ဖန်ပြွန်သန္ဓေသားလောင်းဆိုင်ရာ ကျန်းမာရေး အမေးအဖြေများ

မေး။ ။ အိမ်ထောင်ကျတာ ခြောက်နှစ်ရှိ ပါပြီ။ ပထမ နှစ်နှစ်ကျော်မှာ ကိုယ်ဝန် သုံးလနဲ့ ပျက်ကျတယ်။ ထပ်ပြီးတော့ ကလေး မယူတော့ဘူး။ သားဥပြွန်မှာ သွေးလုံးလေး တွေ ရှိတယ်လို့ သိရတယ်။ ကလေးရဖို့အတွက် လိုအပ်တဲ့ အားဆေးတွေလည်း သောက်ပါ တယ်။ ကလေးရအောင် ပြန်လုပ်လို့ရလားဆို တာ သိချင်ပါတယ်ဆရာရှင့်။
ဖြေ – အမျိုးသားအသက်က ၃၈ နှစ်၊ သုက်ပိုးအားလည်း ကောင်းတယ်ဆိုရင် အမျိုးသားဘက်က ဆက်လက်စစ်ဆေး စရာ မလိုတော့ပါဘူး။ အမျိုးသမီးရဲ့ အသက်က ၃၂ နှစ်ဆိုတော့ မျိုးပွားနိုင်တဲ့ စွမ်းရည်က ကောင်းတဲ့အခြေအနေမှာ ရှိ ပါတယ်။ သားဥပြွန်မှာတော့ သွေးလုံး ရှိနေတယ်ဆိုထားတယ်၊ ကိုယ်ဝန်သုံးလ နဲ့ ပျက်ကျပြီးနောက်ပိုင်းမှာ ပြွန်ရဲ့ လှုပ် ရှားမှုက လှိုင်းပုံစံ (wave) အတိုင်း ပုံမှန် သွားမှသာ အမျိုးသားရဲ့ သုက်ပိုးနဲ့ မမျိုး ဥက တွေ့လို့ရမှာ။ သွေးခဲကြောင့်ဖြစ်စေ ကိုယ်ဝန်ပျက်ကျထားတာကြောင့် ဖြစ်စေ ကုသပြီးတဲ့အချိန်မှာ ပြွန်ရဲ့ လှုပ်ရှားမှု အားနည်းသွားတဲ့အတွက် သုက်နဲ့ မမျိုး ဥ တွေ့ဖို့အခွင့်အလမ်းက တော်တော် လေးနည်းသွားတယ်။
အတူနေချိန်မှာ အကာအကွယ် လည်း မသုံးဘူး၊ လုံလောက်တဲ့ နေထိုင် မှုမျိုးလည်း ရှိတယ်ဆိုရင်တော့ ကလေး မရတာလည်း ငါးနှစ်တောင် ရှိပြီဆိုတဲ့ အတွက် အကြံပြုချင်တာကတော့ ပထမ တစ်ကြိမ်တုန်းကတော့ သားဥပြွန်က သားဥလေးတွေကို ထုတ်လို့ရတယ်၊ ဒါ ကြောင့် ကိုယ်ဝန်ရတယ်။ ဒါပေမဲ့ ကိုယ် ဝန်ပျက်ကျတာရယ်၊ သွေးလုံးရှိတာရယ် ဆိုတာတွေကြောင့် သားဥပြွန်ပိတ် မပိတ် ဆိုတာ ပြန်ပြီး စစ်ဆေးဖို့လိုပါတယ်။ သား အိမ်ခေါင်းကနေပိုက်ထည့်ပြီးတော့ ရိုက်ရတဲ့ ဆေးဓာတ်မှန်ကို ရိုက်ကြည့် လိုက်တဲ့အခါ ပိုက်ကို ထည့်လို့မရတာ၊ ထည့်လို့ရတယ်ဆိုရင်လည်း သားအိမ် ခေါင်းပွင့်မပွင့်နဲ့ သားအိမ်လမ်းကြောင်း တစ်လျှောက်မှာ သွေးလုံးလေးတွေက အနှောင့်အယှက်ပေးနေလား ဆိုတာကို စစ်ဆေးတာပါ။ ဘယ်ညာသားဥပြွန် နှစ် ဖက်လုံးကလည်း ပွင့်တယ်၊ သားဥ ပုံ မှန်ကြွေတယ်ဆိုရင်တော့ အတူနေတဲ့ ကာလကစပြီးတော့ ကြိုးစားလို့ရပါ တယ်။ သားဥပြွန်က တစ်ဖက်ပိတ်နေ တာ ဒါမှမဟုတ် လှုပ်ရှားမှုပုံမမှန်တာ ဖြစ် ရင်တော့ ဖန်ပြွန်သန္ဓေသားအဆင့်ကို မရောက်သေးခင် တစ်ဆင့်ဖြစ်တဲ့ သား အိမ်ခေါင်းကို ဖြတ်ပြီးတော့ သားအိမ်ထဲ ကို သန့်စင်ပြီးသား သုက်ပိုးကို ထည့်တဲ့ IUI လို့ ခေါ်တဲ့ နည်းနဲ့ ကလေး ရယူ နိုင်ပါတယ်။ အဲ့ဒါအပြင် ဖန်ပြွန်သန္ဓေ သားနည်းလမ်းနဲ့လည်း ကလေး ရယူနိုင် ပါတယ်။ သူ့မှာတော့ ICSI နဲ့ IVF ဆိုပြီး နည်းလမ်း နှစ်မျိုးရှိပါတယ်။ IVFက တော့ ပုံမှန်အတိုင်း ရှိနေတဲ့ မမျိုးဥတွေ နဲ့ သုက်ပိုးတွေကို တစ်ညသိပ်ထားပြီး သူ့အလိုလို သန္ဓေသားလောင်းလေး အဖြစ် ပေါက်ထွက်လာတာကို ခေါ်တာ ပါ။ Iဃှု ကတော့ မမျိုးဥ တစ်လုံးချင်း စီထဲကို သုက်ပိုးဥတစ်ကောင်ချင်းကို ဆံ ချည်မျှင်အပ်ကလေးနဲ့ ဖောက်သွင်းထိုး ထည့်ပြီး ပေါင်းစပ်ပေးရပါတယ်။ အိမ် ထောင်ကျတာနောက်ကျပြီး အိမ်ထောင် သက် နှစ်နှစ်လောက်အထိ ကလေးမရ သေးဘူးဆိုရင် ဖန်ပြွန်သန္ဓေသားနည်းနဲ့ ကလေးယူလို့ ရပါတယ်။

မေး။ ။ သားသမီးရအောင် အရင်ယူရ မလား။ သွေးလုံးကို အရင်ထုတ်ရမလားဆို တာ ပြောပေးပါဆရာ။
သွေးလုံးရဲ့ အရွယ်အစားနဲ့ တည် နေရာပေါ်မူတည်ပါတယ်။ သွေးလုံးက သားအိမ်ခေါင်းနားမှာ ဆိုရင်တော့ ဖြတ် လို့မရဘူး၊ အဲ့ဒီ သွေးလုံးက သားအိမ်ထဲ မှာ ကလေးရှိရမယ့် နေရာနဲ့ လွတ်တယ် ဆိုရင် ကိစ္စမရှိဘူး၊ ပြီးတော့ သားအိမ်ရဲ့ အပြင်ဘက်ကို ထိုးထွက်နေတဲ့ အလုံး ဆိုရင်လည်း ထားလို့ရသေးတယ်။ သား အိမ်ထဲမှာရှိမယ် ကလေးရှိရမယ့် နေရာနဲ့ မလွတ်ဘူးဆိုရင်တော့ ကလေးကို အ နှောင့်အယှက်ဖြစ်တယ်။ အဲ့ဒါဆို ထုတ် ရမယ်ပေါ့။ အလုံးကို ဖယ်လိုက်လို့ က လေးရနိုင်ခြေပိုများလာတာမျိုးတော့ မ ဟုတ်ပါဘူး။ အလုံးက သားအိမ်ဘက်ကို ထိုးဝင်နေတယ်ဆိုရင် မွေးလမ်းကြောင်း ကနေ သွားတဲ့ သားဥပြွန်ထုတ်တဲ့ နည်း လည်း သုံးလို့ရတယ်၊ ဒါမှမဟုတ် အလုံး က သားအိမ်အတွင်းထဲမှာဆိုရင် ဖယ် ထုတ်မယ့်အစား အလုံးကို ခဏရှုံ့သွား စေတဲ့ နည်းလမ်းနဲ့ အလုံးကို နှိမ်ထားပြီး သားသမီးရဖို့အတွက် ကြိုးစားမယ်ဆို လည်းဖြစ်ပါတယ်။

မေး။ ။ ကလေးရခဲ့ရင်ကော ကလေးကို ထိခိုက်နိုင်ပါသလား ဆရာ။
ကလေးကို မထိခိုက်နိုင်ဖို့ များပါ တယ်။ အလုံးတည်ရှိမယ့် နေရာပေါ်မူ တည်ပြီး အပြောင်းအလဲ ရှိနိုင်ပါတယ်။ တချို့တွေမှာ တွေ့ဖူးတယ်၊ ကလေးက သတ်သတ် ဘေးနားမှာ အလုံးတွေ ထိုး ထွက်နေတာကို တွေ့ရပါတယ်။ ဒီ ကလေး က လစေ့တော့ မွေးသွားပါတယ်။ အ တွင်းထဲမှာ ဝင်နေတဲ့ အသားလုံးက လွဲ လို့ အပြင်မှာရှိတဲ့ အလုံးတွေနဲ့ သား အိမ်နံရံမှာရှိတဲ့ အလုံးတွေက သားသမီး ရဖို့အတွက် အနှောင့်အယှက် မပေးပါဘူး။

မေး။ ။အမျိုးသားရော အမျိုးသမီးပါ အသက် ၃၈ နှစ် ရှိပါပြီ၊ သားတစ်ယောက် ရှိပါတယ်၊ အခု နောက်ထပ် ကလေးတစ် ယောက်ထပ်လိုချင်တယ်။ ငါးနှစ်ခံပစ္စည်း ထည့်ထားတာကို ထုတ်လိုက်တာတော့ ခြောက်လလောက်ရှိပါပြီ။ ထုတ်ပြီးတဲ့ အချိန် ကနေ အခုထိ ရာသီလည်း မလာသေးဘူး၊ ကလေးလည်းမရှိပါဘူး။ အမေကတော့ အသက် ၃၇ နှစ်မှာ သွေးဆုံးခဲ့ပါတယ်၊ ဘယ်လိုဆက်စပ်မှု ရှိနိုင်မလဲဆိုတာ ဖြေပေး စေချင်ပါတယ် ဆရာ။
ငါးနှစ်ခံ ပစ္စည်းထည့်ထားတုန်းက ရာသီလာတယ်၊ အခုထုတ်ပြီးတော့မှ ရာသီမလာတော့ဘူးဆိုတာက ပစ္စည်းနဲ့ တော့ မဆိုင်ဘူး။ အမျိုးသမီးဟော်မုန်း တွေ မျှတမှု အားနည်းသွားတာလို့ ထင်ပါ တယ်။ (ဥပမာ- ပိန်လာတာလား၊ ၀လာ တာလား၊ အတွင်းဟော်မုန်းတွေ မျှတမှု မရှိတာလား) အဓိကကတော့ မမျိုးဥ မကြွေတော့ဘူးဆိုရင် ရာသီလာတာ ဝေး သွားပါတယ်။ အဲ့ဒါကို အဖြေရှာဖို့ လိုပါ တယ်။ ရာသီသွေးဆုံးတဲ့ လက္ခဏာတွေ ရှိပါတယ်၊ တစ်နှစ်လောက်အထိ ရာသီမ လာတော့ဘူး၊ ပူလိုက်အေးလိုက်နဲ့ အပူ အအေးဒဏ်တွေ မခံနိုင်ဘူး၊ စိတ်တွေ ဆတ်လာတယ်၊ ချွေးတွေ အရမ်းထွက် တယ်၊ အဲ့ဒီလက္ခဏာတွေနဲ့အတူ ရာသီ မလာဘူးဆိုရင်တော့ သွေးဆုံးတယ်လို့ ပြောလို့ရပါတယ်။ သေချာတာကတော့ ဟော်မုန်းတွေကို စစ်လိုက်ရင်တော့ သွေး ဆုံးလား မဆုံးလားဆိုတာ သိနိုင်တယ်။ မိခင်ဖြစ်သူက အသက် ၃၇ မှာ သွေးဆုံး တယ်ဆိုတဲ့ ရာဇဝင်ရှိခဲ့တဲ့အတွက် မမျိုး ဥတွေရဲ့ မူလပင်ရင်းဖြစ်တဲ့ မိဘမှာပါ အားနည်းနေတဲ့အတွက် သားသမီးမှာ လည်း ဒီလိုဖြစ်ရတယ်ဆိုတဲ့ သက်သေ အထောက်အထား မရှိသေးပါဘူး။ မိခင် ရဲ့ ပင်မမျိုးဥဆဲလ်တွေ သမီးဖြစ်သူဆီမှာ အလုံအလောက်ပါတယ်ဆိုရင် အသက် ၃၈ နဲ့ အသက် ၄၀ ရောက်ရင်လည်း သွေးမဆုံးပါဘူး။ ပုံမှန်အတိုင်း အသက် ၄၈၊ ၅၀ မှာပဲ သွေးဆုံးပါတယ်။
မေး။ ။ အိမ်ထောင်ကျတာ နှစ်နှစ်နဲ့ သုံးလ ရှိပါပြီ။ ယူပြီးတစ်နှစ်လောက် တားဆေး သောက်ပါတယ်၊ ဆေးဖြတ်ထားတာ တစ်နှစ် နဲ့ သုံးလရှိပါပြီ၊ ရာသီလာတာကလည်း တ ဖြည်းဖြည်းနဲ့ နောက်ဆုတ်သွားပါတယ်။ ကလေး လိုချင်ပေမယ့်လည်း အခုထိတော့ ကိုယ်ဝန် မရသေးပါဘူး။ အမျိုးသားက ၃၄ နှစ် အမျိုးသမီးက ၃၃ နှစ်ပါ။
ဒီလိုအခြေအနေဆိုရင်တော့ ၁၀၀ ရာခိုင်နှုန်းမှာ ၈၅ ရာခိုင်နှုန်းက ကလေးရ နိုင်ခြေရှိပါတယ်။ အခြေခံကတော့ နှစ် ယောက်လုံးက ကျန်းမာရေးနဲ့ ညီညွတ် အောင် ဘယ်လိုနေထိုင်စားသောက်ရ မလဲဆိုတာကို သိဖို့လိုပါတယ်။ စိတ်ဖိ စီးမှုတွေလည်း တတ်နိုင်သမျှ လျှော့ဖို့၊ လေ့ကျင့်ခန်းတွေ လုပ်ဖို့နဲ့ Ready Made အစားအစာတွေကို မစားဘဲ သန့် ရှင်းလတ်ဆတ်တဲ့ အစားအစာတွေကို စားဖို့လိုပါတယ်။
နောက်တစ်ခု ပတ်ဝန်းကျင်မှာ လေထုသန့်စင်ဖို့ကလည်း လိုပါတယ်၊ လေထုညစ်ညမ်းမှုတွေရှိမယ်၊ လေထုထဲ မှာ အဆိပ်အတောက်ဖြစ်တဲ့ အနံ့အ သက်တွေရှိနေမယ်၊ အမျိုးသားကလည်း ဆေးလိပ်သောက်တာမျိုးကို ရှောင်မယ်၊ အမျိုးသမီးကတော့ သားသမီးယူမယ်ဆို ရင် Folic Acid ကို စပြီး သောက်သင့် ပါပြီ။ အများစုက Folic Acid သောက် တာက ကလေးရလွယ်တယ်ဆိုပြီး ထင် ကြတယ်။ အဲ့ဒီလိုမဟုတ်ပါဘူး၊ ကလေး မှာ ကိုယ်လက်အင်္ဂါစုံဖို့၊ ကျောကုန်းမှာ ဖြစ်တတ်တဲ့ ကျောကြိုးမကြီး ဒဏ်ဖြစ် တာတွေကို ကာကွယ်ဖို့ Folic Acid သောက်ဖို့ အရေးကြီးပါတယ်။ သားဥပြွန် ဆေးတွေသောက်ရင်လည်း ကိုယ့်သ ဘောနဲ့ ကိုယ်သောက်တာမျိုး မလုပ်ဘဲ သက်ဆိုင်ရာ ဆရာဝန်တွေရဲ့ òန်ကြား ချက်နဲ့ပဲ သောက်သင့်တယ်။ သားဥပြွန် စစ်လို့ အခြေအနေကောင်းတယ်ဆိုရင် ရာသီပေါ်မယ့်ရက်ကို ချိန်ပြီး ဘယ်ရက် ဘယ်နေ့အတူနေဆိုပြီး ရက်ကို တွက် ပေးလို့ရပါတယ်။ ဒီလို အခြေခံနည်းတွေ နဲ့ မအောင်မြင်ရင် သားအိမ်ကိုစစ်ရမယ်၊ အိမ်ထောင်ကျပြီး တစ်နှစ်ကျော်တဲ့အထိ ကလေးမရရင် သားအိမ်ပိတ်နေတာလား ဆိုတာ စစ်ရမယ်။ သားအိမ်ကလည်း ပွင့် တယ်၊ သားဥလည်း ကြွေတယ်၊ သားဥ ကြွေဆေးလည်း သောက်တယ်၊ အဲ့ဒါမှ မရဘူးဆိုရင် နောက်ထပ်တစ်ဆင့်က တော့ သုက်ပိုးထည့်တဲ့နည်းပေါ့။

ဒေါက်တာဉာဏ်ကို
သားဖွားနှင့်မီးယပ် မျိုးဆက်ပွားဆိုင်ရာအထူးကုဆရာဝန်ကြီး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *