ဘိုထိုင်အိမ်သာပေါ်မှာ ထိုင်နည်းမှန်ကန်ပါရဲ့လား

ဒီမေးခွန်းကိုဖြေရမှာတော့ ရှက်ကြ လိမ့်မယ်လို့ ထင်ပါတယ်။ အမှန်မှာတော့ အိမ်သာအိုးပေါ်မှာ ထိုင်တဲ့အနေအထား က သင့်ကျန်းမာရေးအတွက် အရေးပါ ပါတယ်။
လေ့လာမှုတွေအရ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ဆောင့်ကြောင့်ထိုင်ပြီး အိမ် သာတက်တာက ကျန်းမာရေးနဲ့ ညီညွတ် တယ်လို့ သိရပါတယ်။ ဒီနည်းလမ်းက ဝမ်းသွားဖို့ အလွယ်ကူဆုံးနဲ့ အမြန်ဆန် ဆုံး နည်းလမ်းဖြစ်တယ်လို့ ဆိုပါတယ်။ ဆောင့်ကြောင့်ထိုင်လိုက်တဲ့အတွက် ပေါင်ကြွက်သားတွေက ဝမ်းဗိုက်ကြွက် သားတွေနဲ့ ထိစပ်မှုရှိသွားပါတယ်။ ဒီ အနေအထားက စအိုတစ်ဝိုက်ကို ဝန်းရံ ထားတဲ့ ကြွက်သားတွေ ကွေးညွှတ်သွား တဲ့အတွက် စအိုအဆို့ရှင် Relax ရရှိ သွားပြီး ဝမ်းအလွယ်တကူ ထွက်သွားနိုင် တာကြောင့်ပါ။

ဒါပေမဲ့လည်း အခုခေတ်အခါမှာ ဘိုထိုင်အိမ်သာကို အသုံးပြုနေကြပါပြီ။ သုံးရတာ သက်သောင့်သက်သာရှိတဲ့ အပြင် အသက်ကြီးသူတွေအနေနဲ့ လည်း ဒူးနာတာကနေ ကင်းဝေးနိုင်တာ ကြောင့် တွင်တွင်ကျယ်ကျယ်သုံးလာကြ တာပါ။ ဘိုထိုင်အိမ်သာကို အသုံးပြု ရာမှာ လူအများစုကတော့ အိမ်သာပေါ် မှာ ထိုင်နည်းမမှန်ကန်ကြပါဘူး။ ထိုင် နည်းမမှန်ကန်တဲ့အတွက်လည်း ကျန်း မာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ Rock-n-Roll ဘုရင် Elvis Presley က အိမ်သာမှာ ဝမ်းညှစ်ရင်းနဲ့ Heart attack ရပြီး သေဆုံးသွားရတာကလည်း ထိုင်နည်းမမှန်ကန်တာကြောင့် ဖြစ်တာ ပါ။ ဒါ့အပြင် ဘိုထိုင်အိမ်သာမှာ ထိုင် နည်းမမှန်ကန်တာကြောင့် အောက်ပါ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါ သေးတယ်။

လိပ်ခေါင်းထွက်ခြင်း

လိပ်ခေါင်းထွက်တယ်ဆိုတာက စအိုတစ်ဝိုက်မှာရှိတဲ့ စအိုသွေးပြန်ကြော တွေက ရောင်ရမ်းလာတာကြောင့် အဲဒီ နေရာမှာ ယားယံတာ၊ ပူစပ်ပူလောင်ဖြစ် တာနဲ့ နာကျင်တဲ့ဝေဒနာတွေ ခံစားရတဲ့ အခြေအနေပါ။ ဝမ်းသွားရင် ညှစ်ရတဲ့ သူတွေက လိပ်ခေါင်းထွက်နိုင်ခြေအလွန် များပါတယ်။ အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်ကာလမှာလည်း သူတို့ ရဲ့ သားအိမ်က အူမကြီးမှာရှိတဲ့ သွေး ကြောတွေပေါ်မှာ ဖိအားပေးထားတာ ကြောင့် လိပ်ခေါင်းထွက်နိုင်ခြေ အလွန် မြင့်မားပါတယ်။

ဝမ်းချုပ်ခြင်း

ကျွန်မတို့တွေက များသောအား ဖြင့် နေ့စဉ်စားသုံးရမယ့် သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို လုံလောက်စွာ မစားသုံးမိကြပါဘူး။ ဒါ့အပြင် ရေကို လည်း လုံလုံလောက်လောက် မသောက် မိကြပါဘူး။ ဒီအမူအကျင့်တွေကြောင့် ဝမ်းက မာကျောကျစ်လျစ်ပြီး စမြင်းတုံး လိုဖြစ်သွားကာ ဝမ်းချုပ်သွားပါတယ်။ အထူးသဖြင့် ဘိုထိုင်အိမ်သာပေါ်မှာ ထိုင်နည်းမမှန်ကန်ခဲ့ရင်ပါ။

တင်ပဆုံကွင်းကြွက်သား အားနည်းခြင်း

ဘိုထိုင်ပေါ်မှာ ထိုင်ပြီး ဝမ်းညှစ်ရ တဲ့အတွက် တင်ပဆုံကွင်းကြွက်သားတွေ အားနည်းလာပြီး သားအိမ်ကျွံကျတာလို မျိုး ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြင်း

ဆောင့်ကြောင့်ထိုင်ပြီး အိမ်သာ တက်တဲ့အခါမှာ ဆီးထွက်လမ်းကြောင်း က ပိုမိုလွယ်ကူပြီး အရှိန်ပြင်းပြင်းနဲ့ ဆီး ကုန်အောင် သွားနိုင်ပါတယ်။ ဆောင့် ကြောင့်ထိုင်ပြီး ဆီးသွားတဲ့အကျင့်က ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ အလွန် နည်းပါးပါတယ်။

အူမကြီးရောဂါဖြစ်ခြင်း
ဝမ်းလို့ခေါ်တဲ့ မစင်တွေက အူမကြီး ထဲမှာ စုဆောင်းမှုတွေများလာရင် အူမ ကြီးကင်ဆာအပါအဝင် အူမကြီးနဲ့ ဆက် စပ်တဲ့ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ ကြောင့် အူမကြီးမှာ ရှိတဲ့မစင်တွေကို ကုန်စင်အောင် စွန့်ထုတ်ဖို့ လိုအပ်ပါ တယ်။
ဘိုထိုင်အိမ်သာနဲ့ အိမ်သာသွားတဲ့ အကျင့်က အထက်ပါဆိုးကျိုးတွေကို ရရှိ နိုင်ပြီး အခုခေတ်ကာလအခြေအနေအရ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ အသုံးပြုတဲ့ ဆောင့်ကြောင့်ထိုင်အိမ်သာကိုလည်း အသုံးပြုလို့ မဖြစ်တဲ့အနေအထားတွေ မှာ ဘိုထိုင်အိမ်သာပေါ်မှာ မှန်ကန်စွာ ထိုင်ရမယ့်နည်းလမ်းကို ဖော်ပြပေးလိုက် ပါတယ်။

 ဆောင့်ကြောင့်ထိုင်ပြီး အိမ်သာ သွားရမယ်ဆိုလို့ ဘိုထိုင်အိမ်သာပေါ်မှာ ဆောင့်ကြောင့်ထိုင်ပြီး သွားရမှာ မဟုတ် ပါဘူး။

ဒီပုံစံက ဘိုထိုင်အိမ်သာပေါ်မှာ အများအသုံးပြုတဲ့ ထိုင်နည်းပါ။ ဒီလို ထိုင်တာက စအိုထွက်ပေါက်ကကွေးနေ နိုင်တာကြောင့် အရည်တွေထွက်တာကို တားဆီးထားသလို ဖြစ်နိုင်တဲ့အတွက် ညှစ်အား အသုံးပြုရပါတယ်။ အသုံးမပြု သင့်တဲ့နည်းလမ်းပါ။ တချို့သူတွေဆိုရင် အဲဒီလိုထိုင်ပြီး သတင်းစာ၊ ဂျာနယ်ဖတ် ပြီး ဝမ်းညှစ်နေတဲ့အတွက် ဝမ်းချုပ်နိုင် တဲ့အပြင် စအိုကွဲတာ၊ လိပ်ခေါင်းထွက် တာတွေပါ ဖြစ်လာနိုင်ပါတယ်။

ဘိုထိုင်အိမ်သာပေါ်မှာပဲ ထိုင်ချ လိုက်ပြီး သင့်ခြေထောက်တွေကို ခွေး ခြေခုံတစ်ခုပေါ်မှာ တင်ထိုင်တာက မှန် ကန်တဲ့နည်းလမ်းဖြစ်ပါတယ်။ စအို ထွက်ပေါက်က ဖြောင့်တန်းနေတဲ့အ တွက် စအိုကနေ မစင်တွေကို အလွယ် တကူစွန့်ထုတ်နိုင်တာကြောင့် စအိုအ တွင်းမှာ အညစ်အကြေးတွေ ကျန်ရှိ တော့မှာမဟုတ်ပါဘူး။ စအိုထဲမှာအညစ် အကြေးတွေ ကျန်ရှိနေခဲ့ရင် အူအတက် ရောင်တာ၊ အူမကြီးကင်ဆာ၊ အူမကြီး ရောင်ရမ်းရောဂါတွေ ရရှိနိုင်ပါတယ်။ ဒီထိုင်နည်းက ညှစ်အားကို အသုံးမပြုရ တော့တဲ့အတွက် ဆီးအိတ်၊ ဆီးကျိတ်နဲ့ သားအိမ်ကို ထိန်းချုပ်ထားတဲ့ အာရုံ ကြောတွေ ပျက်စီးမှုလည်း မဖြစ်နိုင် တော့ပါဘူး။

အိမ်သာထိုင်နည်းကို မှန်ကန်စွာ အသုံးပြုနိုင်ကြပါစေ

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *