ပိန်စေတဲ့အဖြေက သင့်ဆီမှာပဲ ရှိတာပါ…

အားကစားခန်းမမှာ လေ့ကျင့်ခန်း လာကစားတဲ့ သူတွေနဲ့ အများဆုံးရင်ဆိုင် တွေ့ဆုံရသူတွေက အားကစားနည်းပြတွေပဲဖြစ်ပါတယ်။ လူတစ်ဦးတစ် ယောက်ချင်းစီရဲ့လိုအပ်ချက်တွေ၊ ဖြစ်ချင်တဲ့ဆန္ဒ တွေ ကွဲပြားကြတာမို့ မေးခွန်းမျိုးစုံ အမေးခံရဆုံးက လည်း အားကစားနည်းပြတွေပါပဲ။ ဒီထဲက အမေး များတဲ့ မေးခွန်းကတော့ ]]ပိန်ချင်တယ်၊ ကျစ်ချင် တယ် ဘယ်နှလဆိုဝိတ်ကျမလဲ}}ဆိုတဲ့ မေးခွန်းဖြစ်ပါ တယ်။ ဒီမေးခွန်းက မေးရတာလွယ်ပေမယ့် အဖြေ ပေးဖို့ကတော့ မလွယ်ပါဘူး။ ဒါကြောင့် ဝိတ်ကျဖို့ လာကစားတဲ့သူတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန် မေးရမယ့် မေးခွန်းတွေရှိပါတယ်။ အဖြေက ကိုယ် တိုင်ဆီမှာပဲရှိနေတာပါ။

(၁) တစ်ပတ်ဘယ်နှရက် ကစားမှာလဲ
Gym rSm Membership ဝင်ဖို့ Fees သွင်းပြီး ရင် တာဝန်ကျေပြီလို့ တချို့က ယူဆပါတယ်။ မန် ဘာဝင်တာက တစ်လဆိုပါစို့၊ လာကစားတဲ့ရက်က ရက်ပေါင်း သုံးဆယ်မရှိပါဘူး။ တစ်ပတ်ဘယ် နှရက် ကစားနိုင်မှာလဲ ကိုယ့်ကိုယ်ကိုယ်ပြန်မေးပါ။ ဝိတ်ကျ ဖို့ အားကစားလုပ်မယ့်သူအတွက် တစ်ပတ် နှစ်ရက် ကတော့ အရမ်းနည်းပါတယ်။ တစ်ပတ်လေးရက်- ငါးရက် ပုံမှန်ကစားဖို့လိုပါတယ်။ ရေရှည် အားကစား ပုံမှန်ပြုလုပ်နိုင်ဖို့ တစ်နေ့တာမှာ သင့်အတွက် အ ဆင်အပြေဆုံးအချိန် တစ်ခုသတ်မှတ်ပြီး ကိုယ်လက် လှုပ်ရှားပြုလုပ်ပါ။

(၂) ဘယ်လောက်ကြာကြာ ကစားမှာလဲ
တချို့က တစ်လအတွင်း အပြင်းအထန် အား ကစားလုပ်လိုက်ရင် ပိန်သွားမယ်လို့ ထင်တတ်ကြပါ တယ်။ ကျန်းမာရေးလည်း မထိခိုက်စေဘဲ၊ ကိုယ်အ လေးချိန် ပုံမှန်ဖြစ်အောင် ထိန်းနိုင်ဖို့ဆိုရင် ပုံမှန်အား ကစား လုပ်သွားဖို့လိုပါတယ်။ အချိန်တိုတွင်း ဝိတ် ကျစေတဲ့ နည်းလမ်းတွေဆိုတာ ရေရှည်မခံသလို ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ ကိုယ် လက်လှုပ်ရှားအားကစားဆိုတာဟာ တစ်သက်တာ ပုံမှန်လုပ်သွားဖို့ လိုအပ်တာမျိုးပါ။

(၃) ဘာတွေစားလဲ
လေ့ကျင့်ခန်းဘယ်လောက်လုပ်လုပ် အစားအ သောက် ချင့်ချိန်မစားဘူးဆိုရင် အဆီပိုတွေ လောင် ကျွမ်းစေမှာမဟုတ်ပါဘူး။ ဝိတ်ချဖို့ဆိုရင် စားလိုက် တဲ့ ကယ်လိုရီပမာဏထက် ထုတ်သုံးတဲ့ စွမ်းအင် ပမာဏက ပိုများဖို့လိုပါတယ်။ ပိန်ဖို့အတွက် အစာ အငတ်ခံဖို့မလိုပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စား စရာတွေကို ရွေးချယ်ပြီး ချင့်ချိန်စားပေးဖို့ပဲလိုတာပါ။

ထူးဒါလီကိုကို(MPharm)

Post Author: Good Health Journal