နံနက်စာမစားဘဲ နေခြင်းကြောင့် ခန္ဓာကိုယ်တွင်း ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ

မနက်စာဟာ တစ်နေ့တာလုံးအ တွက် အရေးကြီးဆုံးအစားအစာဖြစ်တယ် လို့ လူသိများကြပေမယ့် လူအများစုက မနက်စာကို သိပ်မစားဖြစ်ကြပါဘူး။ ခန္ဓာ ကိုယ်အလေးချိန်လျှော့ချလိုသူတွေအ နေနဲ့လည်း မနက်စာမစားဘဲနေရင်ကယ် လိုရီရရှိမှု နည်းသွားမယ်လို့ ထင်မှတ်ပြီး မနက်စာမစားဘဲ နေလေ့ရှိကြပါတယ်။ ကယ်လိုရီရရှိမှုနည်းသွားတာက ယာယီ သာဖြစ်ပြီး မနက်စာမစားတာကြောင့် ခန္ဓာကိုယ်တွင်းမှာ အောက်ဖော်ပြပါအ တိုင်း ဆိုးကျိုးတွေများစွာရရှိနိုင်ပါတယ်။

နှလုံးကျန်းမာရေးအတွက် ဆိုးကျိုး ရရှိနိုင်ပါတယ်
ဂျာမားမှ လေ့လာမှုတစ်ခုအရ မ နက်စာကို ရှောင်ကြတဲ့အမျိုးသားတွေ က မနက်စာ ပုံမှန်စားသုံးတဲ့အမျိုးသား တွေထက် နှလုံးတိုက်ခိုက်ခံရနိုင်ခြေ ၂၇ ရာခိုင်နှုန်း ပိုများတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့မနက် စာကို စားသုံးတာက နှလုံးတိုက်ခိုက်ခံရ နိုင်ခြေကို အမှန်တကယ်လျှော့ချနိုင် တယ်လို့လည်း ထုတ်ဖော်ထားပါတယ်။ မနက်စာကို မစားဘဲနေလေ့ရှိသူတွေက သွေးဖိအားမြင့်တက်လာပြီး သွေးကြော အတွင်း ပိတ်ဆို့မှုတွေလည်း ဖြစ်နိုင်ခြေ များလာပါတယ်။ ဒီလိုဖြစ်တဲ့အတွက် လေဖြတ်တာအပါအဝင် နာတာရှည်နှ လုံးသွေးကြောရောဂါတွေပါ အဖြစ်များ လာနိုင်ပါတယ်။

အမျိုးအစား (၂) ဆီးချိုရောဂါဖြစ် နိုင်ခြေမြင့်မားလာပါတယ်
ဟားဗတ်စ်လူထုကျန်းမာရေးပညာ ပေးတက္ကသိုလ်မှ လေ့လာမှုအရ စား သောက်မှုပုံစံနဲ့ ကျန်းမာရေး ဆက်စပ်မှု ရှိတာကိုတွေ့ရှိခဲ့ပါတယ်။ သူတို့ကအမျိုး သမီးပေါင်း ၄၆၂၈၉ ယောက်ကို ခြောက် နှစ်တာ လေ့လာမှုအရ မနက်စာကို မစား ဘဲနေတဲ့အမျိုးသမီးတွေက မနက်စာနေ့ စဉ်စားသုံးသူတွေထက် အမျိုးအစား(၂) ဆီးချိုရောဂါဖြစ်နိုင်ခြေ အလွန်မြင့်မား တာကိုတွေ့ရှိခဲ့ပါတယ်။ အထူးသဖြင့် ရုံး အလုပ်လုပ်တဲ့အမျိုးသမီးတွေက မနက် စာကို မစားဘဲနေခဲ့ရင် အမျိုးအစား(၂) ဆီးချိုရောဂါဖြစ်နိုင်ခြေက ၅၄ ရာခိုင်နှုန်း အထိ ပိုမြင့်မားနိုင်တယ်လို့ ထုတ်ဖော် ထားပါတယ်။

ကိုယ်အလေးချိန်မြင့်တက်လာနိုင်ပါတယ်
သင့်အနေနဲ့ ကိုယ်အလေးချိန်ကျ ဆင်းဖို့ကိုစီမံချက်ထားပြီး မနက်စာ မစား ဘဲနေခဲ့တယ်ဆိုရင် ဒုတိယအကြိမ် ပြန် စဉ်းစားသင့်နေပါပြီ။ လေ့လာမှုအများ အပြားအရ မနက်စာ မစားဘဲနေသူတွေ က ကိုယ်အလေးချိန်ကျဆင်းမလာဘဲ အဝလွန်ရောဂါဖြစ်လာနိုင်တယ်လို့ သိရ ပါတယ်။ မနက်စာ မစားသုံးတာကြောင့် ကျန်စားသုံးတဲ့အချိန်တွေမှာ အချိုစာနဲ့ အဆီစာတွေကိုပဲ စားချင်စိတ် ဖြစ်ပေါ် လာနိုင်ပါတယ်။ အဆာလွန်တဲ့အတွက် ကြောင့်လည်း စားသုံးတဲ့ အစားအစာရဲ့ အရေအတွက်နဲ့ အရည်အသွေးတွေကို လျစ်လျူရှုထားမိတတ်ပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးသင့်တဲ့ ကယ်လိုရီထက် ပိုမိုစားမိသွားတာကြောင့် အလေးချိန်မြင့် တက်ရတာဖြစ်ပါတယ်။

ကင်ဆာရောဂါဖြစ်နိုင်ခြေ မြင့်မားပါ တယ်
မနက်စာမစားသုံးဘဲနေတာကြောင့် တစ်နေ့တာလုံးအတွက် အစာတွေ တရ စပ်စားသုံးမိပြီး အဝလွန်ရောဂါဖြစ်လာ နိုင်ပါတယ်။ ဗြိတိန်မှ ကင်ဆာသုတေသီ တွေရဲ့အဆိုအရ အဝလွန်သူတွေကကင် ဆာဖြစ်နိုင်ခြေမြင့်မားတယ်လို့သိရပါတယ်။
စိတ်ခံစားမှုနဲ့ စွမ်းအင်အဆင့်တွေကျ ဆင်းနိုင်ပါတယ်
ဗြိတိန်နိုင်ငံမှ သုတေသီတွေက ကျန်းမာရေးကောင်းမွန်တဲ့လူပေါင်း ၁၄၄ ယောက်ကို တစ်ညတာလုံး အစာ ငတ်ခံထားပြီးနေစေကာ လေ့လာမှုပြု လုပ်ခဲ့ပါတယ်။ အဲဒီအုပ်စုကို သုံးစုခွဲပြီး တစ်စုကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာကျွေးပါတယ်။ နောက်တစ်စုကို ကော်ဖီတစ်မျိုးတည်းသာ တိုက်ထားပြီး ကျန်တစ်စုကိုတော့ မနက်စာအနေနဲ့ ဘာမှကျွေးမထားဘဲ စမ်းသပ်စစ်ဆေးခဲ့ ပါတယ်။ မနက်စာမစားဘဲ နေရသူတွေ က မှတ်ဉာဏ်စွမ်းအင် အကျဆင်းဆုံးနဲ့ ပင်ပန်းနွမ်းနယ်မှု အမြင့်မားဆုံးဖြစ်နေ တယ်လို့တွေ့ရပါတယ်။ ကျန်အုပ်စုနှစ်စု မှာတော့ သိသိသာသာ ခြားနားချက်မရှိ ဘူးလို့ဆိုပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ခံစား ရနိုင်ပါတယ်
ခန္ဓာကိုယ်ရဲ့ သွေးထဲမှာ သကြား အဆင့်တွေ ကျဆင်းနေရင် ဆေးပညာ အခေါ်အဝေါ်အရ ဟိုက်ပိုဂလိုက်စီးမီး ယားလို့ ခေါ်ပါတယ်။ အစာမစားဘဲ နပ် ရှောင်နေတာကြောင့် သွေးတွင်းသကြား ဓာတ်ကျဆင်းလာပြီး အဲဒါကို တုံ့ပြန်တဲ့ အနေနဲ့ ခန္ဓာကိုယ်ကနေ ဟော်မုန်းတွေ ထွက်လာပါတယ်။ ထွက်လာတဲ့ဟော် မုန်းတွေကြောင့် သွေးဖိအားတွေ မြင့် တက်လာပြီး ခေါင်းကိုက်တာ၊ ခေါင်း တစ်ခြမ်းကိုက်တာတွေဖြစ်လာပါတယ်။ အထူးသဖြင့် ညပိုင်း ၈နာရီကစပြီး မနက် ၈ နာရီအထိ (၁၂ နာရီလောက်) အစာမ စားဘဲနေပြီး မနက် ၈ နာရီမှာတောင်မှ မနက်စာမစားတဲ့သူတွေမှာ ခေါင်းကိုက် ဝေဒနာခံစားရနိုင်ခြေ မြင့်မားပါတယ်။

ဆံပင်ကျွတ်နိုင်ပါတယ်
မနက်စာမစားဘဲနေတာရဲ့ အဓိက ဆိုးကျိုးက ဆံပင်ကျွတ်တာပဲဖြစ်ပါ တယ်။ ပရိုတင်းရရှိမှုနည်းတဲ့အတွက် ဆံသားသန်မာဖို့လိုအပ်တဲ့ ကရာတင် တွေ မရရှိတော့တာကြောင့်ပါ။ မနက်စာ စားသုံးတာက ဆံပင်မွေးညင်းပေါက်တွေ သန်မာဖို့အတွက် အရေးကြီးတဲ့အစားအ စာနပ်တစ်ခုဖြစ်ပါတယ်။ ဆံပင်သန်မာ ပြီး မကျွတ်စေချင်ရင် ပရိုတင်းပေါကြွယ် ၀တဲ့ မနက်စာကို စားသုံးပါ။

ဇီဝရုပ်ဖြစ်ပျက်နှုန်းပေါ်မှာ သက် ရောက်မှုရှိနိုင်ပါတယ်
မော်တော်ကားမောင်းနိုင်ဖို့အတွက် လောင်စာလိုအပ်သလိုမျိုးပဲ သင်ရဲ့ ဇီဝ ရုပ်ဖြစ်စဉ် စတင်အလုပ်လုပ်ဖို့အတွက် မနက်စာစားဖို့လိုအပ်ပါတယ်။ လေ့လာ မှုအများအပြားအရ မနက်စာ စားသုံးသူ တွေက နားနေစဉ်မှာတောင်မှ ဇီဝရုပ်ဖြစ် ပျက်နှုန်းမြန်ဆန်နိုင်တယ်လို့သိရပါတယ်။
အရက်မူးဝေဒနာပိုမိုဆိုးရွားနိုင်ပါတယ်
အရက်အလွန်အကျွံသောက်ပြီးတဲ့ နောက်တစ်နေ့မနက်မှာ အရက်မူးပြေ စေဖို့ အာဟာရပြည့်ဝတဲ့ မနက်စာ လိုအပ်ပါတယ်။ သံဓာတ်၊ ဖောလိတ်၊ သတ္တုဓာတ်နဲ့ ဗီတာမင် စီ များစွာပါဝင်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာကို စားသုံးတာက ခန္ဓာကိုယ်အတွင်း ဆုံးရှုံး သွားတဲ့အာဟာရတွေကို ပြန်လည် ဖြည့် တင်းပေးနိုင်တဲ့အပြင် စွမ်းအင်လည်း ပြန်လည်ရရှိနိုင်ပါတယ်။ မနက်စာမစား ဘဲ ရှောင်နေတာက သွေးတွင်းသကြား ဓာတ်တွေ လျော့ကျသွားပြီး အရက်မူး ဝေဒနာကို ဆိုးရွားစေတာ၊ ခေါင်းကိုက် တာ၊ ပျို့တာ အန်တာတွေ ဖြစ်လာနိုင်ပါ တယ်။
ဒါကြောင့် တစ်နေ့တာလုံးအတွက် အရေးကြီးတဲ့ အစားအစာဖြစ်တဲ့ မနက် စာကို မဖြစ်မနေစားသုံးကြပါလို့ တိုက် တွန်းပါရစေ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *