ဘယ်လိုသားဆက်ခြားနည်းမျိုးကို ရွေးချယ်သုံးမလဲ

လက်ထပ်တော့မယ့် ချစ်သူတွေ ပျားရည်ဆမ်းနေ့ရက်လေးတွေကို ပျော် ပျော်ရွှင်ရွှင် လျှောက်လှမ်းချင်တယ်ဆိုရင် သားဆက်ခြားနည်းလမ်းတွေကို ဆွေး နွေးတိုင်ပင်ထားဖို့ လိုပါတယ်။ ချစ်သူ ရည်းစားတွေရဲ့ လမ်းဆုံးပန်းတိုင်က အိမ်ထောင်ပြုတာပါ။ အိမ်ထောင်မပြု ခင်မှာ လက်ထပ်ပြီးတဲ့အခါ နေဖို့ထိုင်ဖို့ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ကြ၊ လက်ထဲမှာ ငွေပိုငွေလျှံရှိအောင် ရှာဖွေစု ဆောင်းကြပေမယ့် အများစုက အရေးကြီး တဲ့ သားဆက်ခြားနည်းတွေကို တိုင်ပင်ဆွေး နွေးမှု မရှိကြတာ များပါတယ်။ အားလုံး ပြီးပြည့်စုံနေသူတွေအဖို့ လက်ထပ်ပြီးတာ နဲ့ ကလေးတန်းယူတာ ပြဿနာမရှိပေ မယ့် အခုမှ ဘ၀ကိုစတင်ထူထောင်ရမယ့် သူတွေအတွက်ဆိုရင်တော့ လက်ထပ်ပြီး တာနဲ့ ကိုယ်ဝန်တန်းရသွားရင် မပြည့် စုံမှုကြောင့် အခက်အခဲတွေ အများကြီး ကြုံတွေ့နိုင်ပါတယ်။ ဒါကြောင့် ဘယ်လို သားဆက်ခြားနည်းမျိုးကို ရွေးချယ်မလဲ ဆိုတာ လေ့လာနိုင်ဖို့ ရေးသားလိုက်တာ ဖြစ်ပါတယ်။

ကွန်ဒုံးအသုံးပြုခြင်း

ရော်ဘာနဲ့ ပါးလွှာအောင် ပြုလုပ်ထား ပြီး လိင်ဆက်ဆံချိန်မှာ ကွန်ဒုံးကို အမျိုး သားလိင်တံမှာ စွပ်ပြီး အမျိုးသမီးရဲ့ သား အိမ်ထဲကို သုက်ကောင်တွေ မဝင်ရောက် နိုင်အောင် တားဆီးတဲ့နည်းလမ်း ဖြစ်ပါ တယ်။ အသုံးပြုမှု မှန်ကန်မယ်ဆိုရင် ၉၈ ရာခိုင်နှုန်း ထိရောက်တယ် ဆိုထားပေ မယ့် ၈၂ ရာခိုင်နှုန်းသာ ထိရောက်အောင် ကာကွယ်နိုင်တာ တွေ့ရပါတယ်။

ကောင်းကျိုး
ကွန်ဒုံးအသုံးပြုတာကြောင့် လိင်က တစ်ဆင့် ကူးစက်နိုင်တဲ့ရောဂါတွေ မဖြစ် အောင်၊ ကိုယ်ဝန်မရအောင် ကာကွယ်နိုင် ပါတယ်။

ဘေးထွက်ဆိုးကျိုး
မမှန်ကန်တဲ့အရွယ်အစားကို အသုံး ပြုမိတာကြောင့်ကွန်ဒုံးပေါက်ပြဲနိုင်ပါ တယ်။ တချို့တွေမှာ ကွန်ဒုံးလုပ်ထားတဲ့ ရော်ဘာနဲ့ ဓာတ်မတည့်တာမျိုးတွေ ကြုံ တွေ့နိုင်ပါတယ်။ လိင်ဆက်ဆံပြီးမြောက် တဲ့အခါ လိင်တံပျော့မသွားခင်မှာ ကွန်ဒုံး ကို ဖယ်ရှားဖို့ လိုပါတယ်။

အမျိုးသမီးကွန်ဒုံး

ဏသူပကမနအ့ညေန နဲ့ ပြုလုပ်ထားပြီး သားအိမ်ထဲကို သုက်ကောင်တွေ မဝင် ရောက်နိုင်အောင် သားအိမ်ခေါင်းအဝမှာ ကာကွယ်ပေးထားပါတယ်။ ၉၅ ရာခိုင်နှုန်း ထိရောက်တယ်ဆိုထားပေမယ့် အမျိုးသ မီးတွေမှာ ၇၉ ရာခိုင်နှုန်းသာ ထိရောက် စွာ ကာကွယ်နိုင်တာကို တွေ့ရပါတယ်။

ကောင်းကျိုး
အမျိုးသားရော အမျိုးသမီးပါ လိင် ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ မကူး စက်နိုင်အောင် ကာကွယ်ပေးပါတယ်။ လိင် ဆက်ဆံချိန်တိုင်း အသုံးပြုဖို့ လိုပါတယ်။

ဘေးထွက်ဆိုးကျိုး
အမျိုးသားတွေမှာ အသုံးပြုရတဲ့ ကွန်ဒုံးလိုမျိုး အလွယ်တကူ ဝယ်မရနိုင် ပါ။ မှန်ကန်စွာ အသုံးမပြုတတ်ပါက လွဲ ချော်တာ ဒါမှမဟုတ် စုတ်ပြဲတာတွေ ဖြစ် တတ်ပါတယ်။

ပဋိသန္ဓေတား ထိုးဆေး

အများအားဖြင့် သုံးလခံ ထိုးဆေးဆို ပြီး လူသိများပါတယ်။ အာနိသင်တာရှည် ခံပြီး ၉၉ ရာခိုင်နှုန်း ထိရောက်မှုရှိပါတယ်။

ကောင်းကျိုး
နို့တိုက်ကျွေးချိန်မှာလည်း ထိုးနှံထား လို့ရပါတယ်။ ကလေးမွေးပြီး ၂၁ ရက်အ တွင်းမှာတော့ ဘာတားဆေးမှ အသုံးပြုဖို့ မလိုပါဘူး။ သောက်ဆေးလိုမျိုး ဆေး သောက်ဖို့ မေ့မှာလည်း မပူရဘူး။ ရာသီ လာစဉ်ဖြစ်ပေါ်တဲ့ နာကျင်ကိုက်ခဲမှုဝေဒ နာကို လျော့နည်းစေတယ်။ တင်ပါးဆုံ ရောင်ရမ်းမှုဖြစ်စေတဲ့ ရောဂါတွေမဖြစ် အောင်လည်း ကာကွယ်ပေးတယ်။ သား အိမ်မှာဖြစ်တဲ့ ကင်ဆာတချို့ကိုလည်း ကာကွယ်ပေးတယ်။

ဘေးထွက်ဆိုးကျိုး
ရာသီမမှန်တာ၊ ကိုယ်အလေးချိန် တက်လာတာ စတာတွေ ဖြစ်နိုင်ပြီး ဆေး ရပ်လိုက်ရင်တောင် အဲဒီဆိုးကျိုးတွေ ဆက်ဖြစ်နိုင်ပါတယ်။ ဆေးရပ်ပြီးနောက် သားသမီးယူမယ်ဆိုရင်လည်း ချက်ချင်းရ ဖို့ ခဲယဉ်းတတ်ပါတယ်။

သားအိမ်တွင်း စနစ်တစ်ခုထည့်ခြင်း (IUS)

သားအိမ်ထဲမှာ ပလတ်စတစ်နဲ့ လုပ် ထားတဲ့ပစ္စည်းကို ကျွမ်းကျင်သူပညာရှင်နဲ့ ထည့်ရတာဖြစ်ပါတယ်။ အဲဒီပစ္စည်းက နေ ပရိုဂျက်စတုန်းဟော်မုန်းတွေ သား အိမ်ထဲကို ထွက်ပါတယ်။ ၉၉ ရာခိုင်နှုန်း ထိရောက်စွာ ကာကွယ်နိုင်ပါတယ်။

ကောင်းကျိုး
ငါးနှစ်အထိ ခံပါတယ်။ ရာသီသွေး ဆင်းနည်းတာ၊ ရက်တိုသွားတာတွေ ဖြစ် နိုင်ပါတယ်။ ဟော်မုန်းက ထုတ်တဲ့နေရာ မှာသာ ရှိပြီး ခန္ဓာကိုယ်ထဲ ဝင်ရောက်မှု နည်းတာကြောင့် ဘေးထွက်ဆိုးကျိုး ခံစား နိုင်ခြေ နည်းပါတယ်။

ဘေးထွက်ဆိုးကျိုး
ရာသီသွေးဆင်း မမှန်တာ ဒါမှမ ဟုတ် တချို့တွေမှာ ရာသီလာတယ်ဆိုရုံ အနည်းငယ်သာ တွေ့ရတတ်ပါတယ်။ တချို့အမျိုးသမီးတွေကတော့ ခန္ဓာကိုယ် ထဲ ပစ္စည်းထည့်တာမျိုး မကြိုက်ကြပါ။ ပစ္စည်းထည့်ပြီး ရက် ၂၀ အတွင်း ပိုးဝင် နိုင်ခြေ အနည်းငယ်ရှိပါတယ်။

လက်မောင်း အရေပြားအောက် ထည့်ခြင်း

သေးငယ်တဲ့ အချောင်းလေးကို လက်မောင်း အရေပြားအောက်မှာ ထည့် ထားရတာဖြစ်ပြီး ကျွမ်းကျင်တဲ့ပညာရှင် က ထည့်ပေးတာဖြစ်ပါတယ်။ အဲဒီထဲက နေ ပရိုဂျက်စတုန်းဟော်မုန်းထွက်ရှိပြီး သားဥကြွေတာကို ဟန့်တားပေးပါတယ်။ ၉၉ ရာခိုင်နှုန်း ကာကွယ်မှု ရနိုင်ပါတယ်။

ကောင်းကျိုး
ထည့်ထားတာကို ဖယ်ရှားလိုက်ပါ က ပုံမှန်အတိုင်း သားသမီးပြန်လည်ရယူ နိုင်ပါတယ်။

ဘေးထွက်ဆိုးကျိုး
လက်မောင်းရဲ့ အရေပြားအောက် မှာ ထည့်ထားရတာကြောင့် မမြင်ရတဲ့တိုင် အောင် စိတ်ထဲမှာ တစ်ခုခုတော့ ခံစားရ နိုင်ပါတယ်။ ဝက်ခြံထွက်နိုင်ပါတယ်။

သားအိမ်ထဲ ပစ္စည်းထည့်ခြင်း (IUD)

ပလတ်စတစ် ဒါမှမဟုတ် ကော့ပါးနဲ့ ပြုလုပ်ထားတာဖြစ်ပြီး သားအိမ်ထဲကို ဆ ရာဝန် ဒါမှမဟုတ် သူနာပြုက ထည့်ပေး မှာ ဖြစ်ပါတယ်။ ၉၉ ရာခိုင်နှုန်း ထိရောက် စွာ ကာကွယ်နိုင်ပါတယ်။ ချက်ချင်းထိ ရောက်မှုရှိပြီး ငါးနှစ်ကနေ ၁၀ နှစ်အထိ အသုံးပြုနိုင်ပါတယ်။ ဖယ်ရှားတဲ့အခါမှာ လည်း ဆရာဝန် ဒါမှမဟုတ် သူနာပြုနဲ့ ဖယ်ရှားပေးရမှာဖြစ်ပါတယ်။

ကောင်းကျိုး
ဟော်မုန်းမပါဝင်တာကြောင့် ဟော် မုန်းကြောင့်ခံစားရနိုင်တဲ့ ဘေးထွက်ဆိုး ကျိုးတွေ မဖြစ်နိုင်ပါ။ သားအိမ်ထဲ ထည့် ထားတဲ့ပစ္စည်းကို ဖယ်ရှားလိုက်ပါက သာမန်အတိုင်း ကိုယ်ဝန်ပြန်ရနိုင်ပါ တယ်။

ဘေးထွက်ဆိုးကျိုး
ရာသီသွေးဆင်းများနိုင်ပါတယ်။ တချို့အမျိုးသမီးတွေက သားအိမ်ထဲ ပစ္စည်းထည့်တာကို သဘောမကျတတ် ကြပါဘူး။ ပစ္စည်းထည့်ပြီး ပထမရက် ၂၀ အတွင်းမှာ ပိုးဝင်နိုင်ခြေ အနည်းငယ်ရှိပါ တယ်။

ကပ်ခွာအသုံးပြုခြင်း

အရေပြားပေါ်မှာ ကပ်ထားရတဲ့ ကပ် ခွာအမျိုးအစားဖြစ်ပါတယ်။ အဲဒီကနေ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းတွေ ထွက် ပြီး သားဥမကြွေအောင် တားဆီးပေးပါ တယ်။ ၉၉ ရာခိုင်နှုန်း ထိရောက်စွာ ကာ ကွယ်နိုင်တယ်ဆိုပေမယ့် လက်တွေ့မှာ တော့ ၉၁ ရာခိုင်နှုန်းသာ ထိရောက်တာ တွေ့ရပါတယ်။
ကောင်းကျိုး
ရာသီသွေးဆင်းတာ နည်းသွားတာ ဒါမှမဟုတ် မမှန်တာတွေဖြစ်နိုင်ပြီး တချို့ အမျိုးသမီးတွေမှာ ဝက်ခြံတွေ ပိုဖြစ်နိုင်ပါ တယ်။
ဘေးထွက်ဆိုးကျိုး
ကိုယ်အလေးချိန် သာမန်ထက်များ နေသူတွေ၊ ဆေးလိပ်သောက်သူတွေနဲ့ အသက် ၃၅ နှစ်ကျော်သူတွေမှာ မသုံး သင့်ပါ။ ဖြစ်နိုင်ခြေနည်းပေမယ့် တွေ့ရ တတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေက သွေး ခဲဖတ်ဖြစ်ပေါ်တာ၊ ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်းကင်ဆာတွေပါ။ ခေါင်းမူး ခေါင်းကိုက်တာ၊ ပျို့အန်ချင်တာ၊ စိတ်ဂ ဏာမငြိမ်တာနဲ့ ရင်သားတင်းတာ စတဲ့ ဝေဒနာတွေကိုလည်း ခံစားရနိုင်ပါတယ

 ကွင်းထည့်ခြင်း
ပလတ်စတစ်ကွင်းအမျိုးအစားဖြစ် ပြီး အမျိုးသမီးရဲ့ သားအိမ်ခေါင်းထဲ လစဉ် ထည့်ပေးရမှာဖြစ်ပါတယ်။ ဟော် မုန်းထုတ်ပေးပြီး သားဥကြွေတာကို တား ဆီးတာဖြစ်ပါတယ်။ ၉၉ ရာခိုင်နှုန်း ထိ ရောက်တယ်ဆိုပေမယ့် ပျမ်းမျှအားဖြင့် ၉၁ ရာခိုင်နှုန်းသာ ထိရောက်တာကို တွေ့ ရပါတယ်။
ကောင်းကျိုး
နေ့စဉ် သတိထားဖို့ မလိုခြင်း၊ ရာသီ သွေးဆင်းနည်းသွားတာ ဒါမှမဟုတ် မမှန် တာ စတာတွေ ဖြစ်နိုင်ပါတယ်။
ဘေးထွက်ဆိုးကျိုး
ကိုယ်အလေးချိန် သာမန်ထက် များ သူတွေ၊ ဆေးလိပ်သောက်သူတွေနဲ့ အ သက် ၃၅ နှစ်အထက် ကြီးသူတွေ မသုံး သင့်ပါ။ ကွင်းထည့်တာ၊ ဖယ်ရှားတာကို ကိုယ်တိုင်သက်သောင့်သက်သာပြုလုပ် နိုင်ပါတယ်။ ကပ်ခွာအသုံးပြုသူတွေမှာ လိုပဲ အဖြစ်မများပေမယ့် တွေ့ရတတ်တဲ့ ဝေဒနာတွေ ခံစားရနိုင်ပါတယ်။
 

ဆေးသောက်ခြင်း
နေ့စဉ်သောက်သုံးရမှာဖြစ်ပြီး အီစ ထရိုဂျင်နဲ့ ပရိုဂျက်စတုန်းပါဝင်ပါတယ်။ ၉၉ ရာခိုင်နှုန်း ထိရောက်မှုရှိတယ်ဆိုပေ မယ့် ၉၁ ရာခိုင်နှုန်း ထိရောက်စွာ ကာ ကွယ်နိုင်တာ တွေ့ရပါတယ်။
ကောင်းကျိုး
ဆေးသောက်ရတာလောက် လွယ် တဲ့နည်းလမ်းတော့ မရှိတော့ပါဘူး။ ဆေး ရပ်မယ်ဆိုလည်း အလွယ်တကူပဲ မသောက်ဘဲ နေလိုက်ရုံပါပဲ။ ရာသီသွေး ဆင်း နည်းတာ၊ မမှန်တာတွေ ဖြစ်နိုင်ပါ တယ်။
ဘေးထွက်ဆိုးကျိုး
ကိုယ်အလေးချိန်သာမန်ထက် များ သူတွေ၊ ဆေးလိပ်သောက်သူတွေနဲ့ အသက် ၃၅ နှစ်ကျော်သူတွေ အသုံးမပြု သင့်ပါဘူး။ ဆေးသောက်ဖို့ မေ့လျော့တာ၊ အန်တာ၊ ဝမ်းသွားတာတွေ ဖြစ်ရင်တော့ ဆေးအာနိသင်လျော့နည်းသွားတတ်ပါ တယ်။
ပရိုဂျက်စတုန်းသာပါသော သောက်ဆေး
ပဋိသန္ဓေတားလိုသူတွေ ဒီဆေးကို နေ့စဉ်သောက်သုံးရမှာဖြစ်ပြီး ပရိုဂျက်စ တုန်းတစ်မျိုးသာ ပါဝင်ပါတယ်။ ၉၉ ရာခိုင်နှုန်းထိရောက်တယ်ဆိုပေမယ့် ၉၁ ရာခိုင်နှုန်းသာ ထိရောက်မှုရှိပါတယ်။
ကောင်းကျိုး
ရာသီမလာဘဲ ရပ်သွားတာ ဒါမှမ ဟုတ် နည်းတာတွေ ဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်သူတွေ ဒါမှမဟုတ် အသက် ၃၅ နှစ်ကျော်သူ အမျိုးသမီးတွေ မှာလည်း အသုံးပြုနိုင်ပါတယ်။
ဘေးထွက်ဆိုးကျိုး
နေ့စဉ် အချိန်အတိအကျ သောက် သုံးရမှာဖြစ်ပြီး အချိန် ၁၂ နာရီထက် ကျော်ပြီးမှ သောက်သုံးပါက ဆေးအာနိ သင် မရတာမျိုးဖြစ်တတ်ပါတယ်။ ဆေး သောက်ဖို့ မေ့လျော့တာ၊ အန်တာ၊ ဝမ်း သွားတာတွေ ဖြစ်ပါကလည်း ဆေးအာနိ သင်လျော့နည်းနိုင်ပါတယ်။
ခိုင်သစ္စာရှင် (ဆေးဝါး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *