ဗိုက်ခေါက်အဆီထွက်လို့ စိတ်ညစ်နေကြသော ကိုကိုမမများဖတ်ရန်…

ဗိုက်ခေါက်မှာ အဆီပိုတွေ ထွက် နေတာက သင့်ကို မလှမပ ဖက်ရှင်မကျ ကျ မဖြစ်ရုံသာမကပါဘူး။ ရောဂါအနေ နဲ့လည်း ဆီးချို၊ နှလုံးနဲ့ အင်ဆူလင်ခံနိုင် ရည်ရှိနေတာတွေနဲ့ ဆက်စပ်နေတဲ့အ တွက် အလွန်အန္တရာယ်များပါတယ်။ ဗိုက်ခေါက်မှာ အဆီပိုထွက်တာက အ သက်အရွယ်မရွေး၊ နိုင်ငံသားမရွေး ဖြစ် နိုင်ပါတယ်။ ဘာကြောင့် ၀မ်းဗိုက်မှာ အဆီပိုတွေထွက်ရသလဲဆိုတာကို ရှင်း ပြပေးပါမယ်။

ဟော်မုန်းအပြောင်းအလဲဖြစ်တာ ကြောင့်ပါ

ခန္ဓာကိုယ်ထဲမှာ အဆီတွေ စုဆောင်း ဖို့အတွက် ဟော်မုန်းက အဓိကနေရာ ကနေ ပါဝင်ပတ်သက်နေပါတယ်။ ဟော် မုန်းညီညွတ်မျှတမှုမရှိတာကြောင့် မကြာ ခဏ ဗိုက်ဆာတာ၊ ဇီဝရုပ်ဖြစ်စဉ် နှေး ကွေးတာနဲ့ စိတ်ဖိစီးမှုအဆင့်မြင့်တက် လာတာတွေ ဖြစ်ပေါ်လာပြီး ၀မ်းဗိုက်မှာ အဆီတွေ စုဆောင်းမှုများလာရတာပါ။

မျိုးရိုးဗီဇကြောင့်ပါ

သင့်မိသားစုဝင်ထဲမှာ အ၀လွန်သူ ရှိနေရင် သင့်အနေနဲ့လည်း ၀မ်းဗိုက်နေ ရာမှာ အဆီစုဆောင်းမှုများလာမှာ အမှန် ပါပဲ။

စိတ်ဖိစီးမှုများတာကြောင့်ပါ

လူတွေဟာ စိတ်ဖိစီးမှုများလာရင် အစာပိုမိုစားသုံးတတ်တဲ့အတွက် ၀မ်း ဗိုက်မှာ အဆီစုဆောင်းမှုများလာရတာ ဖြစ်ပါတယ်။

အိပ်ရေးမ၀တာကြောင့်ပါ

အိပ်ရေးမ၀တာကြောင့် အစာမ ကြေတာ၊ လေပွတာတွေဖြစ်ပြီး ဗိုက်ပူ လာနိုင်ပါတယ်။ အိပ်ရေးမ၀တာကြောင့် ခန္ဓာကိုယ်တွင်း စိတ်ဖိစီးမှုဟော်မုန်း တွေ ထုတ်လုပ်မှုများလာတဲ့အတွက်လည်း အ၀လွန်ရတာဖြစ်ပါတယ်။

အချိုစာတွေ စားတာကြောင့်ပါ

အချိုစာနဲ့ အချိုပါဝင်တဲ့ ဖျော်ရည် တွေမှာ တာရှည်ခံဆေးတွေ၊ အနံ့အရ သာ၊ အရောင်အဆင်းကောင်းမွန်တဲ့ ပစ္စည်းတွေ ပါဝင်တတ်ပါတယ်။ အဲဒီ ပစ္စည်းတွေက ၀မ်းဗိုက်မှာ အဆီစုဖို့အ တွက် အဓိကနေရာက ပါဝင်ပါတယ်။

အရက်သောက်တာကြောင့်ပါ

အရက်ဟာ ခန္ဓာကိုယ်ထဲမှာ သကြား အဖြစ် ပြိုကွဲသွားပါတယ်။ ခန္ဓာကိုယ်ထဲ မှာ သကြားတွေများနေရင် အဆီအဖြစ် ပြောင်းလဲသွားပါတယ်။ ဒါ့အပြင် အရက် ကြောင့် ရေဓာတ်ချို့တဲ့နိုင်ပြီး ဇီဝရုပ် ဖြစ်စဉ်တွေ ပုံမှန်မဟုတ်တော့ပါဘူး။ ဒီလို ဖြစ်တာကြောင့် ရောင်ရမ်းမှု တွေဖြစ်လာ ပြီး ရောင်ရမ်းမှုကြောင့် ဗိုက်ခေါက်မှာ အဆီတွေစုဆောင်းလာတာပါ။

ထပ်ပြန်ကြော်ဆီတွေ စားတာကြောင့် ပါ

ပဲကြော်၊ ဘူးသီးကြော်၊ စမူဆာ၊ အီ ကြာကွေးလိုမျိုး အစားအစာတွေကို ကြော်တဲ့အခါမှာ သုံးပြီးသားအဆီတွေကို ထပ်ကာထပ်ကာ ပြန်လည်အသုံးပြုရပါ တယ်။ ဒီအဆီတွေကို ထပ်ပြန်ကြော်ဆီ လို့ ခေါ်ပြီး သူတို့ဟာ အဆင်သင့်စားလို့ ရတဲ့အစားအစာမှာလည်း ပါဝင်ပါတယ်။ ထပ်ပြန်ကြော်ဆီ ပါဝင်တဲ့အစားအစာ တွေကို စားသုံးတာကြောင့် ၀မ်းဗိုက်နေ ရာမှာ အဆီတွေစုဆောင်းလာတာ၊ အဆီ ဇီဝရုပ်ဖြစ်စဉ် နှေးကွေးတာတွေ ဖြစ်တဲ့ အပြင် ခန္ဓာကိုယ်အတွင်း ဒုက္ခပေးတဲ့ ဓာတ်တိုးပစ္စည်းတွေ များပြားနိုင်ပါတယ်။

လှုပ်ရှားမှုမရှိတာကြောင့်ပါ

လှုပ်ရှားမှုမရှိရင် ၀မ်းဗိုက်မှာ အဆီ စုဆောင်းနိုင်ပါတယ်။ ယခုခေတ်အခါမှာ အထိုင်များတဲ့ ဘ၀နေထိုင်မှုပုံစံတွေ ကြောင့် ကမ္ဘာတစ်ဝန်းမှာ အ၀လွန်နှုန်း တွေ မြင့်တက်နေပါတယ်။

မီးယပ်သွေးဆုံးသွားတာကြောင့်ပါ

အမျိုးသမီးတွေ မီးယပ်သွေးဆုံးချိန် မှာ ဟော်မုန်းအတက်အကျ အလွန်များပါ တယ်။ ဒီကာလမှာ အမျိုးသမီးတွေ ဗိုက် ခေါက်ထူလာတာက စိတ်ဖိစီးမှုများတဲ့ ဟော်မုန်းနဲ့သက်ဆိုင်ပါတယ်။ မီးယပ် သွေး ဆုံးတာတစ်ခုတည်းကြောင့် ဗိုက်ပူ လာတာတော့မဟုတ်ပါဘူး။ ဒီကာလတွေ မှာ အမျိုးသမီးတွေအနေနဲ့ အထိုင်များ တာတွေကြောင့်လည်း ခါးတုတ်လာရတာ ဖြစ်ပါတယ်။

လူ့အကျိုးပြုဘက်တီးရီးယားတွေ နည်းနေတာကြောင့်ပါ

အူထဲမှာရှိတဲ့လူ့အကျိုးပြုဘက်တီး ရီးယားတွေဟာ အစာခြေစနစ်ကို ကူညီ ပေးပြီး ၀မ်းဗိုက်မှာ အဆီစုဆောင်းမှု မရှိ အောင် ကာကွယ်ပေးပါတယ်။ အဆင် သင့်စားလို့ရတဲ့အစားအစာနဲ့ ဆီကြော် စာလိုမျိုး အကျိုးပြုဘက်တီးရီးယားတွေ ပွားများမှုကို အားမပေးတဲ့အစားအစာ တွေ စားတာကြောင့် ဗိုက်ခေါက်ထွက်လာ နိုင်ပါတယ်။ ဗိုက်ကအဆီကျချင်ရင် အ ကျိုးပြုဘက်တီးရီးယားတွေ ပေါက်ဖွားမှု ကို အားပေးတဲ့ ဒိန်ချဉ်လိုမျိုး အစားအ စာတွေကို စားပေးပါ။

ပရိုတင်းပါဝင်မှုနည်းတဲ့အစား အစာ စားတာကြောင့်ပါ

ဗိုက်ခေါက်အဆီတွေ လျော့ကျလို ရင် ပရိုတင်းပါဝင်မှုများတဲ့အစားအစာ စားသုံးရပါမယ်။ ခန္ဓာကိုယ်ထဲက ဆံပင် ကအစ ကြွက်သားနဲ့ ဟော်မုန်းအဆုံးထိ ပရိုတင်းပါဝင်ပါတယ်။ သင်စားတဲ့ အစား အစာက ပရိုတင်းပါဝင်မှုနည်းနေရင် သင့်ကြွက်သားတွေ အားလျော့လာပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေ လည်း နှေးကွေးသွားနိုင်ပါတယ်။ ဒီလို ဖြစ်တာကြောင့် ရောင်ရမ်းမှုဖြစ်စဉ် တွေဖြစ်လာကာ အဆိပ်အတောက်တွေ ပိုများလာပြီး ဇီဝရုပ်ဖြစ်စဉ်နှေးကွေးသွား နိုင်ပါတယ်။

ထုပ်ပိုးထားတဲ့ သစ်သီးဖျော်ရည်တွေ သောက်တာကြောင့်ပါ

သစ်သီးဖျော်ရည်ဟာ သင့်ကျန်းမာ ရေးအတွက် ကောင်းမွန်တယ်ဆိုပေမယ့် ထုပ်ပိုးထားတဲ့ သစ်သီးဖျော်ရည်တွေမှာ တော့ အနံ့၊ အရသာ၊ အရောင်အဆင်း တွေကောင်းမွန်တဲ့ ပစ္စည်းတွေ၊ တာရှည်ခံပစ္စည်းတွေနဲ့ သကြားတွေ ပါဝင်တဲ့အ တွက် ဗိုက်အဆီကျလိုသူတွေ ရှောင်သင့် ပါတယ်။

အမျှင်ဓာတ် ပါဝင်မှုနည်းတဲ့ အစား အစာတွေ စားတာကြောင့်ပါ

ထမင်းဖြူ၊ ဂျုံဖြူလိုမျိုး အမျှင်ဓာတ် နည်းတဲ့ အစားအစာတွေစားတာကြောင့် ကိုယ်အလေးချိန်မြင့်တက်လာပြီး ဗိုက် ခေါက်ထူလာနိုင်ပါတယ်။ အစားအစာ ကနေရတဲ့ အမျှင်ဓာတ်တွေဟာ ဗိုက် ပြည့်တင်းတဲ့ ခံစားမှုမျိုး ရရှိနိုင်ပြီး ၀မ်း ပျော့စေနိုင်ပါတယ်။ အမျှင်ဓာတ်လုံလုံ လောက်လောက် မရတာကြောင့် ၀မ်းချုပ် နိုင်တဲ့အပြင် တစ်ချိန်လုံး ဗိုက်ဆာနိုင် တဲ့အတွက် အစာခဏခဏ စားမိပြီး အ၀ လွန်ကာ ဗိုက်ခေါက်ထွက်လာရတာ ဖြစ် ပါတယ်။
ဗိုက်ခေါက် ဘာကြောင့်ထွက်ရလဲ ဆိုတာကို ရှင်းပြပြီးပါပြီ။ အခု ဗိုက်ခေါက် ကြောင့် အလှပျက်နေသူတွေအတွက် ဗိုက်ကအဆီတွေကို အမြန်လောင်ကျွမ်း စေနိုင်တဲ့ အစားအစာတွေကို ဖော်ပြပေး ပါမယ်။

သစ်သီးများ

သစ်သီးတွေမှာ ဗီတာမင်နဲ့ သတ္တု ဓာတ်တွေ များစွာ ပါဝင်တဲ့အတွက် သင့် ၀မ်းဗိုက်ကအဆီတွေလောင်ကျွမ်းဖို့ နေ့ စဉ်စားသုံးသင့်ပါတယ်။ လိမ္မော်သီး၊ ရှောက်သီး၊ သံပရာသီး၊ မန်ကျည်းသီးနဲ့ ကီဝီသီးလိုမျိုး အချဉ်ဓာတ်ပါဝင်တဲ့ သစ် သီးတွေဟာ အဆီလောင်ကျွမ်းနိုင်ပြီး ဇီဝရုပ်ဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်တဲ့ သစ် သီးတွေ ဖြစ်ပါတယ်။ သူတို့မှာ ပါဝင်တဲ့ အက်စစ်ဓာတ်ကြောင့် တခြားသစ်သီး တွေထက်စာရင် အဆီလောင်ကျွမ်းနှုန်း ပိုမိုမြန်ဆန်ပါတယ်။
ပန်းသီး၊ ဖရဲသီး၊ စပျစ်သီးနဲ့ စတော် ဘယ်ရီသီးတွေကလည်း အဆီလောင် ကျွမ်းနိုင်တဲ့ သစ်သီးတွေပါ။

ပဲနီလေး

ပဲနီလေးမှာ ပရိုတင်းပါဝင်မှုများပြီး ကယ်လိုရီနဲ့ အဆီပါဝင်မှုနည်းပါးပါတယ်။ ပရိုတင်းဟာ ကြွက်သားထုတည်ဆောက် နိုင်တာ၊ ဇီဝရုပ်ဖြစ်ပျက်နှုန်း မြန်ဆန်တာ တွေအပြင် ခန္ဓာကိုယ်လုပ်ငန်းဆောင်တာ တွေ အားလုံးကို ကောင်းမွန်စေနိုင်ပါတယ်။

ငါးအမျိုးမျိုး

ငါးမှာ ပရိုတင်းဓာတ်နဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်တွေ များစွာပါဝင်ပါတယ်။ ပရိုတင်းဟာ ကြွက်သားတည်ဆောက် ဖို့အတွက် ကူညီပေးပြီး အိုမီဂါ ၃ အဆီ ဟာ ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုဖြစ်စဉ် ကို လျှော့ချပေးကာ ဇီဝရုပ်ဖြစ်ပျက်နှုန်းကို မြှင့်တင်ပေးနိုင်ပါတယ်။ ရောင်ရမ်းမှု လျော့ကျသွားတာကြောင့် စိတ်ဖိစီးမှုနဲ့ ရောင်ရမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့ အ၀ လွန်နိုင်ခြေ နည်းပါးသွားပါတယ်။

ဗာဒံစေ့

ဗာဒံစေ့က အစာအိမ်ပြည့်တင်းမှုကို အချိန်အကြာကြီး ရရှိစေနိုင်ပါတယ်။ ဒါ့ အပြင် သူတို့မှာ ခန္ဓာကိုယ်အတွက် ကောင်းတဲ့အဆီတွေ ပါဝင်ပေမယ့် ကယ် လိုရီပါဝင်မှု နည်းပါးပါတယ်။ သက်သတ် လွတ်စားသုံးသူတွေအတွက် ၀မ်းဗိုက် ခေါက်အဆီတွေ ကျစေနိုင်တဲ့ အစားအ စာတစ်မျိုးပါ။ သူတို့မှာ စွမ်းအင်နဲ့ ဇီဝ ရုပ်ဖြစ်စဉ်မြှင့်တင်ပေးနိုင်တဲ့ အိုမီဂါ ၃ အဆီ ပါဝင်မှုလည်းများပြားပါတယ်။

ပဲအမျိုးမျိုး

ပဲတွေမှာ ပရိုတင်း၊ အမျှင်ဓာတ်၊ ဗီ တာမင်နဲ့ သတ္တုဓာတ်တွေ များစွာပါဝင် ပါတယ်။ သူတို့ကို ပုံမှန်စားသုံးတာက အဆာပြေနိုင်တဲ့အတွက် အစားလွန်ကြူး မှု မဖြစ်နိုင်တော့ပါဘူး။ သက်သတ်လွတ် စားသူတွေ နေ့စဉ် စားသုံးသင့်တဲ့အစား အစာပါ။

ဟင်းသီးဟင်းရွက်များ

ဟင်းနုနယ်၊ ကိုက်လန်၊ ကန်စွန်း ရွက်လိုမျိုး အစိမ်းရောင်ဟင်းသီးဟင်း ရွက်တွေနဲ့ မုန်လာဥနီ၊ မုန်လာဥ၀ါ၊ အ စိမ်းရောင်ပန်းဂေါ်ဖီလိုမျိုး ဟင်းသီးဟင်း ရွက်တွေမှာ ဗီတာမင်၊ သတ္တုဓာတ်၊ ရေ နဲ့ အမျှင်ဓာတ်တွေ များစွာပါဝင်ပါပြီး သစ်သီးတွေထက် ကယ်လိုရီ ပါဝင်မှု နည်းပါးပါတယ်။ ဒီဟင်းသီးဟင်းရွက် တွေက အစာလွန်ကြူးမှုမဖြစ်အောင် ကာကွယ်ပေးတာ၊ ဇီဝရုပ်ဖြစ်စဉ်ကို မြှင့် တင်ပေးတာ၊ အစာခြေစနစ်ကို ကူညီတာ နဲ့ အူမကြီးကို သန့်စင်ပေးတဲ့အတွက် ဗိုက်ခေါက်အဆီတွေ ကျဆင်းအောင် ကူ ညီပေးနိုင်ပါတယ်။

နို့နှင့် နို့ထွက်ပစ္စည်းများ

သင်ဟာ လက်တို့စ်နဲ့ ဓာတ်မတည့် မှုမရှိသူဖြစ်နေရင် မလိုင်အပြည့်ပါတဲ့ နွားနို့နဲ့ ဒိန်ချဉ်တွေကို စားသုံးသင့်ပါတယ်။ သူတို့မှာ အာဟာရဓာတ်တွေ များစွာ ပါဝင်တဲ့အပြင် အချိန်ကြာမြင့်စွာ ဗိုက် ပြည့်တင်းမှုရရှိနိုင်တဲ့အတွက် ကိုယ်အလေး ချိန်လျော့ကျဖို့ ကူညီနိုင်တာကြောင့်ပါ။

အုတ်စပါး

အုတ်စပါးမှာ အမျှင်ဓာတ်တွေ များ စွာပါဝင်ပြီး အစာခြေစနစ်ကို ကူညီပေး ပါတယ်။ သူတို့မှာ ပါဝင်တဲ့ ရေမှာမပျော် ၀င်တဲ့အမျှင်ဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ် တွေကြောင့် ဗိုက်ပြည့်တင်းမှု ရရှိစေနိုင် တာ၊ လေ့ကျင့်ခန်းလုပ်ဖို့ ခွန်အားအပြည့် ပေးနိုင်တာတွေအပြင် ကိုယ်တွင်းက အဆီပမာဏတွေကိုလည်း လျော့ကျစေ နိုင်ပါတယ်။

မြေပဲထောပတ်

သူ့မှာ ကယ်လိုရီပါဝင်မှုမြင့်မားပေ မဲ့ ပရိုတင်းနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေ ပါဝင်မှုများတာကြောင့် ကိုယ် အလေးချိန်မြင့်တက်လာနိုင်ခြေ အလွန် နည်းပါတယ်။ ဒါပေမဲ့ တစ်နေ့ကို စားပွဲ ဇွန်း နှစ်ဇွန်းထက်တော့ ပိုမစားမိပါစေနဲ့။

သံလွင်ဆီ

သံလွင်ဆီဟာ သွေးတွင်းမကောင်း တဲ့ ကိုလက်စထရောကျဆင်းစေပြီး ကောင်းတဲ့ကိုလက်စထရောတွေ မြင့် တက်အောင် ကူညီနိုင်တဲ့အတွက် သူ့ကို စားသုံးတာက ဗိုက်ခေါက်အဆီတွေ လျော့ကျနိုင်ပါတယ်။

ကောက်နှံတစ်ခုလုံး ပါဝင်စာ

ဆန်လုံးညို၊ ပေါင်မုန့်ညိုလိုမျိုး ကောက်နှံတစ်ခုလုံး ပါဝင်စာတွေမှာ ပရို တင်း၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင် ဓာတ်တွေ ပါဝင်တဲ့အတွက် သူတို့ကို စားသုံးထားတာကြောင့် ဆာလောင်မှု မရှိနိုင်တဲ့အပြင် ကြွက်သားထုကောင်းမွန် လာတာ၊ အစာခြေစနစ်ကောင်းမွန်တာ တွေနဲ့ အူမကြီးကို သန့်စင်ပေးတာတွေ ပြုလုပ်နိုင်ပါတယ်။ ဒါတွေအားလုံးဟာ ဗိုက်ခေါက်အဆီတွေကို အလွယ်တကူ ကျစေနိုင်ပါတယ်။

ပရိုတင်းအမှုန့်

ပရိုတင်းကို လုံလုံလောက်လောက် မစားသုံးနိုင်တဲ့အတွက် ပရိုတင်းပေါင်ဒါ ကို စားသုံးရပါမယ်။ ပရိုတင်းဟာ ကြွက် သားထုတွေ ကောင်းမွန်လာပြီး ဇီဝရုပ် ဖြစ်စဉ် မြင့်တက်လာတဲ့အတွက် ရက်အ နည်းငယ်အတွင်းမှာ ဗိုက်ခေါက်က အဆီတွေ ကျဆင်းသွားနိုင်ပါတယ်။

မှို

လေ့လာမှုတွေအရ ဗီတာမင် ဒီ ချို့ တဲ့သူတွေဟာ ဗိုက်ခေါက်ထူတာနဲ့ ဆက် စပ်မှုရှိတယ်လို့ သိရပါတယ်။ မှိုမှာ ဗီတာ မင် ဒီနဲ့ ပရိုတင်းတွေ များစွာပါဝင်ပါတယ်။ ဒါ့အပြင် ကယ်လိုရီပါဝင်မှုနည်းပါးပြီး ရေ ဓာတ်လည်း များစွာပါဝင်တဲ့အတွက် ဗိုက်ခေါက်ကျချင်သူတွေအနေနဲ့ မှိုဟင်း၊ မှိုဟင်းချိုတွေကို စားသုံးသင့်ပါတယ်။

စွပ်ပြုတ်ရည်

ထမင်းကြီးမစားခင်မှာ စွပ်ပြုတ်ရည် ဒါမှမဟုတ် ဟင်းချိုရည် တစ်ခွက် သောက်လိုက်တာက သင်စားမယ့် ကယ် လိုရီပမာဏ နည်းပါးသွားနိုင်ပါတယ်။ ဒါ ဟာ ၀မ်းဗိုက်အတွင်း အဆီစုဆောင်းမှုမ ဖြစ်အောင် ကာကွယ်ပေးပြီးသားဖြစ် သွားပါတယ်။

အုန်းဆီ

အုန်းဆီဟာ သွေးတွင်းအဆီအဆင့် ပေါ်မှာ ထိထိရောက်ရောက်သက်ရောက် နိုင်တဲ့အပြင် ၀မ်းဗိုက်ကအဆီတွေ တောင် လျော့ကျနိုင်ပါတယ်။ သူ့မှာ ပါဝင်တဲ့ ကျန်းမာရေးကောင်းမွန်စေတဲ့ အဆီတွေက ကိုယ်တွင်းမကောင်းတဲ့အ ဆီတွေကို လျှော့ချပေးပြီး အစာခြေစနစ် ကို ကူညီပေးကာ ခုခံအားစနစ်ကို မြှင့် တင်ပေးနိုင်ပါတယ်။

ချဉ်ဖတ်

ချဉ်ဖတ်နဲ့ ကင်မ်ချီလိုမျိုး အစားအစာ တွေမှာလည်း လူ့အကျိုးပြုဘက်တီးရီး ယားတွေ အများအပြားပါဝင်တဲ့အတွက် အစာခြေစနစ်ကောင်းမွန်ပြီး လေပွတာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ဥအမျိုးမျိုး

မနက်စာမှာ ကြက်ဥ ပါဝင်အောင် စားသူနဲ့ မစားသူတွေကို လေ့လာ မှုတစ် ခုပြုလုပ်ရာမှာ မနက်စာမှာ ကြက်ဥနှစ် လုံးစားသူတွေက မစားသုံးသူတွေထက် ကိုယ်အလေးချိန် ၆၅ ရာခိုင်နှုန်းနဲ့ ခါး အတိုင်းအတာ ၃၄ ရာခိုင်နှုန်း ပိုမိုကျ ဆင်းတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ကြက်ဥ မှာ ပရိုတင်း၊ ရေဓာတ်နဲ့ အဆီမှာ ပျော် ၀င်နိုင်တဲ့ ဗီတာမင် စီ ပါဝင်မှုများတဲ့အတွက် ကြွက်သားတည်ဆောက်မှု ကောင်းမွန် နိုင်ကာ ဗိုက်ပြည့်တင်းမှုကို အချိန်အကြာ ကြီး ရရှိနိုင်တာကြောင့်ပါ။

ငရုတ်သီး

အစိမ်းရောင်ငရုတ်သီး၊ ငရုတ်ပွသီး၊ မိုးမျှော်သီးလိုမျိုး ငရုတ်သီးတွေမှာ ပါဝင် တဲ့ ဗီတာ မင် စီ နဲ့ ကက်ပ်စိုင်ဆင်တွေက ဇီဝရုပ်ဖြစ်စဉ်ကို မြှင့်တင်ပေးပြီး အဆီ တွေကို လောင်ကျွမ်းစေနိုင်ပါတယ်။ ငရုတ်သီးများများစားတာကြောင့် ကိုယ် အလေးချိန်ကျဆင်းနိုင်ပြီး ဗိုက်ခေါက်အ ဆီတွေ လျော့ကျသွားနိုင်ပါတယ်။

ဘရိုကိုလီ

ဘရိုကိုလီဟာ ၀မ်းဗိုက်မှာ အဆီ လောင်ကျွမ်းဖို့အတွက် အကောင်းဆုံး သော အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် ကင်ဆာကိုလည်း ကာကွယ်နိုင် ကာ အမျိုးအစား (၂) ဆီးချိုရောဂါဖြစ် နိုင်ခြေကို လျှော့ချနိုင်တဲ့ အကျိုးကျေးဇူး တွေ များစွာရှိပါတယ်။ သူ့မှာပါဝင်တဲ့ အပင်ဒြပ်ပေါင်းတွေက ကိုယ်တွင်းအဆိပ် အတောက်တွေကို သန့်စင်ပေးတာ၊ ရောင် ရမ်းမှုဖြစ်စဉ်ကို လျှော့ချပေးတာ၊ ဇီဝရုပ် ဖြစ်စဉ်ကို မြှင့်တင်ပေးတာတွေအပြင် ခုခံအားစနစ်ကို ကောင်းမွန်စေနိုင်ပါတယ်။

အခွံမာသီး

သစ်ကြားသီး၊ ဗာဒံစေ့လိုမျိုး အခွံ မာသီးတွေဟာ ကိုယ်အလေးချိန်ကျဆင်း ဖို့အတွက် အလွန်ကောင်းမွန်တဲ့ အဆာ ပြေအစားအစာတွေပါ။ သူတို့မှာ ကျန်းမာ ရေးကောင်းမွန်စေတဲ့ အဆီနဲ့ ပရိုတင်း တွေ ပါဝင်တဲ့အတွက် အချိန်အကြာကြီး ဗိုက်ပြည့်တင်းမှု ရရှိစေနိုင်တာကြောင့် အဆင်သင့်စာတွေ မစားမိအောင် ကာ ကွယ်ပေးနိုင်ပါတယ်။ အခွံမာသီးကို အဆာ ပြေစာအဖြစ် စားသုံးသူတွေက ဗိုက် ခေါက်အဆီတွေ ကျဆင်းနိုင်ပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ်မှာ လူ့အကျိုးပြုဘက်တီးရီး ယားတွေနဲ့ ပြည့်ဝနေတဲ့အတွက် အစာ ခြေစနစ်ကို ကူညီပေးနိုင်ပါတယ်။ ဒိန် ချဉ်စားသုံးတဲ့အ မျိုးသမီးတွေက ဒိန်ချဉ် မစားသူတွေထက် ကိုယ်အလေးချိန် နှစ် ဆလျော့ကျနိုင်တယ်လို့ သိပ္ပံပညာရှင်တွေ က လေ့လာမှုအရ တွေ့ရှိထားပါတယ်။

စိမ်းပြာရေညှိ

စိမ်းပြာရေညှိမှာ ကယ်လိုရီပါဝင်မှု နည်းပြီး ပရိုတင်းပါဝင်မှုများကာ ရောင် ရမ်းမှုကို လျော့ကျနိုင်တာ၊ ဆာလောင်မှု ကို ချိုးနှိမ်တာ၊ သွေးထဲအဆီတွေ ကျ ဆင်းတာနဲ့ သွေးဖိအားကျဆင်းစေနိုင်တဲ့ ဂုဏ်သတ်္တိတွေ ရှိပါတယ်။ သူက ဗိုက် ခေါက်အဆီတွေကို ကျဆင်းဖို့အတွက် အကောင်းဆုံးသော အားဖြည့်အစားအ စာဖြစ်ပါတယ်။

◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *