ပန်းသေပန်းညှိုးခြင်း (Impotency)

အမျိုးသားတိုင်း စိုးရိမ်ပူပန် ကြောက်ရွံ့တတ်သော ရောဂါများထဲတွင် ပန်းသေပန်းညှိုးခြင်းရောဂါသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ အရေးကြီး သော ပြဿနာတစ်ရပ်လည်း ဖြစ်ပါသည်။ လိင်စိတ်တက်ကြွသောဆေးများနှင့် အ စားအစာများကို မှီဝဲစားသုံးခြင်း၊ အဖော် အချွတ်ဇာတ်ကားများ(အပြာကား)ကြည့် ခြင်းတို့ပြုလုပ်ကာ ပန်းသေပန်းညှိုးခြင်း မဖြစ်စေရန် ပြုလုပ်နေကြပါသည်။ သို့ရာ တွင် သိသာထင်ရှားစွာ ထူးခြားမှုများမတွေ့ ရပေ။ ပန်းသေပန်းညှိုးခြင်းအကြောင်း ရင်းများကို သိရှိမှသာ ကြိုတင်ကာကွယ် မှုများ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

ပန်းသေပန်းညှိုးခြင်းဆိုသည်မှာ
အမျိုးသားတစ်ဦးနေဖြင့် လိင်ဆက် ဆံမှုကို အောင်မြင်စွာ မဆောင်ရွက်နိုင်ခြင်း ကို ပန်းသေပန်းညှိုးခြင်းဟုခေါ်ဆိုပါသည်။
ပန်းသေပန်းညှိုးဖြစ်နိုင်သော အမျိုးအစားများ
ပန်းသေပန်းညှိုးတွင် အများဆုံး တွေ့ရသော အမျိုးအစားများမှာ လိင် ဆက်ဆံမှုပြုလုပ်ရန် ဆန္ဒပြင်းပြသော် လည်း လိင်တံ (အမျိုးသားအင်္ဂါ)တောင့် တင်းမလာခြင်းဖြစ်ပါသည်။ လိင်တံ တောင့်တင်းလာသော်လည်း လိင်ဆက် ဆံမှုပြီးသည်အထိ ထိန်းမထားနိုင်ဘဲ ခေတ္တခဏအတွင်း ပြန်လည်ပျော့သွားခြင်း အမျိုးအစားလည်း ရှိပါသည်။ အမျိုးသမီး နှင့် မဆက်ဆံမီ သို့မဟုတ် မိမိကျေနပ် သည်အထိ လိင်ဆက်ဆံမှုမပြီးမီ သုက် ထွက်သွားခြင်းလည်း ဖြစ်တတ်ပါသည်။ လိင်ဆက်ဆံမှုပြီးသော်လည်း သုက်လုံး ၀မထွက်၍ စိတ်ကျေနပ်မှုမရခြင်းများ လည်း ဖြစ်တတ်ပါသည်။

ပန်းသေပန်းညှိုးခြင်းအမျိုးအစားနှစ်မျိုး
ပန်းသေပန်းညှိုးခြင်းကို နှစ်မျိုးခွဲ ခြားထားပါသည်။ ယာယီခေတ္တပန်းသေ ပန်းညှိုးခြင်းနှင့် ထာဝရပန်းသေပန်းညှိုး ခြင်းဟူ၍ ဖြစ်ပါသည်။ ယာယီခေတ္တပန်း သေပန်းညှိုးခြင်းသည် တစ်ခါတစ်ရံ ပန်း သေခြင်းဖြစ်ပြီး အခြေအနေ၊ နေရာဒေသ နှင့် အချိန်အခါပေါ် မူတည်၍ ဖြစ်တတ်ပါ သည်။ ထာဝရပန်းသေခြင်းသည် မည် သည့်နေရာဒေသ၊ အချိန်အခါ၊ အခြေအ နေ၊ မည်သူနှင့်မဆို လုံးဝလိင်မဆက်ဆံ နိုင်ခြင်းပင်ဖြစ်သည်။

ပန်းသေပန်းညှိုးခြင်းကို ဖြစ်စေသောရောဂါများ
ပန်းသေပန်းညှိုးခြင်းသည် စိတ် ကြောင့် အဓိကဖြစ်သော်လည်း ရောဂါ များကြောင့်လည်း ဖြစ်တတ်ပါသည်။ လွန် စွာအိုမင်းမစွမ်းဖြစ်နေခြင်း၊ အလွန်အမင်း အလုပ်ပင်ပန်းခြင်း၊ ခန္ဓာကိုယ်အားနည်း လွန်းခြင်း၊ မွေးကတည်းက လိင်အင်္ဂါများ ချို့
ယွင်းနေခြင်း၊ လိင်အင်္ဂါတွင် အနာ ပေါက်ခြင်း၊ လိင်တံကင်ဆာဖြစ်ခြင်း၊ ဆီး ချိုသွေးချိုရောဂါနှင့် ကာလသားရောဂါ (ဆစ်ဖလစ်ရောဂါ)များကြောင့် အာရုံကြော များ ပျက်စီးခြင်း၊ အဆုတ်ရောဂါကဲ့သို့ နာ တာရှည်ရောဂါတစ်ခုခုရှိခြင်း၊ ဦးနှောက်ရှိ ဟိုက်ပိုသဲလမတ်၌ ရောဂါရခြင်း၊ ဆင်ခြေ ထောက်ရောဂါရှိခြင်း၊ ကပ်ပယ်အိတ်ကြီးခြင်း နှင့် အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ် အောက်ပိုင်းတစ်ခုလုံး အကြောသေနေ ခြင်း စသည့်ရောဂါများ ဖြစ်ပါသည်။

စိတ်ကြောင့်ဖြစ်သော ပန်းသေပန်းညှိုးရောဂါ
ပန်းသေပန်းညှိုးဖြစ်ခြင်း ၈၀ ရာ ခိုင်နှုန်းသည် လွဲမှားသောအယူအဆများ ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရာမှ ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ လိင်ကိစ္စ၌ စိုးရွံ့ခြင်းကြောင့် ဖြစ်တတ်ပါသည်။ မိမိ ၏ လိင်အင်္ဂါသည် အခြားသူများထက် အရွယ်သေးငယ်နေသူဟု ယူဆ၍ လိင် ဆက်ဆံရာတွင် အောင်မြင်မှုမရနိုင်မည် ကိုတွေး၍ ကြောက်ရွံ့နေခြင်းနှင့် လူစဉ် မမီဖြစ်မည်ကို စိုးရိမ်နေခြင်းတို့ကြောင့် ဖြစ်တတ်ပါသည်။ လိင်ဆက်ဆံမှုပြုလုပ် ပါက ပဋိသန္ဓေတည်မည် သို့မဟုတ် လူမိ မည်ကို စိုးရိမ်ကြောက်လန့်နေခြင်းကြောင့် လည်း ပန်းသေပန်းညှိုးဖြစ်တတ်ပါသည်။
အိမ်ထောင်သည်များဖြစ်ပါက တစ်ဦးနှင့်တစ်ဦး ချစ်ခင်ယုယမှုမရှိခြင်း၊ လိင်ဆက်ဆံမှုကို ချစ်ခြင်းမေတ္တာဖြင့် မပြုလုပ်ဘဲ အိမ်ထောင်ကျလျှင် မလုပ် မနေရ လုပ်ရသည့် လုပ်ရိုးလုပ်စဉ်တစ်ရပ် ဟု ယူဆပြီး စိတ်မပါသောကြောင့်လည်း ပန်းသေပန်းညှိုးဖြစ်တတ်ပါသည်။

အိမ် ထောင်ကျခါစကာလတွင် တစ်ဦးနှင့်တစ် ဦး အပေးအယူမမျှတသေးခြင်း၊ တစ်ဦး နှင့်တစ်ဦး အပြည့်အဝနားလည်မှုမရ သေးခြင်းနှင့် လိင်သဘာဝကို တိကျစွာ နားမလည်ခြင်းကြောင့်လည်း ဖြစ်တတ် ပါသည်။ အိမ်ထောင်သည်များတွင် ပတ် ဝန်းကျင်ပြောင်းလဲမှု၊ စီးပွားရေး၊ လူမှုရေး နှင့် အခြားပြဿနာအဝ၀ကို ရင်ဆိုင်နေ ရခြင်းကြောင့်လည်း ပန်းသေပန်းညှိုး ဖြစ်တတ်ပါသည်။
ယောက်ျားစစ်စစ်ဖြစ်သော်လည်း မိန်းမလျာဖြစ်နေခြင်း၊ ငယ်စဉ်က သဘာဝ မကသော သုက်လွှတ်ခြင်းများပြုလုပ်ခဲ့ ခြင်းကြောင့် ပန်းသေပန်းညှိုးရနိုင်မည်ဟု ပူပန်နေခြင်း၊ များပြားလှသော လုပ်ငန်း များကြောင့် စိတ်ပင်ပန်းနေရခြင်း၊ စိတ် သောကရောက်ခြင်းနှင့် စိတ်ညစ်နေခြင်း ကြောင့်လည်း ပန်းသေပန်းညှိုးခြင်းဖြစ် တတ်ပါသည်။
ပန်းသေပန်းညှိုးမဖြစ်ရန် ကာကွယ်ခြင်းနှင့် အကြံပြုချက်
ပန်းသေပန်းညှိုးခြင်းဖြစ်ပေါ်စေ သော ရောဂါများကို ထိရောက်စွာ ကုသရ ပါမည်။ ပန်းသေပန်းညှိုးခြင်း၏ အဓိက တရားခံမှာ စိတ်ကြောင့်ဖြစ်၍ မိမိစိတ်ကို ထိန်းချုပ်ကာကွယ်ရပါမည်။ လိုအပ်ပါက စိတ်ရောဂါအထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသရပါမည်။ လိင်ကိစ္စထကြွ စေသော အစားအစာများကို စားရမည်။ လိင်တက်ကြွဆေးများကို အလွန်အကျွံ မသုံးသင့်ကြောင်း အကြံပြုအပ်ပါသည်။

ဒေါက်တာမြင့်သန်းထွန်း
ပြည်သူ့ကျန်းမာရေး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *