ဘာကြောင့် ငါ့ဆီးအနံ့နံနေရတာလဲ

သင် သွားတဲ့ဆီးဟာ တစ်ခါတလေမှာ အနံ့မခံနိုင်လောက်အောင် နံနေပါသလား။ အမှန်မှာတော့ ဆီးက အရောင်ဖျော့တော့တော့ဖြစ်ပြီး အနံ့အနည်းငယ်သာ ထွက်ရ ပါမယ်။ သင့်အနေနဲ့ ဆီးအနံ့နဲ့ ဆီးသွားတဲ့အကြိမ်ရေ သိသိသာသာ ပြောင်းလဲနေတာ ကို သတိထားမိခဲ့ရင် ကျန်းမာရေးပြဿနာဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ အောက်ပါတို့ဟာ ဆီးနံ့နံရတဲ့အကြောင်းရင်းတွေဖြစ်ပါတယ်။

ရေသောက်နည်းတာကြောင့် ဖြစ်နိုင်ပါတယ်
မနက်အိပ်ရာထထချင်း သွားတဲ့ဆီးက ခါတိုင်း သွားနေကျဆီးနံ့ထက် ပိုနံနေ တယ်ဆိုရင် ရေသောက်နည်းတာကြောင့် ဖြစ်တာပါ။ ရေသောက်နည်းရင် ဆီးပျစ်သွား ပြီး ဆီးကနေ အမိုးနီးယားအနံ့ထွက်လာပါတယ်။ ခန္ဓာကိုယ်က ပရိုတင်းတွေကို ချေ ဖျက်ပြီးတဲ့အခါမှာ ထုတ်ကုန်အနေနဲ့ ထွက်ပေါ်လာတဲ့ အမိုးနီးယားတွေက ဆီးထဲမှာ ပါဝင်သွားတတ်ပါတယ်။ သင့်အနေနဲ့ ရေဓာတ်ချို့တဲ့နေရင် ဆီးကပျစ်သွားပြီး ပုံမှန် သွားနေကျဆီးထက် အနံ့ပိုနံတတ်ပါတယ်။

ဆီးချိုရောဂါကြောင့် ဖြစ်နိုင်ပါတယ်
သင့်ဆီးနံ့က ပုံမှန်အနံ့မဟုတ်ဘဲ ချိုအီအီ သစ်သီးအနံ့ထွက်နေခဲ့ရင် သင့်ခန္ဓာ ကိုယ်ထဲမှာ သကြားဓာတ်တွေ များလွန်းနေတာကြောင့် ဖြစ်တာပါ။ ဆရာဝန်နဲ့ စမ်း သပ်စစ်ဆေးမှု ချက်ချင်းခံယူသင့်ပါတယ်။ ဆီးချိုရောဂါရှိသူတချို့ရဲ့ မုန့်ချိုအိတ်ဟာ အင်ဆူလင်ကို လုံလုံလောက်လောက် မထုတ်ပေးနိုင်ပါဘူး။ အင်ဆူလင်ဟာ ခန္ဓာ ကိုယ်ထဲမှာ သိုလှောင်ထားတဲ့ ဂလူးကို့စ်တွေကို အသုံးပြုနိုင်အောင် ကူညီပေးပါ တယ်။ အင်ဆူလင်မရှိတဲ့အခါမှာ ကိုယ်တွင်းသိုလှောင်ထားတဲ့ ဂလူးကို့စ်ကို အသုံး မပြုနိုင်တော့တဲ့အတွက် ကိုယ်တွင်းက အဆီအားလုံးဟာ စွမ်းအင်ရရှိဖို့အတွက် ကီတုန်း အဖြစ် ပြောင်းလဲသွားရပါတယ်။ ကီတုန်းကြောင့် ဆီးအနံ့က သစ်သီးနံ့ထွက်လာတာပါ။

ဆီးလမ်းကြောင်းပိုးဝင်တာကြောင့် ဖြစ်နိုင်ပါတယ်
မျိုးပွားအင်္ဂါထဲမှာ ရောဂါပိုးဝင်ရင် ဆီးအနံ့နံတတ်ပါတယ်။ ဘက်တီးရီးယားတွေ ပေါက်ဖွားမှုများတာကြောင့် ဆီးအရောင်နောက်တာ ဒါမှမဟုတ် သွေးရောင်လွှမ်းတဲ့ ဆီးသွားတာတွေ ဖြစ်တဲ့အပြင် ဆီးအနံ့ အလွန်နံတတ်ပါတယ်။ အိမ်သာကို ရေဆွဲ ချပြီးတာတောင်မှ အနံ့စွဲကျန်ရစ်ခဲ့တတ်ပါတယ်။

ကညွတ်စားတာကြောင့် ဖြစ်နိုင်ပါတယ်
တချို့အစားအစာတွေက ခန္ဓာကိုယ်ထဲမှာ ချေဖျက်ပြီးမှ ထွက်လာတဲ့ ဓာတုပစ္စည်းတွေကြောင့် ဆီးအနံ့နံတတ်ပါတယ်။ အထူးသဖြင့် ကညွတ်စားပြီးတဲ့အ ခါမှာ ဆီးအနံ့က ဆာလဖာနံ့ ရတတ်ပါတယ်။ ကညွတ်မှာ ပါဝင်တဲ့ အမိုင်နိုအက်စစ် တွေကို ချေဖျက်ပြီးတဲ့အခါမှာ ဆာလဖာပါဝင်တဲ့ ထုတ်ကုန်တွေ ထွက်လာတဲ့အတွက် ကြောင့်ပါ။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီလို ဆာလဖာပါဝင်တဲ့အစားအစာတွေကြောင့် လည်း ဆီးနံ့နံနိုင်ပါတယ်။
အစားအသောက်တွေအပြင် သောက်တဲ့အရည်ကြောင့်လည်း ဆီးနံ့နံနိုင်ပါ တယ်။ အယ်လ်ကိုဟော ဒါမှမဟုတ် ကော်ဖီတွေ သောက်အပြီးမှာ ဆီးနံ့နံတာက သူတို့မှာ ဆီးရွှင်စေတဲ့ ဂုဏ်သတ္တိရှိတာကြောင့်ပါ။ သူတို့ကြောင့် ဆီးရွှင်ပေမယ့် ဆီး သွားပြီး ရေကို လုံလုံလောက်လောက် ပြန်မသောက်ခဲ့ရင် ဆီးကပျစ်ပြီး အနံ့နံလာရ တာ ဖြစ်ပါတယ်။ ဆီးထဲမှာ ယူရစ်အက်စစ်ပါဝင်မှုလည်း များလာနိုင်ပါတယ်။

သင်မှီဝဲတဲ့ဆေးဝါးကြောင့် ဖြစ်နိုင်ပါတယ်
ဆာလဖာပါဝင်တဲ့ဆေးတွေကြောင့် ဆီးနံ့နံနိုင်ပါတယ်။ ဒါ့အပြင် ပဋိဇီဝသုံးစွဲသူ တွေအနေနဲ့လည်း ဆီးနံ့နံနိုင်ပါတယ်။ ပဋိဇီဝဆေးဝါးကြောင့် ဘက်တီးရီးယားတွေ သေသွားနိုင်ပေမယ့် မှိုပိုးတွေ ပေါက်ဖွားမှု အလွန်များပြားလာတာကြောင့် ဆီးနံ့နံရ တာဖြစ်ပါတယ်။ ဆေးပမာဏလျှော့ချသုံးပြီး ဒိန်ချဉ်လိုမျိုး ပရိုဘိုင်အိုတစ်အစားအစာ တွေ စားသုံးတာက အနံ့နံတာ သက်သာနိုင်ပါတယ်။

ဆီးမှာ မေပယ်လ်အနံ့ထွက်တာက မျိုးရိုးလိုက်တာကြောင့် ဖြစ်နိုင်ပါတယ်
ကလေးငယ်တွေမှာ အဖြစ်များတတ်ပြီး ဆီးနံ့က မေပယ်လ်အနံ့လိုမျိုး မွှေးကြိုင် နေတတ်ပါတယ်။ ခန္ဓာကိုယ်က တချို့အမျိုးအစား အမိုင်နိုအက်စစ်ကို မထုတ်လုပ် နိုင်တဲ့အခြေအနေဖြစ်ပြီး မျိုးရိုးလိုက်တာကြောင့် ဖြစ်တာပါ။ တချို့တွေက အနံ့ပြင်း လွန်းတဲ့အတွက် နှာဖာချေးတောင်မှ မေပယ်လ်အနံ့ ရနေတတ်ပါတယ်။ ဒီလိုအနံ့ ထွက်တဲ့ ကလေးတွေက မျိုးရိုးလိုက်တဲ့အခြေအနေကြောင့် အမိုင်နိုအက်စစ်ဓာတ်ချို့တဲ့နေတဲ့အတွက် အစာကို သေချာ မချေဖျက်နိုင်ပါဘူး။
ဘာပဲဖြစ်ဖြစ် ဆီးအနံ့ထွက်ရင် ရေများများသာ အရင်သောက်ကြည့်လိုက်ပါ။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *