ဘယ်လိုပရိုတင်းမျိုး ရွေးချယ်စားမလဲ

ခန္ဓာကိုယ်ကျန်းမာရေးအတွက် ပရို တင်းဓာတ်လိုအပ်တယ်ဆိုတာကို လူအ တော်များများ ကြားဖူးမှာပါ။ ပရိုတင်း ဓာတ်က ကိုယ်ခံစွမ်းအားမြင့်တက်ဖို့တင် မကဘဲ ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ် အတော်များများအတွက်လည်း ကူညီ ဆောင်ရွက်ပေးပါတယ်။ ယေဘုယျအား ဖြင့် ပရိုတင်းအမျိုးအစား လေးမျိုးရှိပါ တယ်။ တိရစ္ဆာန်ကရတဲ့ပရိုတင်း၊ အပင် ကရတဲ့ပရိုတင်း၊ Soy ပရိုတင်း၊ Whey ကရတဲ့ပရိုတင်းဆိုပြီး ရှိပါတယ်။

(၁) တိရစ္ဆာန်ကရတဲ့ပရိုတင်း
(အသားအမျိုးမျိုး၊ ငါးအမျိုးမျိုး၊ ဥအမျိုး မျိုး၊ နို့နဲ့နို့ထွက်ပစ္စည်း)
လူ့ခန္ဓာကိုယ်က အမိုင်နိုအက်စစ် အမျိုးနှစ်ဆယ်လိုအပ်ပါတယ်။ အမိုင်နို အက်စစ် ၁၁ မျိုး (Non-essential Amino Acids) ကို ခန္ဓာကိုယ်က ထုတ် လုပ်နိုင်ပေမယ့် ကျန် ကိုးမျိုး(Essential Amino Acids) ကို စားစရာကနေ ရရှိဖို့လိုပါတယ်။ တိရစ္ဆာန်ကရတဲ့ပရိုတင်း တွေက ခန္ဓာကိုယ်က လိုအပ်တဲ့ Essential Amino Acids တွေကို ပေးစွမ်းနိုင် ပါတယ်။
ဒါပေမဲ့ အနီရောင်အသားစားတာက နှလုံးရောဂါ၊ ဦးနှောက်သွေးကြောပေါက် တာ၊ သက်တမ်းတိုတာ ဖြစ်စေမှုတွေနဲ့ ဆက်စပ်နေပါတယ်။ နောက်ပြီး ပြုပြင် ထားတဲ့အသားတွေအစားများတာက နှလုံးရောဂါကြောင့်သေဆုံးနိုင်ခြေမြင့်မား တယ်လို့ သုတေသနလေ့လာတွေ့ရှိချက် တွေက ဆိုထားပါတယ်။

(၂) အပင်ကရတဲ့ပရိုတင်း
(ပဲအမျိုးမျိုး၊ အစေ့အဆန်၊ အစိမ်းရောင် ရှိသောဟင်းသီးဟင်းရွက်၊ ကိုက်လန်၊ ဘရိုကိုလီ၊ ကောက်နှံတစ်ခုလုံးပါဝင်စာ)
အပင်ကရတဲ့ပရိုတင်းအမျိုးအစား က တိရစ္ဆာန်ကရတဲ့ ပရိုတင်းအမျိုးအစားနဲ့ နှိုင်းယှဉ်ရင် ကယ်လိုရီပါဝင်မှုနည်းပါးပြီး ကျန်းမာရေးဆိုးကျိုးပေးနိုင်ခြေလည်း ပိုနည်းတယ်လို့ဆိုနိုင်ပါတယ်။ ကွီနိုရာ (Quinoa) ကနေရတဲ့ ပရိုတင်းဓာတ်မှာ ဆိုရင် ခန္ဓာကိုယ်ကလိုအပ်တဲ့ Essential အမိုင်နိုအက်စစ် ကိုးမျိုးစလုံးပါဝင်ပါ တယ်။ သုတေသနလေ့လာတွေ့ရှိချက် တွေအရ ရာသက်ပန်သက်သတ်လွတ် စားသုံးသူတွေမှာ ကင်ဆာရောဂါ၊ ဆီးချို သွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ အဝလွန် ရောဂါ၊ နှလုံးရောဂါဖြစ်နိုင်ခြေတွေ အ လွန်လျော့နည်းတယ်လို့ ဆိုထားပါတယ်။

(၃) Soy ပရိုတင်း
Soy ပရိုတင်းကို ပဲပုပ်စေ့၊ မီဆို (ပဲပုပ်ကိုကစော်ဖောက်ထားသော ဂျပန် ရိုးရာစားစရာ)၊ တိုဟူး၊ Tempeh (ပဲပုပ် ကိုကစော်ဖောက်ထားသော အင်ဒိုနီးရှား ရိုးရာစားစရာ) ကနေ ရရှိနိုင်ပါတယ်။ ကိုလက်စထရောက မပါသလောက်ကို နည်းပါးပြီး ကျန်းမာရေးကိုထိခိုက်စေ တဲ့ပြည့်ဝဆီပါဝင်မှုလည်း နည်းပါတယ်။ ခန္ဓာကိုယ်ကလိုအပ်တဲ့ Essential အမိုင်နိုဆက်စစ် ကိုးမျိုးစလုံး ပါဝင်ပြီး အမျှင်ဓာတ်၊ ဇင့်၊ သံဓာတ်၊ ကယ်လ်စီ ယမ်နဲ့ ဗီတာမင် ဘီလည်း ပါဝင်ပါတယ်။
တိရစ္ဆာန်ကရတဲ့ပရိုတင်းတွေအ စား Sသပ ပရိုတင်း ကို အစားထိုးစားသုံး မယ်ဆိုရင် မကောင်းတဲ့ကိုလက်စထရော တွေကို လျော့ကျစေတာ၊ သွေးတွင်းသ ကြားဓာတ်ကိုထိန်းပေးတာ၊ ကိုယ်အလေး ချိန်လျော့ကျစေတာ စတဲ့ ကျန်းမာရေး ကောင်းကျိုးတွေ ရရှိစေတယ်လို့ သုတေ သနလေ့လာချက်တွေက ဆိုထားပါ တယ်။ တစ်နေ့ကို ပဲနို့တစ်ခွက် ဒါမှမဟုတ် လက်ဖက်ရည်ခွက်တစ်ဝက်စာ တိုဟူး၊ ပဲပုပ် တစ်မျိုးမျိုး စားပေးမယ်ဆိုရင် ကင် ဆာရောဂါမဖြစ်အောင် ဟန့်တားနိုင် တယ်လို့ ဆိုပါတယ်။

(၄) Whey ကရတဲ့ ပရိုတင်း
နို့နဲ့နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ နွားနို့၊ ချိစ်၊ ဒိန်ချဉ်၊ Whey ပရိုတင်း ဖြည့်စွက် စာတွေကနေ ရရှိနိုင်ပါတယ်။ သူက ပေါ် ပြူလာဖြစ်တဲ့ ပရိုတင်းဖြည့်စွက်စာတစ် မျိုးဖြစ်ပြီး ဓာတ်တိုးဆန့်ကျင်နိုင်စွမ်း၊ သွေးတိုးကျနိုင်စွမ်း၊ ကိုယ်ခံစွမ်းအားမြှင့် တင်နိုင်စွမ်းတွေ ရှိပါတယ်။

ထူးဒါလီကိုကို (MPharm) 

Post Author: Good Health Journal