နာကျင်ခြင်း (သို့မဟုတ်)ဂရုစိုက်သင့်သော လက္ခဏာများ

လူတိုင်းလိုလိုဟာ နာကျင်မှုတွေ တစ်မျိုးမဟုတ် တစ်မျိုး ခံစားဖူးပေမယ့် ဒါကို ဖြစ်လေ့ဖြစ်ထရှိတဲ့ အပယိက ဝေဒနာတစ်ရပ်လို့သာ မှတ်ယူပြီးတော့ ပေါ့ပေါ့တန်တန်ပဲ သဘောထားတတ်ကြပါတယ်။ တကယ်တမ်းမှာတော့ သူတို့တွေ ပြင်းထန်တဲ့အခြေအနေတွေရဲ့သတိပေးလက္ခဏာတွေလည်း ဖြစ်နေတတ်ပါတယ်။ ရုတ်တရက်ကြီး ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်နေရာရာကနေ နာကျင်လာတာ၊ တခြားရောဂါလက္ခဏာတွေနဲ့ တွဲလာတာမျိုးရှိလာပြီဆိုရင် ပိုပြီးတော့ သတိထားရပါတယ်။ အဲဒီအထဲကမှ မပေါ့ဆသင့်တဲ့နာကျင်ခြင်း ၁၂ မျိုးကို ဖော်ပြလိုက်ပါတယ်

ဆိုးဆိုးရွားရွား ခေါင်းကိုက် ခြင်း

ဘ၀မှာ တစ်ခါမှ မကြုံဖူးတဲ့ခေါင်းကိုက်ခြင်းမျိုးကို ကြုံတွေ့နေရပြီလား။ ဒါဆိုရင်တော့ ဆေးကုသမှုကို ချက်ချင်း ခံယူဖို့သင့်ပါပြီ။ အထူးသဖြင့် အအေးမိ တာမျိုးတွေပါ တွဲဖြစ်လာပြီဆိုရင် ဒါဟာ Sinus Headache ဖြစ်နိုင်ပါတယ်။ အဲဒီ လိုပဲ ဦးနှောက်အတွင်း သွေးယိုစီးတာ၊ ဦးနှောက်မှာ ထိခိုက်တာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်လို့ American College of Physicians  မှ သတိပေးထားပါ တယ်။ သူတို့နဲ့အတူ တခြား လက္ခဏာ တွေ တွဲပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ ဆရာဝန်နဲ့ အမြန်ဆုံးတွေ့သင့်တဲ့ ခေါင်း ကိုက်တာမျိုး ဖြစ်ပါတယ်။

ရင်ဘတ်၊ လည် ချောင်း၊ မေး ရိုးတို့တွင် နာကျင် ခြင်း

ရင်ဘတ်အောင့်တာနဲ့အတူ လည် ပင်း၊ မေးရိုး၊ ပခုံး၊ လက်မောင်း၊ ဝမ်းဗိုက် စတဲ့နေရာတွေမှာ တွဲပြီးတော့ နာကျင် ကိုက်ခဲတာမျိုးတွေ ဖြစ်လာပြီဆိုရင်တော့ နှလုံးရောဂါနဲ့ ပတ်သက်တာတွေကို ဂရု ပြုဖို့ သတိပေးနေပါပြီ။ ရင်ဘတ်ထဲက ဆုပ်ဆွဲထားသလို နာကျင်မှုတွေဟာ တ ခြားနေရာတွေကို ပျံ့နှံ့လာတာမျိုးတွေ၊ အပေါ်က ဖော်ပြထားသလို နာကျင်မှုတွေ နဲ့အတူ နှာစေးတာမျိုးတွေဖြစ်လာပြီဆိုရင်လည်းသတိထားရပါတော့မယ်။ ယေ ဘုယျအားဖြင့်တော့ နှလုံးနဲ့ပတ်သက်တဲ့ အခြေအနေတွေဟာ နာကျင်တယ်ဆို တာထက် မသက်မသာခံစားရတာမျိုးလို့ ပြောရင် ပိုပြီးတော့မှန်နိုင်ပါတယ်။ အ ကောင်းဆုံးကတော့ ဘယ်လို အသက်အ ရွယ်မျိုးမဆို ဒီလို ဝေဒနာတွေ စတင်ခံ စားရပြီ ဆိုတာနဲ့ နှလုံးရောဂါ ဟုတ်လား၊ မဟုတ်လား၊ သေချာအောင် စောင့်ကြည့် နေတာမျိုးထက် ဆေးရုံ၊ ဆေးခန်းကို သွားလိုက်တာက ပိုပြီးတော့ ထိရောက်မှု ရှိပါတယ်။

ခါးနာခြင်း၊ ပခုံးနှစ် ဖက် ကြား နာကျင်ခြင်း

အများအားဖြင့်တော့ ဒါဟာ အဆစ် ကလေးများရောင်ကိုက်တာရဲ့ လက္ခဏာ တွေဖြစ်ပါတယ်။ နောက်ထပ် ဖြစ်နိုင် ခြေကလည်း နှလုံးရောဂါနဲ့ ဝမ်းဗိုက်နဲ့ ပတ်သက်တဲ့ ပြဿနာတွေပါပဲ။ သွေး ကြောနဲ့ပတ်သက်တဲ့ဝေဒနာတွေကို ခံစားဖူးတဲ့သူတွေဟာ ဒီလိုမျိုးတွေ ပိုခံ စားရနိုင်ခြေများပါတယ်။ အထူးသဖြင့် သွေးတိုးရောဂါ၊ သွေးကြောပိတ်စေသော ရောဂါများ၊ ဆေးလိပ်သောက်ခြင်း၊ ဆီးချိုရောဂါ စတာတွေဆိုရင်တော့ ပိုပြီး တော့ သတိထားသင့်ပါတယ်။

ဝမ်းဗိုက်အလွန်အမင်း နာ ခြင်း

အူအတက် ဖြတ်ထုတ်ထားဖူးတဲ့သူ တစ်ယောက်သာ မဟုတ်ခဲ့ရင်တော့ ဝမ်း ဗိုက်ထဲက မခံမရပ်နိုင်အောင် အောင့်နေ တာဟာလည်း အူအတက်ပေါက်တဲ့ ပြဿနာရဲ့ သတိပေးခေါင်းလောင်း ဖြစ် နေပါတယ်။ သည်းခြေအိတ်၊ ပန်ကရိယ နဲ့ ပတ်သက်တဲ့ ပြဿနာတွေ၊ အစာအိမ် နာ၊ အူပိတ်တာ စတာတွေကလည်း ဝမ်း ဗိုက်အောင့်တာ၊ နာတာတို့ကို ဖြစ်စေ တတ်တာကြောင့် သတိမူဖို့ လိုအပ်ပါ တယ်။ သူတို့နဲ့အတူ ဖျားတာ၊ ပျို့အန် တာတို့ပါရှိလာပြီဆိုရင် ဆရာဝန်ဆီ အ ချိန်မဆိုင်းဘဲ သွားသင့်ပါပြီ။

ခြေသလုံးများ နာခြင်း

နောက်ထပ် လူသိနည်းပြီးတော့ အန္တရာယ်ပေးတာများတဲ့အထဲမှာ ပါ တာကတော့ Deep Vein Thrombosis (DVT) လို့ခေါ်တဲ့ ခြေထောက်ရဲ့ သွေး ပြန်ကြောတွေမှာ သွေးခဲပိတ်ဆို့တာပါပဲ။ သူတို့ကြောင့် ရလာနိုင်တဲ့အကျိုးဆက် တွေအနေနဲ့ အဆုတ်မှာ သွေးခဲလေးတွေ သွားပိတ်ပြီးတော့ သေစေတတ်တဲ့အထိ ပြင်းထန်တာမျိုးတွေ ဆက်ဖြစ်လာပါ တယ်။ ကင်ဆာရောဂါ၊ အဝလွန်တာ၊ အိပ်ရာထဲ ကြာရှည်လဲလျောင်းနေရတာ၊ ခရီးဝေးဝေးသွားတာ၊ ကိုယ်ဝန်ဆောင်နဲ့ အသက်အရွယ်ကြီးလာတာတွေဟာ DVT ကို ခံစားရစေတဲ့ အကြောင်းရင်း တွေပါပဲ။ တချို့အခြေအနေတွေမှာတော့ ခြေသလုံးကြွက်သားတွေဟာ နာကျင်မှု မရှိဘဲ ရောင်ရမ်းနေတာမျိုးလောက်သာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ စိတ်အချရဆုံးက တော့ ဆရာဝန်ဆီသွားရောက်တွေ့ဆုံ လိုက်တာပါပဲ။

ခြေဖဝါး၊ ခြေချောင်း များ စူး ပြီး နာခြင်း၊ ထုံ နေခြင်း

ဆီးချိုရောဂါရှိတဲ့သူ ၅၀ ရာခိုင်နှုန်း လောက်ဟာ သူတို့ဆီမှာ ဆီးချိုရောဂါ ရှိ နေမှန်းကို သတိမထားမိတတ်ကြပါဘူး။ အဲဒီအထဲကမှ အများစုဟာ ခြေထောက် မှာရှိတဲ့ သွေးကြောတွေ၊ အာရုံကြောတွေ ကောင်းကောင်း အလုပ်မလုပ်တော့ဘူး ဆိုတာကို ပြသတဲ့လက္ခဏာတွေကို သတိမမူမိကြတာပါပဲ။ ဒါကြောင့်ပဲ ရေ ခဏခဏငတ်မယ်၊ ခြေချောင်းလေး တွေမှာ ပင်အပ်နဲ့ထိုးလိုက်သလို စူးခနဲ နာကျင်သွားတာမျိုးရှိလာပြီဆိုရင် အာရုံ ကြောတွေ ကောင်းကောင်းအလုပ်မ လုပ်နိုင်တော့ဘူးဆိုတာကို သတိရပြီး တော့ အချိန်ဆိုင်းမနေဘဲဆီးချိုရောဂါကို သွားရောက်စစ်ဆေးသင့်ပါတယ်။

အကြောင်းရင်း ရှာမရ ဘဲ နာ ကျင်ခြင်း

စိတ်ကျရောဂါကို ခံစားနေရတဲ့သူ တွေရဲ့ သတိပေးလက္ခဏာတွေထဲမှာ အကြောင်းရင်း တိတိကျကျမရှိတဲ့၊ နေ ရာအတိအကျမရှိတဲ့ နာကျင်မှုတွေလည်း ပါနေတတ်ပါတယ်။ ခေါင်းကိုက်တာ၊ ဝမ်းဗိုက်နာတာ၊ ခြေလက်တွေနာတာ တို့ဟာ တစ်ခုမဟုတ်တစ်ခု ပါဝင်နေပါ တယ်။ အဲဒီနာကျင်မှုတွေဟာ တာရှည် ဖြစ်တတ်တာကြောင့် ဝေဒနာခံစားရသူ ကိုယ်တိုင်ရော မိသားစုဝင်တွေပါ သတိ ထားမိဖို့ ခက်ခဲပါတယ်။ စိတ်ကျရောဂါ ခံစားရတာ ပြင်းထန်လာလေလေ၊ မိမိမှာ ခံစားနေရတဲ့ ဝေဒနာတွေကို ဖော်ပြနိုင် စွမ်း နည်းလေလေ ဖြစ်တတ်ပါတယ်။ ဒါကြောင့်ပဲ မိမိလုပ်နေကျ အလုပ်တွေမှာ စိတ်ပါဝင်စားမှု နည်းလာတာ၊ တွေးခေါ်ပုံ တွေ ပြောင်းလဲလာတာ၊ တခြားသူတွေနဲ့ ဝေးရာမှာ နေလိုတာတွေနဲ့အတူ တစ်နေ ရာရာမှာ နာကျင်မှုကို ခံစားနေရပြီလို့ သိ လိုက်တာနဲ့တစ်ပြိုင်နက် ဆရာဝန်နဲ့ တွေ့ဆုံသင့်ပါတယ်။

ဆီးခုံ၊ ဝမ်းဗိုက်နာခြင်း

အမျိုးသမီး ဓမ္မတာကြောင့် နာကျင် ကိုက်ခဲခြင်း Menstrual cramps ကို အမျိုးသမီးအတော်များများ ခံစားဖူးပါ တယ်။ အဲဒီလို ခံစားဖူးတဲ့အထဲမှာမှ နဂို ဖြစ်ဖူးတာထက် ပိုပြီးတော့ နာကျင်လာ တာ၊ အမြဲလိုလို နာကျင်နေတာမျိုးတွေ ဖြစ်လာပြီဆိုရင်တော့ သားအိမ်အတွင်း ပိုင်းမှာ ပြဿနာ တစ်ခုခုများ ရှိနေပြီလား ဆိုတာကို ဆန်းစစ်သင့်ပါပြီ။ သားအိမ်ရဲ့ အတွင်းပိုင်းမှာ ရှိသင့်တဲ့ တစ်သျှူးတွေ ဟာ အပြင်ဘက်မှာ လာပြီးတော့ အလုပ် လုပ်၊ ကြီးထွားလာတဲ့အခါမှာ ဒီလိုပြဿ နာမျိုးတွေ ဖြစ်လာနိုင်ပြီးတော့ အချိန်မီ ကုသမှုသာ မခံယူခဲ့ဘူးဆိုရင် ကလေးမရ နိုင်တဲ့အထိ ဖြစ်တတ်ပါတယ်။

ခါးမှသည် ခြေထောက် အ ထိ နာကျင်ကိုက်ခဲ ခြင်း

ဒီလက္ခဏာကတော့ ခါးအောက် ပိုင်းကနေ ခြေထောက်အထိအလုပ်လုပ် ပေးနေတဲ့ Sciatic Nerve မှာ ထိခိုက် မိခြင်း၊ ဝန်ပိနေခြင်းတို့ရဲ့ လက္ခဏာတစ် ရပ်ပါပဲ။ ဒီလို ဝေဒနာနဲ့အတူ ခြေထောက် များ အားမရှိသလို ခံစားရတာ၊ ဆီးမထိန်း နိုင်တာ၊ ဆီးအိတ်တင်းတာ၊ မတင်းတာနဲ့ ပတ်သက်ပြီးတော့ ခံစားမှုမရှိတော့တာ တွေ ရှိလာပြီဆိုရင်တော့ အရေးပေါ်ခွဲ စိတ် ကုသဖို့လိုအပ်တဲ့ Cauda Equina Syndrome ခံစားစေရတတ်ပါတယ်။ အချိန်မီကုသမှုသာ မခံယူလိုက်နိုင်ရင် တော့ နာတာရှည် ခြေထောက်တွေ လေ ဖြတ်တာကို ခံစားစေရတတ်တာကြောင့် အထူးသတိထားဖို့ လိုပါတယ်။

ကျောအောင့်ခြင်း

ကျောအောင့်နေတာကို ရက်ရှည် ခံစားနေရပြီး၊ ဖျားတာ ပျို့အန်တာမျိုး တွေပါ တွဲပါလာပြီဆိုရင် ကျောက်ကပ်မှာ ကူးစက်ပိုးဝင်တာတွေ ဖြစ်ဖို့ အခွင့်အ လမ်းတွေ များပါတယ်။ ဆရာဝန်ဆီကို ရောက်တာ နောက်ကျခဲ့မယ်ဆိုရင်တော့ ကျောက်ကပ်ပြွန်တွေ ပျက်စီးတာ၊ သွေး ဆိပ်သင့်တာတွေကနေ ကျောက်ကပ် တွေ လုံးလုံးပျက်စီးသွားတာမျိုးတွေအထိ ဖြစ်တတ်ပါတယ်။

လက်ချောင်း၊ လက်ကောက် ဝတ်နှင့် လက် မောင်းများ နာ ကျင် ခြင်း

နောက်ထပ် သတိထားရမယ့် နာ ကျင်တာတွေကတော့ လက်တွေပါပဲ။ လက်ချောင်းလေးတွေ (အထူးသဖြင့် လက်မ၊ လက်ညှိုးနဲ့ လက်ခလယ်) လက် ဖဝါးနဲ့ လက်ကောက်ဝတ်တွေမှာ နာကျင် တာ၊ ထုံတာတွေ ဖြစ်ဖြစ်လာပြီး လက် မောင်းအထိပါ ပျံ့နှံ့သွားပြီဆိုရင်တော့ Carpal Tunnel Syndrome ကို ခံစား နေရပြီလို့သတ်မှတ်လို့ရပါတယ်။ ဒီအ ခြေအနေတွေမှာ မကုစားဘဲထားမိရင် တော့ လက်မှာရှိတဲ့ ကြွက်သားတွေ သိမ် လာပြီးတော့ အလုပ်ကောင်းကောင်းမ လုပ်နိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါ ကြောင့်ပဲ လက်ချောင်းတွေမှာ ဆစ်ခနဲ ဖြစ်သွားတတ်တဲ့ နာကျင်မှုတွေ ကြာရှည် ဖြစ်လာပြီဆိုရင်တော့ ဆရာဝန်ဆီကို အမြန်ဆုံး သွားရောက်တွေ့ဆုံသင့်ပါပြီ။

တစ်ခုခုသောက်တဲ့ အချိန် သွား ကိုက်ခြင်း

သွားရဲ့အပြင်ဘက်က ကြွေလွှာတွေ ပျက်စီးသွားတာ၊ သွားပိုးစားတာမျိုးတွေ ရှိလာပြီဆိုရင်တော့ သွားထဲမှာရှိတဲ့ အာရုံကြောတွေမှာပါ သက်ရောက်မှုတွေ ရှိလာပြီး အပူ၊ အအေးတစ်ခုခုနဲ့ ထိတွေ့ တဲ့အချိန်မျိုးမှာ မခံမရပ်နိုင်အောင် ကျင် တာ၊ နာတာမျိုးတွေ ဖြစ်ပေါ်လာပါတယ်။ ဒီအခြေအနေတွေဟာ ခန္ဓာကိုယ်ထဲက တခြားနေရာအစိတ်အပိုင်းတွေကိုပါ ကူး စက်ပိုးတွေ ပျံ့နှံ့သွားစေတတ်ပါတယ်။ သွားပိုးစားတာ၊ သွားအခေါင်းပေါက်ရှိ နေတာဟာ တခြားပြဿနာတွေကိုဖြစ် ပေါ်ရာ လမ်းစတစ်ခုဖြစ်နေတာကြောင့် သွားဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးသင့်ပါ တယ်။
နှင်းနုလွင် (ဆေးဝါး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *