ဖက်ရှင်အမြင် ရှိဖို့လိုတယ်

လူတစ်ယောက်နဲ့ တစ်ယောက်မှာ ဖက်ရှင်အမြင်ချင်းတူမှာ မဟုတ်ပါဘူး။ ဖက်ရှင်အမြင်ဆိုတာ ကြုံတွေ့ရတဲ့ ပတ်ဝန်းကျင်ပေါ် မူတည်သလို ခေတ်စနစ်နဲ့ အသက်အရွယ်ပေါ်လည်း မူတည်ပါ တယ်။ ခေတ်နှောင်းဖြစ်သွားတဲ့ ဖက်ရှင်ပုံစံတွေပြန်ပြီး တစ်ခေတ် ဆန်းသစ်လာတာရှိသလို၊ တစ်ခဏပဲ ထင်ရှားပြီး ပြန်မြုပ်သွားတဲ့ ဖက်ရှင်တွေလည်း ရှိပါတယ်။ ဖက်ရှင်ကျကျသစ်လွင်ဆန်းသစ် လှပဖို့၊ ဖက်ရှင်အမြင်ရှိဖို့ဆိုရင် အသစ်အဆန်းထွက်တိုင်းကိုယ် ပေါ်တင်ဝတ်ပြီး သင်မဟုတ်တဲ့သူတစ်ယောက်အဖြစ် ပြောင်းလဲပစ် လိုက်ဖို့ မဟုတ်ပါဘူး။

ဖက်ရှင်မဂ္ဂဇင်းစာအုပ်တစ်အုပ် လှန် ကြည့်လိုက်ပြီး ကိုယ်ကြိုက်တဲ့ ပုံစံအတိုင်း ပုံ တူလိုက်ကူးဝတ်လိုက်တာက လူသက်သာတာ အမှန်ပါ။ ဒါပေမဲ့ အမြဲတမ်း အလွယ်တကူ ပုံတူလိုက်ကူးပြီး ဝတ်ဆင်တာပဲ လုပ်မယ်ဆို ရင် ရေရှည်မှာ သင်ရဲ့ကိုယ်ပိုင်စတိုင်လ်၊ ကိုယ် ပိုင်ဟန်ပန် ပျောက်သွားပါလိမ့်မယ်။ လူတိုင်း မှာ မွေးရာပါ ဘယ်သူနဲ့မှမတူတဲ့ မျိုးရိုးဗီဇ၊ လက်ဗွေရာ၊ DNA တွေ ကိုယ်စီရှိကြပါတယ်။ တစ်ဦးချင်းစီမှာ သူမတူတဲ့ အားသာချက်တွေ ကိုယ်စီရှိတာကိုမမေ့ပါနဲ့။ ဒီတစ်ပတ်မှာ စာ ရေးသူက ဖက်ရှင်အမြင်နဲ့ ကိုယ်ပိုင်စတိုင်လ် ရရှိစေနိုင်မယ့် နည်းလမ်းတွေကို အကြံပေး ရေးသားလိုက်ပါတယ်။

(၁) ရိုးရိုးလေးသာစဉ်းစားပါ
ခေတ်မီတဲ့ဖက်ရှင် ပုံစံရဖို့ ရှုပ်ယှက်ခတ် နေတာတွေစဉ်းစားဖို့ မလိုပါဘူး။ ဖက်ရှင် ရှိုး Rကညတပေ ပေါ် က ရှုပ်ယှက်ခတ်နေတဲ့ ဖက်ရှင်ဒီဇိုင်းပုံစံတွေ ကို မေ့ထားလိုက်ပါ။ အရင်ဆုံးစဉ်းစားရမှာက သင်ဝတ်စားဆင်ယင်တဲ့အခါ ခေါင်းအစ ခြေ အဆုံးမှာ ဘယ်အရာကို သင်က ပထမ ဦးစား ပေးရွေးချယ်လဲ၊ ဘယ်အရာက သင့်အတွက် အရေးကြီးဆုံးလဲဆိုတာပါ။ ဒီအချက်က ကိုယ်ပိုင်စတိုင်လ်ထုတ်ဖို့အတွက် အခြေခံ အချက်ပဲ ဖြစ်ပါတယ်။

(၂) သဘာဝအလှကိုမြတ်နိုးပါ
လူတိုင်းမှာ မွေးပါရာ အလှကိုယ်စီရှိပါ တယ်။ သင်ရဲ့ ခန္ဓာကိုယ် ဘယ်လိုအချိုးအ စားပဲဖြစ်ဖြစ်၊ အသားအရောင် ဘယ်လိုပဲကွဲ ပြားနေတာဖြစ်ဖြစ် မွေးရာပါ ရုပ်ရည်သွင်ပြင် ကိုမြတ်နိုးပါ။ ကိုယ့်ကိုယ်ကိုယ်ချစ်ပါ။ မသိ စိတ်က အလိုအလျောက်တခြားသူနဲ့ လိုက် နှိုင်းယှဉ်နေတတ်တာကို သတိထားပြီး ရှောင် ပါ။ လူတွေသတ်မှတ်ထားတဲ့ စံနှုန်းတွေကို မေ့ထားလိုက်ပါ။ သင်ရဲ့ သဘာဝအလှကို တန်ဖိုးထားပြီး အားသာချက်၊ အားနည်း ချက်တွေကိုကိုယ်တိုင်သိအောင်လုပ်ပါ၊ ချရေးပါ။ အားသာချက်တွေကို ပေါ်လွင်အောင်၊ အား နည်းချက်တွေရှိရင်လည်း ဒီကနေ အားသာ ချက်အဖြစ်ပြောင်းလဲနိုင်အောင် ကြိုးစားယူပါ။

(၃) အသက်အရွယ် အလိုက် ပြင်ဆင်ပါ
အိုမင်းခြင်းဟူသည်မှာလည်း သဘာ ဝအလှတရားပဲဖြစ်တာမို့ သူ့အသက်အရွယ် နဲ့သူ ကျက်သရေရှိရှိ တင့်တင့်တယ်တယ် ဖက်ရှင်လိုက်ဖက်ညီအောင် ဝတ်ဆင်နိုင်ပါ တယ်။ အသက် ၅၀ အရွယ်ရောက်တဲ့အခါ အသက် ၂၅ အရွယ်နဲ့တူအောင်လိုက်ပြီး ဝတ်ဆင်နေဖို့ မလိုပါဘူး။ အသက်အရွယ်ရ လာတဲ့အခါ လူအများလုပ်မိတဲ့ ဖက်ရှင် အမှားက ငယ်တဲ့ပုံစံနဲ့တူအောင် လိုက်ဝတ် တာဖြစ်ပါတယ်။ ဒါဟာ သင့်ကို ပိုပြီး အသက် ကြီးတဲ့ပုံစံ ပိုပေါက်သွားစေတတ်တာကို သတိပြုပါ။

(၄) ကိုယ်တိုင် စဉ်းစားဆုံး ဖြတ်ပါ
ဘယ်လိုပုံစံဝတ်ရင်ကောင်းမလဲဆိုတာ သိဖို့ မှန်ရှေ့မှာသေချာရပ်ပြီး သင်ရဲ့ ခန္ဓာ ကိုယ်အချိုးအစားကိုသိအောင် လုပ်ပါ။ သင် ရဲ့အရင် ဓာတ်ပုံတွေပြန်ကြည့်ပါ။ ဘယ် လိုပုံစံဖက်ရှင်တွေက သင့်ကို ပိုပြီး လှ စေတာလဲ၊ ဘယ်လိုပုံစံတွေက သက် သောင့်သက်သာရှိတာလဲ၊ ဘယ်လို ပုံစံတွေနဲ့မလိုက်ဘူးလဲဆိုတာကြည့် ပါ။ နောက်ပြီး သင်ရဲ့ အဝတ်ဘီရို ထဲက ဝယ်ထားပြီး လုံးဝမဝတ်ဖြစ် တော့တဲ့အဝတ်တွေကို ထပ်မဝယ် ပါနဲ့။ သင်အဝတ်များတဲ့ပုံစံ၊ သင် နဲ့လိုက်ဖက်တဲ့ပုံစံတွေကို ဦးစား ပေးဝတ်ဆင်ပါ။

(၅) သင့်ကိုကိုယ်စား ပြုပါစေ
လူတစ်ယောက်ရဲ့ ဝတ်စားဆင် ယင်ပုံကိုကြည့်ပြီးတော့ ဒီလူတစ်ယောက် ရဲ့ စိတ်နေစိတ်ထားကို ခန့်မှန်းနိုင်တယ် လို့ဆိုပါတယ်။ ဒါကြောင့် သင့်အတွက် ကိုယ်ပိုင်ဖက်ရှင်စတိုင်လ်စဉ်းစားတဲ့အခါ ဖက်ရှင်ရေစီးကြောင်းကို ကိုယ် တိုင်ခံစားကြည့်ပါ။ သင်ဝတ်ဆင်ဖို့ ရွေးချယ်လိုက်တဲ့ ဖက်ရှင်တိုင်းဟာ သင့်ကို ကိုယ်စားပြုနေဖို့ လိုပါ တယ်။

Darliko

Post Author: Good Health Journal