ပျိုမေတို့ Gym သွားရင်ဘာတွေ ယူသွားမလဲ

အားကစားသေချာလုပ်တော့မယ်လို့ဆုံးဖြတ်ပြီး Gym သွားဖို့ ပြင်ဆင်နေတဲ့ ပျိုမေတွေအတွက်Gym သွားတဲ့အခါ မပါမဖြစ် ယူသွားသင့်တာတွေကို List လုပ်ပေးလိုက်ပါတယ် နော်။

(၁) Towel
Gym သွားတဲ့အခါ တဘက်အသေးလေးတစ်ခုလောက် ယူသွားပါ။ Gym တွေမှာပေးတဲ့ Towel တွေက ရာနှုန်းပြည့် သန့်ရှင်းပါတယ်လို့ အာမမခံနိုင်ပါဘူး။ ဒါကြောင့် ကိုယ်ပိုင်တစ် ကိုယ်ရေသုံးဖို့ တဘက်လေးယူသွားတာမမှားပါဘူး။ ချွေးသုတ် ဖို့အပြင် Yoga Mat ပေါ်မှာ ခေါင်းအုံးဖို့လိုအပ်ရင် အောက်က အခင်းအဖြစ် အသုံးပြုနိုင်ပါတယ်။ ပခုံးပေါ် အလေးထမ်းမပြီး ကစားတဲ့အခါ ပခုံးမနာအောင်လို့လည်း တဘက်ခံထားလို့ရပါ တယ်။

(၂) Hand Sanitizer
Gym ဆိုတာ လူပေါင်းစုံလာတဲ့ နေရာတစ်ခုဖြစ်ပြီး ချွေး ထွက်များတဲ့ နေရာဖြစ်လို့ ပိုးမွှားတွေအလွယ်တကူ ပေါက်ဖွား နိုင်ပါတယ်။ Gym က အားကစား ကိရိယာတွေကို ကိုင်တွယ်ပြီး မျက်နှာကိုမထိပါနဲ့၊ အရေပြားယားယံတာ၊ ဝက်ခြံ ထွက်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အားကစားလုပ်အပြီး လက်ကို စင်အောင်ဆေးပါ၊ ပိုးသန့်စေတဲ့ Hand Sanitizer သုံးပါ။

(၃) ရေသန့်ဘူး
အားကစားလုပ်လို့ မောပန်းလာတဲ့အခါ အားဖြည့်အချိုရည် တွေသောက်တာထက် ရေသန့်သောက်ပေးပါ။ အချိုရည်တွေ ဆိုတာ ကယ်လိုရီနဲ့ သကြားဓာတ်တွေပဲမို့ ဝိတ်ကျချင်သူတွေ၊ ကြွက်သားတည်ဆောက်ချင်သူတွေအတွက် မထိရောက်ပါဘူး။

(၄) ခေါင်းစည်းကြိုး
ဆံပင်တွေကို သေချာချည်နှောင်ပြီးမှ အားကစားလုပ် တာက ဆံပင်ကို စိတ်မရောက်စေဘဲ အားကစားထဲပိုပြီး စိတ် နှစ်လုပ်ဆောင်နိုင်စေပါတယ်။

(၅) Facial Mist
အားကစားလုပ်ပြီး မျက်နှာအရေပြား ပြန်လည်လန်းဆန်း စေဖို့ Facial Mistလေးဆောင်သွားပါ။ မျက်နှာကို အရင်ဆုံးMakeup Wipes နဲ့အရင်သန့်စင်ပြီးမှ ဖျန်းပါ။

ပျိုမေတို့ရေ အားကစားလုပ်နေစဉ်မှာ မိတ်ကပ်လုံးဝမလိမ်း ပါနဲ့နော်၊ ချွေးတွေ အပြင်ကို ထွက်သွားပါစေ။ မိတ်ကပ်လိမ်း ထားရင် ချွေးပေါက်တွေပိတ်ပြီး ဝက်ခြံထွက်လာစေပါတယ်။

Darliko

Post Author: Good Health Journal