မိတ်ကပ်အကူအညီမပါဘဲပါးအို့နီနီရဲရဲလေးနဲ့လှပနေစေဖို့

မိန်းကလေးတိုင်းက ပါးအို့နီနီရဲရဲ လေးနဲ့ဆို အရမ်းလှသွားတယ်လို့ ခံစား ကြရပါတယ်။ ဒါကြောင့်လည်း မိတ်ကပ် လိမ်းပြီး အလှပြင်တဲ့အခါမှာ ပါးနီက မပါ မဖြစ် လိမ်းခြယ်ကြပါတယ်။ ပါးနီမလိမ်း ဘဲနဲ့ ပါးအို့နီနီရဲရဲလေးဖြစ်နိုင်တဲ့နည်း လမ်းကောင်းလေးတွေလည်း ရှိတာမို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ အာဟာရပြည့်ဝအောင်စားသောက်ခြင်း
ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရ ပြည့်ဝတဲ့အစာစားတာက အသားအရေနဲ့ ခန္ဓာကိုယ်လှပဖို့အတွက် အဓိကသော့ ချက်ဖြစ်ပါတယ်။ သင့်အနေနဲ့ ကိုယ်အ လေးချိန်ချဖို့ အစာလျှော့စားနေရင် တောင်မှ အစာနပ်မရှောင်မိပါစေနဲ့။ အစာနပ်ရှောင်တာက ကျန်းမာရေးအ တွက် ဘယ်တော့မှ မကောင်းပါဘူး။ တစ်နေ့တာလုံးအတွက် မနက်စာ၊ နေ့ လယ်စာ၊ အဆာပြေစာနဲ့ ညစာဆိုပြီး အနည်းဆုံး လေးကြိမ်လောက် စားသင့် ပါတယ်။ သင့်ဗိုက်ထဲက တဂွီဂွီမြည်တဲ့ အထိ ဆာလောင်အောင် မနေသင့်ပါဘူး။ အဲဒီလိုမြည်နေခါမှ အစာစားရင်တော့ အလွန်အကျွံစားသောက်မိနိုင်ပါတယ်။ အောက်ပါတို့အစားအစာတွေဟာ သင့် အသားအရေတောက်ပြောင်ဝင်းလက် စေနိုင်မယ့်အစာတွေပါ။
– အမဲသား၊ ဆိတ်သားလိုမျိုးအနီရောင် အစားအစာတွေကို လျှော့စားပြီး ငါးနဲ့ ကြက်သားကို ပိုမိုစားသုံးပါ။
– သင်စားမယ့်အစာထဲမှာ ပဲပင်ပေါက် ထည့်စားပါ။ သူတို့မှာ ပရိုတင်းများစွာ ပါဝင်ပါတယ်။
– အဆီပါဝင်မှုနည်းတဲ့နွားနို့နဲ့ ဒိန်ချဉ် လိုမျိုး နို့နဲ့နို့ထွက်ပစ္စည်းပါဝင်အောင် စားသုံးပေးပါ။
– ပဲနီလေးကို ပါဝင်အောင်စားပေးပါ။ ဒါမှ နေ့စဉ် ပရိုတင်းကို လုံလုံလောက် လောက်ရရှိမှာပါ။

၂။ လေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် ရေဓာတ် ဖြည့်တင်းခြင်း
လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပြီး ခန္ဓာ ကိုယ်တွင်း ရေဓာတ်ပြည့်ဝအောင် ဖြည့် ပေးတာက အသားအရေ တောက်ပြောင် ပြီး လှပနိုင်ပါတယ်။

၃။ ဆဲလ်သေများကို ဖယ်ရှားခြင်း
အရေပြားကို ပုံမှန်ကြေးချွတ်ပြီး ဆဲလ်သေတွေကို ဖယ်ရှားတာက အရေ ပြားပျော့ပျောင်း နူးညံ့ပြီး နှင်းဆီသွေး ရောင်ပါးအို့လေး ဖြစ်လာမှာ မလွဲပါဘူး။ ဒါပေမဲ့ ဒီလိုလုပ်တဲ့အခါမှာ အသာအယာ သာ ပွတ်တိုက်သင့်ပါတယ်။ ထုတ်ကုန် ပစ္စည်းအပြင်းစားကို မသုံးမိဖို့တော့ လိုအပ်ပါတယ်။ နေ့စဉ် ပြုလုပ်ဖို့ မလို အပ်ပါဘူး။ တစ်ပတ် တစ်ကြိမ်-နှစ် ကြိမ်သာ ပြုလုပ်သင့်ပါတယ်။

၎။ အပျော့စားကြေးချွတ်ခြင်း
ဒီလိုပြုလုပ်တာကြောင့် ပါးအို့နီ နီလေးရရှိနိုင်ပါတယ်။
– ပန်းသီးရှလကာရည်ဆွတ်ထားတဲ့ ဝါဂွမ်းစကို သင့်ပါးပြင်ပေါ်မှာ သုတ်လိမ်း လိုက်ပါ။ ပါးအို့နီနီလေးကို သဘာဝအ တိုင်း ရရှိလာပါလိမ့်မယ်။
ယားယံရင်တော့ ဆက်လက်အသုံး မပြုပါနဲ့။
– ပန်းသီးရှလကာရည်နေရာမှာ
ရှောက်ရည်ကို အသုံးပြုနိုင်ပါ တယ်။ ဒါပေမဲ့ သူ့ကိုအသုံး ပြုပြီးပြီးချင်း နေပူထဲမ ထွက်ပါနဲ့။

၅။ ချို့တဲ့နေသော အာ ဟာရဓာတ်များကိုပြန်လည် ဖြည့်စွက်ခြင်း
အရေပြားကို သဘာဝအတိုင်း တောက်ပြောင်ဝင်းလက်ဖို့အ တွက် ဗီတာမင် စီနဲ့ အီးကတော့ မရှိမဖြစ် လိုအပ်ပါတယ်။ သင့်အနေနဲ့ သင့်နှုတ် ခမ်းအရေပြားတွေ ကွဲနေတာ ဒါမှမဟုတ် မျက်နှာအရေပြားတွေ ပုံမှန်ထက်ပိုပြီး ခြောက်သွေ့နေတာတွေဖြစ်နေရင် ဗီ တာမင် စီ နဲ့ ဗီတာမင် အီး ဓာတ်ချို့တဲ့ နေတာကြောင့်ပါ။ ဗီတာမင်အားဖြည့် ဆေးတွေ မှီဝဲနိုင်ပါတယ်။
– ဗီတာမင် စီ များစွာပါဝင်တဲ့ လိမ္မော် ခွံကို နွားနို့မလိုင်အနည်းငယ်၊ ဗီတာမင် အီး(ဆေးတောင့်ကို ဖောက်ပြီး အသုံးပြု ပါ)ရောစပ်ပြီး ရလာတဲ့အနှစ်ကို ပါးပြင် ပေါ်မှာ လိမ်းပြီး မိနစ် ၂၀လောက်ထားပါ။
– ပြီးရင် ကြက်သီးနွေးရေနဲ့ ဆေး ကြောလိုက်ပါ။

၆။ ဒေါသနှင့် စိတ်ဖိစီးမှုကို ထိန်းချုပ်ခြင်း
ဒေါသကြီးတာနဲ့ စိတ်ဖိစီးမှုများတာ က အရေပြားကို ညစ်နွမ်းစေနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ ဒေါသလျှော့ပါ။ စိတ်ဖိစီးမှုနည်းအောင် နေထိုင်ပါ။ ယောဂကျင့်စဉ်ပြုလုပ်တာ ဒါမှမဟုတ် တရားထိုင်တာမျိုးတွေ ပြုလုပ်ပါ။ အိပ် ရေးဝတာကလည်း အရေးတကြီး လိုအပ် တဲ့အတွက် အိပ်ချိန်အပြည့်အဝရရှိ အောင် အိပ်ပါ။ အိပ်ရေးဝတာကြောင့် မနက်အိပ်ရာထမှာ အရေပြားဝင်းလက် တောက်ပြောင်ချောမွေ့မှုရှိနိုင်ပါတယ်။ ဒါ့အပြင် အိပ်နေစဉ်အတွင်းမှာ အရေ ပြားက ထုတ်ပေးတဲ့အဆီတွေကြောင့် အရေပြားအတွင်း အာဟာရပြည့်ဝသွား နိုင်ပါတယ်။

၇။ နှိပ်နယ်ခြင်း
အရေပြားအတွင်း သွေးလှည့်ပတ် မှုကောင်းမွန်တာကလည်း အရေပြား တောက်ပြောင်ဝင်းလက်ဖို့အတွက် လျှို့ ဝှက်ချက်တစ်ခုပါပဲ။
– သင့်ပါးပြင်ကို နာရီလက်တံလှည့်တဲ့ အတိုင်းနဲ့ နာရီလက်တံပြောင်းပြန်လှည့် တဲ့အတိုင်း နှိပ်နယ်ပေးပါ။
ရက်ပိုင်းအတွင်း ပါးအို့နီနီရဲရဲလေး ရရှိလာနိုင်ပါတယ်။

လှပတ္တမြား

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *