မိတ်ကပ်မလိမ်းဘဲလှနေဖို့ ဒီ(၁၀)ချက်ကိုလိုက်နာပါ

မိတ်ကပ်တွေမလိမ်းဘဲ အသားအရေကောင်းဖို့ဆိုရင် လို အပ်တဲ့ အဓိကအချက်တွေရှိပါတယ်။ သူတို့က –
(၁) ဆဲလ်သေဖယ်ရှားပါ။ အရေပြားမှာ ဆဲလ်အသေတွေရှိနေ ရင် ညစ်ထပ်ထပ်ဖြစ်နေပါလိမ့်မယ်။ ဆဲလ်သေတွေ ဖယ် ရှားဖို့ Facial Scrub ကို တစ်ပတ်တစ်ကြိမ် ပုံမှန်အသုံး ပြုပါ။
(၂) အစိုဓာတ်ထိန်းခရင်မ်လိမ်းပါ။ အရေပြားမှာ သဘာဝအစို ဓာတ်ရှိပေမယ့် ရာသီဥတုဒဏ်အမျိုးမျိုးကို ခံနိုင်ရည်ရှိဖို့ အစိုဓာတ်ထိန်းခရင်မ်ကို နေ့စဉ်ပုံမှန်လိမ်းပေးပါ။
(၃) Serum လိမ်းပါ။ သူက အစိုဓာတ်ထိန်းခရင်မ်ထက် ပိုပြီး အာနိသင်ထိရောက်ပါတယ်။ သူ့ကို ညအိပ်ရာ ဝင်ခါနီး တိုင်းလိမ်းပေးပါ။ သူ့ကို မျက်နှာသစ်ပြီး အရေပြား အေး နေတုန်းမှာလိမ်းပေးပါ၊ နောက်ပြီး Facial Scrub အသုံး ပြုပြီးလိမ်းပေးပါ။ အရေပြားထဲ ပိုပြီးစိမ့်ဝင်စေပါတယ်။
(၄) ကျန်းမာရေးနဲ့ ညီညွတ်တာကို စားပါ။ အချို၊ အငန်၊ အဆီ အအိမ့်များတဲ့စားစရာတွေက အရေပြားကို ထိခိုက်စေပါ တယ်။ အရေပြားမှာ ရေဓာတ်ခန်းခြောက်စေတဲ့ အရက် သောက်တာ၊ ဆေးလိပ်သောက်တာ၊ ကဖင်းဓာတ်အလွန် အမင်းသောက်သုံးတာ ရှောင်ပါ။
(၅) ရေများများသောက်ပါ။ တစ်နေ့ကို အနည်းဆုံး ရေရှစ်ဖန် ခွက် (2 Litres) သောက်ပေးပါ။ အရေပြားလှနေဖို့ ရေ ဓာတ်ပြည့်ဝဖို့က အဓိက ကျပါတယ်။
(၆) ဖြည့်စွက်ဆေးသောက်ပါ။ အစာစားတာကနေ အရေပြား အတွက် လိုအပ်တဲ့ဓာတ်တွေ အကုန်ရဖို့က ခက်တတ်ပါ တယ်။ အရေပြားအားဖြည့်စေတဲ့ ဗီတာမင် စီ၊ ဗီတာမင် အီး၊ ကိုလာဂျင်၊ ဘိုင်အိုတင် စတာတွေပါတဲ့ ဖြည့်စွက် ဆေးသောက်ပေးပါ။
(၇) Face Masks တွေ ကပ်ပါ။ နေ့စဉ် မကပ်နိုင်ရင်တောင် နှစ်ရက်ခြား၊ သုံးရက်ခြားတစ်ခါ ကပ်ပေးပါ။ Face Masks တွေ အမျိုးမျိုးရှိတာမှာ သင့်အသားအရေနဲ့ ကိုက်ညီတာရွေးချယ်ပါ။ ကပ်ထားပြီး ပြန်ခွာတဲ့အခါ မျက် နှာကို ပြန်သန့်စင်ပေးဖို့တော့ မမေ့ပါနဲ့။
(၈) နှုတ်ခမ်းသားစိုပြည်နေအောင်ဂရုစိုက်ပါ။ နှုတ်ခမ်းနီ မဆိုး ခင်မှာ Lip Balm တစ်မျိုးမျိုး အရင်ခံလိမ်းပါ။ ညအိပ်ရာ ဝင်တိုင်းလည်း အစိုဓာတ်ပေးတဲ့ Lip Balm လိမ်းအိပ်ပါ။
(၉) သွားကျန်းမာရေးကို ဂရုစိုက်ပါ။ သွားတွေဖြူဖွေးနေစေဖို့ ရယ် သန့်ရှင်းနေစေဖို့ရယ် အမြဲအလေးထားပါ။
(၁၀) ပြုံးရယ်ပါ။ အကောင်းမြင်စိတ်ရှိသူတွေဟာ အမြဲတမ်း ရွှင်ရွှင်ပျပျနဲ့ လန်းဆန်းနေပါတယ်။ ပြုံးရွှင်နေသူတိုင်းဟာ လှနေစမြဲပါ။

Darliko

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *