အသက်ရလာတာနဲ့အမျှ ဗိုက်ပူလာတာကို စိတ်ပျက်နေတဲ့ မမတွေအတွက်
ဗိုက်ပူတာကို ဖုံးကွယ်နိုင်တဲ့ ဝတ်စားဆင်ယင်မှုတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အတွန့်အခေါက်ပါတဲ့အပေါ်အင်္ကျီ
ခါးအပေါ်ပိုင်း နေရာကစပြီး အ တွန့်ပါတဲ့အင်္ကျီတွေ၊ အတွန့်အလွှာများ များပါတဲ့ အပေါ်အင်္ကျီတွေက သင်ရဲ့ ဗိုက်ပူတာကို ဖုံးအုပ်သွားနိုင်ပါတယ်။ မျက်စိအာရုံ လွှဲပြောင်းသွားနိုင်တာ ကြောင့်ပါ။
၂။ ဒေါင်လိုက်စင်းပါ ဂါဝန် ဒါမှမဟုတ် ရှပ်အင်္ကျီ
ဒေါင်လိုက်အစင်းအဆင် အင်္ကျီက လည်း ပိန်သွယ်သွားပြီး အရပ်ရှည်တယ် လို့ထင်ရစေတဲ့အတွက် သင်ရဲ့ဗိုက်ပူတာ ကို မစိုးရိမ်ရတော့ဘူးပေါ့။
၃။ ခေါက်တွန့်ပါစကတ်နဲ့ ပြောင်အင်္ကျီ
ဗိုက်ပူတဲ့သူအများစုက စကတ် ဝတ်ဖို့ ရှောင်ကြဉ်တတ်ကြပါတယ်။ ခါး ကျပ်တဲ့စကတ်ကို ဝတ်ဆင်ရင်တော့ ရှိ ရင်းစွဲဗိုက်ထက် ပိုပြီးထွက်လာနိုင်ပါတယ်။ ခေါက်တွန့်ပါစကတ်ကို ပြောင်အင်္ကျီနဲ့တွဲ ဝတ်ကြည့်လိုက်ပါ။ ဗိုက်ပူတာကိုဖုံးကွယ် သွားတာကို တွေ့ရပါလိမ့်မယ်။
၎။ အနားသတ်ကော်လာအတွန့်ပါ အင်္ကျီ ဒါမှမဟုတ် အင်္ကျီအနားအားလုံး အတွန့် အခေါက်ပါ အင်္ကျီ
ဒီလိုအင်္ကျီတွေကလည်း အမြင် အာရုံကို ဆွဲဆောင်နိုင်တဲ့အတွက် ဗိုက် ပူတာကို သတိထားမိကြမှာ မဟုတ် တော့ပါဘူး။
၅။ အရောင်ရင့် ဂါဝန်ရှည်
အရောင်ရင့် ဂါဝန်ရှည်တွေက လည်း လူကို သွယ်လျတယ်လို့ ထင်ရ စေပြီး ဗိုက်ပူတာကို ဖုံးအုပ်ပေးနိုင်ပါ တယ်။
၆။ ပွရောင်းရောင်း အပေါ်အင်္ကျီနဲ့ ဘောင်းဘီ
သင်ဝတ်နေကျ size ထက် တစ် size ကြီးတဲ့ အင်္ကျီပွကို ဘောင်းဘီကျပ် ကျပ်နဲ့ ဝတ်ဆင်တာက သင့်ကို ပိန် တယ်လို့ ထင်ရစေပါတယ်။
ဒေါက်တာခင်မိုးမိုး