ဘယ်အရာတွေကနှလုံးခုန် မမှန်စေတာလဲ

နှလုံးခုန်မမှန် ဖြစ်တဲ့အခါ ကိုယ့်ဘာ သာ ခံစားသိရှိတတ်ကြပါတယ်။ သိပ်အ ရေးမကြီးတဲ့အခြေအနေမျိုးဖြစ်တတ်သ လို အရေးကြီးတဲ့ ကျန်းမာရေးပြဿနာ တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ နှ လုံးခုန်မမှန်တဲ့အခါ ရင်ဘတ်မှာ တင်း ကျပ်ကျပ် ခံစားနေရတာ၊ ရင်ဘတ်တစ်ခု လုံး သက်သောင့်သက်သာ မဖြစ်တာ၊ အ သက်ရှူမြန်တာ၊ ခေါင်းမူးဝေတာ၊ မော ပန်းနွမ်းနယ်တာ စတဲ့လက္ခဏာတွေ ခံ စားရနိုင်ပါတယ်။ အောက်ပါအချက်တွေ က နှလုံးခုန်မမှန်ဖြစ်စေတဲ့ အကြောင်း တွေပဲ ဖြစ်ပါတယ်။

ကော်ဖီအလွန်အကျွံသောက်ခြင်း
ကော်ဖီထဲမှာပါဝင်တဲ့ ကဖင်းဓာတ် က လှုံ့ဆော်မှုဖြစ်စေတဲ့ ဓာတ်တစ်မျိုးပါ။ ကော်ဖီအလွန်အကျွံသောက်တာ၊ ကဖင်း ဓာတ်ပါတဲ့ အချိုရည်တွေ အများအပြား သောက်တာတွေကြောင့် နှလုံးခုန်မမှန် ဖြစ်စေနိုင်ပါတယ်။

အရက်အလွန်အကျွံသောက်ခြင်း
အရက်ကို အလွန်အကျွံသောက် တာကနေ ရှောင်ရှားတာက နှလုံးခုန်မမှန် တဲ့ပြဿနာအပြင် ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်ပွားမှုကိုပါ လျော့နည်းစေပါတယ်။

ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တာကတော့ ခန္ဓာ ကိုယ် တစ်ခုလုံးကို ထိခိုက်စေပါတယ်။ ဆေးလိပ်ထဲမှာပါတဲ့ နစ်ကိုတင်းက လှုံ့ ဆော်တဲ့ အာနိသင်ရှိပြီး နှလုံးကို ထိခိုက် ပျက်စီးစေနိုင်ပါတယ်။

တချို့ဆေးဝါးများ
ဆရာဝန်ညွှန်ကြားချက်မလိုတဲ့ တ ချို့ဆေးဝါးတွေရော၊ ဆရာဝန်ညွှန်ကြား ချက်နဲ့ သောက်သုံးရတဲ့ တချို့ဆေးဝါး တွေကပါ နှလုံးခုန်မမှန်စေတဲ့ ဘေးထွက် ဆိုးကျိုးတွေ ရှိနေတတ်ပါတယ်။ တချို့ သဘာဝကရတဲ့ ဆေးဖက်ဝင်အပင်တွေ ကလည်း နှလုံးခုန် မမှန်စေတဲ့ ဘေးထွက် အာနိသင်တွေ ရှိနေတတ်ပါတယ်။

Electrolyte မညီမျှခြင်း
ခန္ဓာကိုယ်တွင်းမှာ ရေဓာတ်ခန်း ခြောက်မှုဖြစ်တဲ့အခါမှာလည်း နှလုံးခုန် နှုန်း မမှန်တာမျိုး ဖြစ်တတ်ပါတယ်။ ခန္ဓာ ကိုယ်တွင်းမှာ ရေဓာတ်ခန်းခြောက်တဲ့အ ခါ ဆိုဒီယမ်၊ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ကယ်လ်စီယမ် စတဲ့ Electrolyte တွေ မညီမမျှဖြစ်ပြီး နှလုံးခုန် မမှန်ဖြစ်စေတာ ပါ။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး တစ် ၈ ဖန်ခွက် သောက်သင့်ပါတယ်။

သွေးဖိအားများခြင်း
ပုံမှန်သွေးဖိအားထက် များနေတဲ့အ ခါမျိုးမှာလည်း နှလုံးခုန် မမှန်ဖြစ်တတ်ပါ တယ်။ ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံး ပါ။ လေ့ကျင့်ခန်းကို တစ်နေ့မိနစ် ၃၀နဲ့ တစ်ပတ် ၅ ရက်လုပ်ပါ၊ ဆေးလိပ်အရက် တွေရှောင်ပါ၊ စိတ်ဖိစီးမှုကို လျှော့ချပါ။ ဒီလိုနည်းတွေနဲ့ သွေးဖိအားကို ပုံမှန်ဖြစ် အောင်ထိန်းပါ။

ဆီးချိုသွေးချိုရောဂါ
ဆီးချိုသွေးချိုရောဂါရှိနေပြီး သွေး တွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းမထားနိုင်ဘူးဆိုရင်တော့ နောက် ဆက်တွဲကျန်းမာရေးပြဿနာတွေကို ရင် ဆိုင်ရနိုင်ပါတယ်။ ဆီးချိုသွေးချိုရှိသူတွေ မှာ သွေးဖိအားကိုလည်း ပုံမှန်ဖြစ်အောင် ထိန်းမထားနိုင်ဘူးဆိုရင်တော့ နှလုံးခုန် မမှန်တဲ့ ပြဿနာလည်း ဖြစ်နိုင်ပါတယ်။

နှလုံးနှင့်သွေးကြောရောဂါများ
နှလုံးနဲ့ သွေးကြောရောဂါတွေ ရှိနေ တဲ့အခါမျိုးမှာ နှလုံးခုန်မမှန်တာကလည်း ပြဿနာရပ် တစ်ခုအနေနဲ့ ဖြစ်ပွားတတ် ပါတယ်။ စိတ်ဖိစီးမှု ကင်းတဲ့ဘ၀ကို ဖန် တီးနိုင်မယ်၊ ကျန်းမာပျော်ရွှင်စွာ နေထိုင် နိုင်မယ်၊ အကောင်းမြင်စိတ် မွေးမြူမယ် ဆိုရင် နှလုံးနဲ့ သွေးကြောရောဂါတွေ လည်း ကင်းဝေးသွားနိုင်မှာ ဖြစ်ပါတယ်။

သိုင်းရွိုက်ရောဂါရှိခြင်း
လည်ပင်းရဲ့ အရှေ့ဘက်အခြေမှာရှိ တဲ့ သိုင်းရွိုက်ဂလင်းမှာ ပြဿနာရှိရင် လည်း နှလုံးခုန် မမှန်တာမျိုး ဖြစ်တတ်ပါ တယ်။ သိုင်းရွိုက်ဂလင်းက ပုံမှန်ထက် အလုပ်ပိုလုပ်တာဖြစ်စေ၊ ပုံမှန်အောက် လျော့နည်းပြီး အလုပ်လုပ်တာဖြစ်စေ ခန္ဓာကိုယ်တွင်း သိုင်းရွိုက်ဟော်မုန်းပမာ ဏကို မမှန်မကန်ဖြစ်စေလို့ နှလုံးခုန် မမှန်တဲ့ ပြဿနာဖြစ်လာစေပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *