ပီကေနှင့်မရိုးနိစ်ထဲတွင် အူမကြီးကင်ဆာဖြစ်စေသည့်ပစ္စည်းများ ပါဝင်နေနိုင်

ပီကေနဲ့မရိုးနိစ်ထဲမှာ အူမကြီးကင် ဆာဖြစ်စေနိုင်တဲ့ပစ္စည်းတွေပါဝင်နေနိုင် တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက သ တိပေးခဲ့ကြပါတယ်။ ပါဝင်ပစ္စည်းစာရင်း မှာ E171 လို့ဖော်ပြထားတဲ့ titanium dioxide ဟာ အူရဲ့သဘာဝဘက်တီးရီး ယားတွေကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဆစ်ဒနီတက္ကသိုလ်ရဲ့သုတေသီအဖွဲ့က ကြွက်တွေနဲ့လေ့လာစမ်းသပ်ခဲ့ရာမှာ အ ဖြူရောင်ဖြစ်စေတဲ့ပါဝင်ပစ္စည်းထည့် သွင်းထားတဲ့အစားအသောက်ကိုစား မယ်ဆိုရင် အူမကြီးရောဂါတွေသာမက ကင်ဆာတောင်ဖြစ်စေနိုင်တယ်လို့ ထွက် ပေါ်လာခဲ့ပါတယ်။titanium dioxide ကို သွားတိုက်ဆေး၊ အိမ်သုတ်ဆေးနဲ့နေ နေရောင်ကာခရင်မ်တို့လို ထုတ်ကုန်ပ စ္စည်း ၉၀၀ ကျော်လောက်မှာ ပမာဏများ ပြားစွာထည့်သွင်းအသုံးပြုလေ့ရှိကြပါ တယ်။ အဖြူအရောင်ထွက်စေဖို့အသုံးပြု တဲ့ titanium dioxide ကို ပြီးခဲ့တဲ့ဆယ် စုနှစ်အတွင်း အစားအသောက်၊ဆေးဝါးနဲ့ အဝတ်အထည်တွေမှာ အသုံးများလာကြ တာမြင်တွေ့ရပါတယ်။ လုံးဝအန္တရာယ် ကင်းပါတယ်လို့ သက်သေမပြနိုင်ဘဲ အ သုံးများလာတာကြောင့် ပညာရှင်တွေက သတိပေးခဲ့ကြတာပါ။ပြီးခဲ့တဲ့လကပဲ ပြင် သစ်နိုင်ငံမှာ လာမယ့်နှစ်ကစလို့ ထုတ် ကုန်တွေမှာ titanium dioxide ထည့် သွင်းအသုံးပြုမှုကိုတားမြစ်သွားဖို့ရှိတယ် လို့ ကြေညာခဲ့ပါသေးတယ်။

(AP,16.5.19) အေးယုနိုင်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *