ပိုးသတ်ဆေးယဉ်ပါးမှုတွေ ဖြစ်လာတာ ဘာကြောင့် လဲ

ပဋိဇီဝဆေးယဉ်ပါးမှုနဲ့ပတ်သက်ပြီး ဆွေးနွေး ပေးပါ ဆရာမ။
ပဋိဇီဝဆေးနဲ့ပတ်သက်ပြီး Antimicrobial, Antibiotic ဆိုပြီး ပြောကြ ပါတယ်။ ဗညအငာငခမသဘငal ကတော့ နည်း နည်းကျယ်ပြန့်ပါတယ်။ လူကို ရောဂါဖြစ် စေတဲ့ပိုးမွှားက လေးမျိုးရှိတယ်။ Bacterial (ဘက်တီးရီးယား)Virus (ဗိုင်း ရပ်စ်)Fungus (မှိုပိုး)နဲ့ Paracite (ကပ်ပါးပိုး) ဆိုပြီးရှိတယ်။ အဲဒီလေးခုစ လုံးကို ခြုံပြီးမှ Antimicrobial လို့ ခေါ်ပါ တယ်။ ဗညအငဘငသအငခ ဆိုတာကတော့ ဘက် တီးရီးယားကို သီးသန့်ကုသတဲ့ဆေးဖြစ် ပါတယ်။ လူမှာ ဒီလေးမျိုးစလုံးက ရောဂါ ဖြစ်စေတယ်ဆိုပေမယ့် အများစုက ဘက် တီးရီးယားတွေကြောင့် ဖြစ်တာပိုများပါ တယ်။ ဒါကြောင့်  Antibioticsတွကို အများဆုံး သုံးကြရတယ်။ ဆေးနာမည် တွေကို ကြားဖူးကြမှာပါ။ ဗိုင်းရပ်စ်၊ မှိုပိုးနဲ့ ကပ်ပါးပိုးအတွက် သုံးတာနည်းလို့ ဆေး ယဉ်ပါးတာနဲ့ပတ်သက်ပြီး အဓိကထားပြီး ပြောမှာက h Antibiotics အကြောင်းပဲ ဖြစ်ပါတယ်။ ပဋိဇီဝဆေးယဉ်ပါးမှုပေါ့။ အဓိကဖြစ်တာက ပိုးက ဖြစ်သွားတာပါ။ ပဋိဇီဝဆေးတွေကို သုံးရင်းနဲ့ ပိုးက ဆေး ကို ယဉ်းပါးသွားတာပါ။ လူက ဆေးကို ယဉ်းပါးသွားတာ မဟုတ်ပါဘူး။

ဆေးယဉ်ပါးတာက ဘယ်တွေကနေ စဖြစ်လာ ရတာပါလဲ ဆရာမ။
အရင်က လူတွေမှာ ဘက်တီးရီး ယားပိုးတွေ ကူးစက်ကြတယ်၊ ဖျားနာကြ တယ်။ ရိုးရာနည်းတွေနဲ့ပဲ ဆေးကုကြ တယ်။ မိသားစုအချင်းချင်း နှစ်သိမ့်ဆွေး နွေးပေးပြီး ကုသကြတယ်။ လူတွေ သေ ကြတယ်ပေါ့။ ၁၉၂၉ ခုနှစ်မှာ အလက် ဇန္ဒားဖလန်းမင်းဆိုတဲ့ သိပ္ပံပညာရှင်က ပင်နီစီလင်ဆိုတဲ့ ဆေးကို တွေ့ရှိခဲ့တယ်။ လူတွေကို ပင်နီစီလင်ဆေးပေးပြီး ကုသ နိုင်ခဲ့တယ်။ Streptomycin ဆိုတဲ့ နောက်ထပ်ဆေးတွေကို ထပ်ထုတ်လာခဲ့ တယ်။ အဲဒီမှာပဲ တချို့ဘက်တီးရီးယား တွေမှာ သဘာဝက ပေးထားတဲ့စွမ်းအား အရ ဒီဆေးတွေကို ခုခံကာကွယ်နိုင်တဲ့ စွမ်းအားတွေ ရလာခဲ့တယ်။ Mutate ဖြစ်သွားတယ်ပေါ့။ အဲဒီအခါ ဆေးပေးပေ မယ့် ဒီဘက်တီးရီးယားပိုးက မသေတော့ ဘဲ ဘက်တီးရီးယား ဆေးယဉ်ပါးမှု ဖြစ် လာပါတယ်။

ပဋိဇီဝဆေးယဉ်ပါးမှုက ကြောက်စရာကောင်း တာပေါ့နော် ဆရာမ။
ဟုတ်ပါတယ်။ ပဋိဇီဝဆေးယဉ်ပါး မှုက ကြောက်စရာကောင်းပါတယ်။ ဘာ ကြောင့်လဲဆိုတော့ ဆေးတွေကို တဖြည်း ဖြည်းသုံးရင်းနဲ့ ဘက်တီးရီးယားတွေက ဆေးတွေ ယဉ်ပါးလာပါတယ်။ သိပ္ပံပညာ ရှင်တွေက ဆေးအသစ်တွေ ထုတ်လိုက် တယ်။ နှစ်နှစ်၊ သုံးနှစ်လောက်နေရင် ဆေးယဉ်ပါးမှုတွေ ဖြစ်လာပါတယ်။ ဘက်တီးရီးယားတွေက ဆေးတွေ ယဉ်ပါး လာတဲ့ အခါ သုံးဖို့ဆေးတွေက အတော်ကို ရှားပါးလာပါတယ်။ ပဋိဇီဝဆေးယဉ်ပါးတဲ့ ပိုးကြောင့်ဖြစ်လာတဲ့ ရောဂါတွေဆိုရင် တော်ရုံဆေးသုံးရုံနဲ့ မပျောက်ကင်းတော့ ဘူး ဖြစ်လာပါတယ်။ ဆေးဝါးသောက်ရုံနဲ့ မရတော့ဘူး။ ဆေးရုံ၊ ဆေးခန်းတွေ တက်ရောက်ပြီး ကုသရတဲ့အထိ ဖြစ်လာပါ တယ်။ ဆေးရုံမှာလည်း အကြာကြီးနေရ တယ်၊ ဆေးဝါးတွေလည်း တစ်မျိုးပြီးတစ် မျိုး ပြင်းထန်တဲ့ဆေးဝါးတွေကို ထိုးရ၊ သောက်ရပါတယ်။ ဆေးဖိုးတွေ ကုန်ကျ တယ်၊ ဆေးရုံတက်ရတော့ အချိန်တွေ ကုန်တယ်၊ အလုပ်တွေ ပိုရှုပ်ကုန်တယ်၊ လူနာမှာလည်း ဆေးရဲ့ ဘေးထွက်ဆိုး ကျိုးတွေကိုလည်း ပိုခံစားရပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်တယ်၊ အ ဆုတ်ထဲ ပိုးဝင်တယ်ဆိုရင် ပိုးတွေက အဲဒီ နေရာမှာတင် နေတာမဟုတ်ပါဘူး။ သွေး ထဲကို ရောက်သွားပြီး သွေးဆိပ်တက်တာ ကြောင့် အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်နိုင် ပါတယ်။ ဒါကြောင့် ပဋိဇီဝဆေးယဉ်ပါး တာကြောင့် ဖြစ်တဲ့ ရောဂါတွေက ၂၁ ရာ စုမှာ ကမ္ဘာကြီးကို ခြိမ်းခြောက်နေတဲ့ အန္တရာယ်တစ်ခုလို့ ဆိုနိုင်ပါတယ်။

ဆေးယဉ်ပါးမှုက ဘာကြောင့်ဖြစ်လာရတာ လဲ ဆရာမ။
ဘာကြောင့်ဖြစ်လဲဆိုရင် လူတွေ ကြောင့်ပဲလို့ ပြောရပါမယ်။ လူတွေ ဆေး ဝါးတွေကို လိုအပ်တာထက် ပိုသုံးနေကြ တယ်။ ပဋိဇီဝဆေးတွေကို သောက်လိုက် မယ်။ ဘက်တီးရီးယားတိုင်းက ခန္ဓာကိုယ် ကို ရောဂါဖြစ်စေတာ မဟုတ်ပါဘူး။ ခန္ဓာ ကိုယ်ထဲမှာ လူကို အကျိုးပြုဖို့ ရှိနေတဲ့ ဘက်တီးရီးယားတွေလည်း ရှိတယ်။ Normal Flora တွေပေါ့။ ဒီအကျိုးပြုတဲ့ ဘက်တီးရီးယားတွေထဲမှာ တစ်ကောင်၊ နှစ်ကောင်လောက်က Mutation ဖြစ်ပြီး ဆေးတွေကို ခံနိုင်ရည် ရှိနေတယ်။ အဲဒီ အချိန်မှာ မလိုအပ်ဘဲ လူက ပိုးသတ်ဆေး သောက်လိုက်တယ်။ အဲဒီအခါ ဆေးကိုSensitive ဖြစ်တဲ့ ပိုးတွေက သေကုန် ပြီး ဆေးကိုခံနိုင်ရည်ရှိတဲ့ ဘက်တီးရီး ယားတချို့က ကျန်နေတယ်။ အဲဒီကျန် နေတဲ့ ဘက်တီးရီးယားအတွက် နေရာ တွေ အများကြီးဖြစ်သွားတယ်။ သူက ထပ်ပွားပြီး ဘက်တီးရီးယားတွေ ထပ် ပေါက်လာတယ်။ ကျန်တဲ့ဘက်တီးရီးယား ထဲက Sensitive ဖြစ်တဲ့ ဘက်တီးရီးယား တွေကိုလည်း သူရဲ့ Gene ကို မျှဝေပေး တယ်။ အဲဒီလိုနဲ့ ဆေးယဉ်ပါးတဲ့ ဘက်တီး ရီးယားတွေ တဖြည်းဖြည်းနဲ့ များလာပါ တယ်။ တချို့က ဆေးကို ဆရာဝန်ညွှန် ကြားလိုက်တဲ့အတိုင်း သတ်မှတ်ရက် ပြည့်အောင် မသောက်ဘူး။ ရောဂါသက် သာတာနဲ့ ဆေးသောက်တာကို ရပ်လိုက် တယ်။ အဲဒီအခါ ဆေးက မစို့မပို့ဖြစ်သွား တယ်။ နောက်တစ်ခါ ရောဂါထပ်ဖြစ် တော့ အဲဒီဆေးကိုပဲ ထပ်သောက်လိုက် ပြန်တယ်။ အဲဒီလို ပိုးသတ်ဆေးတွေကို ထပ်ခါထပ်ခါသောက်နေတော့ Sensitive ဖြစ်နေတဲ့ ပိုးတွေ သေသွားပြီး ဆေး ယဉ်ပါးတဲ့ပိုးတွေ ပွားလာပါတယ်။
နောက်တစ်ခုက တုပ်ကွေးရောဂါ ဖြစ်တာက ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာပါ။ ပိုးသတ်ဆေးတွေ ပေးလို့ ပျောက်တဲ့ရော ဂါမဟုတ်ပါဘူး။ လူတွေက လည်ချောင်း နာတာ၊ နှာစေးတာနဲ့ ဖျားပြီလို့ ထင်တာ နဲ့ ပိုးသတ်ဆေးတွေ သောက်နေကြ တယ်။ မြန်မာနိုင်ငံမှာက ပိုးသတ်ဆေး တွေကို အလွယ်တကူ ဝယ်သောက်လို့ရ တယ်။ ကွမ်းယာဆိုင်တွေကနေ စပ်ဆေး တွေ ဝယ်သောက်လိုက်ကြတယ်။ တချို့ တွေက ပရက်နီဆိုလုံးတွေ ထည့်ပေးကြ တော့ မြန်မြန်သက်သာသွားကြတယ်။ တစ်ခွက်၊ နှစ်ခွက်သောက် ပျောက်သွား ရင် ဆေးကို ဆက်မသောက်တော့ဘူး။ အဲဒီတော့ ဆေးယဉ်းပါးပိုးတွေ ပွားလာပါ တယ်။ တကယ်မလိုအပ်ဘဲ ဗိုင်းရပ်စ်ပိုး ကို ဘက်တီးရီးယားပိုးသတ်ဆေးတွေ သောက်ကြတာပါ။
နောက်တစ်ခုက တိရစ္ဆာန်မွေးမြူ ရေးတွေမှာ အသားတိုးဖို့၊ ကြီးထွားဖို့ဆိုပြီး တိရစ္ဆာန်အစားအစာတွေထဲမှာ ပဋိဇီဝ ပိုးသတ်ဆေးတွေကို ပမာဏနည်းနည်း (Low Dose) ထည့်ကျွေးပါတယ်။ တိရစ္ဆာန်တွေကို ရောဂါမဖြစ်အောင်ဆိုပြီး လူမှာသုံးတဲ့ ပိုးသတ်ဆေးတွေကိုပဲ သုံး ကြတယ်။ အဲဒီအခါ တိရစ္ဆာန်ရဲ့ အူထဲမှာ ပဋိဇီဝဆေးယဉ်းပါးတဲ့ ပိုးတွေက များနေ တယ်။ တိရစ္ဆာန်တွေရဲ့ မစင်တွေက မြေ ကြီးပေါ်မှာ ပျံ့မယ်၊ ရေတွေထဲ စိမ့်ဝင် မယ်၊ ဒီဘက်တီးရီးယားပိုးတွေက မြေကြီး မှာ ရှိနေတယ်။ ရေတွေထဲမှာ ရှိနေတယ်။ ဒီမြေကြီးပေါ်မှာ အပင်တွေ စိုက်တယ်။ အဲဒီအပင်က ရလာတဲ့ အသီးအရွက်တွေ ကို လူတွေကစားတယ်။ စားတဲ့အခါ သေ ချာစွာ ဆေးကြောသန့်စင်မှု မရှိဘူးဆိုရင် လူရဲ့ အူထဲကို ရောက်သွားတယ်။
တိရစ္ဆာန်ရဲ့ အသားတွေ စားတယ်။ အထူးသဖြင့် အူပေါ့နော်။ တုတ်ထိုးတွေ စားတဲ့အခါ ဆေးယဉ်ပါးတဲ့ဘက်တီးရီး ယားပိုးတွေ ရှိနေပါတယ်။ အဲဒါကို သေ ချာစွာ ချက်ပြုတ်ပြီးမစားရင် ဆေးယဉ်ပါး နေတဲ့ပိုးတွေက လူရဲ့အူထဲကိုရောက်သွား ပါတယ်။ အဲဒီလူတွေက တချိန်ချိန်မှာ ဆေးယဉ်ပါးတဲ့ဘက်တီးရီးယားတွေ ကြောင့် ရောဂါတွေဖြစ်ပြီး ဆေးရုံ၊ ဆေး ခန်းတွေကို ရောက်တယ်။ ဆေးရုံရောက် တော့လည်း ဆေးရုံရဲ့ပိုးမွှားသန့်စင်စနစ် တွေ၊ သန့်ရှင်းရေးစနစ်တွေ ကောင်းရင် တော့ ကိစ္စမရှိဘူး။ မကောင်းရင် လူနာ တစ်ယောက်ကနေ တစ်ယောက်ကို ကိုင် တွယ်တဲ့ ဆရာမတွေကတစ်ဆင့်၊ လူနာ စောင့် ရှောက်သူတွေရဲ့ လက်ကတစ်ဆင့် ဒီရောဂါပိုးတွေ ပျံ့နိုင်ပါတယ်။

ဒေါက်တာစုစုလှိုင်
အဏုဇီဝဗေဒအထူးကုဆရာဝန်ကြီး

Post Author: Good Health Journal