ဘယ်လိုအစားအစာတွေက ဆီးကျိတ်ကို ဒုက္ခပေးနိုင်လဲ..

လေ့လာမှုပေါင်းများစွာအရအစား အသောက်တွေကလည်း ဆီးကျိတ်ဂ လင်းအပေါ်သက်ရောက်မှုတွေရှိတယ် လို့တွေ့ရှိခဲ့ပါတယ်။ တချို့အစားအ သောက်တွေက ရောင်ရမ်းမှုနဲ့ သွေး တွင်းမကောင်းတဲ့ ကိုလက်စထရော များစေလို့ ဆီးကျိတ်ပြဿနာကို ဖြစ် စေတာပါ။ အသက်ကြီးလာပေမယ့် ဆီးကျိတ်ဂလင်း ပြဿနာတွေကို ဝေး ဝေးကရှောင်ရှားလိုတယ်ဆိုရင် အောက် ပါအစာတွေ စားသုံးမှုကို ရှောင်ရှားဖို့ လိုပါတယ်။

အနီရောင် အသား
အနီရောင်အသားထဲမှာ ပရိုတင်းနဲ့ သံဓာတ်တွေများစွာပါဝင်ပေမယ့် အများ အပြားစားသုံးပါက ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေကို မြင့်မားစေတယ်လို့ လေ့ လာမှုများစွာအရသိရပါတယ်။ အနီရောင် အသားကို အပူချိန်မြင့်မြင့်မှာချက်ပြုတ် ထားပါက ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေ ၁၂ရာခိုင်နှုန်းပိုများတယ်လို့ သိရပါတယ်။

အဆင့်ဆင့်ပြုပြင်ထားတဲ့ အသား
အသားညှပ်ထားတဲ့ ပေါင်မုန့်စားသုံး တာက ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ သင်ထင်မြင်မိပါသလား။ တကယ်တော့ အသားကို အဆင့်ဆင့်ပြုပြင်မှုတွေ လုပ် ထားတာကြောင့် ကျန်းမာရေးနဲ့ မညီ ညွတ်နိုင်ပါ။ ဝက်ပေါင်ခြောက်၊ ဝက်အူ ချောင်း၊ ဆိတ်သားမုန့်၊ စတာတွေမှာ ဓာတုဒြပ်ပေါင်းတွေ ပါဝင်လို့ ဆီးကျိတ် ကင်ဆာဖြစ်နိုင်ခြေနဲ့ဆက်စပ်နေပါတယ်။ အသားဓာတ်ရရှိဖို့ဆိုရင် ငါးအမျိုးမျိုး၊ ကြက်ဥ၊ ကြက်သား စတာတွေကိုစားသုံး နိုင်ပါတယ်။

ခရမ်းချဉ်သီးဘူး
ခရမ်းချဉ်သီးထဲမှာ ကင်ဆာကို ကာ ကွယ်နိုင်တဲ့ လိုင်ကိုပင်းတွေ များစွာပါဝင် တာ သင်လည်း သိပြီးသား ဖြစ်မှာပါ။ ဒါ့ အပြင် ခရမ်းချဉ်သီးထဲမှာ ဆီးကျိတ်ကင် ဆာကို ကာကွယ်နိုင်တဲ့ ဒြပ်ပေါင်းတွေ လည်းများစွာပါဝင်ပါတယ်။ ဒါပေမဲ့ ဘူးနဲ့ လာတဲ့ ခရမ်းချဉ်သီးတွေကတော့ ဒီလို အာနိသင်တွေကို မရရှိနိုင်ပါ။ ဘူးကိုပိတ် တဲ့အခါ အသုံးပြုတဲ့Bisphenol-A ဒါမှ မဟုတ် BPA ကြောင့် ကင်ဆာရောဂါ တွေကိုတောင် ဖြစ်ပွားစေနိုင်ပါတယ်။

နို့နဲ့ နို့ထွက်ပစ္စည်း
နို့နဲ့ ဒိန်ခဲ၊ ထောပတ် စတဲ့ နို့ထွက် ပစ္စည်းတွေ စားသုံးမှု များပါက ဆီးကျိတ် ကင်ဆာနဲ့ ဆက်စပ်မှုရှိတယ်လို့ ပညာရှင် တွေကပြောကြားခဲ့ပါတယ်။ ဒါဟာ ဟော် မုန်းပြောင်းလဲမှုတွေကြောင့်လို့လည်း ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။ ကံကောင်းစွာပဲ နို့နဲ့ နို့ထွက်ပစ္စည်း အစား ထိုးစားသုံးနိုင်တာတွေလည်းရှိနေပါတယ် လို့ သူတို့က ဆိုပါတယ်။

ကယ်လ်စီယမ်ဖြည့်စွက်အာဟာရ
အရိုးတွေ သန်မာဖို့အရေးကြီးတယ် ဆိုပေမယ့် ကယ်လ်စီယမ်ဖြည့်စွက်သောက် သုံးတာက ဆီးကျိတ်ဆိုင်ရာ ပြဿနာ တွေနဲ့ဆက်စပ်နေတယ်လို့ ပညာရှင်တွေ ကပြောကြားခဲ့ပါတယ်။ နို့ထွက်ပစ္စည်းတွေ မှာ ကယ်လ်စီယမ်များစွာ ပါဝင်ပေမယ့် လည်း ဆီးကျိတ်ကင်ဆာ ရောဂါဖြစ်နိုင် ခြေနဲ့ဆက်စပ်နေတာကြောင့် နို့နဲ့ နို့ထွက် ပစ္စည်းမဟုတ်တဲ့ ဗာဒံစေ့၊ သဖန်းသီး၊ အချဉ်ဖောက်ပြီး ပြုလုပ်ထားတဲ့ တိုဟူး တို့ စားသုံးပြီး ရယူနိုင်ပါတယ်။

အချဉ်ဖောက်မထားတဲ့ ပဲပိစပ်
အချဉ်ဖောက်ထားတဲ့ တိုဟူးက ကျန်းမာရေးနဲ့ညီညွတ်သလို အချဉ်ဖောက် ထားတဲ့ ပဲပိစပ်ကိုလည်း စားသုံးနိုင်ပါ တယ်။ ဒါပေမဲ့ အချဉ်ဖောက်မထားတဲ့ ပဲ ပိစပ်ကို စားသုံးတဲ့ အမျိုးသားတွေက ဆီးကျိတ်ကို ထိခိုက်စေနိုင်တယ်လို့ သိရ ပါတယ်။

ဆွတ်ဆွတ်ဖြူသော သကြား
ဆွတ်ဆွတ်ဖြူအောင် ပြုလုပ်ပြီး ထုတ်လုပ်ထားတဲ့ သကြားက ခန္ဓာကိုယ် တစ်ခုလုံး ကျန်းမာရေးအတွက် မသင့် တော်ပါဘူး။ ပညာရှင်တွေက ဆွတ်ဆွတ် ဖြူတဲ့ သကြားကို စားသုံးတဲ့ အမျိုးသား တွေက ဆီးကျိတ်ပြဿနာတွေ ဖြစ်ပွား နိုင်တယ်လို့ ဆိုပါတယ်။

မိုက်ခရိုဝေ့နဲ့ဖောက်ထားတဲ့ပြောင်း ဖူးပေါက်ပေါက်
ပြောင်းဖူးပေါက်ပေါက်မှာ အမျှင် ဓာတ်များစွာပါဝင်တယ်ဆိုပေမယ့် မိုက် ခရိုဝေ့နဲ့ဖောက်ထားတဲ့ ပြောင်းဖူးပေါက် ပေါက်ကို စားသုံးပါက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ မိုက်ခရိုဝေ့မှာ Perfluorooctanoic acid ဒါမှမဟုတ် PFOA နဲ့ ပိတ်ထားတာကြောင့် ဟော် မုန်း မညီမျှတာကိုဖြစ်စေပြီး ဆီးကျိတ် ကို ထိခိုက်စေနိုင်ပါတယ်။

ပြည့်ဝဆီ
ပြည့်ဝဆီတွေ စားသုံးမှုက နှလုံး ရောဂါဖြစ်ပွားမှုတင်မကဘဲ ဆီးကျိတ် ကင်ဆာဖြစ်ပွားနိုင်ခြေကိုပါ မြင့်မားစေ ပါတယ်။ တိရစ္ဆာန်ကနေရရှိတဲ့ ပြည့်ဝ ဆီတွေ စားသုံးမယ့်အစားဟင်းသီးဟင်း ရွက်ကရတဲ့ မပြည့်ဝဆီတွေကို စားသုံး ပါ။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *