မကျက်သေးသည့်ဘာဂါက မကျက်သေးသည့်အသားထက် အန္တရာယ်ပိုရှိဟု ဆို

အမဲသားကင်ကို သတ်မှတ်ထားတဲ့အပူချိန်ရောက်အောင် ကင်နိုင်ရင် အန္တရာယ်ကင်းစွာစားသုံးနိုင်တယ်လို့ယူဆထား ကြပေမယ့် ဒီအသားကို ဘာဂါအနေနဲ့စားသုံးတဲ့အခါမှာတော့ မတူတော့ပါဘူး။ ပုံမှန်အားဖြင့် မျက်နှာပြင်မှာ မြင်တွေ့ရလေ့ရှိ တဲ့ရောဂါဖြစ်စေတဲ့ပစ္စည်းတွေက အသားကိုကြိတ်ခြေလိုက် တဲ့အခါ အသားရဲ့မျက်နှာပြင်တစ်ခုလုံးမှာ ပျံ့နှံ့သွားပါတယ်။ ဒီ လိုကြိတ်ခြေထားတဲ့အသားပေါ်က ရောဂါဖြစ်စေတဲ့အရာတွေကို အပူပေးပြီးမသတ်နိုင်ဘဲ ဘာဂါအနေနဲ့စားသုံးမယ်ဆိုရင် အစာ ဆိပ်သင့်နိုင်ခြေပိုများပါတယ်။ ဒါကြောင့် သုတေသီတွေက ကျက်အောင်မချက်ထားတဲ့အသားကင်ထက်စာရင်ကျက် အောင် မချက်ထားတဲ့ဘာဂါက ပိုပြီးအန္တရာယ်ရှိတယ်လို့ဆိုခဲ့ကြတာ ဖြစ်ပါတယ်။ အန္တရာယ်မဖြစ်စေဖို့အတွက် အသားတွေကို ၁၆၀ ဒီဂရီဖာရင်ဟိုက်အပူချိန်အထိရောက်အောင်ချက်ပြုတ်ပြီးမှသာ စားသုံးသင့်ပါတယ်။ အပေါ်ပိုင်းကျက်ရုံလောက်ပဲအပူပေး ထား တဲ့အသားကင်၊ ကြိတ်ခြေအပူပေးထားတဲ့အသားနဲ့ဘာဂါတွေ မှာ ဘက်တီးရီးယားတွေပါနိုင်ခြေရှိတယ်လို့ သုတေသီတွေက ဆိုခဲ့ကြပါတယ်။

(AP,16.5.19) အေးယုနိုင်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *