ ဒါမှမဟုတ် အဆင်သင့်စာနဲ့ ပြုပြင်ထားတဲ့အစား အစာတွေကို ခန္ဓာကိုယ်အတွင်း ရေဓာတ်စုဆောင်းမှုများပြားစေနိုင်ပါတယ်။ ဓမ္မတာ လာခါနီးနဲ့ ဓမ္မတာလာစဉ်ကာလမှာ ဒီအစားအစာတွေကို ရှောင်ကြဉ်တာက ကိုယ် အလေးချိန်မြင့်တက်မှုမရှိအောင် ကာကွယ်နိုင်ပါတယ်။

ပြုလုပ်နေကျလေ့ကျင့်ခန်းများကို ဆက်လက်လုပ်ဆောင်ပါ
ဓမ္မတာလာစဉ်မှာ အားကစားခန်းမကိုသွားပြီး လေ့ကျင့်ခန်းလုပ်ချင်စိတ်မရှိရင် တောင်မှ လေ့ကျင့်ခန်းလုပ်တာကြောင့် စိတ်ခံစားမှုကို မြင့်တက်လာနိုင်တယ်ဆိုတာကို နှလုံးသွင်းပြီး လေ့ကျင့်ခန်းမဖြစ်မနေပြုလုပ်ပေးပါ။ စိတ်ခံစားချက်ကောင်းမွန်လာတဲ့ အတွက် ကျန်းမာရေးနဲ့ညီညွတ်မှုမရှိတဲ့အစားအစာတွေကို စားချင်စိတ်ဖြစ်ပေါ်တော့ မှာ မဟုတ်သလို ကောင်းမွန်စွာ အိပ်စက်နိုင်ကာ စိတ်ဖိစီးမှုလည်း လျော့နည်းသွား နိုင်ပါတယ်။

အောက်ပါအားဖြည့်အစားအစာတွေကို စားသုံးပါ
 ကယ်လ်စီယမ်
ကယ်လ်စီယမ်ဟာ ဓမ္မတာအကြိုဝေဒနာကို သက်သာအောင် ကူညီနိုင်တဲ့အ တွက် ဓမ္မတာလာစဉ်အတွင်းမှာ ကယ်လ်စီယမ်ပြည့်ပြည့်၀၀ရရှိဖို့ လိုအပ်ပါတယ်။
 မဂ္ဂနီဆီယမ်
သူက ခန္ဓာကိုယ်က ဟော်မုန်းတွေကို ညီညွတ်မျှတမှုရှိအောင် ကူညီနိုင်ပါတယ်။
အိုမီဂါသရီးဖက်တီးအက်စစ်
အိုမီဂါသရီး အားဖြည့်ဆေးက ဓမ္မတာအကြိုဝေဒနာခံစားရချိန်မှာ စိတ်ဖိစီးမှု တွေ လျော့ကျအောင် ကူညီနိုင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်မျှတမှုမရှိတဲ့အစားအစာ တွေကို များများမစားမိအောင် ကာကွယ်ပေးနိုင်ပါတယ်။
 ဗီတာမင်
ဗီတာမင် ဘီ ၆ က သွေးတွင်းအီစထရိုဂျင်ပမာဏကို လျော့ကျစေပြီး ပရိုဂျက် စတုန်းပမာဏမြင့်တက်ဖို့ ကူညီနိုင်ပါတယ်။ ဒီလိုဖြစ်တာကြောင့် ဟော်မုန်းအတက် အကျတွေ ထိန်းချုပ်ပေးနိုင်တဲ့အတွက် ကိုယ်အလေးချိန်မြင့်တက်မှုမရှိအောင် ကာ ကွယ်နိုင်ပါတယ်။ တစ်နေ့ကို ဗီတာမင် ဘီ ၆ ၁၀၀-၂၀၀ မီလီဂရမ်ရရှိအောင်မှီဝဲပါ။
 

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal