ဗိုက်ထဲတွင် အစာမရှိချိန် စားသုံးသင့်သော အစားအစာနှင့် မစားသုံးသင့်သော အစားအစာများ

တစ်နေ့တာလုံးအတွက် ပထမဆုံး စားတဲ့အစားအစာက တစ်နေ့တာလုံးအ တွက် အကောင်းဆုံးအစားအစာဖြစ်ရ မယ်လို့ လူအများစုက ယုံကြည်ထားကြ ပါတယ်။ ဘာကြောင့်လဲဆိုတော့ နံနက် စာက ဗိုက်ထဲမှာ အစာမရှိခင် အရင်ဆုံး စားရတဲ့အစားအစာဖြစ်နေတာကြောင့်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့မနက်စာ စားတာက သင်ရဲ့ စိတ်နဲ့ခန္ဓာကိုယ်အ တွက် တစ်နေ့တာလုံးစာ စွမ်းအင်ကို ပေး စွမ်းနိုင်ပါတယ်။ သင် ဗိုက် ထဲမှာ အဆာမရှိချိန်မှာ စားရမယ့်အစား အစာတွေကို ရွေးချယ်တတ်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါမှသာ သင့်ကျန်းမာ ရေးအတွက် အထောက်အကူဖြစ်စေမှာ ပါ။
အောက်ပါတို့ဟာ သင့်ဗိုက်ထဲမှာ အစာ မရှိစဉ် မစားသုံးသင့်တဲ့အစားအစာ တွေပါ။

အချိုစာများ
အချိုစာကို စားသုံးတာက သင့်အ နေနဲ့ သကြားပမာဏများစွာ စားသုံးလိုက် တယ်ဆိုတဲ့ အဓိပ္ပာယ်ရောက်သွားပါ တယ်။ ခန္ဓာကိုယ်အတွင်းမှာ သကြား ဓာတ်များလွန်းရင် အင်ဆူလင်ထုတ်လုပ် ဖို့ အချက်ပြသလိုဖြစ်သွားတဲ့အတွက် မုန့်ချိုအိတ်မှာ ဝန်ပိပြီး သူရဲ့ လုပ်ငန်း ဆောင်တာတွေကို ထိထိရောက်ရောက် လုပ်နိုင်စွမ်း လျော့ကျသွားနိုင်ပါတယ်။ ဒီလိုဖြစ်တာကြောင့် ရေရှည်မှာ ဆီးချို ရောဂါဖြစ်လာနိုင်ပါတယ်။

တစေးဖြင့်ပြုလုပ်ထားသောမုန့်များ
ဆိတ်သားပတ်ဖ်၊ ကြက်သားပတ်ဖ် လိုမျိုး တစေးနဲ့ ပြုလုပ်ထားတဲ့အစား အစာတွေကို စားသုံးတာက အစာအိမ် အမြှေးပါးကို ထိခိုက်နိုင်ပြီး လေပွတဲ့ ပြဿနာဖြစ်ပေါ်နိုင်ပါတယ်။

သစ်တော်သီး
သစ်တော်သီးမှာ ကြမ်းတမ်းတဲ့အ မျှင်ဓာတ်တွေ များစွာ ပါဝင်ပါတယ်။ ဒီ အမျှင်ဓာတ်က အစာမရှိတဲ့အစာအိမ်ထဲ က အမြှေးပါးကို ဖျက်ဆီးပစ်နိုင်ပါတယ်။

ဒိန်ချဉ်
ဒိန်ချဉ်လိုမျိုး လူ့အကျိုးပြုဘက်တီး ရီးယားပါဝင်တဲ့အစားအစာတွေက နွားနို့ ကို အချဉ်ဖောက်ပြီး ပြုလုပ်ထားတဲ့အ တွက် ကျန်းမာရေးအတွက် အကျိုးများ စွာ ရှိပါတယ်။ ဒါပေမဲ့ သူ့ကို အစာမရှိ ခင် စားသုံးလိုက်ရင်တော့ အစာအိမ်ထဲ က ဟိုက်ဒရိုကလိုရစ်အက်စစ်တွေက လူ့အကျိုးပြုဘက်တီးရီးယားတွေကို သုတ်သင်လိုက်တဲ့အတွက် ဒီအစားအစာ က အကျိုးကျေးဇူးတွေ ကုန်သွားပါတယ်။

ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ တန်နစ် အက်စစ်ကလည်း အစာအိမ်ထဲက ဟိုက် ဒရိုကလိုရစ်အက်စစ်နဲ့ ပေါင်းစပ်ပြီး အ စာအိမ်အနာဖြစ်နိုင်ပါတယ်။

ငှက်ပျောသီး
အစာအိမ်ထဲမှာ အစာမရှိဘဲ ငှက် ပျောသီးစားသုံးတာက သွေးအတွင်း မဂ္ဂ နီဆမ်အဆင့်တွေ ရုတ်တရက်မြင့်တက် လာနိုင်ပါတယ်။ သွေးတွင်းမဂ္ဂနီဆီယမ် တွေ များလွန်းနေရင် နှလုံးပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

သခွားသီး
သခွားသီးလိုမျိုး အစိမ်းစားဟင်း သီးဟင်းရွက်တွေကို အစာမရှိဘဲ စားသုံး ခဲ့ရင် လေပွတာ၊ ရင်ပူနာဖြစ်တာနဲ့ ဝမ်း ဗိုက်အောင့်တဲ့ပြဿနာတွေ ဖြစ်လာနိုင် ပါတယ်။

ဆော်ဒါပါဝင်သော ဖျော်ရည်များ
မနက်အိပ်ရာထခါစမှာ ဂက်စ်ပါတဲ့ ဖျော်ရည်တွေကို သောက်သုံးတာက အ စာအိမ်အမြှေးပါးပျက်စီးနိုင်ပါတယ်။ ဒီ ဖျော်ရည်တွေက အစာအိမ်အတွင်း သွေး လှည့်ပတ်မှုကို လျော့ကျစေတဲ့အတွက် အစာခြေစနစ်ဖြစ်စဉ် နှေးကွေးသွားနိုင် ပါတယ်။

ဟင်းခတ်အမွှေးအကြိုင်များ
အစာမရှိဘဲ ဟင်းခတ်အမွှေးအ ကြိုင်တွေကို စားသုံးတာကလည်း အစာ အိမ်ရဲ့ အမြှေးနံရံတွေကို ထိခိုက်စေနိုင် ပြီး အစာအိမ်အနာဖြစ်စေနိုင်ပါတယ်။

အချဉ်အရသာရှိသော သစ်သီးများ
အဲဒီသစ်သီးတွေမှာ စစ်ထရစ်အက် စစ်တွေ များစွာပါဝင်ပြီး သူတို့ကို အစာ မရှိဘဲ စားသုံးတာက အစာအိမ်ရောင်နိုင် ခြေ မြင့်မားသွားနိုင်ပါတယ်။

အောက်ပါတို့တစ်တွေကတော့ သင့်ဗိုက်ထဲ အစာမရှိစဉ် စားသုံးသင့်တဲ့ အစားအစာ တွေပါ။
အုတ်စပါး
အုတ်စပါးဟာ ဟိုက်ဒရိုကလိုရစ် အက်စစ်ကြောင့် အစာအိမ်နံရံပျက်စီးမှု မရှိအောင် ကာကွယ်နိုင်တဲ့အစားအစာပါ။ သူ့မှာ အမျှင်ဓာတ်လည်း များစွာ ပါဝင်တဲ့ အတွက် သွေးတွင်းကိုလက်စထရော လျော့ကျအောင် ကူညီနိုင်ပါတယ်။

ဆန်ပြုတ်
ဆန်ပြုတ်မှာ အမျှင်ဓာတ်တွေ များ စွာပါဝင်ပြီး ခန္ဓာကိုယ်မှ အဆိပ်အ တောက်သန့်စင်ဖို့ ကူညီနိုင်ပါတယ်။

ဖရဲသီး
ဖရဲသီးမှာ လိုင်ကိုပင်းတွေ များစွာ ပါဝင်တဲ့အတွက် သင်ရဲ့ မျက်စိနဲ့ နှလုံး ကျန်းမာရေးအတွက် အလွန်အထောက် အကူပြုပါတယ်။ သူ့မှာ ရေဓာတ်တွေ လည်း မြင့်မားစွာ ပါဝင်တာကြောင့် အစာအိမ်ထဲက အက်စစ်ရဲ့ ပြင်းအား တွေ ပျော့သွားဖို့ ကူညီနိုင်ပါတယ်။

ဥအမျိုးမျိုး
နံနက်စာအတွက် ကြက်ဥစားသုံး တာက တစ်နေ့တာလုံးအတွက် ကယ်လို ရီ ရရှိမှုနည်းသွားအောင် ကူညီနိုင်ပါ တယ်။ ကြက်ဥမှာ ပရိုတင်းများစွာ ပါဝင်ပြီး အစာကို တင်းတိမ် ရောင့်ရဲမှု အရှိဆုံးအစားအစာဖြစ်တာကြောင့်ပါ။

ဘလူးဘယ်ရီ
နံနက်စာအဖြစ် ဘလူးဘယ်ရီကို ရွေးချယ်တာက သွေးဖိအားပုံမှန်ဖြစ် အောင် ထိန်းချုပ်နိုင်ပြီး မှတ်ဉာဏ်နဲ့ ဇီဝ ရုပ်ဖြစ်စဉ် ကောင်းမွန်တိုးတက်လာစေ နိုင်ပါတယ်။

အခွံမာသီး
နံနက်စာအဖြစ် အခွံမာသီးကို စား သုံးတာက အစာခြေစနစ်ရဲ့ ကျန်းမာရေး အတွက် အထောက်အကူပြုပါတယ်။ သူတို့တစ်တွေက အစာအိမ်ထဲက စံ အဆင့်ကို ပုံမှန်ဖြစ်အောင် ကူညီနိုင်တာ ကြောင့်ပါ။

ကောက်နှံတစ်ခုလုံးဖြင့်ပြုလုပ်ထားသော ပေါင်မုန့်
ကောက်နှံတစ်ခုလုံးနဲ့ပြုလုပ်ထား တဲ့ ပေါင်မုန့်မှာ ကာဗိုဟိုက်ဒရိတ်နဲ့ ခန္ဓာ ကိုယ်အတွက် အရေးတကြီးလိုအပ်တဲ့ တခြားအာဟာရဓာတ်တွေ များစွာ ပါဝင် တာကြောင့် မနက်စာအဖြစ် မဖြစ်မနေ စားသုံးသင့်ပါတယ်။

ပျားရည်
ပျားရည်က စွမ်းအင်အတွက် အဓိက အရင်းအမြစ်ဖြစ်ပြီး မနက်ပိုင်း မှာ ခန္ဓာကိုယ်ကို တက်ကြွမှုရှိအောင် လှုံ့ ဆော်ပေးနိုင်ပါတယ်။ ဦးနှောက်လုပ် ဆောင်ချက် တိုးတက်အောင် ကူညီနိုင် ပြီး စိတ်ခံစားချက်ကောင်းမွန်စေတဲ့ ဟော်မုန်း ဆီရိုတိုနင်ထုတ်လုပ်မှုကို လည်း မြင့်တက်စေနိုင်ပါတယ်။
လူတိုင်းလူတိုင်း မနက်စာအတွက် ရွေးချယ်မှု မှန်ကန်နိုင်ပါစေ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *