မည်းနေသော ဒူးဆစ်၊ တံတောင်ဆစ်များ ဖွေးသွား စေမည့် အိမ်တွင်းနည်းလမ်းများ

တံတောင်ဆစ်မည်းလို့ အင်္ကျီ လက်တိုဝတ်ရမှာ မဝံ့မရဲဖြစ်နေသူတွေ နဲ့ ဒူးခေါင်းမည်းလို့ စကတ်၊ ဘောင်းဘီ အတို ဝတ်ဆင်ဖို့ ကိုယ့်ကိုယ်ကိုယ် ယုံ ကြည်မှုမရှိသူတွေအတွက် အိမ်တွင်း နည်းလမ်းကောင်းတွေ မျှဝေလိုက်ပါ တယ်။

ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်က နေရောင် ခြည်ထိတွေ့မှုကြောင့် အရေပြားပျက် စီးတာကို ပြန်လည်ပြုပြင်ပေးပါတယ်။ အရေပြား ညိုမည်းတာကို ဖြစ်စေတဲ့ အသားအရေခြောက်သွေ့မှုမှ ကာကွယ် ပေးပြီး နူးညံ့စိုပြည်စေပါတယ်။
ပြုလုပ်နည်း ။ ။ ရှားစောင်းလက်ပပ် အရွက်ကို အလယ်ကနေ ဓားနဲ့ခွဲပြီး ဂျယ် လီလိုအနှစ်သားကို ရယူပါ။ အဲ့ဒီဂျယ်လီ အနှစ်သားကို တံတောင်ဆစ်နဲ့ ဒူးခေါင်း ပေါ်ပွတ်လိမ်းပေးပါ။ မိနစ် ၃၀ ထားပြီးမှ ရေနဲ့ သန့်စင်ဆေးကြောပါ။

နေရောင်ကာလိုရှင်း လိမ်းပါ
နေရောင်ကာလိုရှင်း လိမ်းပေးတာ က အရေပြားခြောက်သွေ့တာကို ကာ ကွယ်ပေးပြီး အသားအရေကို စိုပြည်လှပ စေပါတယ်။
ပြုလုပ်နည်း ။ ။ နေရောင်ထဲ မထွက်ခင် နာရီဝက်လောက်ကြိုပြီး နေရောင်ကာ လိုးရှင်း လိမ်းပါ။ နှစ်နာရီ ကြာပြီးတိုင်း နောက်တစ်ကြိမ် ထပ်လိမ်းပေးပါ။

ရှလကာရည်နှင့် ဒိန်ချဉ်
ရှလကာရည်နဲ့ ဒိန်ချဉ်ကို တွဲဖက် အသုံးပြုပါက အရေပြားမည်းတာကို လျော့နည်းသက်သာစေပြီး အသားအရေ ကြည်လင်ကာ စိုပြည်စေတဲ့ အာနိသင် တွေကို ရရှိနိုင်ပါတယ်။
ပြုလုပ်နည်း ။ ။ ရှလကာရည်နဲ့ ဒိန်ချဉ်ကို ရောပြီး တံတောင်ဆစ်နဲ့ဒူးခေါင်းကို စက် ဝိုင်းပုံစံ ပွတ်လိမ်းပေးပါ။ ခြောက်သွေ့ သွားအောင်ထားပြီးမှ ရေနဲ့သန့်စင်ပေးပါ။

သဘာဝအဆီများ
သဘာဝအဆီတွေက အရေပြား အစိုဓာတ်ကို ထိန်းပေးပြီး တံတောင်ဆစ် နဲ့ ဒူးခေါင်းမည်းတာတွေကို လျော့နည်း စေပါတယ်။
ပြုလုပ်နည်း ။ ။ သံလွင်ဆီ၊ နှမ်းဆီ၊ အုန်း ဆီစတဲ့ အဆီတစ်မျိုးမျိုးကို အရေပြား ပေါ် ညင်သာစွာပွတ်လိမ်းပေးပါက အရေ ပြား ခြောက်သွေ့တာနဲ့ မည်းတာတွေကို လျော့နည်းသက်သာစေပါတယ်။

သစ်သီးများ
ခရမ်းချဉ်သီး၊ စပျစ်သီး စတဲ့ အသီး တွေမှာ ကြေးချွတ်အာနိသင်ရှိပြီး အရေ ပြား မည်းတာကို လျော့နည်းစေပါတယ်။
ပြုလုပ်နည်း ။ ။ ခရမ်းချဉ်သီး ဒါမှမဟုတ် စပျစ်သီးကို ထက်ခြမ်းခြမ်းပြီး မည်းနေ တဲ့အရေပြားပေါ်ပွတ်လိမ်းပေးပါ။ နေ့စဉ် ပုံမှန် ပြုလုပ်ပေးဖို့ လိုပါတယ်။

အစိုဓာတ်ထိန်းခရင်မ်
အစိုဓာတ်ထိန်းခရင်မ်က အရေပြား ကို အစိုဓာတ်ဖြည့်ပေးလို့ အသားအရေ ခြောက်သွေ့မှုမဖြစ်အောင် ကာကွယ်နိုင် ပါတယ်။
ပြုလုပ်နည်း ။ ။ ရေချိုးပြီးချိန်မှာ အစို ဓာတ်ထိန်းခရင်မ်လိမ်းတာကအကောင်း ဆုံးအချိန်ပါ။

ကြေးတွန်းကျောက်
ကြေးတွန်းကျောက်ကို အသုံး ပြုပြီး အရေပြားပေါ်က ဆဲလ်သေတွေ ကို ဖယ်ရှားနိုင်ပါတယ်။
ပြုလုပ်နည်း ။ ။ ရေချိုးတဲ့အခါ ကြေး တွန်းကျောက်ကို အသုံးပြုပြီး ခန္ဓာ ကိုယ်ပေါ်ညင်သာစွာ ပွတ်တိုက်ပေးပါ။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *