ဘာကြောင့် ဆေးမှားသုံးကြသလဲ

ဆေးတွေကို ဘယ်သူတွေ မှားသောက်လေ့ရှိသလဲဆိုရင် အားလုံးလိုလိုလို့ ဆိုရမှာပဲဖြစ်ပါတယ်။ Mayo Clinic ကလေ့လာသူတွေဟာ ဆေးဝါးသုံးစွဲသူတွေထဲက ၈၀ ရာခိုင်နှုန်းလောက်ဟာ ဆေးတွေကို မှန်မှန်ကန်ကန်အသုံးမပြုကြ ဘူးဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။ အဲဒီတွေ့ရှိချက်နဲ့အတူ ဘာအကြောင်းအရာတွေဟာ ဒီလိုမျိုးတွေကို ဖြစ်စေသလဲဆိုတာကို ဆက်လက်လေ့လာခဲ့ကြပြီး သုံးစွဲသူတို့ သတိပြုဖို့ရာ လမ်းညွှန်ပြထားပါတယ်။

၁။ ဆေးအများကြီးသောက်ခြင်း

ပါရာစီတမောလို ဆေးမျိုးတောင် မှ အများကြီးသောက်မိခဲ့ရင် အသည်းကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ဘယ် လောက်ပဲ အန္တရာယ်ကင်းပါတယ်ဆိုတဲ့ဆေးတွေပဲဖြစ်ဖြစ် အများကြီးသောက် လိုက်မိတဲ့အခါ ဘေးထွက်ဆိုးကျိုးတွေကိုခံစားရနိုင်ခြေတွေက ပိုပြီးတော့များ သွားပါတယ်။ အကိုက်အခဲပျောက်ဆေး တွေကြောင့်ပဲ အိပ်ငိုက်တာ၊ စိတ်မကြည် လင်တာတွေ ဖြစ်လာနိုင်သလို သွေးကျဲ ဆေးလို ဆေးတွေကြောင့်သွေးမတိတ် တာ၊ နှာခေါင်းသွေးလျှံတာမျိုးတွေ ဆက် ဖြစ်လာပါတယ်။

၂။ မကြာခဏဆေးသောက်ခြင်း
Boston University ရဲ့လေ့လာမှု တစ်ခုအရတော့ Paracetamol, Dic-lofenac, Mefenamic Acid တွေ အပါအဝင် NSAIDs အကိုက်အခဲ ပျောက်ဆေးတွေကို သုံးစွဲတဲ့သူတွေဟာ ညွှန်ကြားချက်တွေထက် ၁၅ ရာခိုင်နှုန်း လောက်အထိ ပိုသုံးစွဲလေ့ရှိကြပြီး၊ နောက်ဆက်တွဲပြဿနာတွေအနေနဲ့ အူလမ်းကြောင်းမှာ သွေးယိုတာ၊ နှလုံး ထိခိုက်တာတွေကို ခံစားရလေ့ရှိတာကို တွေ့ရှိခဲ့ကြပါတယ်။ ခန္ဓာကိုယ်ထဲက ဆေးတွေကို အပြင်ကိုပြန်ထွက်စေဖို့ အတွက်ဆိုရင် အသည်း၊ ကျောက်ကပ် တွေဟာ သိသိသာသာကို အလုပ်လုပ်ရပါ တယ်။ ဆေးတွေပိုများသွားတဲ့အခါ သူတို့ဟာ ပုံမှန်ထက် ပိုလုပ်ဆောင်ရတာ တွေ များလာပြီးတော့ မြန်မြန်ပျက်စီးစေ တတ်လာပါတယ်။ ဒါကြောင့်ပဲ အရင် တည်းကအသည်းနဲ့ ကျောက်ကပ်မှာ ပြဿနာရှိတဲ့သူတွေဟာ တခြားသူတွေ ထက်စာရင် ဆေးပိုသောက်မိတာမျိုးကို သတိထားဖို့လိုအပ်ပါတယ်။ ညွှန်ကြား ချက်နဲ့ သောက်ရမယ့်ဆေးတွေကို သုံးစွဲ နေသူတွေအတွက်ကတော့ ဆေး သောက်ရမယ့်အချိန်တွေကို Timing ပေးထားတာ၊ ဆေးသောက်ပြီးကြောင်းကို အမှတ်အသားတစ်ခုခု လုပ်တာမျိုးကို အလေ့အကျင့် ပြုလုပ်ထားသင့်ပါတယ်။

၃။ ဆေးပမာဏကို အလွန်အမင်း လျှော့သောက်ခြင်း
ဆေးသောက်တဲ့ အကြိမ်အရေ အတွက်ကို လျှော့လိုက်တာ ဆေးတွေ Overdose ဖြစ်တာကို ကာကွယ်နိုင်ဖို့ ဆေးတွေကို လျှော့သောက်မယ်ဆိုရင် ရော ကျွန်မတို့အတွက် အကျိုးရှိနိုင် မလား။ ဒီလိုမျိုးစဉ်းစားပြီးတော့ ပြုမူ လိုက်တာကလည်း ကျန်းမာရေးကို ဆိုး ရွားစေတဲ့ အမူအကျင့်တစ်ခုပါပဲ။ ဥပမာ၊ သွေးကြောထုံးပြီးတော့သွေးခဲပိတ်တာ မျိုးကို ကာကွယ်ဖို့အတွက် ဆရာဝန် ညွှန်ကြားထားတဲ့၊ လူနာနဲ့သင့်တော်တဲ့ သွေးကျဲဆေးကို သင့်တင့်တဲ့ ပမာဏ အတိုင်းအတိအကျ သောက်သုံးရမှာ ဖြစ် ပါတယ်။ ခြေထောက်မှာ ရုတ်တရက် သွေးခဲပိတ်ပြီးတော့ အသက်ဆုံးရှုံးရ တာမျိုးကို ကာကွယ်နိုင်ဖို့အတွက်ဆို ညွှန်ကြားချက်အတိုင်း၊ တစ်ကြိမ်နဲ့တစ် ကြိမ် ခြားသင့်တဲ့ကာလ၊ ရှောင်သင့်တဲ့ အလေ့အထစတာတွေကိုပါ ဂရုစိုက်ပါမှ ထိရောက်တဲ့ကုသမှု ဖြစ်လာပါလိမ့်မယ်။ ဒီလိုဆေးမျိုးကို လျှော့သောက်တာဟာ ထိရောက်တဲ့ကုသမှုအတွက် တကယ့်ကို အဟန့်အတားဖြစ်စေပါတယ်။

၎။ အစာနှင့်ဆေးသောက်ခြင်း၊ အစာ မပါဘဲ ဆေးသောက်ခြင်း
ဆေးညွှန်းစာရွက်တွေပေါ်မှာပါ ရှိတဲ့ လမ်းညွှန်ချက်တွေဟာ အကြံပြု ထားရုံသက်သက် ဖော်ပြထားတဲ့အ ကြောင်းအရာတွေမဟုတ်ပါဘူး။ အစား အသောက်တွေဟာ အစာအိမ်ကနေ သွေးကြောထဲကိုရောက်အောင် စုပ်ယူတဲ့ အခါမျိုးမှာ သက်ရောက်မှုတွေ ပေးနိုင်ပါ တယ်။ တချို့ဆေးဝါးတွေကို စုပ်ယူမှုဟာ နှေးသွားသလို တချို့ကိုတော့ ကောင်း ကောင်း မစုပ်ယူနိုင်တော့တဲ့အထိ ဖြစ် နိုင်ပါတယ်။ အထူးသဖြင့်အရိုးပွရောဂါအတွက်သုံးနေရတဲ့ဆေးတွေ၊ သိုင်းရွိုက် နဲ့ပတ်သက်ပြီးတော့ သောက်နေရတဲ့ ဆေးတွေဟာ ဒီလိုမျိုးသက်ရောက်မှု တွေ ပိုပြင်းထန်တတ်ပါတယ်။ ဒီလိုဆေး မျိုးတွေအတွက်ဆိုရင် အစာအိမ်ထဲမှာ အစာမရှိတဲ့အချိန် သောက်တာမျိုးက ပိုပြီးတော့ ထိရောက်မှုရှိပါတယ်။ အဲဒီလို ပါပဲ။ တချို့ဆေးတွေကတော့ အစာအိမ် ကိုလှုံ့ဆော်မှုတွေပေးပြီးတော့ ဗိုက်အောင့် တာ၊ အစာအိမ်သွေးကြောပေါက်တာ မျိုးအထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့်ပဲ ဘယ်လိုဆေးမျိုးပဲသောက်သောက် အစာ ရှိမှ ဆေးသောက်ရမယ်လို့ဆိုပေမယ့် ဆေးညွှန်းစာရွက်ကိုဖတ်ဖို့၊ ဆေးဝါးပညာ ရှင်တွေကို မေးမြန်းဖို့ပိုလိုအပ်ပါတယ်။

၅။ တချို့အစားအသောက်များကို မရှောင်ခြင်း
ဆေးတွေကို အစာစားပြီးတဲ့အချိန် မျိုးမှာ သောက်ရမယ်လို့ ဆိုထားတာ တောင်မှ သတိထားရမယ့် အစားသောက် တွေကတော့ ရှိနေပါသေးတယ်။ တချို့ ပိုးသတ်ဆေးတွေဟာ ကယ်လ်စီယမ် ပါဝင်တဲ့ အစားအသောက်တွေနဲ့ တွဲဖက် လိုက်တဲ့အခါမှာ ကိုယ်ကဆေးကိုစုပ်ယူ တဲ့နေရာမှာ သက်ရောက်မှုတွေကို ဖြစ် စေပါတယ်။ ကယ်လ်စီယမ်ဟာ ပိုးသတ် ဆေးတွေကို အလုပ်မလုပ်နိုင်အောင် လုပ်ဆောင်နိုင်ပါတယ်။ ဒါတွေအပြင် ဆေးဝါးအတော်များများရဲ့ ဇီဝချေ ဖျက်မှုဖြစ်စဉ်တွေဟာ Grapefruit ဖျော် ရည်တွေကြောင့် ပြောင်းလဲသွားတတ်ပါ တယ်။ ဒါကြောင့်ပဲ အညွှန်းစာရွက်မှာ Specific Foods ဆိုပြီး သီးခြားညွှန် ကြားထားချက်များ ရှိနေမလားဆိုတာ ကိုပါ ဆန်းစစ်ဖို့ လိုအပ်ပါတယ်။

၆။ မသင့်တော်သောဆေးများ ရော သောက်ခြင်း
နေကောင်းကျန်းမာဖို့ သောက် လိုက်တဲ့ဆေးတွေကပဲ ကျွန်မတို့ကို နေ ထိုင်မကောင်း ဖြစ်စေနိုင်ပါတယ်။ ဆေး တွေဟာ ပေါင်းသောက်လိုက်တဲ့ အချိန် မျိုးတွေမှာ အပြန်အလှန်ဓာတ်ပြုတာ၊ အာနိသင်တွေ ဆပွားတိုးစေတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီဓာတ်ပြုမှုတွေ ဟာ ဆေးတွေရဲ့ အကျိုးအာနိသင်တွေ လျော့သွားတာ၊ တိုးလာစေတာတွေနဲ့ အတူ မမျှော်လင့်ထားတဲ့ ဘေးထွက်ဆိုး ကျိုးတွေကိုပါ သယ်လာတတ်ပါတယ်။ ဥပမာ တချို့ဆေးတွေဟာ လေဆေးတွေ နဲ့ တွဲသောက်လိုက်လိုက်တဲ့အခါ အစာ အိမ်ထဲက အက်စစ်ထွက်တာတွေ နည်း လာစေတတ်တဲ့ Antacids လိုလေဆေး တွေနဲ့ တခြားဆေးတွေ ပေါင်းသောက် လိုက်တဲ့အခါ အဲဒီဆေးတွေရဲ့ စုပ်ယူမှု မှာ ပြောင်းလဲသွားပြီး ဆေးအာနိသင်တွေ လျော့နည်းသွားပါတယ်။

၇။ ဆရာဝန်ဆီမှ ဆေးသောက်ရမယ့် အချိန်ဇယားမရခြင်း
ဆရာဝန်တွေ၊ ဆေးဝါးပညာရှင် တွေဟာ ကျွန်မတို့သောက်နေတဲ့ ဆေး ဝါးတွေကနေ သူတို့ကြောင့် ဆက်ဖြစ် လာတဲ့ အကျိုးဆက်တွေကို သိနိုင်ကြ ပါတယ်။ ဒါကြောင့်ပဲ ဆေးတွေကို သောက်နေတဲ့အချိန်မှာ သူတို့လိုတတ်ကျွမ်းတဲ့ပညာရှင်တွေဆီက ညွှန်ကြား ချက်ကို အရင်ဆုံးလက်ခံယူသင့်ပါတယ်။ ဘယ်အချိန်မှာသောက်သင့်တယ်၊ ဘာ တွေနဲ့တွဲသောက်တာမျိုးကို ရှောင်သင့် တယ်၊ ဘယ်လိုမျိုးဘေးထွက်ဆိုးကျိုး တွေကို ခံစားရနိုင်တယ်ဆိုတာကို ဆွေး နွေးထားသင့်ပါတယ်။ ဒါဟာ ဆေးဝါး တွေကနေပေးနိုင်တဲ့ အာနိသင်ကို အပြည့် အဝ ရစေနိုင်သလို မမျှော်လင့်တဲ့ ဘေး အန္တရာယ်တွေကို ကြိုတင်ကာကွယ်ရာ လည်းရောက်ပါတယ်။

၈။ ဆေးညွှန်းစာရွက်ကို နားမလည် ခြင်း
ဆေးပညာနယ်ပယ်နဲ့ အလှမ်းဝေး သူတစ်ယောက်အဖို့ ဆေးညွှန်းစာရွက်ကို ဖတ်ကြည့်ပြီး နားလည်လာနိုင်ဖို့ဆိုတာဟာအတော်ခက်ခဲတဲ့ ကိစ္စတစ်ရပ်ပါပဲ။ ဒါဟာ ဘာသာပြန်အလုပ်ကို လုပ်ရတာ ထက် ပိုပြီးတော့ခက်ခဲနေပါတယ်။ ဆေး ထဲမှာပါဝင်တဲ့ Generic Name၊ ဆေး ပညာအသုံးအနှုန်း၊ ဇီဝဖြစ်ပျက်မှု ဖော်ပြ ချက်စတာတွေဟာ လူနာတစ်ယောက် ကို ပိုပြီးတော့ ခေါင်းကိုက်သွားစေတတ် ပါတယ်။ တစ်နေ့ကို ၂ ကြိမ်သောက်ပါ ဆိုတဲ့ ညွှန်ကြားချက်ဟာ ဆေးတစ်ကြိမ်နဲ့ တစ်ကြိမ်ကြား ၁၂ နာရီခြားသောက်ပါလို့ ဆိုလိုတာကို အပြင်လူတစ်ယောက်က မသိနိုင်ပေမယ့် ဆေးဝါးပညာရှင်တွေက မမှားရအောင် ညွှန်ကြားပေးနိုင်ပါတယ်။

၉။ ဆေးများကို မမှန်မကန်သိမ်းဆည်း ထားခြင်း၊ စွန့်ပစ်ခြင်း

အိမ်သုံး ဆေးဝါးတွေအပါအဝင် ဆေးအားလုံးဟာ သင့်တော်တဲ့ အနေ အထားမှာ သိမ်းဆည်းဖို့ လိုအပ်တာတွေ ချည်းပါပဲ။ သင့်တော်တဲ့အပူချိန်၊ အလင်း ရောင်ကနေကာကွယ်မှု၊ စွတ်စိုထိုင်းမှိုင်း မှုတွေကနေကာကွယ်မှု စတဲ့သီးခြားလိုအပ်မှုတွေရှိနေပါတယ်။ အဲဒီလိုပဲ မလို အပ်တဲ့ ဆေးဝါးတွေကို စွန့်ပစ်တော့မယ် ဆိုရင်လည်း ဘယ်လိုစွန့်ပစ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေကို ထုတ်ပြန်ထားတာ ရှိပါတယ်။ ဒါကြောင့်ပဲ ဆေးတွေကို ဘယ်လိုသိမ်းဆည်းရမယ်၊ စွန့်ပစ်ရမယ် ဆိုတာကို ရှင်းရှင်းလင်းလင်းမသိတဲ့သူတွေအဖို့ရာ မေးမြန်းဖို့ရာ တွန့်ဆုတ်မနေ သင့်ပါဘူး။

၁၀။ သောက်နေသောဆေးများ၏ နာ မည်ကိုမသိခြင်း
နောက်ထပ်အဖြစ်များတဲ့ ပြဿနာ တစ်ခုကတော့ မိမိသုံးနေတဲ့ ဆေးဝါးတွေ ရဲ့နာမည်တွေ ရောထွေးသွားတာပါပဲ။ လေ့လာမှုတွေအရတော့ ဆေးဝါးတွေရဲ့ နာမည်တွေကို သိတဲ့သူတွေဟာ တခြား သူတွေထက်ပိုပြီးတော့ ရောဂါတွေကို ပိုပြီးတော့ထိန်းချုပ်နိုင်တာကို တွေ့ရှိခဲ့ရ ပါတယ်။ ဆေးဝါးတွေရဲ့ Brand Name နဲ့ Generic Name တွေကို တွဲပြီးတော့ သိတဲ့သူတွေဟာ မလိုအပ်ဘဲ ဆေးပမာ ဏ တိုးသောက်မိတာ၊ အမျိုးအစားတူ တဲ့ဆေး ၂ မျိုးကို ရောသုံးမိတာ စတဲ့ ပြဿနာတွေကို ရှောင်နိုင်ပါတယ်။

၁၁။ မှန်မှန်ကန်ကန် ဆေးမသောက် ခြင်း၊ မျက်စဉ်းဆေးကို နားသန့်ဆေး အဖြစ် သုံးခြင်း
ပလုတ်ကျင်းဆေးရည်ကို ရေရော သုံးမိတဲ့သူတွေ၊ ဆေးတောင့်ထဲက ဆေး ရည်တွေကို ဖွင့်သောက်တဲ့သူတွေ၊ ဆေး လုံးကို ခြေသောက်တဲ့သူဟာ တကယ့်ကို ရှိနေပါတယ်။ ဒါတော့ ဆေးတွေကို ဘယ်လိုသောက်ရမယ်ဆိုတာ နားလည် တာဟာ မှန်ကန်တဲ့ပမာဏကို သောက် ဖြစ်အောင်၊ လုံလောက်တဲ့ဆေးပမာဏ တွေ ခန္ဓာကိုယ်ထဲကိုရောက်အောင် ကူ ညီပေးနိုင်ပါတယ်။ တချို့ဆေးတွေဟာ ဝါးစားဖို့လိုအပ်ပြီးတော့ တချို့ကတော့ အလုံးလိုက်သောက်ဖို့ လိုအပ်ပါတယ်။အဲဒီလိုပဲ တချို့ဆေးဝါးတွေဟာ ကြိတ် ခြေပြီးတော့ သောက်လို့ရပေမယ့် တချို့ ဆေးတွေကတော့ ခြေလိုက်တာနဲ့ တစ် ပြိုက်နက် ခန္ဓာကိုယ်အတွင်းမှာ အလုပ် လုပ်နိုင်စွမ်းတွေ အလိုလိုလျော့နည်းသွား တတ်ပါတယ်။ စုပ်ယူမှုနှေးသွားတာ၊ မြန် သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ သက်ဆိုင်ရာ ပညာရှင်ကို သေချာမေးမြန်းပြီးတော့ ဆေးတွေကို အသုံးပြုသင့်ပါတယ်။

၁၂။ မကြာခဏဆေးရပ်ပစ်ခြင်း
နေကောင်းလာတာနဲ့ ဆေးဖြတ်ပစ် လိုက်တာကိုမျိုး လုပ်ဖူးကြပါသလား၊ Mayo Clinic ရဲ့လေ့လာမှုတွေအရတော့ ဆေးသောက်တဲ့သူတွေထဲက ၉၀ ရာခိုင် နှုန်းလောက်ဟာ နေကောင်းစပြုတာနဲ့ မိမိသဘောနဲ့မိမိ ဆေးသုံးတာကို ရပ် လိုက်တာကို တွေ့ရှိခဲ့ကြပါတယ်။ အဲဒီ လိုမျိုးဆေးတွေကို ရုတ်တရပ် ရပ်လိုက် ခြင်းဟာ မမျှော်လင့်ထားတဲ့ အကျိုးဆက် တွေကို ပေးနိုင်ပါတယ်။ သွေးဖိအား၊ သွေးထဲမှာရှိတဲ့ သကြားဓာတ်စတာတွေ ကို ထိန်းချုပ်ဖို့ အသုံးပြုကြတဲ့ဆေးဝါး တွေကို ရုတ်တရက်ရပ်လိုက်ရင် သွေး ထဲမှာရှိတဲ့ပမာဏဟာ ချက်ခြင်းမြင့်တက် သွားပါတယ်။ အဲဒီလိုပဲ Steriods, Anti-biotics တွေဟာလည်း မိမိသဘောနဲ့မိမိ ရပ်တန့်ပစ်လို့မရပါဘူး။ ကူးစက်ရောဂါ တွေကို သက်သာသွားအောင် လုပ်ပေး ပြီးသည့်တိုင်အောင် သူတို့ကို အပြီးတိုင် ဖယ်ရှားနိုင်ဖို့အတွက် ဆေးပတ်လည် အောင် သောက်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့်ဆရာဝန်က ညွှန်ကြားလိုက်တဲ့ ဆေးတွေနဲ့ပတ်သက်ပြီးတော့ ထူးခြား ချက်တစ်ခုခုရှိတယ်ဆိုရင် ဆရာဝန်နဲ့ ပြန်လည် တွေ့ဆုံဆွေးနွေးပြီးမှသာ ဆေးဖြတ်တာမျိုးကို လုပ်သင့်ပါတယ်။

နှင်းနုလွင် (ဆေးဝါး)

Post Author: Good Health Journal