ဓာတ်မတည့်တာကြောင့်ဖြစ်တတ်တဲ့ ဝေဒနာတွေကိုဘယ်လိုဖြေရှင်းမလဲ

ဓာတ်မတည့်တဲ့အခါ နှာရည်ယို၊ နှာ ပိတ်တာတွေ ဖြစ်လာတာက နှာခေါင်း အတွင်းမှာရှိတဲ့ တစ်သျှူးတွေ ရောင်ရမ်း တာကြောင့်ပါ။ ရာသီဥတု အပြောင်းအ လဲ၊ အပူချိန်အပြောင်းအလဲ၊ ဆေးလိပ် သောက်သုံးတာ၊ အအေးမိဖျားနာတာ၊ ဓာတ်မတည့်စေတဲ့ ဖုန်၊ အမှုန်၊ ပန်းဝတ် မှုန်နဲ့ တိရစ္ဆာန် အညစ်အကြေး စတဲ့အရာ တွေနဲ့ ထိတွေ့မိတာတွေကြောင့် အဖြစ် များတတ်ပါတယ်။ နှာရည်ယို၊ နှာပိတ်တာ အပြင် မျက်လုံးနီရဲတာ၊ နွမ်းနယ်တာ၊ ချောင်းဆိုးတာ၊ ခေါင်းကိုက်တာ စတဲ့ လက္ခဏာတွေလည်း ခံစားရနိုင်ပါတယ်။
 

စိုစွတ်တဲ့လေကို ရှူပါ
သင်အနေများတဲ့ အခန်းတွေထဲမှာ စိုစွတ်မှုရှိတဲ့ လေတွေ ရှိနေဖို့ အစိုဓာတ် ထုတ်လွှင့်ပေးနိုင်တဲ့ Humidifier တပ် ဆင်ထားဖို့ လိုပါတယ်။ ခြောက်သွေ့တဲ့ လေက သင့်နှာခေါင်းတွင်းကို ယားယံစေ ပါတယ်။ တစ်နေ့ကို နှစ်ကြိမ်ကနေ လေး ကြိမ်အထိ ရေနွေးငွေ့ရှူပေးတာက နှာ ခေါင်းတွင်း ယားယံမှုနဲ့ နှာရည်ယို၊ နှာ ပိတ်ခြင်းကို သက်သာစေပါတယ်။ ရေချိုး ခန်းထဲမှာ အခန်းတံခါးတွေ အလုံပိတ် ကာ ရေပန်းဖွင့်ပြီး အသက်ရှူပေးပါ။

  ဆေးလိပ်မသောက်ရနေရာ သတ် မှတ်ပါ
အိမ်သန့်ရှင်းရေးပြုလုပ်ရာမှာ အ သုံးပြုရတဲ့ ပစ္စည်းတွေ၊ အိမ်သုတ်ဆေး တွေ၊ ဆံပင်ဖျန်းဆေးတွေ၊ ရေမွှေးတွေနဲ့ ဆေးလိပ်မီးခိုးငွေ့တွေက နှာခေါင်းကို ဓာတ်မတည့်မှုဖြစ်ကာ နှာရည်ယို၊ နှာ ပိတ်တာကို ဖြစ်စေပါတယ်။ သင့်မိတ် ဆွေပဲဖြစ်ဖြစ်၊ မိသားစုဝင်တစ်ယောက် ယောက်ပဲဖြစ်ဖြစ် အိမ်တွင်းမှာ ဆေးလိပ် သောက်တာကို ခွင့်မပြုသင့်ပါဘူး။
ရေများများသောက်ပါ

သင့်မှာ နှာခေါင်းရောဂါရှိပါက ရေ များများသောက်ပေးပါ။ ရေ ဒါမှမဟုတ် ဖျော်ရည်တွေ သောက်ပေးတာက အချွဲ တွေကို ကျဲစေပြီး အောက်ကိုကျစေပါ တယ်။ ရေနွေးကြမ်းပူပူလေးသောက်ပေး တာကပိုပြီးထိရောက်မှုရှိပါတယ်။ ကဖင်း နဲ့အရက်ပါဝင်တဲ့ အဖျော်ယမကာတွေ က ခန္ဓာကိုယ်ကနေ ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်စေတာကြောင့် နှာခေါင်းရောဂါတွေ ကို ပိုဆိုးစေပါတယ်။ တစ်နေ့ကို ရေရှစ် ဖန်ခွက်သောက်ပါ။ ကဖင်းနဲ့ အရက်မပါ ဝင်တဲ့ ဖျော်ရည်တွေကို သောက်ပေးပါ။

 နှာခေါင်းကို သန့်ရှင်းပါ
နှာခေါင်းတွင်း သန့်ရှင်းရေးပြုလုပ် ပါ။ နှာခေါင်းတွင်းမှာရှိတဲ့ ဓာတ်မတည့် စေတဲ့အရာတွေနဲ့ အချွဲတွေကို ဖယ်ရှား ရှင်းလင်းနိုင်ပါတယ်။ Salငညန Sသူကအငသည ကို နှာခေါင်းပေါက်တစ်ဖက်ကနေ ထည့် လိုက်ပြီး နောက်တစ်ဖက်ကနေ ပြန် ထုတ်ပါ။ အဲလိုပြုလုပ်နေချိန်မှာ အသက် ကို ပါးစပ်နဲ့ ရှူပါ။ နှာခေါင်းထဲ ထည့်မယ့် အရည်ကို ဆိုင်က မဝယ်တော့ဘဲ အိမ် မှာပဲ ကိုယ့်ဘာသာ ပြုလုပ်နိုင်ပါတယ်။ ကြက်သီးနွေး ၁၆ အောင်စထဲကို ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်မွှေပြီး အသုံးပြုနိုင်ပါတယ်။

ဓာတ်မတည့်စေသော အရာများ ကို ရှောင်ပါ
နှာခေါင်းနဲ့ဓာတ်မတည့်စေတဲ့ အ ရာတွေက နှာခေါင်းတွင်းအချွဲလွှာကို ရောင်ရမ်းစေပြီး နှာခေါင်းတွင်းရှိ လေ အိတ်လေးတွေကို ပိတ်စေတာကြောင့် နှာခေါင်းတွင်း နာကျင်မှုနဲ့ ဖိအားများစေ ပါတယ်။ နှာခေါင်းဓာတ်မတည့်မှုကို ဖြစ် စေတဲ့ အိမ်မွေးတိရစ္ဆာန်တွေ၊ ဖုန်၊ အမှုန်၊ ပန်းဝတ်မှုန်တွေကို ရှောင်ရှားပါ။

ချင်း (ဂျင်း) လက်ဖက်ရည်သောက်ပါ
ချင်းကို ဓာတ်မတည့်တဲ့အရာတွေ အတွက်အသုံးပြုနိုင်ပါတယ်။ ချင်း(ဂျင်း) လက်ဖက်ရည်တစ်ခွက်က သဘာဝ ဓာတ်မတည့်ပျောက်ဆေး တစ်လက်ပါ။ ဓာတ်မတည့်တာကြောင့်ဖြစ်တဲ့ နှာစေး တာ၊ ချောင်းဆိုးတာနဲ့ အဲဒါတွေကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ခေါင်းကိုက် တာကိုပါ သက်သာစေဖို့ ချင်း(ဂျင်း) လက်ဖက်ရည်တစ်ခွက်သောက်ပါ။ ရေ နွေးပူပူတစ်ခွက်ထဲကို အခွံနွှာပြီး ထောင်း ထားတဲ့ ချင်း(ဂျင်း) လက်ဖက်စားဇွန်း တစ်ဇွန်းထည့်သောက်ပါ။ အရသာ ကောင်းချင်ရင် ပျားရည်အနည်းငယ် ထည့်သောက်ပါ။

 ကြက်သွန်ဖြူ ဝါးစားပါ
ဓာတ်မတည့်တာကြောင့် ဖြစ်တဲ့ နှာ ရည်ယိုတာအတွက် ကြက်သွန်ဖြူက ထိ ရောက်မှုရှိပါတယ်။ ကြက်သွန်ဖြူ နှစ်မြွှာ၊ သုံးမွှာလောက်ကို ဝါးစားပေးရပါမယ်။ လက်ဖက်စားတဲ့အခါ၊ အသုပ်တွေစားတဲ့ အခါ၊ ထမင်းစားတဲ့အခါတွေမှာ ကြက် သွန်ဖြူ စားပေးနိုင်ပါတယ်။ ဒါမှမဟုတ် ရေနွေးပူပူတစ်ခွက်ထဲကို ကြက်သွန်ဖြူ ထောင်းပြီး ထည့်ပါ။ အရသာကောင်းစေ ဖို့ ပျားရည်အနည်းငယ် ထည့်သောက်နိုင် ပါတယ်။

 ပန်းသီးရှလကာရည် သောက်ပါ
ကြက်သီးနွေးရေတစ်ဖန်ခွက်ထဲကို ပန်းသီးရှလကာရည် လက်ဖက်စားဇွန်း နှစ်ဇွန်းထည့်ပြီး တစ်နေ့ကို သုံးကြိမ် သောက်ပါ။

 နွားနို့ထဲ နနွင်းထည့်သောက်ပါ
နနွင်းက ဘက်တီးရီးယားပိုးသတ် အာနိသင်၊ ဗိုင်းရပ်စ်ပိုးသတ်အာနိသင်နဲ့ ရောင်ရမ်းမှု လျော့နည်းစေတဲ့ အာနိသင် တွေ ရှိပါတယ်။ နွားနို့နွေးနွေးတစ်ခွက်ထဲ ကို နနွင်းလက်ဖက်စားဇွန်းတစ်ဇွန်းထည့် ပါ။ သောက်လို့ကောင်းအောင် ပျားရည် တစ်ဇွန်း ထည့်သောက်ပါ။

 ဒိန်ချဉ် သောက်ပါ
အကျိုးပြု ဘက်တီးရီးယားတွေပါ တဲ့ အစားအသောက်တွေ စားသုံးတာက အူလမ်းကြောင်းကိုကျန်းမာအောင် ထိန်း သိမ်းပေးနိုင်ပါတယ်။ အူလမ်းကြောင်း တစ်လျှောက်မှာရှိတဲ့ ကောင်းတဲ့ဘက်တီး ရီးယားနဲ့ ဆိုးတဲ့ဘက်တီးရီးယားတွေမညီ မမျှဖြစ်ပါက ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို ကျဆင်းစေပါတယ်။ ခုခံအားစနစ်ကျ ဆင်းတဲ့အခါ ဓာတ်မတည့်တုန့်ပြန်မှုတွေ ဖြစ်ပွားတဲ့အပေါ် ခံနိုင်ရည်အား လျော့ နည်းသွားပါတယ်။ ဒါကြောင့် အကျိုးပြု ဘက်တီးရီးယားတွေ များစွာရရှိနိုင်တဲ့ ဒိန်ချဉ်သောက်သုံးပြီး အူလမ်းကြောင်း တစ်လျှောက်မှာရှိတဲ့ အကျိုးပြုဘက်တီး ရီးယားတွေကို ဆုံးရှုံးမှုမရှိအောင် ထိန်း သိမ်းသင့်ပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal