မနက်နိုးနိုးချင်း ရေသောက်ရင်ရမယ့် အကျိုးကျေးဇူးများ

နိုးထလာတဲ့မနက်ခင်းကို ဘာနဲ့စတင်လေ့ ရှိကြပါလဲ။ တစ်ညတာလုံး ငြိမ်သက်အိပ် မောကျနေပြီး မနက်နိုးလာတဲ့အခါမှာ ကျွန်မတို့ခန္ဓာကိုယ်ဟာ ဘာတွေများ လိုအပ်နေပါသလဲ။ ကျွန်မကတော့ နိုးတာ နဲ့ ရေနှစ်ခွက် အရင်ဆုံးသောက်လိုက်တာ ပါပဲ။ မရှိဘူးဆိုရင် ၆ နာရီ၊ ၇ နာရီလောက် အိပ်စက်နေချိန်မှာ ကျွန်မတို့ဟာ ဘာရေ မှမသောက်ဖြစ်ကြတဲ့အတွက် မနက်နိုး တဲ့အခါမှာ ခန္ဓာကိုယ်ဟာ ရေဓာတ်ကို အလွန်အမင်းလိုအပ်နေပါပြီ။

.

.

တခါတလေ အိပ်ရာထနောက်ကျလို့ ကမန်းက တန်းပြင်ဆင်ပြီး အလုပ်သွားတဲ့အခါမှာ နိုးနိုးချင်း ရေသောက်ဖို့ မေ့သွားတတ်ပါ တယ်။ အဲလိုနေ့မျိုးဆိုရင် တစ်နေကုန်နီး ပါး အိပ်ရေးဝရက်နဲ့ အိပ်ငိုက်နေတာ၊ လူက တက်တက်ြွကြွက လန်းလန်းဆန်း ဆန်းမရှိတော့တာတွေ ကြုံရတာ သတိ ထားမိပါတယ်။ ဘာကြောင်လဲဆိုတော့ ကျွန်မတို့ဦးနှောက်ရဲ့ ၇၅ ရာခိုင်နှုန်း လောက်ဟာ ရေနဲ့ဖွဲ့စည်းထားတာပါ။ ဒါကြောင့် တစ်ညလုံးရေဓာတ်ပြတ်လပ် နေတာကို မနက်မှာ ပြန်မဖြည့်ဆည်းပေး တော့ ဦးနှောက်ဟာ သူ့အလုပ်ကို ကောင်းကောင်းမလုပ်နိုင်တော့ဘဲ လေးလံထိုင်းမှိုင်းနေတော့တာ ဖြစ်ပါ တယ်။

.

.

တချို့တွေကတော့ မနက်ခင်းကို ကော်ဖီ နဲ့ စတင်လေ့ရှိပါတယ်။ ကော်ဖီဟာ Anti-oxidants တွေ အများကြီးပါပေမယ့် ရေဓာတ်ကိုလည်း ခမ်းခြောက်စေတာကြောင့် ဒီလို မနက်ခင်းနိုးနိုးချင်းမှာ ရေမသောက်ဘဲ ကော်ဖီချည်းပဲ သောက်တာမျိုးတော့ မလုပ်စေချင်ပါဘူး။

.

.

နောက်တစ်ခု အရေးကြီးတာကတော့ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှု (metabolism) တွေ လုပ်ဆောင်ဖို့အတွက် ရေဓာတ်လိုပါတယ်။ ဒါကြောင့် တစ်နေ့တာလုံး ဇီဝရုပ်ဖြစ်စဉ်တွေ ကောင်းမွန်စွာလုပ်နိုင်ဖို့အတွက် မနက်နိုးတဲ့ အချိန်မှာ ရေသောက်ပေးဖို့ လိုကို လိုပါတယ်။ ဒါတင်မကပါဘူး။ ဒီလို ရေသောက်ပေးတာဟာ သာမန်ဖျားနာတာတွေ၊ ရောဂါဘယတွေကို ကြိုတင်ကာ ကွယ်နိုင်ပါတယ်။ ကျွန်မတို့ခန္ဓာကိုယ်မှာ  Immune System ဆိုတဲ့ ကိုယ်ခံအား အဖွဲ့အစည်းရှိပါတယ်။ ပြင်ပကဝင်လာတဲ့ ဘတ်တီးရီးယားတွေ၊ ဆိုးဆေးတွေ၊ အဆိပ် အတောက်တွေ၊ ဖျားနာစေတဲ့ ရောဂါပိုးမွှားတွေကို ဒီကိုယ်ခံအားအဖွဲ့က ဆဲလ်တွေက ဖျတ်ဆီးတိုက်ထုတ်ပေးပါတယ်။

.

.

ဆိုပါစို့။ လက်မောင်းမှာ အနာတစ် ခုဖြစ်တယ်ဆိုရင် အဲဒီအနာမှာရှိတဲ့ Infection ရောဂါပိုးတွေကို တိုက်ထုတ်ပေး ဖို့အတွက် တကိုယ်လုံးမှာရှိတဲ့ ကိုယ်ခံအား ဆဲလ်တွေက အဲဒီအနာရှိရာ ကို လာရပါတယ်။ ဒီလိုလာဖို့အတွက်က ရေဓာတ်က ဆဲလ်တွေကို သယ်ဆောင် ပေးမှရတာပါ။ ဒါကြောင့် ရေဓာတ်နည်းပါး နေမယ်ဆိုရင် ကိုယ်ခံအားဆဲလ်တွေ ရောဂါတိုက်ထုတ်တဲ့နေရာမှာ နှောင့်နှေး ကြန့်ကြာတာမျိုးတွေ ဖြစ်စေပါတယ်။ ပုံမှန်သာ ရေဓာတ်ဖြည့်ပေးထားမယ် ဆိုရင် တော်တန်ရုံ နေထိုင်မကောင်းတာ တွေ ကင်းဝေးစေတယ်ပြောတာပေါ့။

.

.

ဒီလို မနက်စောစောရေသောက်ပြီးမှ အစားစားမယ်ဆိုရင် ဘယ်လိုအကျိုးတွေ ရနိုင်လဲဆိုတာ သိရင် ပိုလို့တောင် ဂရုတစိုက် လုပ်ကြမယ်ထင်ပါတယ်။ တခြားတော့မဟုတ်။ ကျွန်မတို့ ဘာမှမစားခင်မှာ ရေတစ်ခွက်ဖြစ်ဖြစ်၊ နှစ်ခွက်ဖြစ်ဖြစ်သောက်လိုက်တယ်ဆိုရင် အစာအိမ်ထဲမှာ သုံးပုံနှစ်ပုံလောက်ကို ဇီးရိုးကယ်လိုရီသာရှိတဲ့ ရေတွေနဲ့ ဖြည့်ထားတာကြောင့် အစာစားတဲ့အခါ နည်းနည်းလောက်စားရုံနဲ့ ပြည့်တင်းတဲ့ ခံစားချက်ကိုရစေပြီး ဘာကယ်လိုရီ မတက်ဘဲ ကိုယ်အလေးချိန်ထိန်းတဲ့ နေရာမှာ တော်တော်လေးအထောက် အကူ ဖြစ်ပါတယ်။ အခုလို မနက်ပိုင်းတင်မကဘဲ အစားမစားခင်မှာ ပုံမှန် ရေတခွက်၊ နှစ်ခွက်လောက် အပြည့် သောက်သွားမယ်ဆိုရင် သုံးလအကြာမှာ ကိုယ်အလေးချိန် ၄ပေါင်ခွဲထိ လျော့ကျစေပါသေးတယ်။

.

.

မနက်နိုးတဲ့အချိန်မှာ  ရေသောက်တာနဲ့ မနက်စာများများစား တာဟာ နေ့လယ်စာမတိုင်မီ ကြားထဲမှာ မုန့်တွေစားချင်စိတ်ကို တော်တော်လေး လျော့ချပေးတာကိုလည်း တွေ့ရပြန်တယ်။ ဒါကြောင့် Diet လုပ်တဲ့သူတွေဟာ ရေသောက်ဖို့ကို အရေးတကြီးလုပ် ဆောင်ကြတာပေါ့။ အစာခြေအက်စစ်ဟာ ရေဓာတ်တွေပါဝင် ဖွဲ့စည်းထားတာမို့လို့ စားနေစဉ်နဲ့ စားပြီး တဲ့အခါမှာ ရေသောက်ပေးရင် အစာကြေ လွယ်ပါ တယ်။ ကိုယ်စားသောက်လိုက်တဲ့ ကာဗိုဟိုက်ဒရိတ်တွေ၊ ပရိုတင်းဓာတ်တွေ ကို ခြေဖျတ်ပြီးတဲ့အခါမှာလည်း လိုအပ်တဲ့ နေရာတွေကို ပို့ဆောင်ပေးဖို့အတွက် ရေဓာတ်ကလိုပြန်ပါတယ်။

.

.

ဝိတ်လျော့နေတဲ့သူတွေ သိထားဖို့အရေး ကြီးတဲ့တစ်ချက်ရှိပါသေးတယ်။ အဲဒါကတော့ ကျွန်မတို့တွေဟာ အလုပ်တွေများ လို့ပဲဖြစ်ဖြစ်၊ တစ်ခုခုကို အာရုံစိုက်နေရ လို့ပဲဖြစ်ဖြစ် ရေမသောက်ဖြစ်ဘဲ ရေဆာ နေတာကိုလည်း သတိမထားမိတာမျိုး ရှိ တတ်ပါတယ်။ ဒီလိုအခါမျိုးဆိုရင် ကျွန်မတို့ခန္ဓာကိုယ်ဟာ ရေဆာနေတာ ကို ဗိုက်ဆာနေတယ်ဆိုပြီး ပုံမှားရိုက်မိ တတ်ပါတယ်။ ဒီတော့ အစားတွေစားမိပြီး ဝစေပါလိမ့်မယ်။

.

.

ကြည်လင်တင်းရင်းတဲ့ အသားအရေမျိုး ပိုင်ဆိုင်ချင်တာကလည်း အလှကိုမြတ်နိုး သူတိုင်းရဲ့ အိပ်မက်ပါပဲ။ ဒီအိပ်မက်ကို ဖြည့်ဆည်းပေးနိုင်တာကလည်း ရေပဲဖြစ် တယ်ဆိုရင် လက်ခံမလား။ ပူစီဖောင်း လေးတွေထဲကို ရေတွေအပြည့် ဖြည့်ထား ရင် ဖောင်းကားပြီးတင်းနေသလို ကျွန်မတို့ ခန္ဓာကိုယ်ကဆဲလ်လေးတွေ တစ်လုံးချင်းစီမှာလည်း ရေနဲ့ပြည့်ဝနေ မယ်ဆိုရင် တင်းရင်းကြည်လင်တဲ့ အသားရေမျိုးကို ဖြစ်စေပါလိမ့်မယ်။ ဒါကို Turgor Pressure လို့ခေါ်ပါတယ်။ ရေရဲ့ ထူးခြားတဲ့ ဂုဏ်သတ္တိတစ်ခုပါပဲ။

.

.

ကျွန်မတို့အရေပြားကို လက်သည်းနဲ့ ခပ်ဖွဖွကုတ်လိုက်တဲ့အခါ အဖြူအမှုန် တွေ၊ အဖက်တွေ ဖြစ်သွားတယ်ဆိုရင် ဒါဟာ ရေဓာတ်ခန်းခြောက်နေတဲ့ လက္ခ ဏာပါပဲ။ ဒါဆိုရင်တော့ ရေများများ သောက်ပေးဖို့ အချက်ပြနေပါပြီ။ လိုအပ် ရင် moisturizer ပါတဲ့ အစိုဓာတ်ထိန်း ခရမ်တွေ လိမ်းပေးတာ၊ ထောပတ်သီးလို ရေဓာတ် ပြန်ဖြည့်ပေးတဲ့ သစ်သီးတွေ လိမ်းတာမျိုး လုပ်ပေးသင့်ပါတယ်။

.

.

ရေဓာတ်နည်းနေပြီဆိုရင် ရှေကမှာ ကျွန်မဖော်ပြခဲ့သလို မောပန်းနုံးချိမယ်။ ဆီးအရောင်ဝါကြင်နေမယ်။ မူးဝေမယ်၊ ခေါင်းကိုက်မယ် ၊ သွေးပေါင်ကျမယ်။ နည်းနည်းဆိုးရင် သတိလစ်မယ်။ ဒါကိုတော့ Orthostatic Hypotension လို့ခေါ်ပါတယ်။ သွေးထဲမှာ ရေဓာတ်နည်း နေတာကြောင့် ဦးနှောက်ကို သွေးရောက်နှုန်းနည်း စေပြီး နှလုံးခုန်နှုန်းရော၊ အသက်ရှူနှုန်းတွေပါ မြန်လာပါတယ်။ ရေရဲ့ ဆောင်ရွက်ချက် တွေခဲမှာ ခန္ဓကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးတာလည်း ပါတာကြောင့် ရေဓာတ်လျော့နည်းတဲ့အခါ ကိုယ်အပူချိန်တွေတက်တာ၊ အပူကန်တာ၊ အပူများတာတွေ ဖြစ်လာပါလိမ့်မယ်။

.

.

ဒါ့အပြင် ရေဓာတ်နည်းတဲ့အခါ ဆိုဒီယမ်၊ ပိုတက်ဆီယမ်ဓာတ်တွေ ပါလျော့နည်း တတ်ပါတယ်။ အထူးသဖြင့် ချွေးတွေ အများကြီးထွက်တာ၊ အန်တာ၊ ဝမ်းလျောတာတွေ ဖြစ်ပြီး ပြန်လည် မဖြည့်တင်းပေးနိုင်တဲ့ အခါတွေမှာ ဖြစ်တတ်ပါတယ်။ ကြွက်သားတွေဟာ ၇၅ရာခိုင်နှုန်းရေဓာတ်နဲက့ဖွဲကစည်းထားတဲ့ အပြင် ကျုံ့တာ၊ ဆန့်တာတွေ လုပ်နိုင်ဖို့အတွက် ရေနဲ့ဆို ဒီယမ်၊ ပိုတက်ဆီယမ်စတဲ့ ဓာတ်ဆားဓာတ်တွေ လုံလုံလောက်လောက်ရှိနေဖို့လိုပါတယ်။ ဒါကြောင့် ရေဓာတ်ခန်းခြောက်တဲ့အခါ  အရမ်းနာကျင်တဲ့ ကြွက်တက်တာမျိုး တွေ ဖြစ်တတ်ပါတယ်။ ဒီတော့ ကြွက်တက်တာကို ကာကွယ်ချင်ရင် တော့ ရေသေချာသောက် ပေးဖို့လိုပါ လိမ့်မယ်။

ရေဓာတ်ဟာ ဝမ်းကိုပျော့စေတာမို့ ရေအသောက်နည်းတဲ့အခါ ဝမ်းချုပ်တာ၊ ဝမ်းမာတာနဲ့ အားစိုက်ပြီးညှစ်ရတဲ့ အတွက်  စအိုကွဲတာတွေပါ ဖြစ်စေပါ တယ်။

.

.

ကျွန်မတို့ခန္ဓာကိုယ်မှာြွကက်သားတွေ ဟာ ရေဓာတ် ၇၅ ရာခိုင်နှုန်း၊  သွေးဟာ ရေဓာတ် ၈၂ ရာခိုင်နှုန်း၊ အဆုတ်က ရေဓာတ် ၉၀ ရာခိုင်နှုန်း၊ ဦးနှောက်ဟာ ရေဓာတ် ၇၆ ရာခိုင်နှုန်း၊ အရိုးတွေဟာ ရေဓာတ် ၂၅ ရာခိုင်နှုန်းနဲ့ တကိုယ်လုံး အနေနဲ့က ရေဓာတ် ၆၀ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဒါတွေကိုကြည့်ရင် အသက်ရှင် ကျန်းမာဖို့အတွက်က ရေဓာတ်ဟာ မရှိရင် မဖြစ်တဲ့အရာဆိုတာ သိသာလှတာကြောင့် တစ်နေ့တာရဲပအစ မနက်ခင်းလေးမှာ အရေးပါလှတဲ့ ရေဓာတ်ကို မပျက်မကွက် ဖြည့်ဆည်းပေးသင့်ကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။

.

.

မေတ္တာဖြင့်…

ဒေါက်တာစိမ့်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *