မန်ကျည်းရွက်ကို ဘာကြောင့် စားသင့်တာလဲ

မန်ကျည်းရွက်နုလေးတွေကို သုပ် စားတာ၊ သနပ်ရွက်နဲ့ ငါးစင်ရိုင်းလေးခတ် ပြီး အချဉ်ဟင်းချက်စားတာတွေက ထ မင်းမြိန်စေတဲ့ရာသီစာတွေပဲ ဖြစ်ပါတယ်။ မန်ကျည်းသီးကလည်း အိမ်တိုင်းရဲ့ မီးဖို ချောင်မှာ မပါမဖြစ်ပါ။ မန်ကျည်းသီးမှာ ဆေးဖက်ဝင်ကောင်းကျိုးအာနိသင်တွေ များစွာရှိသလို မန်ကျည်းရွက်မှာလည်း ကောင်းကျိုးအာနိသင်တွေ များစွာ ရှိပါ တယ်။ မန်ကျည်းရွက်ကနေ ဘယ်လို ကောင်းကျိုးတွေ ရရှိနိုင်လဲဆိုတာ သိရှိ စေဖို့ ရေးသားလိုက်ပါတယ်။

အင်ဆူလင်အာနိသင် ပိုကောင်းစေတယ်
မန်ကျည်းရွက်စားတဲ့အခါ ခန္ဓာ ကိုယ်က အင်ဆူလင်ရဲ့ အာနိသင်ကို ပိုမို ထိထိရောက်ရောက်ရရှိစေပါတယ်။ အင် ဆူလင်က သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းပေးပါတယ်။ ဒါ ကြောင့် ဆီးချိုရောဂါရှိသူတွေနဲ့ အကြို ဆီးချိုအဆင့်ရှိသူတွေအနေနဲ့ မန်ကျည်း ရွက်ကို စားသုံးဖို့ သင့်တော်ပါတယ်။

ဓမ္မတာကြောင့်နာကျင်ကိုက်ခဲမှုကို သက် သာစေတယ်
မန်ကျည်းရွက်မှာ ရောင်ရမ်းမှုလျော့ နည်းစေတဲ့အာနိသင်နဲ့ နာကျင်မှုသက် သာစေတဲ့ အာနိသင်တွေ ရှိပါတယ်။ မန် ကျည်းရွက်က ဓမ္မတာလာတာကြောင့် ခံစားရတဲ့ နာကျင်ကိုက်ခဲမှုတွေကို သက် သာစေပါတယ်။ ရာသီလာချိန်ကိုက်ခဲနာ ကျင်မှု သက်သာအောင် မန်ကျည်းရွက် ကို သင်္ဘောရွက်နဲ့ရောပြီး ဆားအနည်း ငယ်ထည့်ကာ သဘာဝအိမ်သုံးဆေးနည်း အဖြစ်လည်း အသုံးပြုတတ်ကြပါတယ်။

အဆစ်အမျက်တွေ ရောင်ရမ်းနာကျင်မှု သက်သာစေတယ်
အဆစ်အမျက်တွေ ရောင်ရမ်းနာ ကျင်နေပါက မန်ကျည်းရွက်ကို အသုံးပြု နိုင်ပါတယ်။ မန်ကျည်းရွက်ကို ရေနွေး ကြမ်းထဲ ခတ်သောက်တာဖြစ်စေ၊ ရောင် ရမ်းနာကျင်နေတဲ့ အဆစ်အမျက်တွေ ပေါ် အုံပေးတာဖြစ်စေ ပြုလုပ်နိုင်ပါတယ်။

ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေ တယ်
မန်ကျည်းရွက်ကနေ ဗီတာမင် စီကို ကောင်းစွာ ရရှိနိုင်ပါတယ်။ မန်ကျည်း ရွက်က သွားဖုံးရောင်ရမ်းတာ၊ သွေး ထွက်တာ စတဲ့ သွားဖုံးပြဿနာတွေကို ကင်းစေပြီး သွားနာသွားကိုက် မဖြစ် အောင်လည်း ကာကွယ်နိုင်ပါတယ်။
ခန္ဓာကိုယ်ခုခံအားစနစ်ကို အားကောင်း စေတယ်
မန်ကျည်းရွက်မှာပါဝင်တဲ့ ဗီတာမင် စီက ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို အား ကောင်းစေပါတယ်။ မန်ကျည်းရွက်ကို ပုံမှန်စားသုံးပေးပါက ခန္ဓာကိုယ်တွင်းကို ပိုးမွှားတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးထားနိုင်ပါတယ်။

အနာကျက်မြန်စေတယ်
မီးလောင်ဒဏ်ရာ အနည်းငယ်နဲ့ အနာသေးသေးတွေအတွက်လည်း မန် ကျည်းရွက်ကို အုံပေးနိုင်ပါတယ်။ ပိုးမွှား တွေကို သေစေတဲ့အာနိသင်ရှိတာ ကြောင့် အနာကျက် မြန်စေတာဖြစ်ပါ တယ်။

အရေးကြောင်းတွေ မဖြစ်အောင် ကာကွယ် နိုင်တယ်
မန်ကျည်းရွက်က အရေပြားပေါ်က အနာနဲ့ ဒဏ်ရာတွေအတွက်သာ သုံး နိုင်တာ မဟုတ်ပါဘူး။ အရေပြားပြဿနာ တွေအပြင် အရွယ်အိုမင်းသယောင်ဖြစ် စေတဲ့ မျက်နှာပေါ်က အရေးကြောင်း တွေကို မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ အင်တီအောက်ဆီးဒင့်တွေလည်း မန် ကျည်းရွက်မှာ များစွာပါဝင်ပါတယ်။

နှလုံးရောဂါ မဖြစ်အောင် ကာကွယ်နိုင် တယ်
မန်ကျည်းရွက်မှာ ရောင်ရမ်းမှုလျော့ နည်းစေတဲ့အာနိသင်ရှိတယ်ဆိုတာ ရှေ့မှာရေးပြခဲ့ပြီးပါပြီ။ အဲဒီအာနိသင် ကြောင့်ပဲ သွေးဖိအားနဲ့ သွေးတွင်းကို လက်စထရောပမာဏကို လျော့နည်းစေ လို့ နှလုံးရောဂါဖြစ်ပွားမှုတွေ မဖြစ် အောင် ကာကွယ်နိုင်တာ ဖြစ်ပါတယ်။

ငှက်ဖျားရောဂါ ကုသနိုင်တယ်
မန်ကျည်းရွက်ကို ငှက်ဖျားရောဂါ ကုသဖို့အတွက် ရှေးခေတ်ကတည်းက သုံးခဲ့ကြပါတယ်။ ဒီနေ့ခေတ်မှာလည်း မန်ကျည်းရွက်ကို ငှက်ဖျားရောဂါအတွက် အသုံးပြုနိုင်တယ်ဆိုတာကို သိပ္ပံပညာ ရှင်တွေက ဖော်ထုတ်ခဲ့ပြီးပါပြီ။ မန် ကျည်းရွက်က ခြင်တွေဆီကို ငှက်ရောဂါ ပိုးမွှားတွေ မကူးစက်အောင် တားဆီးပေး နိုင်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *