ကြွက်သားထုထည်တိုးစေတယ်
ပဲပုစွန်သီးထဲမှာ ပရိုတင်းဓာတ်များ စွာပါလို့ ကြွက်သားတည်ဆောက်ရာမှာ လိုအပ်တဲ့ အာဟာရကို ဖြည့်စွက်နိုင်ပါ တယ်။ အရေပြားကိုကျန်းမာစေပြီး ဆံ ပင်နဲ့လက်သည်း၊ ခြေသည်းတွေကိုသန် မာစေပါတယ်။ ဒါ့ပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ဟော်မုန်းနဲ့အင်ဇိုင်းတွေရဲ့ထုတ်လုပ်မှုကိုအားပေးပါတယ်။
ဝမ်းချုပ်တာမဖြစ်အောင် ကာကွယ်တယ်
ပဲပုစွန်သီးထဲမှာ အမျှင်ဓာတ်များစွာ ပါဝင်လို့ အူလမ်းကြောင်းလှုပ်ရှားမှုကို ကောင်းစေပြီး ဝမ်းချုပ်တာမဖြစ်အောင်ကာကွယ်နိုင်ပါတယ်။
နှလုံးရောဂါဖြစ်နိုင်ခြေ လျော့စေတယ်
သွေးတွင်းမကောင်းတဲ့ အဆီဓာတ် တွေလျော့နည်းစေပြီးသွေးကြောတွင်း အဆီပိတ်တာမဖြစ်အောင် ကာကွယ်နိုင် ပါတယ်။ သွေးဖိအားကိုပုံမှန်ဖြစ်စေပြီး နှလုံးတိုက်ခိုက်ခံရနိုင်ခြေနဲ့ လေဖြတ်နိုင် ခြေကို လျှော့ချပေးပါတယ်။
မျက်လုံးကျန်းမာစေတယ်
ပဲပုစွန်သီးမှာ ဗီတာမင် အေ များစွာ ပါဝင်လို့ မျက်လုံးကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ အမြင်အာရုံ ကောင်းမွန်စေပြီး မျက်လုံးရောဂါတွေ ဖြစ်ပွားမှုကို လျှော့ချပေးပါတယ်။
ခုခံအားစနစ်ကို ကောင်းစေတယ်။
ပဲပုစွန်သီးမှာ ဗီတာမင်စီ ကြွယ်ဝလို့ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကိုကောင်းမွန် စေပါတယ်။ အအေးမိနှာစေးဖြစ်တဲ့ပိုးနဲ့ အသက်ရှူလမ်းကြောင်းအတွင်းရောဂါ ပိုးတွေ မဝင်ရောက်နိုင်အောင် ခုခံနိုင် စွမ်းရည်ကောင်းစေပါတယ်။
နန်းသီရိ (ဆေးဝါး)