ပြုပြင်သင့်သော ကင်ဆာဖြစ်စေနိုင်သည့် အပြုအအမူများ

ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ အစားအလွန်အကျွံစားတာလိုမျိုး ကျန်းမာရေးဆိုးရွားနိုင်တဲ့ နေ့စဉ်အပြု အမူတွေကြောင့် ကင်ဆာဖြစ်နိုင်ခြေများတယ်ဆိုတာတော့ သိရှိလောက်ကြပါပြီ။ ဒါပေမဲ့လည်း ကင်ဆာဖြစ်စေနိုင်တဲ့၊ သင်မသိသေးတဲ့အပြုအမူတွေက အများကြီးရှိသေးတာမို့ ဖော်ပြပေးလိုက်ပါတယ်။

နေရောင်ခြည်နှင့် ထိတွေ့ခြင်း
နွေရာသီ အားလပ်ရက်မှာ အပန်း ဖြေတဲ့အနေနဲ့ ပင်လယ်ကမ်းခြေသွားပြီး ရေကူးတာ၊ နေပူဆာလှုံတာလိုမျိုး အပြု အမူတွေ ပြုလုပ်တတ်ကြပါတယ်။ အ ပန်းပြေစေတာမှန်ပေမယ့် ဒီလိုပြုလုပ် တာကြောင့် ကင်ဆာဖြစ်နိုင်ခြေများလာပါ တယ်။ နေရောင်ခြည်ကလာတဲ့ ခရမ်း လွန်ရောင်ခြည်တွေကြောင့် အရေပြားထိ ခိုက်နိုင်ပြီး အရေပြားအရောင်ပြောင်းလဲ မှုဖြစ်လာကာ ကင်ဆာနဲ့ ကင်ဆာအကြို ပျက်စီးမှုတွေ ဖြစ်လာပါတယ်။
အရေပြားကင်ဆာကို ကာကွယ်ဖို့ အတွက် နေရောင်ခြည်ထဲကိုထွက်မယ် ဆိုရင် နေရောင်ကာလိမ်းဆေး ၃၀ ဒါမှ မဟုတ် ၃၀ ထက် ပိုမိုပါဝင်တဲ့ လိမ်းဆေး ကို လိမ်းထားရပါမယ်။ နေပူအပြင်းဆုံး အချိန်ဖြစ်တဲ့ မနက် ၁၀ နာရီနဲ့ ၂ နာရီ ကြားမှာ အပြင်မထွက်ပါနဲ့။ နေပူထဲသွား ရင်လည်း အင်္ကျီလက်ရှည်၊ ဂါဝန်ရှည်လို မျိုး မိမိအသားအရေကို အကာအကွယ်ရ မယ့်အဝတ်အစားတွေ ဝတ်ဆင်သွားပါ။

စက်အသုံးပြုပြီး အသားညိုစေရန် ပြုလုပ်ခြင်း
နေရောင်ခြည်ခံယူပြီး အသားညို အောင် ပြုလုပ်တာထက် စက်အသုံးပြုပြီး အသားညိုအောင် ပြုလုပ်တာက အန္တ ရာယ်ပိုကင်းတယ်လို့ သင်ထင်နေပါ သလား။ အသားညိုအောင်လုပ်တဲ့အိပ် ရာနဲ့ သူနဲ့ဆက်စပ်ပစ္စည်းတွေက နေ ရောင်ခြည်ထက် အန္တရာယ်ပိုများပါတယ်။ Tanning Bed မှာ တစ်ကြိမ်အိပ်စက် တိုင်း မှဲ့ကင်ဆာဖြစ်နိုင်ခြေ ၂၀ ရာခိုင် နှုန်းပိုများတယ်လို့ အမေရိကန်အရေပြား ဆိုင်ရာ အကယ်ဒမီဌာနက ထုတ်ဖော် ထားပါတယ်။ Tanning Bed မှာ အသား ညိုအောင် ပြုလုပ်တာကြောင့် နှစ်စဉ်နှစ် တိုင်း အရေပြားကင်ဆာဖြစ်သူပေါင်း လေး သိန်းခန့်ရှိတယ်လို့လည်း သိရပါတယ်။

မကြာခဏ လေယာဉ်ပျံစီးခြင်း
လေယာဉ်မယ်၊ လေယာဉ်မောင်၊ လေယာဉ်မောင်းသူတွေဟာ ကင်ဆာမျိုး စုံဖြစ်နိုင်ခြေ အလွန်မြင့်မားပါတယ်။ လေယာဉ်မယ်တွေက တခြားသူတွေ ထက် သားမြတ်ကင်ဆာဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုမိုမြင့်မားပြီး မကြာခဏ လေ ယာဉ်စီးသူတွေက အရေပြားကင်ဆာဖြစ် နိုင်ခြေ လေးဆပိုများပါတယ်။ သူတို့မှာ သားအိမ်ခေါင်း၊ သိုင်းရွိုက်၊ အူမကြီး၊ အသည်းနဲ့ အစာအိမ်ကင်ဆာလည်း ဖြစ်နိုင်ခြေ ပိုများပါတယ်။

ဆေးလိပ်သောက်ခြင်း
စီးကရက်မှာ အဆိပ်အမျိုးအစား ပေါင်း ၄၈၀၀ ပါဝင်ပြီး သင်ဆေးလိပ် တစ်ချက်ဖွာလိုက်တိုင်း အဲဒီအဆိပ်တွေ က ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပါတယ်။ ဆေးလိပ်သောက်သူတွေက ဆေးလိပ် မသောက်သူတွေထက် ၁၀ နှစ်သက် တမ်းတိုပြီး နှလုံးတိုက်ခိုက်ခံရနိုင်ခြေ၊ အဆုတ်ရောဂါနဲ့ ကင်ဆာမျိုးစုံဖြစ်နိုင် ခြေလည်း မြင့်မားသွားပါတယ်။
အသက် ၄၀ မတိုင်ခင်မှာ ဆေးလိပ် ဖြတ်နိုင်ရင် ဆေးလိပ်ကြောင့်ဖြစ်တဲ့ ရောဂါနဲ့သေဆုံးနိုင်ခြေ ၉၀ ရာခိုင်နှုန်း လျော့ကျသွားနိုင်ပါတယ်။ အသက် ၄၀ ပြည့်မှ ဆေးလိပ်ဖြတ်နိုင်ရင်တောင်မှ ဆေးလိပ်ဖြတ်ပြီး သုံးလအကြာမှာ အဆုတ် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီး ငါးနှစ်အကြာမှာ အစာအိမ်၊ ခံတွင်း၊ လည်ချောင်း၊ အဆုတ် ဒါမှမဟုတ် အစာ မျိုပြွန်ကင်ဆာဖြစ်နိုင်ခြေဟာ ထက်ဝက် ခန့် လျော့ကျသွားပါတယ်။

အရက်သောက်ခြင်း
အရက်သောက်တာက နှလုံးကျန်းမာရေးကောင်းမွန်နိုင်တယ်လို့ထင်ပြီး နေ့စဉ် ဝိုင်တစ်ခွက်သောက်တာက ကျန်း မာရေးအတွက်အကျိုးရှိတယ်လို့ ယူဆ ကြပါတယ်။ ဒီအယူအဆအတွက် လေ့လာမှုအများအပြားလိုအပ်သေးတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အရက်သောက်တာ များတာကြောင့် ကင်ဆာဖြစ်နိုင်ခြေက ပိုမိုမြင့်မားသွားနိုင်ပါတယ်။ သားမြတ် ကင်ဆာ၊ အသည်းကင်ဆာနဲ့ အစာမျိုပြွန် ကင်ဆာတွေက အရက်သောက်တာ ကြောင့်ဖြစ်တာပါ။ တစ်နေ့ကို အရက် ၂-၃ ခွက် ဒါမှမဟုတ် တစ်ပတ်ကို ၁၀ ခွက်ထက်ပိုသောက်ရင် ကင်ဆာဖြစ်နိုင် ခြေပိုမြင့်မားသွားပါတယ်။ အရက်ဖြတ် လိုက်တာကြောင့် ကိုယ်အလေးချိန်လျော့ ကျသွားတာ၊ သွေးတွင်းကိုလက်စထရော တွေ လျော့သွားတာနဲ့ ကင်ဆာကိုကာကွယ် နိုင်တဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

တစ်ဆင့်ခံဆေးလိပ်ငွေ့ ဖြင့် ထိတွေ့နေရခြင်း
သင့်အနေနဲ့ ဆေးလိပ်မသောက်ပေ မယ့် သူများသောက်ထားတဲ့ ဆေးလိပ် ငွေ့နဲ့ ထိတွေ့ရတာကြောင့်လည်း ကင်ဆာဖြစ်နိုင်ခြေမြင့်မားနိုင်ပါတယ်။ မိမိ အိမ်ထဲမှာ ဆေးလိပ်သောက်သူရှိတဲ့ အတွက် ဆေးလိပ်အငွေ့တွေက ပရိဘော ဂနဲ့ကော်ဇောတွေပေါ်မှာ တွယ်ငြိနေတာ ကြောင့် အိမ်သားတွေရဲ့ ခန္ဓာကိုယ်ထဲကို ရောက်ရှိသွားနိုင်ပါတယ်။ ဆေးလိပ် သောက်တတ်သူတွေကို ဒီလိုဖြစ်တတ် ကြောင်း သေချာရှင်းပြပြီး မသောက်ရ မနေနိုင်ရင် အိမ်ထဲနဲ့ အလုပ်ထဲမှာ မသောက်ဘဲ ဆေးလိပ်သောက်ဖို့ သီး သန့်ပေးထားတဲ့နေရာမှာသာ သောက်ဖို့ တိုက်တွန်းပါ။

အဝလွန်ခြင်း
အဝလွန်တဲ့ပြဿနာကြောင့် လူ အများစုကတော့ ကင်ဆာနဲ့ဆက်စပ်မှု မရှိဘူးလို့ သိရပါတယ်။ ဒါပေမဲ့ အဝလွန် တာက နှလုံးရောဂါ ဒါမှမဟုတ် ဆီးချို ရောဂါနဲ့ ဆက်စပ်မှုရှိပြီး ကိုယ်အလေး ချိန်လျှော့ချနိုင်တာက အသည်း၊ မုန့်ချို အိတ်၊ ကျောက်ကပ်၊ သားမြတ်နဲ့ ကင်ဆာ အမျိုးအစားတချို့ရဲ့ ဖြစ်နိုင်ခြေကို လျှော့ ချနိုင်တယ်လို့ သိရပါတယ်။ ကိုယ်အ လေးချိန်က ရောင်ရမ်းမှုဖြစ်စဉ်၊ ဟော် မုန်းအပြောင်းအလဲနဲ့ ကိုယ်တွင်းကအင် ဆူလင်လိုမျိုး ဓာတုပစ္စည်းတွေပေါ်မှာ သက်ရောက်မှုရှိတဲ့အတွက် ကိုယ်အ လေးချိန်ကို လျှော့ချလိုက်တာနဲ့ ဒီကင် ဆာတွေရဲ့ ဖြစ်နိုင်ခြေကို လျော့ကျသွား နိုင်တယ်လို့ ဆိုပါတယ်။

လက်သည်းခြေသည်းဆိုးခြင်း
လက်သည်းနီတွေမှာ ကင်ဆာဖြစ် စေနိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။ သူ့မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေက ကင် ဆာဖြစ်စေနိုင်တာ ဒါမှမဟုတ် မွေးဖွား လာတဲ့ကလေးမှာ ချို့ယွင်းချက်ပါလာ တာတွေဖြစ်တတ်ပါတယ်။ မိမိကိုယ်တိုင် လက်သည်းဆိုးရင် ဒါမှမဟုတ် အလှပြင် ဆိုင်မှာ ခြေသည်းလက်သည်းပြုပြင်ရသူ ဖြစ်ရင် လက်အိတ်ဝတ်ပြီး Mask တပ် ကာ ပြုလုပ်ပါ။ လေကောင်းလေသန့်ရရှိ တဲ့နေရာလည်း ဖြစ်သင့်ပါတယ်။

လှုပ်ရှားမှုမရှိခြင်း
အခုခေတ်အခါမှာ ထိုင်ပြီးအလုပ် လုပ်ရတာတွေ များပြားလာပါပြီ။ တစ်နေ့ ကို စားပွဲမှာထိုင်ချိန်က ရှစ်နာရီအထက် မှာ ရှိပါတယ်။ အပတ်စဉ်အနည်းဆုံး နှစ် နာရီခွဲလောက် လေ့ကျင့်ခန်း အသင့် အတင့် လုပ်သင့်တယ်လို့ ကျွမ်းကျင်သူ တွေက အကြံပေးထားပါတယ်။ လေ့ကျင့် ခန်းမလုပ်ဘဲ အထိုင်များတဲ့ပုံစံကြောင့် အူမကြီး၊ သားမြတ်နဲ့ သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေ များပြားလာပါတယ်။ အသည်း နဲ့ ကျောက်ကပ်ကင်ဆာလည်း ဖြစ်နိုင် ခြေ များလာပါတယ်။ လှုပ်လှုပ်ရှားရှားနေ တာကြောင့် ခုခံအားစနစ်မြင့်တက်လာပြီး ရောင်ရမ်းမှုတွေ လျော့ကျသွားကာ ကင် ဆာနဲ့ ဆက်စပ်နေတဲ့ တချို့အချက် အလက်တွေလည်း လျော့ကျသွားတယ် လို့ သိရပါတယ်။

ညဆိုင်းအလုပ်လုပ်ခြင်း
အိပ်စက်မှုအနေအထားနဲ့ ကင် ဆာဆက်စပ်မှုကို သုတေသနပြုလုပ်နေ ဆဲဖြစ်ပြီး အိပ်စက်မှုမကောင်းမွန်တာက ကင်ဆာဖြစ်နိုင်ခြေမြင့်မားတယ်လို့ လေ့လာမှုအများအပြားအရ သိထားရပါ တယ်။ ဇီဝနရီပုံမှန်မဟုတ်သူတွေမှာ သားမြတ်နဲ့ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ မြင့်မားပါတယ်။ ညလုံးပေါက်အလုပ်လုပ် ရသူ၊ နေ့ဆိုင်းညဆိုင်းရွှေ့ပြောင်းပြီး လုပ်ရသူတွေမှာ ကင်ဆာဖြစ်နိုင်ခြေ အလွန်မြင့်မားပါတယ်။ ဖြစ်နိုင်ရင် နေ့ ဆိုင်းအလုပ်ကို ပြောင်းလုပ်ပါ။ အကယ် ၍ မဖြစ်မနေ ညဆိုင်းအလုပ်လုပ်ရမယ် ဆိုရင်လည်း နေ့လယ်ဘက်မှာ ပုံမှန်အိပ် ချိန်ရအောင် အိပ်စက်ပေးပါ။

ဓာတ်ငွေ့များ (Radon) နှင့် ထိတွေ့ခြင်း
Radon ဆိုတာက လေ၊ ရေနဲ့ မြေကြီးထဲမှာ သဘာဝအတိုင်းတွေ့ရှိရတဲ့ ရေဒီယိုဓာတ်တက်ကြွမှုရှိတဲ့ ဓာတ်ငွေ့ တချို့ပါ။ အဲဒီအငွေ့မှာ ကင်ဆာဖြစ်စေ နိုင်တဲ့ဒြပ်ပေါင်းတွေ အများအပြားပါဝင် ပါတယ်။ တချို့နိုင်ငံတွေမှာ အဲဒီဓာတ် ငွေ့တွေ မြင့်မားစွာ ပါရှိနေတတ်ပါတယ်။

အခြောက်လျှော်ထားသော အဝတ်များကို မကြာခဏဝတ်ဆင်ခြင်း
အဝတ်ကို အခြောက်လျှော်တဲ့အခါ မှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေထဲမှာ ကင်ဆာဖြစ်စေတဲ့ ဒြပ်ပေါင်းတွေ ပါရှိပါ တယ်။ သူ့ကြောင့် အစာမျိုပြွန်၊ ကျောက် ကပ်နဲ့ ဆီးအိမ်ကင်ဆာတွေ ဖြစ်လာနိုင် ပါတယ်။

ပြုပြင်ထားသောအသားများကို စားခြင်း
ဝက်အူချောင်း၊ ဝက်ပေါင်ခြောက် လိုမျိုး ပြုပြင်ထားတဲ့အစားအစာတွေက အစာအိမ်နဲ့ အူမကြီးကင်ဆာဖြစ်နိုင်ခြေ အလွန်မြင့်မားပါတယ်။ ဒီအစာတွေက နိုက်ထရိတ်တွေနဲ့ ပြုလုပ်ထားတဲ့အတွက် ကြောင့်ပါ။ အဲဒီနိုက်ထရိတ်တွေက အပူ နဲ့ ထိတွေ့တဲ့အခါမှာ ကင်ဆာဖြစ်စေတဲ့ ဒြပ်ပေါင်း နိုက်ထရိုစမင်းတွေ ထွက်ရှိလာ ပါတယ်။

ဘုံပိုင်မှလာသောရေသောက်ခြင်း
ဘုံပိုင်ကရေကိုမစစ်ဘဲ သောက် တာက ကျန်းမာရေးအတွက် အန္တရာယ် များပါတယ်။ အဲဒီရေထဲမှာ ခရိုမီယမ် ဆစ်ခ်၊ အာဆင်းနစ်၊ ရေကို ပိုးသတ်ထား လို့ ထွက်လာတဲ့ထွက်ကုန်နဲ့ နိုက်ထရိတ် တွေပါဝင်တတ်တာကြောင့်ပါ။

HPV (Human Papillomavirus) ကူးစက်ခံရခြင်း
သူက လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး HPV ပိုးရှိသူ တွေမှာ ဘာရောဂါလက္ခဏာမှ မပြတတ် ပါဘူး။ ဒါပေမဲ့လည်း HPV ရှိသူတွေမှာ ကင်ဆာ ဖြစ်နိုင်ခြေမြင့်မားပါတယ်။ နှစ် စဉ်နှစ်တိုင်း အမျိုးသားနဲ့ အမျိုးသမီး ပေါင်း သုံးသောင်းတစ်ထောင်ကျော်က HPVဠ ကြောင့် ကင်ဆာဖြစ်ပွားနေတယ် လို့ သိရပါတယ်။
HPV ပိုးမကူးစက်အောင် ကာ ကွယ်ဆေးထိုးလို့ရပါတယ်။ ဒါ့အပြင် အိမ်ထောင်ကျသူတွေအနေနဲ့ သားအိမ် ခေါင်းကင်ဆာ ရှိမရှိကို ပုံမှန်စစ်ဆေး သင့်ပါတယ်။

ပူလွန်းသော ဖျော်ရည်များသောက်ခြင်း
မနက်အိပ်ရာထမှာ ကော်ဖီပူပူ၊ လက်ဖက်ရည်ပူပူသောက်တတ်သူတွေ အနေနဲ့ သတိထားရမယ့် အချက်ပါ။ အပူချိန် ၁၄၀ ဖာရင်ဟိုက်အထက်ရှိတဲ့ ဖျော်ရည်တွေကို သောက်မိရင် အစာမျို ပြွန်ကင်ဆာဖြစ်နိုင်ခြေ အလွန်မြင့်မားပါ တယ်။ ခန္ဓာကိုယ်အတွင်းကမျက်နှာပြင်တွေကို ပွတ်တိုက်မှုများပြားတာကြောင့် ကင်ဆာဖြစ်နိုင်ခြေ အလွန်မြင့်မားသလို ဖျော်ရည်က အပူငွေ့တွေက လည်ချောင်း အတွင်းက အမြှေးပါးတွေကို ပွတ်တိုက် လိုက်တာကြောင့် ကင်ဆာဖြစ်ရတာပါ။

းသောက်ကုန်ထည့်သည့် ပလတ်စတစ်ဘူးများကို အပူပေးခြင်း
စားသောက်ဆိုင်က ပလတ်စတစ် ဘူးနဲ့ ထည့်လာခဲ့တဲ့အစားအစာတွေကို စားခါနီးမှာ အဲဒီဘူးကို မိုက်ခရိုဝေ့ဖ်ထဲ ထည့်ပြီး အပူပေးခဲ့ရင် စတိုင်ရင်းဆိုတဲ့ ဓာတုပစ္စည်းထွက်လာပါတယ်။ ဒီဓာတု ပစ္စည်းနဲ့ မကြာခဏထိတွေ့သူတွေက သွေးဖြူဥကင်ဆာ၊ Lymph အကျိတ် ကင်ဆာ၊ မုန့်ချိုအိတ်ကင်ဆာ ဒါမှမဟုတ် အစာမျိုပြွန်ကင်ဆာတွေ ဖြစ်နိုင်ခြေများ တယ်လို့ သိရပါတယ်။ ဒါကြောင့် ပလတ် စတစ်ဘူးထဲက အစားအစာတွေကို ပန်း ကန်ထဲ ပြောင်းပြီးမှသာ ပြန်နွှေးပါ။

အနီရောင်အသားစားခြင်း
အနီရောင်အသားမှာလည်း နိုက် ထရိတ်နဲ့ နိုက်ထရိုက်တွေ ပါဝင်ပါတယ်။ ဒီ ဓာတုပစ္စည်းတွေ မပါဝင်ရင်တောင်မှ အနီရောင်အသားကို မီးပြင်းပြင်းနဲ့ ချက် လိုက်တာကြောင့် ကင်ဆာဖြစ်စေတဲ့ ဒြပ်ပေါင်းတွေ ထွက်ရှိလာနိုင်ပါတယ်။ ဒီဒြပ် ပေါင်းတွေက DNA ကို ပြောင်းလဲ မှုဖြစ်စေပြီး ကင်ဆာဖြစ်နိုင်ခြေမြင့်မားသွားပါတယ်။ ဒါကြောင့် အူမကြီးကင်ဆာ ကနေ ကာကွယ်နိုင်အောင် တစ်ပတ်ကို အနီရောင်အသား ၁၈ အောင်စထက် နည်းပြီးသာ စားသုံးသင့်တယ်လို့ ကင်ဆာ သုတေသနဌာနက အကြံပေးထားပါတယ်။

ပေါင်းသတ်ဆေး အသုံးပြုပြီး ဥယျာဉ်ခြံစိုက်ခြင်း
ဥယျာဉ်ခြံစိုက်သူတွေအနေနဲ့ မိမိ ဥယျာဉ်ထဲက ပေါင်းမြက်တွေကို သတ်ဖို့ အတွက် ပေါင်းသတ်ဆေးတွေ အသုံးပြု ကြရပါတယ်။ ဒီပေါင်းသတ်ဆေးတွေမှာ ပါဝင်တဲ့ဒြပ်ပေါင်းတွေမှာ ကင်ဆာဖြစ် စေနိုင်တဲ့ ဓာတုပစ္စည်းတွေ များစွာပါဝင် ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင်ပေါင်း သတ်ဆေး၊ ပိုးသတ်ဆေးတွေကို အသုံး မပြုပါနဲ့။

အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း
အကာအကွယ်မဲ့ လိင်ဆက်ဆံတာ ကြောင့် HPV နဲ့ ကယ်လ်မိုင်းဒီးယားလို မျိုး လိင်မှတစ်ဆင့်ကူးစက်ခံရတဲ့ရောဂါတွေဖြစ်နိုင်ပြီး ဒီနှစ်မျိုးစလုံးကြောင့် ကင် ဆာဖြစ်နိုင်ခြေ အလွန်မြင့်မားသွားပါတယ်။

ထပ်ပြန်ကြော်ဆီများ စားသုံးခြင်း
ထပ်ပြန်ကြော်ဆီစားသုံးတာက သားမြတ်၊ အူမကြီး၊ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေတွေနဲ့ ဆက်စပ်မှုရှိပါတယ်။ ထပ်ပြန်ကြော်ဆီ စားသုံးမှုများတဲ့ အမျိုး သမီးတွေက ထပ်ပြန်ကြော်ဆီလုံးဝမစား သုံးသူ ဒါမှမဟုတ် စားသုံးမှုနည်းတဲ့အ မျိုးသမီးတွေထက် သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ စမူဆာ၊ အီ ကြာကွေး၊ ဘူးသီးကြော်၊ ဘယာကြော် အစရှိတဲ့ ဆီကြော်စာတွေက ထပ်ပြန် ကြော်ဆီတွေနဲ့ ပြုလုပ်ထားတာပါ။

လေထုညစ်ညမ်းမှုနှင့် ထိတွေ့ခြင်း
အပြည်ပြည်ဆိုင်ရာ ကင်ဆာသု တေသနအဖွဲ့က ပြင်ပလေထုညစ်ညမ်း မှုဟာ ကင်ဆာဖြစ်စေနိုင်တဲ့ပစ္စည်းလို့ သတ်မှတ်ထားပါတယ်။ လေထုညစ်ညမ်း မှုကြောင့် အဆုတ်နဲ့ ဆီးအိတ်ကင်ဆာ ဖြစ်နိုင်ခြေမြင့်မားပါတယ်။ အသက်ရှင်ဖို့ အတွက် လေကိုမဖြစ်မနေရှူရမှာဖြစ်တဲ့ အတွက် လေကောင်းလေသန့်ရတဲ့နေရာ၊ စက်ရုံအလုပ်ရုံနဲ့ဝေးကွာတဲ့နေရာ၊ လူနေ မှုမထူထပ်တဲ့နေရာတွေကို ရွေးချယ်ပြီး နေထိုင်ပါ။

မျိုးရိုးလိုက်ခြင်း
မိဘမျိုးရိုးလိုက်တာကြောင့်ဖြစ်တဲ့ ကင်ဆာကိုတော့ ကာကွယ်လို့ မရပါဘူး။ BRCA1 နဲ့ BRCA2 မျိုးရိုးဗီဇကြောင့် ဖြစ်တဲ့ သားမြတ်ကင်ဆာဟာ မျိုးရိုးလိုက် တာကြောင့် ဖြစ်တာပါ။ ဒီမျိုးရိုးဗီဇ gနညန က သားဥအိမ်ကင်ဆာ၊ မုန့်ချိုအိတ်နဲ့ ဆီး အိတ်ကင်ဆာဖြစ်နိုင်ခြေလည်း မြင့်မား ပါတယ်။ သင့်မိသားစုဝင်ထဲမှာ ဒီကင် ဆာဖြစ်ပေါ်နေသူရှိရင် မကြာခဏ ကျန်း မာရေးစစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။

ဆေးရွက်ကြီးငုံခြင်း
တချို့လူတွေက ဆေးလိပ်သောက် တာကြောင့် ကျန်းမာရေးအန္တရာယ်ဖြစ်မှာ ကိုစိုးရိမ်ပြီး ဆေးလိပ်မသောက်တော့ဘဲ ဆေးရွက်ကြီးကို ငုံတတ်ကြပါတယ်။ ဆေးရွက်ကြီးကလည်း ဆေးလိပ်လိုမျိုးပဲ အန္တရာယ်အလွန်များပါတယ်။ သူ့မှာ နီကိုတင်းတွေ များစွာပါဝင်တဲ့အပြင် ကင်ဆာဖြစ်စေတဲ့ ဓာတုပစ္စည်းပေါင်း ၂၈ မျိုးအထိ ပါဝင်ပါတယ်။ ဆေးရွက်ကြီး ငုံတာကြောင့် ခံတွင်းကင်ဆာ၊ အစာအိမ် ကင်ဆာနဲ့ အစာမျိုပြွန်ကင်ဆာတွေဖြစ်နိုင်ခြေများတဲ့အပြင် နှလုံးတိုက်ခိုက်ခံရ နိုင်ခြေနဲ့ လေဖြတ်နိုင်ခြေအလွန်မြင့်မားပါတယ်။

ကျောက်ဂွမ်းမှုန်များ(Asbestos)နှင့် ထိတွေ့ခြင်း
နှစ်ချို့အဆောက်အအုံတွေ (ဥပမာ ကျောင်း၊ အိမ်ဟောင်းအိမ်အို၊ လူအများ သုံးအဆောက်အအုံကြီးတွေ)မှာ Asbestos တွေပါဝင်တတ်ပြီး သူ့ကြောင့် ကင် ဆာဖြစ်နိုင်ခြေ အလွန်မြင့်မားပါ တယ်။ အဲဒီအဆောက်အအုံတွေမှာ အသုံးပြုတဲ့ အပူအအေးမျှတစေတဲ့ ပစ္စည်း၊ မီးကာပစ္စည်းနဲ့ အဆောက်အအုံ ဆောက်လုပ်ခဲ့ရာ မှာပါဝင်တဲ့ပစ္စည်းတွေ မှာ Asbestos တွေ ပါဝင်တတ်ပါတယ်။

အချဉ်ဖောက်ထားသောပစ္စည်းအချို့ စားသုံးခြင်း
အချဉ်ဖောက်ထားတဲ့အစားအစာ တွေက ကျန်းမာရေးအတွက် အကျိုး ကျေးဇူးများစွာရရှိပေမယ့် တချို့အချဉ် ဖောက်ပစ္စည်းတွေက နှာခေါင်းနဲ့ လည် ချောင်း ကင်ဆာဖြစ်နိုင်ခြေ အလွန်မြင့် မားတယ်လို့ သိရပါတယ်။ သူတို့မှာ ကင် ဆာဖြစ်စေနိုင်တဲ့ဓာတုပစ္စည်း နိုက်ထ ရိတ်နဲ့ နိုက်ထရိုက်တွေ ပါဝင်နေတဲ့ အတွက် ခန္ဓာကိုယ်ထဲမှာ နိုက်ထရိုစမင်း အဖြစ် ပြောင်းလဲသွားပြီး ကင်ဆာဖြစ် စေတာပါ။ ဒါကြောင့် အချဉ်ဖောက်ထား တဲ့ အစားအစာတွေကို စားသုံးချင်ရင် သဘာဝအတိုင်း မိမိကိုယ်တိုင်ပြုလုပ်ကာ စားသုံးသင့်ပါတယ်။

ဆီးချိုရောဂါရှိခြင်း
အမျိုးအစား(၁) ဒါမှမဟုတ် အမျိုးအစား(၂) ဆီးချိုရောဂါရှိသူတွေမှာ ကင် ဆာရောဂါဖြစ်နိုင်ခြေအလွန်မြင့်မားတယ်လို့ သိရပါတယ်။ ဆီးချိုရောဂါရှိသူ အမျိုး သမီးတွေက ကင်ဆာဖြစ်နိုင်ခြေ ၂၇ ရာခိုင်နှုန်းရှိပြီး ဆီးချိုရောဂါရှိသူ အမျိုးသားတွေကတော့ ကင်ဆာဖြစ်နိုင် ခြေ ၁၉ ရာခိုင်နှုန်းရှိပါတယ်။
အမျိုးအစား (၁) ဆီးချိုရောဂါကို တော့ ပျောက်ကင်းအောင် မကုသနိုင်ပေ မယ့် အမျိုးအစား(၂) ဆီးချိုရောဂါ ကိုတော့ အစားအသောက်ပြောင်းလဲတာ၊ ကိုယ် အလေးချိန်ကျဆင်းတာတွေနဲ့ သက်သာအောင် ပြုလုပ်လို့ရပါတယ်။ ဆီးချိုရောဂါရှိသူတွေမှာ သွေးတွင်း သကြားဓာတ်ကို ထိန်းချုပ်နိုင်ရင် ကင် ဆာဖြစ်နိုင်ခြေလျော့ ကျသွားပါတယ်။ သွေးတွင်းသကြားဓာတ်မြင့်မားတာက DNA ပြောင်းလဲမှုကို လှုံ့ဆော်နိုင်တယ် လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ကြတဲ့ အတွက် သွေးတွင်းသကြားဓာတ် ထိန်း ချုပ်နိုင်မယ့် နည်းလမ်းတွေကို ဆရာဝန် နဲ့တိုင်ပင်ကာ အကြံဉာဏ်ရယူပါ။

ဓာတ်ရောင်ခြည်နှင့်ထိတွေ့ခြင်း
ဓာတ်ရောင်ခြည်အများအပြားနဲ့ ထိတွေ့ရင် တစ်သျှူးပျက်စီးနိုင်တဲ့ အတွက် အလွန်အန္တရာယ်များပါတယ်။ ဓာတ်ရောင်ခြည်အနည်းငယ်နဲ့ မကြာ ခဏထိတွေ့တာကလည်း ကျန်းမာရေး အတွက် အန္တရာယ်ရှိပါတယ်။ ဓာတ် ရောင်ခြည်ဟာ သင်ထင်မှတ်မထားတဲ့ တီဗီ၊ လက်ကိုင်ဖုန်းနဲ့ သင့်ကားတွေထဲ ကနေလည်း ရရှိနိုင်ပါတယ်။ တတ်နိုင် သမျှ နေရောင်ခြည်နဲ့ဝေးအောင်နေပြီး ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာ ကွယ်ထားပါ။
ကိုယ်ဝန်ဆောင်အမျိုးသမီးဖြစ်ရင်၊ အသက်ကြီးရင် ဒါမှမဟုတ် ခုခံအား စနစ်နည်းနေရင် ဓာတ်ရောင်ခြည်နဲ့ထိ တွေ့မှုကို အတတ်နိုင်ဆုံးရှောင်ကြဉ်ပါ။

ဒီဇယ်ငွေ့ကို ရှူရခြင်း
ဒီဇယ်ငွေ့ဟာ အင်ဂျင်ကြီးတွေ အသုံးပြုရတဲ့ ကုန်တင်ကား၊ ဘတ်စကား၊ မီးရထား၊ မီးစက်နဲ့ ခရီးသည်တင်ယာဉ် တွေမှာ အသုံးပြုလေ့ရှိပါတယ်။ ဒီဇယ် ကား ကနေထွက်လာတဲ့ အိတ်ခ်ဇောငွေ့ တွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ပစ္စည်းအမျိုးအစား ပေါင်း ၃၀ ကျော်ပါဝင်ပါတယ်။ ဒီဇယ်ငွေ့ကို ရှူရတာကြောင့် အဆုတ် ကင်ဆာ၊ အစာမျိုပြွန်ကင်ဆာနဲ့ အစာ အိမ်ကင်ဆာဖြစ်နိုင်ခြေတွေအလွန်မြင့် မားပါတယ်။

ဗီဇ (Gene) ပြောင်းလဲခြင်း
မျိုးရိုးဗီဇကြောင့်ပါလာတဲ့ Gene အပြင် သင်ရဲ့ နေ့စဉ်ဘ၀နေထိုင်မှုပုံစံ ကြောင့် ပြောင်းလဲလာတဲ့ Gene ကြောင့် လည်း ကင်ဆာဖြစ်နိုင်ခြေ မြင့်မားပါတယ်။ ဥပမာအားဖြင့် နေရောင်ခြည်နဲ့ ထိတွေ့ မှုများတာကြောင့် Gene ပြောင်း လဲမှုဖြစ် ပြီး အရေပြားကင်ဆာဖြစ်လာတာပါ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal