ပျိုမေတို့ ဖက်ရှင်ကျကျလန်းမယ်

  • ပျိုမေတို့ရေ ဒီနေ့ခေတ်မှာ နိုင်ငံတကာက ဖက်ရှင်ရေစီးကြောင်းတွေဟာ ကိုယ်တွေရဲ့ ယဉ်ကျေးမှုအပေါ်ကို လွှမ်းမိုးလာတာတွေ့ရပါတယ်။ နေရာအနှံ့ကြည့်လိုက်ရင် အနောက်တိုင်းဖက်ရှင်ပုံစံကြိုက်သူတွေက အနောက်တိုင်းပုံစံ အဝတ်များတယ်၊ ကိုရီးယားစတိုင်လ်ကတော့ လူငယ်တွေအဝတ်များတယ်၊ နောက်ထပ် ဖက်ရှင်ပုံစံအမျိုးမျိုးကိုလည်း တွေ့မြင်နေရပါတယ်။ ဒီတော့ ဘယ်လို ဖက်ရှင်ပုံစံမျိုးပဲဝတ်ဝတ် ကြည့်လိုက်တာနဲ့ အရမ်းအိုဗာဖြစ်မနေစေဘဲ ဖက်ရှင်ကျကျ လန်းနေဖို့ဆိုရင် လိုက်နာရမယ့် ဖက်ရှင် Tips လေးတွေ ရှိပါတယ်။

(၁) ဂျက်ကက်အင်္ကျီထပ်ဝတ်ပါ
ဂျက်ကက်အင်္ကျီက အတော်များများ ဝတ်စုံတွေအပေါ်က ထပ်ဝတ်လိုက်ရင် ပိုပြီး စမတ်ကျလှသွားစေပါတယ်။ အခုခေတ်မှာ ဒီဂျက်ကက်အင်္ကျီ Trend က ပေါ်ပြူလာ ဖြစ်နေတုန်းပါပဲ။ လယ်သာ ဂျက်ကက်မို့လို့ လယ်သာဖိနပ်တွေ၊ လယ်သာဘောင်းဘီတွေနဲ့ တွဲဝတ်တာကတော့ Cowboy စတိုင်လ်ပုံ ပေါက်စေပါတယ်။ လူငယ်ပုံစံပေါက်ချင်ရင် တော့ Dress လေးတွေ၊ ပေါ့ပေါ့ပါးပါး ပုံစံ လေးတွေç ဆောင်းတွင်းဝတ် ဆွယ်တာလေး တွေအပေါ်က ဂျက်ကက်အင်္ကျီထပ်ဝတ်ပါ။

(၂) အပေါ်ထပ်ကိုပခုံးပေါ်တင်ဝတ်ပါ
အပေါ်ထပ်အင်္ကျီကို လက်ထည့်ပြီး မဝတ်ဘဲ ပခုံးပေါ် တင်ရုံလေးခြုံဝတ်တာက လည်း ဖက်ရှင်တစ်မျိုးဖြစ်စေပါတယ်။ အပေါ် ထပ် အနွေးထည်ဖြစ်ဖြစ် ဂျင်းဂျက်ကက်ဖြစ် ဖြစ် ဆွယ်တာဖြစ်ဖြစ် အပေါ်ကနေ ပခုံးပေါ် တင်ရုံလေးခြုံဝတ်ပါ။

(၃) အထပ်ထပ်ဝတ်ဆင်ပါ
အင်္ကျီတွေတစ်ထပ်ပြီးတစ်ထပ် ဝတ်ခိုင်း တာမဟုတ်ပါဘူး။ ဒီနိုင်ငံရာသီဥတုအနေနဲ့ လည်း အဆင်မပြေပါဘူး။ ခပ်ပါးပါး အဝတ်တွေကို လိုက်ဖက်တဲ့ အ ရောင်တွေနဲ့ အထပ်ထပ်ဝတ် ဆင်တာက သူများနဲ့ မတူတဲ့ ပုံစံဖန်တီးနိုင်ပါတယ်။ ဆိုင် ကဝယ်လာတဲ့အတိုင်း ကောက် ဝတ်တာမျိုးမဟုတ်ဘဲ ကိုယ် ပိုင်ဒီဇိုင်းထွင် ဝတ်ချင်တယ်ဆိုရင် အဝတ်အစားတွေကို ကိုယ့်ဘာ သာ အမျိုးမျိုးထပ်ဝတ်ကြည့် ပါ။ နှစ်ထပ် သုံးထပ်ထက် တော့ မပိုပါစေနဲ့။

(၄) ဖိနပ်ဆန်းဆန်း စီး ပါ
ဖိနပ်ပုံစံဆန်း တာကလည်း ဖက်ရှင် တစ်မျိုးပါပဲ။ အဝတ် အစားပုံစံကို ရိုးရိုးလေး ဝတ်ပြီး ဖိနပ်ပုံစံကိုဆန်း ဆန်းလေး စီးလိုက်ပါ။ ရိုး ရိုးရှင်းရှင်း အဝတ်အထည် တွေကို ပိုပြီး ကြွသွားစေပါတယ်။ ကြည့်လိုက် တာနဲ့ ဖက်ရှင်ကျတယ်ဆိုတာမျိုး ပေါ်လွင်စေ ပါတယ်။

(၅) အင်္ကျီဆိုက် အကြီး အသေး တွဲဝတ်ပါ
အင်္ကျီပွပွကြီးတွေဝတ်တဲ့ ဖက်ရှင်လည်း ခေတ်စားပါတယ်။ ဒါပေမဲ့ အပေါ်ရော အောက်ရော ပွပွကြီးဝတ်တာကတော့ လူအ တော်များများနဲ့မလိုက်ပါဘူး။ လူကောင်အ ရမ်းသေးတဲ့ Skinny Lady တို့နဲ့တော့လိုက် ဖက်ပါတယ်။ ဒီအတွက် အင်္ကျီအပွဖက်ရှင် ဝတ်မယ်ဆိုရင် အထဲက Crop Top နဲ့တွဲဝတ်တာမျိုး၊ ဘောင်းဘီအပွဝတ်မယ်ဆို ရင် ကိုယ်ကျပ်အင်္ကျီနဲ့ တွဲဝတ်တာမျိုးလုပ်ပါ။

(၆) Accessories လေးတွေဝတ်ပါ
ဗခခနျသမငနျ လေးတွေ ဝတ်တဲ့ အခါမှာ ပြူးပြဲနေအောင် ဆွဲကြိုး တွေရော နားကပ်ရော လက် ကောက်ရော မဝတ်ပါနဲ့။ ခပ်ကြီး ကြီး လက်ကောက်ဝတ်ရင် ကျန် တာကိုသေးတာဝတ်ပါ။ ဆွဲကြိုးကို ပေါ်လွင်အောင်ဆိုရင်ကျန်တဲ့ Accessories တွေကို လျှော့ဝတ်ပါ။

(၇) အင်္ကျီအထဲထည့်ဝတ်ပါ
အင်္ကျီကို အပြင်ထုတ်ဝတ်တာ ထက် ဘောင်းဘီထဲ ဒါမှမဟုတ် စ ကတ်ထဲ ထည့်ဝတ်ပြီး လိုက်ဖက်တဲ့ ခါးပတ်နဲ့ တွဲဝတ်တာကလည်းဘယ် တော့မှ ရိုးမသွားတဲ့ဖက်ရှင် Trend တစ်ခုဖြစ်ပါတယ်။ လူငယ်ပိုဆန်စေပါ တယ်။

(၈) နေကာမျက်မှန်တပ်ပါ
ဖက်ရှင်ကျကျ လန်းချင်တဲ့သူတိုင်း အတွက် နေကာမျက်မှန်က မရှိမဖြစ်လိုပါ တယ်။ ပင်ပန်းနေတယ်ဆိုရင်တောင် ပင် ပန်းနေတဲ့ မျက်လုံးတွေကို ကာကွယ်ပြီးဖြစ် ပါတယ်။ မျက်လုံးမိတ်ကပ်ခြယ်တာထက် နေကာမျက်မှန်လေး ကောက်တပ်လိုက်တာ က ပိုပြီးမြန်ဆန်တဲ့ ဖက်ရှင် Look တစ်ခု ရသွားစေပါတယ်။

Darliko

Post Author: Good Health Journal