ဘယ်လိုအမူအကျင့်တွေကအမျိုးသားတို့ကျန်းမာရေးကိုထိခိုက်စေတာလဲ

အမျိုးသားအများစုမှာ ကျန်းမာရေး နဲ့ မညီညွတ်တဲ့ အမူအကျင့်တွေ အနည်း ဆုံးတစ်ခု၊ နှစ်ခုလောက်တော့ ရှိနေနိုင် ပါတယ်။ သတိမထားမိဘဲ လုပ်နေမိတာ မျိုးလည်း ဖြစ်နိုင်ပါတယ်။ တချို့အမူအ ကျင့်တွေကို နေ့စဉ်နဲ့ အမျှ ထပ်ခါထပ်ခါ ပြုလုပ်နေမယ်ဆိုရင် တစ်စစနဲ့ဆိုးရွားတဲ့ ကျန်းမာရေးကို ဖြစ်ပေါ်လာစေပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ မညီညွတ်ဘဲ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့ အမူအ ကျင့်ဆိုးတွေကို သိရှိပြီး ရှောင်ရှားနိုင် အောင် ရေးသားလိုက်ပါတယ်။

ဆိုဖာပေါ်တွင် အိပ်ခြင်း
ကြမ်းပြင်ပေါ်မှာ အိပ်မယ့်အစား မွေ့ ရာနဲ့ ခုတင်ပေါ်မှာအိပ်ပေးပါ။ တကယ် လို့ သင့်မှာ စပရင်ခုတင် အဟောင်းကြီး ရှိနှင့်ပြီး၊ အသစ်မဝယ်ချင်သေးဘူးဆိုရင် တော့ ခုတင်ပေါ်မှာ အထပ်သားသစ် သားပြားခံပါ။ သစ်သားပြားပေါ်မှာ မှို့ယာ ထပ်တင်အိပ်ပါ။ မွေ့ယာကဟောင်းနွမ်းပြီး ပြားကပ်နေရင်တော့ မအိပ်သင့်ပါဘူး။ အသစ်လဲပေးပါ။ ဆိုဖာခုံတွေပေါ်မှာ လည်း အချိန်ကြာကြာထိုင်မနေသင့် ပါဘူး။ အမျိုးသား အများစုက တီဗီကြည့် ရင်း ဆိုဖာပေါ်မှာ အိပ်ပျော်သွားတာ၊ အရက်သောက်ပြီး အိပ်ရာထဲ ဝင်မအိပ် တာမျိုး လုပ်တတ်ကြပါတယ်။

ခေါင်းအုံး ထူထူ အုံးခြင်း
လူအများစုက ခေါင်းအုံးထူထူတွေ နဲ့ အိပ်တာကို နှစ်သက်ကြပါတယ်။ သင့် ရဲ့ လည်ပင်း၊ ခါးနဲ့ ကိုယ်နေဟန်ထားတွေ အတွက် မသင့်တော်ပါဘူး။ သင်အိပ် စက်အနားယူဖို့ တကယ်လိုအပ်တာက မထူမပါး အနေတော်ခေါင်းအုံးတစ်လုံး ပါ။ အဲဒီခေါင်းအုံးက အသုံးပြုတာများ လို့မှို့တွေပိပြားပြီး နဂိုခေါင်းအုံးပုံသဏ္ဌာန် မဟုတ်တော့ဘဲ ပြောင်းသွားရင် မသုံး သင့်တော့ပါဘူး။ အသစ်တစ်လုံးလဲပေး ပါ။ သင်ဟာ မှောက်အိပ်တတ်သူ ဖြစ် ရင်တော့ ခေါင်းအုံးပါးပါးတစ်လုံးနဲ့ အိပ် ပေးပါ။ ပက်လက်အနေအထားနဲ့ အိပ် တတ်တဲ့လူဖြစ်ရင်တော့ မထူမပါးအနေ တော်ခေါင်းအုံးတစ်လုံးနဲ့ အိပ်ပေးပါ။ ဒါမှ သင့်လည်ပင်းအတွက် အထောက် အကူဖြစ်စေမှာပါ။

ခြေထောက်ချိတ်ထိုင်ခြင်း
ခြေထောက်နှစ်ချောင်းယှက်ပြီး ထိုင်တာ စတိုင်ကျလှပပေမယ့် သင့် ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ ခြေထောက်သွေးလှည့်ပတ်မှုကို အနှောင့် အယှက်ဖြစ်စေပြီး ခြေထောက်သွေး ကြောထုံးတာ (ဠမေငခသျန ဠနငည) ကိုဖြစ် စေနိုင်ပါတယ်။ ဒူးအထက်ကနေ ခြေ ထောက်ကို ချိတ်ပြီးထိုင်မယ်ဆိုရင်တော့ သွေးကြောတွေရဲ့ သွေးစီးဆင်းမှုကို အ ဟန့်အတားပိုဖြစ်စေပါတယ်။ အကောင်း ဆုံးကတော့ သင့်ခြေထောက်နှစ်ချောင်း ကို ကြမ်းပေါ် တစ်ပြေးတည်းချထားတာ ဟာ သင့်ခန္ဓာကိုယ်အလေးချိန်ကို ညီညီ မျှမျှထိန်းထားပြီးသားဖြစ်ပါတယ်။

သွားပွတ်တံ မလဲဘဲ သုံးခြင်း
သွားပွတ်တံတစ်ချောင်းကို ကြာ ရှည်သုံးစွဲတာမကောင်းပါဘူး။ သုံးလကို တစ်ချောင်းလဲသုံးပေးပါ။ ပျက်စီးသွားတဲ့ သွားပွတ်တံရဲ့အချောင်းလေးတွေက သင့်သွားရဲ့ကြွေလွှာနဲ့ သွားဖုံးကို ပျက်စီး စေတာကြောင့်ပါ။ သွားဖုံးနဲ့ ပတ်သက်တဲ့ ရောဂါတစ်ခုခုဖြစ်ပွားနေချိန်မှာ တစ်လ၊ တစ်လခွဲလောက်ကို သွားပွတ်တံ တစ် ချောင်းလဲသုံးပေးပါ။ ဘက်တီးရီးယားပိုး တွေ သင့်သွားပွတ်တံအချောင်းတွေထဲ မှာ ရှင်သန်ခိုအောင်းနိုင်တာကြောင့်ပါ။ သွားဖုံးရောဂါကကောင်းသွားတာနဲ့ သွား ပွတ်တံအသစ်တစ်ချောင်း လဲသုံးဖို့နဲ့ သွားတိုက်ပြီးတဲ့အခါတိုင်း သွားပွတ်တံ ကို ရေနွေးနဲ့ ဆေးကြောဖို့ မမေ့ပါနဲ့။

မကြာခဏ အပြင်ထွက် စားသောက်ခြင်း
စားသောက်ဆိုင်အများစုက လာ ရောက်စားသုံးသူတွေ ခံတွင်းတွေ့အောင် စီမံချက်ပြုတ်တတ်ကြပါတယ်။ အဲဒီလို ချက်ပြုတ်တဲ့အခါ ကျန်းမာရေးနဲ့ မညီ ညွတ်တဲ့ ဟင်းခတ်တွေ ပမာဏများများ ထည့်သွင်းချက်ပြုတ်ပြီး စားသုံးသူတွေ ကို ဆွဲဆောင်တတ်ပါတယ်။ တချို့စား သောက်ဆိုင်တွေမှာတော့ ကျန်းမာရေး နဲ့ညီညွတ်တဲ့ အစားအစာကို ရွေးချယ် စားသောက်လို့ရနိုင်ပေမယ့် ကျန်းမာရေး နဲ့ညီညွတ်တဲ့ အစားအစာကို မရွေးချယ် တတ်ခဲ့ရင် အိမ်မှာချက်ပြုတ်စားတာက သင့်မိသားစုနဲ့ သင့်ကျန်းမာရေးအတွက် အသင့်တော်ဆုံးပါ။

မနက်စာ မစားဘဲ နေခြင်း
မနက်စာက သင့်တစ်နေ့တာ အ တွက် အကောင်းဆုံးလိုအပ်ချက်ပါ။ သင် စားလိုက်တဲ့ မနက်စာကရတဲ့ ကယ်လိုရီ ကို သင့်ခန္ဓာကိုယ်က တစ်နေ့တာအသုံး ပြုမယ့် စွမ်းအင်တွေရအောင် ဖြိုခွဲပေးပါ တယ်။ အမျိုးသားအများစုက မိဘနဲ့ အိမ် ရှင်မတွေက မနက်စာ ပြင်ဆင်ပေးရင် တောင် အပြင်မှာ စားဖို့ကို ပိုပြီး အားသန် တတ်ကြပါတယ်။ တချို့ အမျိုးသားတွေ ကျတော့အိပ်ရာထနောက်ကျတာကြောင့် မနက်စာမစားဘဲ ကျောင်းသွားတာ၊ ရုံး သွားတာတွေ လုပ်တတ်ကြပါတယ်။

လေ့ကျင့်ခန်း မလုပ်ခြင်း
လေ့ကျင့်ခန်းလုပ်တာ ကောင်းတယ် လို့ သိထားပေမယ့် သင်တကယ်လုပ်ဖြစ် ပါရဲ့လား။ ရောဂါဖြစ်လာမယ့် အချိန်ကို စောင့်မနေပါနဲ့။ သင်ရဲ့ အမူအကျင့်တွေ ကို ဒီနေ့ပဲ စတင်ပြောင်းလဲလိုက်ပါ။ မာရ သွန်ပြေးရလောက်အောင် မလိုအပ်ပါ ဘူး။ တစ်နေ့ကို နာရီဝက်နဲ့ တစ်ပတ်ကို ၃-၄ ရက်လောက် လမ်းလျှောက်ပေးပါ။ ဆွဲဆန့် လေ့ကျင့်ခန်း ပြုလုပ်ပေးပါ။ အကျင့်ရလာတဲ့အခါ တစ်နေ့ကို မိနစ် ၄၀ လောက်နဲ့ တစ်ပတ် ၄ ရက်လောက် အချိန်ထပ်တိုးပြီး လေ့ကျင့်ပေးပါ။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal