မိန်းကလေးတိုင်း သိထားသင့်သည့် စိတ်ဝင်စားဖွယ်ကျန်းမာရေး ဆက်စပ်မှုများ

ပျိုမေတို့ ဘ၀တစ်လျှောက်လုံး သင့်တင့်မျှတပြီး လှပပျော်ရွှင်နေစေဖို့ ကျန်းမာရေးဆောင်ရွက်တာတွေ ပြုလုပ် တဲ့အခါ တချို့ကြားဖူးနားဝကျန်းမာရေး ဆက်စပ်မှုတွေက တကယ် ဟုတ်၊ မဟုတ် လေ့လာချက်တွေ ပြုလုပ်ထားတာကြောင့် ဘာတွေလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်။

လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် ပြုလုပ် တာက ရာသီစက်ဝန်းကို ထိခိုက်စေတယ်

လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်တာဟာ ရာသီစက်ဝန်းကို ပုံမှန်ဖြစ်စေရုံသာမက နာကျင်မှုတွေကိုပါ သက်သာလျော့ပါးစေ တာကြောင့် ခန္ဓာကိုယ်အတွက် အကျိုးရှိ တယ်ဆိုတာ သိပြီးသား ဖြစ်မှာပါ။ ဒါပေ မဲ့ အလွန်အကျွံပြုလုပ်ရင်တော့ ဟော်မုန်း ထုတ်နှုန်းကို မငြိမ်မသက်ဖြစ်ပြီး ရာသီ စက်ဝန်း မမှန်တာ၊ နာကျင်မှုပြင်းထန်တာ မျိုး ဖြစ်တတ်ပါတယ်။ ဒီတော့ ရာသီလာ နေတဲ့အချိန်မှာ လေ့ကျင့်ခန်း ပြုလုပ်တာ ကို ရပ်တန့်လိုက်တာမျိုးမဟုတ်ဘဲ ပြင်း ပြင်းထန်ထန်ပြုလုပ်ရတဲ့ လေ့ကျင့်ခန်း တွေအစား သက်သောင့်သက်သာရှိတဲ့ လေ့ကျင့်ခန်းတွေကို နာရီဝက်ခန့် ပြု လုပ်ပြီး အနားယူပေးသင့်တယ်လို့ ကျွမ်း ကျင်သူတွေက အကြံပြုထားပါတယ်။

အသက်ကြီးလာတာနဲ့အမျှ အစာအိမ်က အ ရက်ကို ချေဖျက်ဖို့ ခက်လာတယ်

ဝိုင်ကို တစ်နေ့ တစ်ခွက် ပုံမှန်သောက် ပေးတာဟာ ကျန်းမာရေးအတွက် ကောင်း တယ်လို့ အကြံပြုချက်တွေ ရှိပါတယ်။ ဒါ ပေမဲ့ အမျိုးသမီးတွေအနေနဲ့ အသက် လေးဆယ်ကျော်လာတာနဲ့အမျှ တစ်နေ့ တစ်ခွက် ပုံမှန်သောက်တာဟာ အစာ အိမ်ထဲမှာ သက်သောင့်သက်သာ မရှိသ လို ခံစားရနိုင်တယ် လို့လေ့လာသူတွေက ဆိုပါတယ်။
]]အယ်လ်ကိုဟောဟိုက်ဒရိုလိုက်စ် လို့ခေါ်တဲ့အရက်ကို ချေဖျက်နိုင်တဲ့အင်ဇိုင်း တစ်မျိုး ခန္ဓာကိုယ်ထဲမှာရှိတဲ့ရာခိုင်နှုန်းဟာ အသက်ရလာတာနဲ့အမျှ အမျိုးသမီး တွေမှာ အမျိုးသားတွေထက် လျော့နည်း သွားလာလေ့ရှိတယ်}} လို့ ရေးလ်တက္က သိုလ်မှ ဒေါက်တာကတ်စ်ကဆိုပါတယ်။ ဒါကြောင့် အရက် ဒါမှမဟုတ် ဝိုင်သောက် တဲ့အခါ ခန္ဓာကိုယ်ထဲမှာ ချေဖျက်တဲ့နှုန်း နှေးပြီး ဝမ်းဗိုက်နေလို့ထိုင်လို့မကောင်း ရတာ ဖြစ်ပါတယ်။ ဒီလိုအဖြစ်မျိုးကင်းဝေး ရအောင် တစ်နေ့တစ်ခွက်အစား သုံးရက် နေမှ တစ်ခွက်၊ တစ်ပတ် တစ်ခွက်လောက် သာ သောက်သင့်ပါတယ်။

ရင်သားအခြေအနေကြောင့် ခန္ဓာကိုယ် တွင်း ကျန်းမာရေးကို သိနိုင်တယ်

မိမိရဲ့ရင်သားအခြေအနေက ခန္ဓာ ကိုယ်ထဲက တခြားမမြင်ရတဲ့ အင်္ဂါအစိတ် အပိုင်းတွေရဲ့ ကျန်းမာရေးနဲ့ ဆက်စပ်မှု များစွာရှိတယ်လို့ လေ့လာသူတွေကဆိုပါ တယ်။ ဥပမာ မိမိရင်သားက နဂိုကထက် အရွယ်အစား အနည်းငယ် ကြီးလာတယ် လို့ ခံစားနေရရင် ကိုယ်အလေးချိန်တက် နေတာ ဖြစ်ပါတယ်။ ဒါမှမဟုတ် မိမိဝတ် ထားတဲ့ ဘော်လီ၊ ဘရာစီယာတွေနဲ့ ဓာတ် မတည့်တာတွေ ဖြစ်နေပြီလားဆိုတာ ဆန်းစစ်နိုင်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ရင်သားက ပုံမှန်ထက် တစ်ခုခုထူးခြားနေ ရင်တော့ အချိန်မဆွဲဘဲ ကျွမ်းကျင်တဲ့သူ တွေနဲ့ အမြန်ဆုံးတိုင်ပင်ဖို့ လို အပ်နေပါ ပြီ။

အူလမ်းကြောင်း ကျန်းမာတာဟာ ခန္ဓာ ကိုယ်တစ်ခုလုံး ကျန်းမာနေသလိုပါပဲ

အူလမ်းကြောင်းတစ်လျှောက်မှာရှိ နေတဲ့ ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေ က ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေ တာကြောင့် မကြာခဏဖျားနာတာမျိုး မ ဖြစ်အောင် ကာကွယ်ပေးထားနိုင်တယ်လို့ သိရပါတယ်။ ဒီတော့ အဲဒီအကျိုးပြု ပိုး ကောင်လေးတွေ ကောင်းကောင်းမွန်မွန် ရှင်သန်ပြီး အူလမ်းကြောင်းကို စောင့် ရှောက်နိုင်အောင် အကူအညီပေးနိုင်တဲ့ အစားအစာတွေဖြစ်တဲ့ ဒိန်ချဉ်၊ ဖြည့်စွက် စာ စတာတွေကို အလျင်းသင့်ရင် သင့်သ လို စားပေးသင့်ပါတယ်။

ငရုတ်ကောင်းက ဝမ်းဗိုက်အတွက် ကောင်း တယ်

နေ့လယ်စာ ဒါမှမဟုတ် ညစာ စားတဲ့အခါ ငရုတ်ကောင်းပါဝင်တဲ့ အ စားအစာတွေကို ရွေးချယ်စားပေးတာဟာ အစာအိမ်အတွက် ကောင်းတဲ့အပြင် ဝမ်း ဗိုက်က အဆီတွေကိုလည်း ကျစေတယ် လို့ သိရပါတယ်။ ငရုတ်ကောင်းမှာ ပိုက် ပါရင်လို့ ခေါ်တဲ့ ဓာတ်တစ်မျိုးက အဆီ ဆဲလ်အသစ်တွေ မဖြစ်အောင် တားဆီး ပေးနိုင်တာကြောင့် တချို့ဓာတ်စာတွေ မှာလည်း မကြာခဏထည့်စားတာမျိုးရှိ ပါတယ်။ ဒီတော့ ကိုယ်အလေးချိန် ကျ ချင်သူတွေအနေနဲ့ ငရုတ်ကောင်း အခြေ ခံပြုလုပ်ထားတဲ့အစာတွေစားတာ၊ တစ်နေ့ ကို အနည်းဆုံး ငရုတ်ကောင်းတစ်ဇွန်း ပါဝင်အောင် စားတာမျိုး ပြုလုပ်သင့်ပါ တယ်။ ဘူးသီးဟင်းခါးစတဲ့ဟင်းခါးရည် တွေသောက်တဲ့အခါ ထည့်သောက်တာ မျိုး၊ ငရုတ်ကောင်းထည့်ချက်ထားတဲ့ ရ ခိုင်မုန့်တီ၊ မြောင်းမြမုန့်ဟင်းခါးစားတာ မျိုးလည်း လုပ်နိုင်ပါတယ်။

ခြေသလုံးနာကျင်မှုကို လျစ်လျူမရှုပါနဲ့

ခြေသလုံး ကြွက်သားတွေ နာကျင် တဲ့အခါ ကြွက်တက်တာပဲဆိုပြီး ပရုတ်ဆီ လိမ်းနှိပ်နယ်ကာ နည်းနည်းသက်သာရင် ဒီအတိုင်း ထားလိုက်တာမျိုး ရှိပါတယ်။ ဒါပေမဲ့ ဒီလိုမကြာခဏနာကျင်တာက လည်း တစ်ခါနဲ့တစ်ခါ ပိုဆိုးလာတယ်ဆို ရင်တော့ ဆရာဝန်တွေနဲ့ ပြသဖို့ လိုအပ် နေပါပြီ။ တစ်ခါတလေ ဒီလိုနာကျင်တာ ဟာ သွေးပြန်ကြောထဲမှာ သွေးခဲတွေ ပိတ်ဆို့ပြီး ကြာလာရင် သွေးကြောဘေး ပတ်လည်မှာရှိတဲ့ အာရုံကြောတွေ ထိ ခိုက်ပြီး ပျက်စီးတာမျိုး ဖြစ်တတ်ပါတယ်။ ဒီကြောင့် ခြေသလုံးကြွက်သားတွေ နာ ကျင်တဲ့အခါ ဒီအတိုင်း ပေါ့ပေါ့တန်တန် မထားဘဲ တတ်ကျွမ်းသူတွေကို မေးမြန်း ပြီး စစ်ဆေးကြည့်သင့်ပါတယ်။

စိတ်ဖိစီးမှုက ခန္ဓာကိုယ် ဇီဝကမ္မဖြစ်စဉ်ကို အကြီးအကျယ် အနှောင့်အယှက်ဖြစ်စေတယ်

မကြာသေးခင်က လေ့လာတွေ့ရှိ ချက်အရ စိတ်ဖိစီးမှုများတဲ့အခါ ခန္ဓာ ကိုယ်မှာရှိတဲ့ အဆီပိုတွေကို ချေဖျက် ပေးတဲ့ ဇီဝကမဖြစ်စဉ်ကို နှေးကွေးစေ တာကြောင့် ကိုယ်အလေးချိန် မြန်မြန် တက်စေနိုင်တယ်လို့ သိရပါတယ်။ ဒါ ကြောင့် စိတ်ဖိစီးမှုများစေတဲ့ အပြုအမူ တွေ၊ အတွေးတွေကို ရပ်တန့်သွားအောင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လေ့ကျင့် ခန်းတွေ၊ ယောဂကျင့်စဉ်တွေကို တစ်နေ့ တစ်နာရီလောက် ပုံမှန်ပြုလုပ်သင့်ပါ တယ်။

မျက်ခမ်းလှုပ်တာက ကိုယ်တွင်းကျန်းမာ ရေးနဲ့ ဆက်စပ်နေလား

မျက်လုံးရဲ့ အောက်မျက်ခမ်းတွေ လှုပ်တာမျိုး မကြာခဏ ဖြစ်ဖူးကြမှာပါ။ တချို့ကတော့ အောက်မျက်ခမ်းတွေ လှုပ်ရင်း ကံမကောင်းဘူးလို့ ယုံတမ်းစကား နဲ့ အယူအဆတွေရှိပေမယ့် ဆေးဘက် ဆိုင်ရာကျွမ်းကျင်သူတွေရဲ့ လေ့လာချက် တွေမှာတော့ ဒီလိုအောက်မျက်ခမ်းတွေ လှုပ်တာဟာ မျက်စိညောင်းညာတာ ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ မျက်စိ ကို အလုပ်များပြီး ဝန်ပိစေတာ၊ စူးရှတဲ့ အလင်းရောင်တွေကို အကာအကွယ် မပါဘဲ ထိတွေ့ရတာ၊ ကဖီး၊ အရက် စ တာတွေ အလွန်အကျွံ သောက်တာတွေ ကြောင့်လည်း ဖြစ်တတ်တယ်လို့ သိရပါ တယ်။ ဒီတော့ ဒီလိုမဖြစ်အောင် အဓိက ပြုလုပ်နိုင်တာကတော့ ရေများများသောက် ပေးတာ ဖြစ်ပါတယ်။ နဂိုသောက်နေကျ ပမာဏထက် ရေတစ်ခွက်လောက် ပို သောက်ပေးပြီး မျက်ခမ်းမလှုပ်အောင် ကာကွယ်နိုင်ပါတယ်။

ဖုန်းကြာကြာပြောတာက အရေပြားကို ထိ ခိုက်စေတယ်

ဖုန်းအကြာကြီး ပြောတာက အဓိက ဖုန်းနဲ့ ထိကပ်နေရတဲ့ မျက်နှာပြင် အသား အရေကို ဖုန်မှုန့်တွေ ကပ်ငြိပြီး အခန့်မ သင့်ရင် ဓာတ်မတည့်တာတွေ ဖြစ်စေနိုင် ပါတယ်။
ဖုန်းကို ဘတ်တီးရီးယားပိုး သန့်စေ ဆေးရည်နဲ့ ပုံမှန် သုတ်ပေးရင်တော့ မျက် နှာမှာ အနာတရ ဖြစ်မှာ စိုးရိမ်စရာ မလိုပါ ဘူး။ ဒါမှမဟုတ် ဖုန်းပြောတဲ့အခါ နားကြပ် နဲ့ ပြောပါ။ တစ်ခုရှိတာက နားကြပ်ကလည်း အကြာကြီး တပ်ထားရင် နားစည် ထိခိုက်စေ တာကြောင့် အကောင်းဆုံးကတော့ ဖုန်းကို သန့်သန့်ရှင်းရှင်းထားပြီး ဖုန်းပြောရင်လည်း အချိန် သတ်မှတ်ထားသင့်ပါတယ်။

ဘလိတ်ဓားကြောင့် အရေပြား ခြောက်သွေ့ တာတွေ ဖြစ်နိုင်တယ်

ခြေသလုံးမွေး ရိတ်လေ့ရှိတဲ့ ပျိုမေတို့ အထူးသတိထားဖို့ လိုအပ်ပါတယ်။ ဘရိတ် ဓား တစ်ခါ သုံးပြီးသားကို နောက်ထပ် တစ် ကြိမ် ဒါမှမဟုတ် ထပ်ခါ တလဲလဲ ဓား မတုံး မချင်း သုံးနေမယ်ဆိုရင် အဲဒီ ဘရိတ်ဓားနဲ့ ထိတွေ့နေရတဲ့ အသားရည်က ရေဓာတ် ခမ်းခြောက်လာတာ ဖြစ်လေ့ရှိတယ်လို့ အ ရေပြား အထူးကု ဆရာဝန် ဒေါက်တာ နေးလ်က ဆိုပါတယ်။ ဒီတော့ ခြေသံလုံးတွေ ချောမွေ့ပြီး လှနေချင်တယ်ဆိုရင်တော့ တစ် ခါသုံး ဘရိတ်ဓားတွေကို အသုံးပြုသင့်ပြီး သင့်တော်တဲ့ လိုးရှင်းတစ်မျိုးမျိုးကို လိမ်း ပေးနိုင်ပါတယ်။

ကော်ဖီနဲ့ အစာအိမ်က အမြဲတမ်းတော့ အ ဆင်မပြေပါဘူး

ကော်ဖီက ဝမ်းသွားစေတာ၊ ဆီးများ များ သွားစေတဲ့ အစွမ်းရှိတယ်ဆိုတာ သိကြ မှာပါ။ ဝမ်းချုပ်တဲ့အခါ ကော်ဖီတစ်ခွက် လောက် သောက်လိုက်ရင် ဝမ်းသွားစေပေ မယ့် တစ်ခါတလေမှာတော့ ကော်ဖီမှာ ပါဝင် တဲ့ ကဖီးဓာတ်က ဝမ်းလျှောတဲ့ထိ ဖြစ်စေ တာမျိုးလည်း ရှိတာကြောင့် အများကြီး သောက်တာမျိုး မလုပ်သင့်ပါဘူး။ နောက်ပြီး ဆီးများများသွားစေတဲ့ ဂုဏ်သတ္တိကြောင့် လည်း ရေဓာတ်ခမ်းခြောက်တာ၊ ကိုယ်လက် မအီမသာ ဖြစ်တဲ့အထိ ခံစားရစေနိုင်တာ ကြောင့် ချင့်ချိန်သောက်ဖို့ လေ့လာသူတွေက သတိပေးထားပါတယ်။

အိပ်ရေး၀၀ အိပ်တာက ဝမ်းဗိုက်အတွက် ကောင်းတယ်

အိပ်ချိန်ကို အချိန်မှန် ထားပြီး အိပ်ရေး ၀၀ အိပ်ပျော်တဲ့သူတွေဟာ ကျန်းမာရေး ကောင်းမွန်ပြီး အထူးသဖြင့် ဝမ်းဗိုက်မှာရှိတဲ့ အဆီပိုတွေ ခြေဖျက်ပေးနိုင်ကာ ထပ်မဖြစ် အောင် တားဆီးနိုင်တယ်လို့လည်း မကြာ သေးခင်က တွေ့ရှိချက်တွေ ပြုလုပ်ခဲ့ကြပါ တယ်။ နောက်ပြီး အစာများများ စားချင်စိတ် ဖြစ်တာမျိုးကိုလည်း ဟန့်တားနိုင်တာကြောင့် အဝလွန်တာမျိုးလည်း မဖြစ်စေပါဘူး။ ဒီ တော့ ညဘက် အိပ်ချိန် နောက်ကျလို့ မနက် မထနိုင်တာမျိုး မဖြစ်စေဘဲ အိပ်ရာ စောစော ဝင်ကာ အိပ်ချိန်ကို အပြည့်အဝ ရယူလိုက် ပါ။

ဆီးက အနံ့တစ်ခုခု ရနေရင် သတိထားပါ

ဆီးသွားတဲ့အခါ အရင်ကနဲ့ မတူဘဲ ဆီး ကနေ အနံ့ တစ်ခုခု ရနေပြီဆိုရင် သတိထား ဖို့ လိုပါတယ်။ ပုံမှန် ဆီးက အနံ့ လုံးဝ မရှိ တာ ဒါမှမဟုတ် အမိုနီးယား အနံ့ နည်းနည်း ရနေတာမျိုး ဖြစ်တတ်တယ်လို့ ပါမောက္ခ စကော့ဆူလဗင်က ဆိုပါတယ်။ ဒါမှဟုတ် ကညွတ် စတဲ့အခါအမျိုးမှာလည်း ထူးခြားတဲ့ အနံ့မျိုး ဖြစ်တတ်တာကြောင့် ဆီးသွားလို့ အ နံ့ရရင် မိမိ ဘာတွေ စားမိလဲ စဉ်းစားကြည့်ပါ။ ဒီလိုမှမဟုတ်ဘဲ ထူးခြားတဲ့ အနံ့တစ်မျိုး ရှိ နေတယ်လို့ခံစားရရင်တော့ဆီးလမ်း ကြောင်း ဆိုင်ရာ ရောဂါ တစ်ခုခု ဖြစ်နေနိုင်တာကြောင့် သက်ဆိုင်ရာ ဆရာဝန်တွေနဲ့ တိုင်ပင်ကြည့် ဖို့ လိုအပ်ပါတယ်။

အသားရည် မွဲခြောက်ခြောက် ဖြစ်နေရင် က လိုရိုဖီလ်း လိုအပ်လို့ပါ

မိမိရဲ့ အသားရည်က အရင်ကလို စိုစို ပြေပြော ကြည်ကြည်လင်လင် မရှိရင်တော့ ရေဓာတ် ခမ်းခြောက်တာ အပြင် နေရောင် ခြည်ရဲ့ ကလိုရိုဖီးလ်ဓာတ် လိုအပ်နေတာ ကြောင့်လည်း ဖြစ်နိုင်တယ်လို့ အာဟာရ ပ ညာရှင်ဒန်နာဂျိမ်းက ဆိုပါတယ်။ ကလိုရို ဖီးလ်ဓာတ်က အသားရေကို တစ်ဖန် ပြန် လည် ဝင်းပစေရုံသာမက အရေပြားမှာ ကပ် ငြိနေတဲ့ ပိုးကောင်းတွေကို သေစေတဲ့အ ပြင် မာကျူရီဓာတ် လွန်ကဲနေတာတွေကိုလည်း လျော့ချပေးနိုင်ပါတယ်။ သဘာဝစွမ်းအင် ဖြည့်ဓာတ်တစ်မျိုး ဖြစ်တာကြောင့် မနက် စောစော အိပ်ရာ ထပြီး လေ့ကျင့်ခန်းလုပ် တဲ့အခါ နေရောင်ခြည် ရရှိတဲ့နေရာမျိုးမှာ ပြုလုပ်တာ၊ လမ်းလျှောက်တာမျိုး လုပ်ပေး ပါ။

နှုတ်ခမ်း အရောင်ဖျော့တာဟာ အသည်းမှာ ပြဿနာ တစ်ခုခု ဖြစ်နေနိုင်တယ်

နှုတ်ခမ်းတွေဟာ နူးညံ့ ချောမွတ်ပြီး ပန်းနုရောင် သန်းနေရမယ့် အစား အရောင် မည်းလာတာ ဒါမှမဟုတ် ဖြူဖတ်ဖြူရော နေရင်တော့ ဖြစ်နိုင်ခြေ နှစ်ခုရှိတယ်လို့ လေ့ လာ သူတွေက ဆိုပါတယ်။ ပထမ ဖြစ်နိုင်ခြေ ကတော့ သွေးအားနည်းတာသာ ဖြစ်ပြီး တ ခြားဘာပြဿနာမှ မရှိပါဘူး။ ဒါပေမယ့် ဒုတိ ယ ဖြစ်နိုင်ခြေကတော့ ဒါဟာ အသည်းနဲ့ ပတ်သတ်တဲ့ ရောဂါတစ်ခုခု ဖြစ်နေတတ် တာကြောင့် အဲလို နှုတ်ခမ်းအရောင်ပြောင်း လဲတာ ကြာလာရင်တော့ ဆရာဝန်နဲ့ ဆွေး နွေးကြည့်ဖို့ လိုအပ်ပါတယ်။

ချဉ်တဲ့ အသီးတွေကြောင့် ခေါင်းတခြမ်း ကိုက်တာ ဖြစ်စေတယ်

အရမ်းကျယ်လောင်တဲ့ အသံတွေ ကြား ရတာ၊ စိတ်ဖိစီးမှုများတာ၊ အလင်းရောင် စူး ရှလွန်းတာ စတာတွေကြောင့် ခေါင်းတစ်ခြမ်း ကိုက်တဲ့ ဝေဒနာကို ခံစားရစေနိုင်သလို ချဉ် တဲ့ အသီးတွေ ဖြစ်တဲ့ လိမ္မော်သီး၊ ရှောက် သီး စတာတွေ စားတာ၊ ဖျော်ရည်သောက် တာကလည်း ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်စေတယ်လို့ သိရပါတယ်။ ဒီတော့ ခေါင်း တစ်ခြမ်းကိုက်တတ်တဲ့ ပျိုမေတို့ ချဉ်တဲ့ အ သီးတွေကို ရှောင်ဖို့ သတိထားသင့်ပါတယ်။

ခိုင်သစ္စာရှင်(ဆေးဝါး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *