ပိုးသတ်ဆေးယဉ်ပါးမှုတွေ ဆိုးရွားနေပြီလား

အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ တားဆီးရေးစင်တာရဲ့ လတ်တလော ထုတ် ပြန်ချက်အရ နှစ်စဉ် လူပေါင်း ၂ သန်း ကျော်မှာ ဆေးယဉ်ပါးသွားတဲ့ ဘက်တီးရီး ယားပိုးတွေ ကူးစက်နေပြီး အမေရိကန် နိုင်ငံတစ်ခုတည်းမှာတင် သေဆုံးသူ တစ်နှစ်ကို ၂၃၀၀၀ ရှိတယ်လို့ သိရပါ တယ်။ ပဋိဇီဝဆေးတွေကို ယဉ်သွားတာ ဟာ လူသားတွေရင်ဆိုင်နေရတဲ့ အကြီး မားဆုံး ကျန်းမာရေးအန္တရာယ်တွေထဲက တစ်ခုဖြစ်ပြီး ဆေးမတိုးတော့တဲ့ ဝမ်းပျက် ဝမ်းလျှော၊ သွေးအဆိပ်သင့်မှု၊ အဆုတ် ရောင်ရောဂါနဲ့ ဆီးပူညောင်းကျရောဂါတွေ ကမ္ဘာတစ်ဝန်းလုံးမှာ လူပေါင်းသန်းနဲ့ချီ ဖြစ်ပွားနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကလည်း ပြောပါတယ်။ ဒါပေမဲ့ စိတ်မပူ ပါနဲ့။ သင့်ကိုယ်သင်ကာကွယ်ဖို့နဲ့ ရောဂါ ဆိုးမကူးစက်အောင် ကာကွယ်နိုင်တဲ့ နည်း လမ်းတွေ ရှိပါတယ်။

(၁) ပိုးသတ်ဆပ်ပြာတွေ မသုံးပါနဲ့
ပိုးသတ်ဆပ်ပြာ၊ ခံတွင်းဆေးရည်၊ သွားတိုက်ဆေးနဲ့ ထရိုင်ကလိုဆန်ပါတဲ့ တခြားအလှကုန်တွေဟာ ပဋိဇီဝဆေး ယဉ် ပါးမှုကို ပိုမိုဖြစ်စေတဲ့အရာတွေပါ။ လေ့ လာမှုတွေမှာလည်း ပိုးသတ်ဆပ်ပြာတွေ က ပုံမှန် သာမန်ဆပ်ပြာတွေထက် လူကို ပိုသန့်စေကြောင်း မတွေ့ရပါဘူး။ နိုင်ငံ တချို့မှာဆိုရင် ပိုးသတ်ဆပ်ပြာတွေကို လုံးဝတားမြစ်ထားပါတယ်။

(၂) အကျိုးပြု ဘက်တီးရီးယားတွေ မွေးပါ
လူကို အကျိုးပြုတဲ့ ဘက်တီးရီးယား ပိုးတွေ အထူးသဖြင့် အူထဲမှာရှိတာဟာ လူကိုဒုက္ခပေးတဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ဖို့ အကောင်းဆုံး ကာကွယ် နည်းတစ်ခုပါ။ အကျိုးပြုဘက်တီးရီး ယားတွေက သင့်ရဲ့ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေး၊ ကာကွယ်ပေးပါတယ်။ တခြား ကောင်းကျိုးများစွာကိုလည်း ပေးပါတယ်။ အကျိုးပြုဘက်တီးရီးယားတွေ ရနိုင်တဲ့ ဖြည့်စွက်စာ ဒါမှမဟုတ် အရသာလည်းရှိ၊ သဘာဝလည်းဖြစ်တဲ့ အစာမျိုး ဥပမာ ဒိန် ချဉ်၊ အချဉ်ဖောက်ထားတဲ့ အစာနဲ့ ကင်မ်ချီ လို အစားအစာမျိုး စားပေးနိုင်ပါတယ်။

(၃) ပဋိဇီဝဆေးပေးဖို့ မတောင်းဆိုပါနဲ့
နေထိုင်မကောင်းတဲ့အခါမျိုးမှာ နေရထိုင်ရသက်သာစေမယ့်ဆေးတွေကို လူက သောက်ချင်လာပါတယ်။ တုပ်ကွေး အပြင်းစားဖြစ်တဲ့အခါမျိုး ဆရာဝန်ကို ပဋိဇီဝဆေးပေးဖို့ မပြောမိပါစေနဲ့။ ဒီဆေး တွေက တုပ်ကွေးနဲ့ အအေးမိတာလို ဗိုင်း ရပ်စ်ရောဂါတွေအတွက် အထောက်အကူ မဖြစ်သလို ပဋိဇီဝဆေးတွေ သောက်လေ လေ၊ ဘက်တီးရီးယားတွေက ဆေးတွေ ကို ယဉ်ပါးလာလေလေဖြစ်ပြီး ရောဂါ ပိုဆိုး လာတတ်ပါတယ်။ ပဋိဇီဝဆေးသောက်ဖို့ တကယ်လိုအပ်နေလား သိချင်ရင်တော့ သွေးဖောက်စစ်ဆေးမှု အသစ်တစ်ကြိမ် လုပ်လိုက်ပါ။

(၄) လိင်မှတစ်ဆင့် ကူးစက်ရောဂါရှိမရှိ စစ်ဆေးပါ
ဆေးမတိုးတော့တဲ့ ဆီးပူညောင်း ကျရောဂါနဲ့ ကာလသားရောဂါတွေ လတ် တလောအဖြစ်များလာတဲ့အတွက် ဘက် တီးရီးယားကြောင့်ဖြစ်တဲ့ ရောဂါတွေထဲ မှာမှ လိင်မှတဆင့်ကူးစက်တဲ့ရောဂါဟာ အဖြစ်အများဆုံးတစ်ခုပါ။ ရောဂါပိုးတွေကို တိုက်ထုတ်နိုင်တဲ့ တစ်ခုတည်းသော နည်း လမ်းက တခြားလူကိုမကူးခင် ချက်ချင်း ကုသဖို့ပါ။ ဒါဟာ ပုံမှန်စစ်ဆေးကုသမှု တွေလုပ်ဖို့ အင်မတန်အရေးကြီးတယ်လို့ ပြောတာပါ။ အခုအခါမှာ ဘေးကင်းမှု မရှိတဲ့ လိင်ဆက်ဆံမှုဟာ အမျိုးသမီးငယ် တွေ သေဆုံးရတဲ့ နံပါတ်တစ်အကြောင်း ရင်း ဖြစ်နေပါတယ်။

(၅)ဆရာဝန် ညွှန်ကြားတဲ့အတိုင်း ဆေးသေချာ သောက်ပါ။
ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ နေ ထိုင်မကောင်းမှုမျိုးဆိုရင် ပဋိဇီဝဆေး သောက်ရင် အသက်အန္တရာယ် စိတ်ချရ ပါတယ်။ ဒါပေမဲ့ စနစ်တကျသောက်မှ စိတ်ချရမှာဖြစ်ပါတယ်။ ဆရာဝန်òန် ကြားချက်အတိုင်း အတိအကျ လိုက်နာပါ။ လူတွေလုပ်တတ်တဲ့ အမှားကြီးတစ်ခု ရှိပါ တယ်။ လူက သက်သာလာတဲ့အတွက် ပဋိ ဇီဝဆေးတွေကို ဆေးပတ်လည်အောင် အကုန်မသောက်တာပဲ ဖြစ်ပါတယ်။ ကိုယ် ထဲမှာ မကောင်းတဲ့ပိုးကောင်တွေ ကျန်နေ ခဲ့တာဟာ သူတို့ကို ဆေးနဲ့ယဉ်ပါးလာစေပြီး ဆေးမတိုးတော့တာ ဖြစ်ပါတယ်။

(၆) ဆေးထိုးထားတဲ့ အသားတွေ မစားပါနဲ့
ပဋိဇီဝဆေး ၈၀ ရာခိုင်နှုန်းကျော်ကို မွေးမြူရေးတိရစ္ဆာန်တွေမှာ အကြီးမြန် အောင် အသုံးပြုကြပါတယ်။ ဒါဟာ ပဋိဇီ ဝဆေးတွေ ယဉ်လာရတဲ့ အဓိက အ ကြောင်းရင်းတွေထဲက တစ်ခုပါ။ ဒါကြောင့် ပြည်တွင်းနဲ့ အော်ဂဲနစ်တောင်ယာသမား တွေကို အားပေးတဲ့အနေနဲ့ ပဋိဇီဝဆေး တွေမပါတဲ့ အသားတွေကို ရွေးဝယ်ပါ။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal