မိတ်ကပ်လိမ်းခြယ်ရာမှာ အသုံးဝင်နိုင်မယ့် Beauty Tips များ

အင်တာနက်တွေအသုံးပြုများလာတာ နဲ့အမျှ လူအများက အသုံးဝင်နိုင်မယ့် အ ကြောင်းအရာတွေကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ မျှဝေတတ်ကြပါတယ်။ ဒီထဲက အသုံးဝင် နိုင်မယ့် Beauty Tips လေးတွေကို ရွေး ချယ်ပြီးဖော်ပြပေးလိုက်ပါတယ်။ သင့်အ နေနဲ့ ငွေကုန်ကြေးကျများတဲ့ အလှ ကုန်ပစ္စည်းတွေ ဝယ်သုံးစရာမလိုအောင် ဒါမှမဟုတ် အလှအပအတွက် ခွဲစိတ်ပြု ပြင်စရာမလိုအပ်အောင် ဒီ Tips တွေက အသုံးဝင်ပါလိမ့်မယ်။

ဝက်ခြံပျောက်ကင်းအောင် မုန့်ဖုတ် ဆော်ဒါနဲ့ သွားတိုက်ဆေးကို အသုံး ပြုပါ
သင့်မျက်နှာမှာ တစ်ချိန်လုံး ဝက်ခြံ ပေါက်နေလို့ စိတ်ညစ်နေပါသလား။ မုန့် ဖုတ်ဆော်ဒါနဲ့ သွားတိုက်ဆေး ရောစပ် ထားတဲ့အနှစ်ကို မွေးပွသွားတိုက်သွား ပွတ်တံကို အသုံးပြုပြီး မျက်နှာပေါ်မှာ လိမ်းကာ မိနစ်အနည်းငယ်ထားပါ။ ပြီး ရင် ကြက်သီးနွေးရေနဲ့ ပြန်လည်ဆေး ကြောလိုက်ပါ။

သတိပြုရန် 

တချို့သွားတိုက်ဆေး တွေက အထိအခိုက်လွယ်တဲ့အရေပြား ပိုင်ရှင်တွေကို ယားယံမှု ဖြစ်စေနိုင်ပါ တယ်။ အဲဒီလိုဖြစ်ခဲ့ရင် ဒီနည်းလမ်းကို အသုံးမပြုပါနဲ့။

နှုတ်ခမ်းသားလေးဖူးလာအောင် ခက် ရင်း အသုံးပြုပါ
အခုခေတ်ကာလမှာ နှုတ်ခမ်းဖူးဖူး လေးပိုင်ဆိုင်မှ လှတယ်လို့ ထင်ကြတာ ကြောင့် ငွေကြေးချမ်းသာသူတွေ၊ ရုပ်ရှင် မင်းသမီး မော်ဒယ်လ်တွေက နှုတ်ခမ်းကို ခွဲစိတ်ပြုပြင်လာကြပါပြီ။ ခွဲစိတ်ရမှာ ကြောက်ရွံ့သူ ဒါမှမဟုတ် ငွေကုန်ကြေး ကျမခံလိုသူတွေအတွက် ခက်ရင်းကို အသုံးပြုပြီး နှုတ်ခမ်းသားလေးဖူးလာ အောင် ပြုလုပ်လို့ရပါတယ်။ နှုတ်ခမ်းကို မိနစ်အနည်းငယ်ခန့် ခက်ရင်းနဲ့ပုတ်ပေး ရုံပါပဲ။ ဒီလိုပြုလုပ်တာကြောင့် နှုတ်ခမ်း တစ်ဝိုက် သွေးလှည့်ပတ်မှု ကောင်းမွန် နိုင်ပြီး နှုတ်ခမ်းသားလေး ပြည့်လာနိုင် ပါတယ်။ နှုတ်ခမ်းပြည့်လာပြီး နောက် ပိုင်း သင်ကြိုက်နှစ်သက်တဲ့ နှုတ်ခမ်းနီ ကိုဆိုးလိုက်ပါ။

ဝက်ခြံမှ အနီစက်တွေ ပျောက်ကင်း အောင် မျက်စဉ်းဆေးကို အသုံးပြုပါ
ဝက်ခြံကြောင့် မျက်နှာမှာ အနီ ရောင် အစက်အပြောက်တွေ ဖြစ်ပေါ် နေရင် မျက်စဉ်းဆေးကို ဝါဂွမ်းတံမှာ ဆွတ်ပြီး အဲဒီပေါ်မှာ တို့ပေးပါ။ ဝက်ခြံ ကြောင့် နီရဲတာတွေ သက်သာသွားနိုင် တဲ့အပြင် ရောင်ရမ်းမှုတွေပါ လျော့ကျ သွားနိုင်ပါတယ်။

မျက်တောင်ကော့ရာမှာ ကြာရှည်ခံ အောင် Hair dryer ကိုအသုံးပြုပါ
မျက်တောင်ကော့ကော့လေး ဖြစ် နေမှ အလှအပက ပိုပေါ်လွင်နိုင်ပါတယ်။ ဒါပေမဲ့ ကော့ထားတဲ့မျက်တောင်က ကြာ ရှည်မခံခဲ့ရင် အောက်ပါနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။
မျက်တောင်ကော့တံကို အသုံးမပြု ခင်မှာ Hair dryer နဲ့ အပူပေးလိုက်ပါ။ ပူနေတဲ့ မျက်တောင်ကော့တံကို အသုံး ပြုထားတာကြောင့် ကော့ထားတဲ့မျက် တောင် ကြာရှည်ခံနိုင်ပါတယ်။

အိုင်းလိုင်နာနဲ့ Cat eyes ပြုလုပ် ရာမှာ လှလှပပဖြစ်ဖို့ ကလစ်ကိုအ သုံးပြုပါ
အိုင်းလိုင်နာကို အသုံးပြုတဲ့အခါ မှာ ညီညီညာညာဖြစ်ဖို့အတွက် အထူး ဂရုစိုက်ရပါတယ်။ လက်မငြိမ်တဲ့သူ တွေဆိုရင်ပိုဆိုးပါတယ်။ ဒီပြဿနာကို ဆံပင်ညှပ်တဲ့ကလစ်က ကူညီနိုင်ပါတယ်။ ဆံညှပ်ကို အိုင်းလိုင်နာဆိုးပြီး သင့်မျက် လုံးရဲ့ အနားစွန်းပေါ်မှာ ပုံပါအတိုင်းတင် လိုက်ပါ။ ပြီးရင် အတွင်းသားတွေကို အိုင်းလိုင်နာလိုက်ဖြည့်လိုက်ပါ။ အင်မ တန်လှပသပ်ရပ်တဲ့ Cat eyes လေး ရရှိ နိုင်ပါတယ်။

ရောင်စုံခဲတံနဲ့ နှုတ်ခမ်းနီရောင်စုံရ အောင် ပြုလုပ်ပါ
ခဲတံရောင်စုံကို အသုံးပြုပြီး နှုတ် ခမ်းနီပြုလုပ်နိုင်တယ်ဆိုတာ သင် သိပါ ရဲ့လား။ အုန်းဆီတော့လိုတာပေါ့။ ရောင် စုံခဲတံထဲက ခဲသားတွေကို အမှုန့်ခြေပြီး အုန်းဆီနဲ့ရောမွှေလိုက်ပါ။ (သင်လိုချင် တဲ့ အပျော့အမာအနေအထားရရှိဖို့ အုန်း ဆီပမာဏကို အတိုးအလျှော့ပြုလုပ်နိုင် ပါတယ်)။ ပြီးရင် ဝါဂွမ်းတံကိုအသုံးပြုပြီး သင့်နှုတ်ခမ်းပေါ်မှာ ဆိုးလိုက်ပါ။ ရောင် စုံခဲတံတွေထဲက သင်ကြိုက်နှစ်သက်တဲ့ အရောင်ကို နှုတ်ခမ်းနီဆိုးလို့ရပါပြီ။

မျက်တောင်ကော့ဆေးဆိုးဖို့အတွက် ပလတ်စတစ် ဇွန်းကို အသုံးပြုပါ
မျက်တောင်ကို Mascara ဆိုးတဲ့ အချိန် မကြာအောင် ပလတ်စတစ်ဇွန်းကို မျက်တောင်အောက်မှာ ခံပြီးဆိုးပါ။ ဒီလို ပြုလုပ်တာက မျက်လုံးဘေးနေရာတွေ ကို Mascara တွေ စွန်းထင်းမှုမရှိ အောင် ကာကွယ်နိုင်ပါတယ်။

ဆံနွယ်တွေသပ်သပ်ရပ်ရပ်ဖြစ်အောင် သွားတိုက်သွားပွတ်တံကိုအသုံးပြုပါ
သင့်ဆံပင်ကို ဆံထုံးထုံးတာလိုမျိုး အလှပြင်အပြီးမှာ ဘေးမှာ ဆံနွယ်တွေ ကျနေရင် ဆံပင်တွေ သပ်သပ်ရပ်ရပ် ဖြစ်သွားအောင် သွားတိုက်သွားပွတ်တံ နဲ့ဖြီးပြီး အုပ်သိမ်းနိုင်ပါတယ်။ ပြီးရင် တော့ hair sprayဖျန်းလိုက်ပါ။

လှပတ္တမြား

 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *