ပရော်ဖက်ရှင်နယ်ကျကျ Pose ပးမယ်

ဓာတ်ပုံရိုက်ပြီး အမှတ်တရလေးတွေသိမ်းဆည်းရတာကို လူအတော်များများ နှစ်သက်ကြ ပါတယ်။ နေရာအသစ်ရောက်ရင်ဖြစ်ဖြစ်၊ ခရီးသွားတာဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့အတူ အပြင် ထွက်တာဖြစ်ဖြစ်၊နေ့ထူးနေ့မြတ်တွေမှာဖြစ်ဖြစ် အမှတ်တရဓာတ်ပုံရိုက်ကြလေ့ရှိပါတယ်။ သူ ငယ်ချင်းတွေနဲ့အုပ်စုလိုက် ဓာတ်ပုံရိုက်တာက သိပ်ပြီး စိတ်ဖိစီးစရာမရှိပေမယ့် တစ်ကိုယ်တော် Solo ဓာတ်ပုံအလှရိုက်ဖို့ဖြစ်လာရင်တော့ ဘယ်လိုနေရမလဲ၊ ဟိုဘက်ကြည့်ရမှာလား၊ ဒီဘက် ကြည့်ရမှာလား၊ ဘယ်ဘက်လှည့်ရမှာလဲ စသဖြင့် စဉ်းစားဖို့က လိုလာပါတယ်။ ဒီတစ်ပတ်မှာ တော့ ဓာတ်ပုံရိုက် ဝါသနာရှင်တို့အတွက် ပရော်ဖက်ရှင်နယ် ဆန်ဆန် Pose ပေးနိုင်ဖို့ နည်း လမ်းကောင်းတွေကို ရေးပေးလိုက်ပါတယ်။

(၁) ယုံကြည်မှုရှိပါ
ဓာတ်ပုံရိုက်ဖို့နေရာ၊ အပြင်အဆင်တွေ အားလုံးက ပြီးပြည့်စုံလှနေပြီး သင့်ဘက်က အဆင်သင့်မဖြစ်ရင် ပုံကောင်းရမှာ မဟုတ်ပါ ဘူး။ စိတ်ထဲမှာဖြစ်နေတဲ့ ခံစားချက်က အမူ အရာနဲ့မျက်နှာမှာပေါ်တတ်ပါတယ်။ ဒါကြောင့် ယုံကြည်မှုရှိရှိနဲ့ ပို့စ်ပေးနိုင်ဖို့ သင့်စိတ်ကို အရင်ဆုံးပြင်ဆင်ပါ။ သင်ဘယ်လို ပုံစံမျိုးလို ချင်တာလဲ အရင်စဉ်းစားပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ။ သင့်ဆံပင်၊ သင့်ခန္ဓာကိုယ်၊ သင့်မျက်နှာကျ ဘယ်လိုနေရင် လှမလဲဆိုတာ ကို ကြိုတင်လေ့လာပါ။ အသက်ပါပါ ရယ်နိုင်၊ ပြုံးနိုင်အောင်လေ့ကျင့်ပါ။ သဘာဝကျတဲ့ Pose တွေပေးနိုင်ဖို့ လေ့ကျင့်မှုက အဓိကပဲ ဖြစ်ပါတယ်။

(၂) သက်သောင့်သက်သာဖြစ် အောင်နေ ပါ
ဓာတ်ပုံရိုက်ဖို့ Pose ပေးတဲ့အခါ လှ နေဖို့ စိတ်က သက်သောင့်သက်သာဖြစ်နေဖို့ လည်းလိုပါတယ်။ စိတ်ဖိစီးမှုများနေရင်၊ ဗျာ များနေရရင် အဆင်မပြေပါဘူး။ Pose ပေးဖို့ သင်ဝတ်ဆင်ထားတဲ့ အဝတ်အစား၊ အပြင်အ ဆင်ကလည်း သက်သောင့်သက်သာရှိနေဖို့ လိုပါတယ်။ အသက်ရှူရ ခက်နေမယ်၊ အဝတ် က အရမ်းကျပ်နေမယ်၊ ခြေထောက်က နာ နေမယ်ဆိုရင်လည်း အဆင်မပြေပါဘူး။ ဒါ ကြောင့် စိတ်ရော၊ လူပါ သက်သောင့်သက်သာ ဖြစ်နေစေဖို့ အထူးဂရုစိုက်ပါ။

(၃) လေ့ကျင့်ထားပါ
သင်ဘယ်လိုနေတာလှတယ်ဆိုတာကို သင်အသိဆုံးပဲဖြစ်ပါတယ်။ ဒါကြောင့် ဓာတ်ပုံ ဆရာကို အားကိုးလွန်းပြီး သူနေခိုင်းတဲ့အတိုင်း အကုန်လိုက်မလုပ်ပါနဲ့။ သင်ဓာတ်ပုံရိုက်တဲ့ အခါ ဝတ်မယ့်အဝတ်အစား၊ အပြင်အဆင်ကို အရင်လေ့လာပြီး ဘယ်လို Pose လုပ်ရင် လှမ လဲဆိုတာကို မှန်ရှေ့မှာ ကြိုတင်လေ့ကျင့် ထားပါ။ ဓာတ်ပုံတစ်ပုံကိုကြည့်ရင် မျက်နှာကို အရင်ဆုံးကြည့်မိတတ်ကြတာမို့ သင်ရဲ့မျက် နှာအနေအထား၊ Facial Expression ကို အဓိကထားပြီး လေ့ကျင့်ပါ။

(၄) အဆာပြေစာယူသွားပါ
ဓာတ်ပုံရိုက်ဖို့ပြင်ဆင်တဲ့အခါ စားသောက် စရာ အနည်းငယ်ကိုလည်း ပြင်ဆင်ထားပါ။ ဆီတွေစွန်းမယ့် စားစရာတွေ မဟုတ်ပါဘူး၊ တစ်လုတ်တစ်ဆုပ်စားလို့ရမယ့် အသီးအနှံ ဖြစ်ဖြစ်၊ ဖျော်ရည်ဖြစ်ဖြစ်ယူသွားပါ။ စား လိုက်ရင် သွားမှာပေကျံမယ့် မုန့်တွေမစားပါနဲ့၊ ရေတွေလည်း အများကြီး မော့မသောက်ပါနဲ့။ ရေဆာရင် တစ်ငုံ၊ နှစ်ငုံလောက်ပဲသောက်ပါ။ ဓာတ်ပုံရိုက်ပြီးမှ အဝစား၊ အဝသောက်ပါ။

(၅) ရင်းနှီးမှုယူပါ
သင့်ကို ဓာတ်ပုံရိုက်ပေးမယ့် ဓာတ်ပုံ ဆရာနဲ့သင် မရင်းနှီးရင်လည်း Pose ပေးတဲ့ အခါ ရှိုးတိုးရှန့်တန့် မပွင့်မလင်းဖြစ်တတ် ပါတယ်။ ဒီလိုမဖြစ်စေဖို့ ဓာတ်ပုံဆရာနဲ့ စကားစမြည်ပြောတာလောက်လုပ်ပါ။ သင် လိုချင်တဲ့ပုံစံကို ပြောပြပါ၊ ဓာတ်ပုံဆရာရဲ့ အကြံဉာဏ်ကိုလည်း ရယူပါ။

(၆) အလင်းအမှောင်ဂရုစိုက်ပါ
အရမ်းလင်းလွန်း၊ အရမ်းမှောင်လွန်း နေရင် သင် Pose ပေးတာ ဘယ်လောက် လှလှ ပုံထွက်ကောင်းမှာမဟုတ်ပါဘူး။ ဒါ ကြောင့် သင်ဓာတ်ပုံရိုက်မယ့်နေရာကအလင်း ရောင်ဖျော့ဖျော့ရှိဖို့၊ လိုအပ်ရင် Reflectors တွေ အသုံးပြုဖို့လိုပါတယ်။ သဘာဝအလင်း ရောင်နဲ့ လှမယ့် Golden Hours (နေရောင် ထွက်ခါစနှင့်နေဝင်ခါနီး)အချိန်မှာ Outdoor ရိုက်နိုင်ရင် အကောင်းဆုံးပါ။

Darliko

Post Author: Good Health Journal