ဘယ်အစားအစာတွေကနှလုံးနဲ့သွေးကြောရောဂါဖြစ်ပွားမှုကိုများစေတာလဲ…

ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ တွေ လုပ်ဆောင်ဖို့ ကိုလက်စထရော အ နည်းငယ်လိုအပ်ပါတယ်။ ဒါပေမဲ့ အများ စုက ပြည့်ဝဆီတွေနဲ့ ကိုလက်စထရော များစေတဲ့ အစာတွေကို များပြားစွာ စားသုံးနေကြတာကြောင့် သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောတွေ များ လာပါတယ်။ အဲ့ဒီ မကောင်းတဲ့ ကိုလက် စထရောတွေက သွေးကြောထဲမှာ စုပုံပြီး အဆီခဲဖတ်ဖြစ်ပေါ်လာတဲ့အခါ နှလုံး ရောဂါဖြစ်ပွားစေပါတယ်။ ကောင်းတဲ့ကို လက်စထရောက မကောင်းတဲ့ ကိုလက် စထရောကို သွေးတွင်းက ဖယ်ရှားပေးလို့ နှလုံးကျန်းမာစေပါတယ်။

ထိုင်းအစားအစာ
ထိုင်းအစားအစာတွေက အစပ်ကဲ ပြီး အရသာရှိလို့ မြန်မာတွေ ကြိုက်နှစ် သက်စွာ စားသုံးကြပါတယ်။ ဒါပေမဲ့ ထိုင်းအစားအစာတွေမှာ အုန်းနို့ထည့် ချက်တာကြောင့် မပြည့်ဝဆီတွေများနေ လို့ သွေးတွင်းကိုလက်စထရောပမာဏကို များစေပါတယ်။

ပုစွန်ဆိတ်
ပင်လယ်စာက သွေးတွင်းကိုလက်စ ထရော ပုံမှန်ဖြစ်အောင် ထိန်းနေသူတွေ အတွက် စားသင့်တဲ့အစာဖြစ်ပေမယ့် ပုဇွန်ဆိတ်ကတော့ ခြွင်းချက်ပါ။ ပုဇွန် ဆိတ်ကို ဆီမထည့်ဘဲ ချက်ပြုတ်ရင် တောင် ပုဇွန်ဆိတ်တစ်ခွက်စာကနေ ကို လက်စထရော ၁၉၀ မီလီဂရမ် ရရှိနိုင်ပါ တယ်။ အမေရိကန် နှလုံးအဖွဲ့အစည်းက နှလုံးရောဂါရှိသူ ဒါမှမဟုတ် သွေးတွင်း ကိုလက်စထရော များနေသူတွေအနေနဲ့ တစ်နေ့ကို ကိုလက်စထရော ၃၀၀ ဒါမှမ ဟုတ် ၂၀၀ မီလီဂရမ်ထက် ပိုမစားသင့် ဘူးလို့ ထုတ်ပြန်ထားပါတယ်။

ကော်ဖီ
မနက်စာမှာ သကြားနဲ့မလိုင်အပြည့် ပါတဲ့ ကော်ဖီတစ်ခွက်သောက်တာက သွေးတွင်းမကောင်းတဲ့ ကိုလက်စထရော ကို တိုးစေပါတယ်။ ကော်ဖီဖျော်တဲ့အခါ သကြားအနည်းငယ်နဲ့ အဆီဖယ်ထားတဲ့ နွားနို့ထည့်ပြီး သောက်သင့်ပါတယ်။

ဝမ်းတွင်းသား
စားသောက်ဆိုင်တွေမှာ တိရစ္ဆာန် တွေရဲ့ နှာခေါင်းကနေ အမြီးအထိ စား ချင့်စဖွယ် ပြင်ဆင်ပြီး ချက်ပြုတ် ရောင်း ချကြပါတယ်။ အသည်း၊ ကျောက်ကပ်နဲ့ အူတွေမှာ တခြားနေရာတွေထက် ကို လက်စထရော ပိုမိုပါရှိပါတယ်။ အမဲသား ရဲ့ အသည်းကနေ သံဓာတ်ကို ရရှိနိုင်ပြီး တခြားဝမ်းတွင်းသားတွေကနေတော့ သံ ဓာတ်ကို ရရှိနိုင်မှာ မဟုတ်ပါဘူး။

ဘဲကင်
ကြက်သားနဲ့ ကြက်ဆင်သားတွေက ကိုလက်စထရော ပါဝင်မှုနည်းလို့ စား သုံးဖို့ သင့်တော်ပေမယ့် ဘဲသားကိုတော့ စားသုံးလို့ မသင့်ပါဘူး။ ဘဲသားနဲ့ ဘဲငန်း သားတွေမှာ ကြက်သားနဲ့ ကြက်ဆင်သား တွေထက် ကိုလက်စထရောပါဝင်မှုပိုများ ပါတယ်။ ဘဲသားနဲ့ ဘဲငန်းသားတွေကို အရေခွံဖယ်ပြီး စားသုံးတာတောင် ခွက် တစ်ခွက်စာ စားသုံးပါက ကိုလက်စထ ရော ၁၂၈ မီလီဂရမ်ရရှိပါတယ်။ အဲ့ဒီ ပမာဏအတိုင်း ကြက်သားကို စားသုံးပါ က ကိုလက်စထရော ၁၁၃ မီလီဂရမ်နဲ့ ကြက်ဆင်သားကနေ ကိုလက်စထရော ၉၈ မီလီဂရမ် ရရှိပါတယ်။

မာဂျရင်း
ထောပတ်နဲ့ မာဂျရင်းတွေ ဝယ်ယူ တဲ့အခါ အာဟာရညွှန်းကိန်းကို သေချာ ဖတ်ကြည့်ပြီးမှ ဝယ်ယူဖို့ လိုပါတယ်။ မပြည့်ဝဆီတွေ ပါဝင်လို့ သွေးတွင်း မ ကောင်းတဲ့ ကိုလက်စထရောကို များစေ နိုင်တာကြောင့်ပါ။

နို့ထွက်ပစ္စည်းအချို့
နွားနို့သောက်ပေးတာက ခန္ဓာကိုယ် မှာ အရိုးနဲ့ သွားတွေ ခိုင်မာဖို့အတွက် လိုအပ်တဲ့ ကယ်လ်စီယမ်နဲ့ ဗီတာမင် D တွေကို ရရှိစေပါတယ်။ ဝယ်ယူတဲ့အခါ အဆီမပါဝင်တာ၊ အဆီနည်းတာ စတဲ့ အညွှန်းတပ်ထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်း တွေကိုသာ ဝယ်ယူဖို့ လိုပါတယ်။

ချိစ်ဘာဂါ
ချိစ်ဘာဂါကို အမေရိကန်နိုင်ငံမှာ နေ့လယ်စာအဖြစ် ကြိုက်နှစ်သက်စွာ ဝယ်ယူစားသုံးလေ့ ရှိကြပါတယ်။ ဝယ်ယူ တဲ့ ဆိုင်ပေါ်မူတည်ပြီး ကိုလက်စထရော များစွာ ရရှိနိုင်ပါတယ်။ တချို့ဆိုင်တွေက ပြုလုပ်တဲ့ ချိစ်ဘာဂါမှာ မပြည့်ဝဆီနဲ့ ကိုလက်စထရော ပါဝင်မှုများပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal