နာနတ်သီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ

နာနတ်သီးဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း အပြည့်အဝပါဝင်ပြီး ဗီတာမင်နဲ့ ကျန်း မာရေးကောင်းမွန်စေတဲ့ အာဟာရဓာတ်တွေပြည့်ဝနေတဲ့ အရသာရှိသစ်သီးတစ်မျိုးပါ။ လူအများစုက နာနတ်သီးကို ရောင်ရမ်းမှုလျော့ကျစေတဲ့ ဂုဏ်သတ္တိ၊ အစာခြေစနစ် ကောင်းမွန်စေတဲ့ အကျိုးနဲ့ ခုခံအားကို မြင့်တက်စေတဲ့ အစွမ်းသတ္တိတွေကြောင့် ဆေး ဖက်ဝင်အစာအဖြစ် စားသုံးကြပါတယ်။ နာနတ်သီးမှာ အဲဒီအကျိုးကျေးဇူးတွေရရှိ တာက သူ့မှာပါဝင်တဲ့ ဘရိုမီလင်းအင်ဇိုင်းကြောင့်ပါ။ ဒီအင်ဇိုင်းဟာ ရောင်ရမ်းမှုနဲ့ နာ ကျင်မှုသက်သာစေတာ၊ အစာခြေစနစ်ပြဿနာကောင်းမွန်နိုင်တာနဲ့ ကြွက်သားနာကျင် မှုဝေဒနာ ပျောက်ကင်းတာတွေနဲ့ ဆက်စပ်မှုရှိပါတယ်။ နာနတ်သီးမှာ အထက်ပါအာ ဟာရဓာတ်တွေအပြင် ဗီတာမင်စီနဲ့ အမျှင်ဓာတ်တွေလည်း မြောက်မြားစွာ ပါဝင်ပါတယ်။ အောက်ပါ တို့ဟာ နာနတ်သီးကိုစားသုံးတာကြောင့် ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေပါ။

အစာခြေစနစ်ကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်
အစာခြေစနစ်ပြဿနာကို ကုသဖို့အတွက် နာနတ်သီးကို အသုံးပြုနိုင်တယ်လို့ အမျိုးသားကျန်းမာရေးတက္ကသိုလ်မှ သုတေသီတွေက ထုတ်ဖော်ထားပါတယ်။ ဘရိုမီ လင်းက အစာမကြေတဲ့ ပြဿနာ၊ အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာတွေကို သက်သာစေနိုင်တာကြောင့်လို့ ဆိုပါတယ်။ သူ့မှာပါဝင်တဲ့ အမျှင်ဓာတ်တွေ ကြောင့်လည်း အူမကြီးကျန်းမာရေးကောင်းမွန်လာပြီး ဝမ်းမချုပ်အောင် ကာကွယ်နိုင် ကာ ကိုယ်အလေးချိန်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။

ရောင်ရမ်းမှုလျော့ကျစေတဲ့ ဂုဏ်သတ္တိရှိပါတယ်
ရောင်ရမ်းမှုဖြစ်စဉ်နဲ့ နာတာရှည်ရောဂါအများစုက ဆက်စပ်မှုရှိကြပါတယ်။ ရောင်ရမ်းမှုလျော့ကျစေတဲ့ ဂုဏ်သတ္တိရှိတဲ့အစားအစာတွေက နာတာရှည်ရောဂါမဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။ နာနတ်သီးမှာ ပါဝင်တဲ့ ဘရိုမီလင်းတွေက ရောဂါကို တွန်းလှန်ဖို့အတွက် ကူညီပေးတဲ့ သွေးဖြူဥတွေကို တက်ကြွမှုရှိအောင် ပြုလုပ်ပေးပါ တယ်။

ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပါတယ်
နာနတ်သီးမှာ ပါဝင်တဲ့ များစွာသော ဗီတာမင် စီ တွေကြောင့် ခုခံအားစနစ် မြင့် တက်လာနိုင်ပါတယ်။ နာနတ်သီးဖျော်ရည်တစ်ခွက်မှာ ဗီတာမင် စီ နေ့စဉ် လိုအပ်ချက် ရဲ့ ၄၀ ရာခိုင်နှုန်း ရရှိနိုင်ပါတယ်။ ခုခံအားစနစ်သန်မာတာက ဗီတာမင် စီ တစ်မျိုး တည်းကြောင့် မဟုတ်ပါဘူး။ နာနတ်သီးမှာ ပါဝင်တဲ့ ဘရိုမီလင်းကလည်း ခုခံအားစ နစ်ကို မြှင့်တင်ဖို့ အလွန်အစွမ်းထက်ပါတယ်။ ရောဂါပိုး ဝင်ရောက်လာခဲ့ရင်လည်း နာနတ်သီးကို စားသုံးတာကြောင့် ရောဂါဖြစ်ချိန် တိုတောင်းနိုင်ပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်းအပြည့်အဝပါဝင်ပါတယ်
နာနတ်သီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ ဖီနောလစ်၊ ဖလေဗိုနွိုက်နဲ့ ဗီတာမင် စီ တွေ မြောက်မြားစွာ ပါဝင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။

အရိုးအဆစ်ရောင်ဝေဒနာကို သက်သာနိုင်ပါတယ်
နာနတ်သီးရဲ့ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ ဂုဏ်သတ္တိက အရိုးအဆစ်ရောင် ရောဂါကြောင့်ဖြစ်တဲ့ နာကျင်မှုဝေဒနာကို သက်သာစေနိုင်ပါတယ်။

အမြင်အာရုံကို အကာအကွယ်ပေးနိုင်ပါတယ်
နာနတ်သီးမှာပါဝင်တဲ့ များစွာသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက မက် ကျူလာချို့ယွင်းချက်ကြောင့် ဖြစ်ပေါ်တဲ့ အမြင်အာရုံဆုံးရှုံးမှုမဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။ နာနတ်သီး တစ်ခွက်စာမှာ သင် နေ့စဉ် ဗီတာမင် စီ လိုအပ်ချက်ရဲ့ ၁၃၀ ရာခိုင်နှုန်း ပါဝင်တဲ့အပြင် ဗီတာမင် အေ နဲ့ ဘီတာကယ်ရိုတင်းတွေလည်း ပါ ဝင်တာကြောင့် မျက်စိအမြင်အာရုံအတွက် အလွန်တန်ဖိုးရှိပါတယ်။

ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်
နာနတ်သီးမှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ တချို့ဒြပ်ပေါင်းတွေက ကင်ဆာကို ကုသရာမှာ အလွန်ထိရောက်မှုရှိပါတယ်။ ဘရိုမီလင်းက ကင်ဆာဆဲလ် တွေကို သေစေနိုင်ပြီး ဆဲလ်တွေရဲ့ ခုခံအားစနစ်ကို မြှင့်တင်နိုင်တယ်လို့ ဓာတ်ခွဲခန်း လေ့လာမှုအရ သိရပါတယ်။ အူမကြီးကင်ဆာ၊ သည်းခြေပြွန်ကင်ဆာ၊ သားမြတ်ကင် ဆာနဲ့ အစာအိမ်အူလမ်းကြောင်းကင်ဆာကို ကုသရာမှာ အကျိုးရှိတယ်လို့ သိရပါ တယ်။

နှလုံးသွေးကြောကျန်းမာရေးကောင်းမွန်နိုင်ပြီး သွေးလှည့်ပတ်မှုကောင်းမွန်နိုင်ပါတယ်
နာနတ်သီးမှာ ပါဝင်တဲ့ ဘရိုမီလင်းက နှလုံးသွေးကြောကျန်းမာရေးပေါ်မှာ လည်း အလွန်အကျိုးကျေးဇူးရှိပါတယ်။ သူက သွေးနီဥတွေ အတူတူစေးကပ်တာ ကြောင့် သွေးခဲသွားတာကို ကာကွယ်ပေးနိုင်တဲ့အပြင် နှလုံးကြွက်သားကိုလည်း သန်မာစေနိုင်ပါတယ်။

ယူရစ်အက်စစ်လျော့ကျနိုင်ပြီး ကျောက်ကပ်ကျောက်တည်တာနဲ့ ဂေါက်ရောဂါအတွက် အကူအညီရပါတယ်
နေ့စဉ် နာနတ်သီးဖျော်ရည်တစ်ခွက်သောက်တာက ကျောက်ကပ်ကျောက်တည် တာမဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သိရပါတယ်။ သူက သွေးထဲမှာ ရှိတဲ့ ယူရစ် အက်စစ်ပမာဏကို လျော့ကျသွားစေနိုင်တာကြောင့်လို့ ဆိုပါတယ်။
အအေးမိနှာစေးဝေဒနာ သက်သာနိုင်ပါတယ်
ချောင်းဆိုးပြီး လည်ချောင်းနာတာ မပျောက်ကင်းနိုင်သူတွေအတွက် နာနတ်သီး ဖျော်ရည်က အလွန်အသုံးဝင်နိုင်ပါတယ်။ ဆေးဆိုင်ပေါ်မှာ တင်ရောင်းတဲ့ တခြား ချောင်းဆိုးပျောက်ဆေးတွေထက် ငါးဆပိုပြီးအစွမ်းထက်ပါတယ်။

Tips: နာနတ်သီး ဝယ်ရင်
– သူ့အရွယ်ထက် ပိုလေးပြီး အစိမ်းရောင်အရွက်ပါတဲ့ နာနတ်သီးကို ဝယ်ကာ နှစ်ရက်၊ သုံးရက်အကြာမှာ စားသုံးပါ။
– အခွံပေါ်မှာ အစက်အပြောက်ပါတာ၊ အခွံတွန့်နေတာ၊ အနာပါနေတာ စတဲ့ နာ နတ်သီးမျိုးကို မဝယ်ပါနဲ့။
– ဓာတ်တိုးဆန့်ကျင်ပစ္စည်းရဲ့ အစွမ်းထက်ဆုံး ရရှိနိုင်ဖို့အတွက် မှည့်နေတဲ့ နာ နတ်သီးကို ဝယ်ပါ။
– နာနတ်သီးကို အလုံးလိုက်သိမ်းဆည်းမယ်ဆိုရင် နှစ်ပတ်အထိ တာရှည်ခံပြီး လှီးဖြတ်ထားတဲ့ နာနတ်သီးကိုတော့ တစ်ပတ်အတွင်း စားသုံးပါ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *