ပျိုမေတို့အတွက် GYM Fashion

ရာသီဥတုအေးအေးလေးက အားကစား လုပ်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ဆောင်း ရာသီမှာ အပြေးပြိုင်ပွဲတွေ၊ အားကစားပြိုင်ပွဲ တွေလည်း ရှိလာတော့မှာပါ။ စာရေးသူကတော့ နှစ်တိုင်း အပျော်တမ်းအပြေးပြိုင်ပွဲတွေမှာ ဝင်ပြေးလေ့ရှိပါတယ်။ နွေရာသီကလည်း ပူလို့ အားကစားမလုပ်နိုင်၊ မိုးရာသီကလည်း စိုစိစိနဲ့မို့ အားကစားလုပ်ဖို့ အဆင်မပြေခဲ့ဘူးဆိုရင် ဆောင်းတွင်းမှာတော့ အားကစားလုပ်ဖို့ တိုက် တွန်းချင်ပါတယ်။ ဒီဆောင်းပါးလေးကတော့ ပျိုမေတို့ Gym သွားဖို့ ဝတ်စုံရွေးချယ်တဲ့အခါ အမှားနည်းစေဖို့ စာရေးသူကိုယ်တွေ့ ကြုံဖူး တာလေးတွေကို ဝေမျှပေးထားပါတယ်။

Sport Bra
ပျိုမေတို့အနေနဲ့ အားကစားဝတ်စုံရွေး ချယ်တဲ့အခါ Sport Bra ကို အဓိထားပြီး သေ ချာရွေးပါ။ သူက အထဲမှာ အရေပြားနဲ့အရင်ဆုံး ထိတွေ့ရတာဖြစ်လို့ အားကစားလုပ်တဲ့အခါ အရေပြားနဲ့ အဝတ်နဲ့ပွတ်တိုက်မှုဒဏ် အများ ဆုံးခံရလို့ ဖြစ်ပါတယ်။ အရမ်းတင်းကျပ်လွန်းရင် အရေပြားပွန်းတာဖြစ်ပါတယ်။ အရမ်းချောင် လွန်းရင်လည်း အားကစားလုပ်ရတာ အဆင်မ ပြေပါဘူး။ ဒါကြောင့် Sport Bra ကို ရွေးဝယ် တဲ့အခါ ကွာလတီကောင်းဖို့၊ ကိုယ်နဲ့ Size ကွက်တိဖြစ်နေဖို့လိုပါတယ်။

Workout Clothes
အားကစားဝတ်စုံ ရွေးချယ်တော့မယ့်အခါ လှတာကိုတော့ ပျိုမေတိုင်းနှစ်သက်ကြပါတယ်။ ဒါပေမဲ့ ကြည့်ရမှာက ဝတ်စုံအသားက ချွေး ထွက်တဲ့အခါ အပူတွေအောင်းနေမှာလား၊ ဆွဲ သားဟုတ်ရဲ့လားကြည့်ပါ။ ချွေးတွေရော၊ အပူ တွေရော ဝတ်စုံထဲအောင်းနေမယ်ဆိုရင် ချွေးနဲ့ အအေးပတ်တာ ဖြစ်တတ်သလို၊ အပူတွေ အောင်းပြီး နေမကောင်းဖြစ်တတ်ပါတယ်။ အရမ်းကျပ်တဲ့ အားကစားဝတ်စုံတွေလည်း မရွေးချယ်ပါနဲ့၊ မဝယ်ခင် စမ်းဝတ်ကြည့်ပါ။ လက်သေချာ မြှောက်ကြည့်တာ၊ ကွေးတာ၊ ဆန့် တာလုပ်ကြည့်ပါ။ စာရေးသူကတော့ အရေပြား ပွန်းလွယ်တတ်လို့ လက်ပြတ်လေးတွေ အရွေး များပါတယ်။

Functional Clothes
အားကစားဝတ်စုံရွေးတဲ့အခါ Fun­cti­onal ဖြစ်ဖို့လည်း လိုပါတယ်။ ဆိုလိုတာက အပြေးလေ့ကျင့်ခန်းလုပ်မှာလား၊ ယောဂကျင့် မှာလား၊ Zumba ကမှာလား၊ အလေးမမှာလား စသဖြင့် အားကစားမျိုးစုံလုပ်လို့ရမယ့် ဝတ်စုံ မျိုးဆို ပိုကောင်းပါတယ်။ စာရေးသူကတော့ ဆွဲသား Leggings လေးတွေကို သဘောကျ ပါတယ်။ ကွေးတာ၊ ဆန့်တာ ကြိုက်သလောက် လုပ်၊ အရေပြားလည်း မပွန်းဘူး၊ ချွေးတွေလည်း အထဲမှာ မအောင်းမယ့် ဆွဲသားမျိုးဖြစ်ဖို့လို ပါတယ်။Brand တွေက ကွာလတီစိတ်ချရပါ တယ်၊ ဒါပေမဲ့ Brand မဟုတ်တာတွေထဲ ကလည်း အသားကောင်းတာတွေ အများကြီး ရှိပါတယ်။

Workout Shoes
အားကစားဖိနပ်ကလည်း အရေးကြီး ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန်ကို ခြေထောက်က သယ်မပေးထားရတာဖြစ်ပြီး အလေးတုံးတွေမရင်လည်း ဒီခြေထောက်ရဲ့ ခံနိုင်ရည်အား လိုပါတယ်။ ဒါကြောင့် ခြေဖဝါး၊ ခြေချောင်းလေးတွေကို ဒဏ်မဖြစ်သွားစေဖို့နဲ့၊ သက်သောင့်သက်သာ အားကစားလုပ်နိုင်ဖို့ အထောက်အပံ့ပေးတဲ့ ဖိနပ်မျိုးဖြစ်ဖို့လိုပါတယ်။ အားကစားလုပ်မှာဖြစ်လို့ ဒေါက်ပါတဲ့ အားက စားဖိနပ်တွေရှောင်ပါ။ ခြေဖျားနဲ့ ခြေဖဝါး ကွေး လို့၊ ဆန့်လို့ရဖို့လိုပါတယ်။ ခြေထောက်အရွယ် အစားနဲ့ ချောင်နေတာမျိုးလည်း မဖြစ်ပါစေနဲ့။

Darliko

Post Author: Good Health Journal